Ibet369 ဘောလုံး၊အားကစားမျိုးစုံ နှင့် သတင်းများ

  • Home
  • Myanmar
  • Dagon
  • Ibet369 ဘောလုံး၊အားကစားမျိုးစုံ နှင့် သတင်းများ

Ibet369 ဘောလုံး၊အားကစားမျိုးစုံ နှင့် သတင်းများ ဘောလုံး၊အားကစားမျိုးစုံ နှင့် သတင်းများ
Viber - 09965664010
Telegram-

Ballon d'Or ဆုအတွက် အမ်ဘာပေ ရေပန်းစားနေ===========================ရီးယဲလ်မက်ဒရစ် တိုက်စစ်မှူး ကီလီယန် အမ်ဘာပေက ဒီနှစ်Bal...
07/09/2026

Ballon d'Or ဆုအတွက် အမ်ဘာပေ ရေပန်းစားနေ
===========================
ရီးယဲလ်မက်ဒရစ် တိုက်စစ်မှူး ကီလီယန် အမ်ဘာပေက ဒီနှစ်Ballon d'Or ဆုရနိုင်သူအဖြစ် သူ့ကို ထည့်သွင်းစဉ်းစားနေတာ သဘာဝကျတယ်လို့ ပြောပါတယ်။
အမ်ဘာပေဟာ ၂၀၂၆ ကမ္ဘာ့ဖလားမှာ ၁၀ ဂိုးသွင်းပြီး Golden Boot ဆု ရရှိခဲ့သလို ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ စုစုပေါင်းသွင်းဂိုး၂၂ ဂိုးနဲ့ သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။
အသက် ၂၇ နှစ်အရွယ် အမ်ဘာပေက ရီးယဲလ်မက်ဒရစ်လို ကမ္ဘာ့အကောင်းဆုံးအသင်းမှာ ကစားနေတာကြောင့် Ballon d'Or လို တစ်ဦးချင်းဆုတွေနဲ့ သူ့ကို ဆက်စပ်ပြောဆိုကြတာ သဘာဝကျတယ်လို့ ဆိုပါတယ်။
အမ်ဘာပေဟာ ရီးယဲလ်မက်ဒရစ်အတွက် ဂိုးတွေ အများအပြားသွင်းထားပေမဲ့ အသင်းနဲ့အတူ အဓိကဆုဖလား မယူနိုင်သေးပါဘူး။
ဂိုးသွင်းနှုန်းနဲ့ ဆုဖလားအောင်မြင်မှုကြား ဘယ်ဟာကို ဦးစားပေးမလဲဆိုတဲ့အပေါ်မှာအမ်ဘာပေက နှစ်ခုလုံးကို ရယူနိုင်တယ် လို့ ပြောပါတယ်။
ရီးယဲလ်မက်ဒရစ်ဟာ လာလီဂါမှာ ဘက်တစ်ကို ၁-၀ ဂိုးနဲ့ ရှုံးပြီးနောက် ချန်ပီယံလိဂ်အဖွင့်ပွဲအဖြစ် အင်တာမီလန်ကို ရင်ဆိုင်ရမှာပါ။
အမ်ဘာပေအနေနဲ့ ကမ္ဘာ့ဖလားခြေစွမ်းကို ဆက်လက်ထိန်းသိမ်းပြီး Ballon d'Or ဆုကို ပထမဆုံးအကြိမ် ရယူနိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
#ဘောလုံးသတင်း

ဂျေမီ ဗာဒီ ဘန်လေကို တစ်နှစ်စာချုပ်နဲ့ ပြောင်းရွှေ့=============================ချန်ပီယံရှစ်မှာ ရလဒ်မကောင်းဘဲ ရုန်းကန်နေရ...
07/09/2026

ဂျေမီ ဗာဒီ ဘန်လေကို တစ်နှစ်စာချုပ်နဲ့ ပြောင်းရွှေ့
=============================
ချန်ပီယံရှစ်မှာ ရလဒ်မကောင်းဘဲ ရုန်းကန်နေရတဲ့ ဘန်လေအသင်းဟာ လက်စတာတိုက်စစ်မှူးဟောင်း ဂျေမီ ဗာဒီကို တစ်နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်ပါတယ်။
အသက် ၃၉ နှစ်အရွယ် ဗာဒီဟာ ပြီးခဲ့တဲ့ရာသီ စီးရီးအေကနေ တန်းဆင်းခဲ့တဲ့ ခရီမိုနီစီအသင်းနဲ့ လမ်းခွဲပြီးနောက် အသင်းလက်မဲ့ဖြစ်နေခဲ့တာပါ။ လက်ရှိမှာ ပရီးမီးယားလိဂ်ကနေတန်းဆင်းခဲ့တဲ့ ဘန်လေကို ပြောင်းရွှေ့လာခဲ့ပါတယ်။
ဘန်လေဟာ ဒီရာသီ ချန်ပီယံရှစ်ပွဲစဉ် ၅ ပွဲ ကစားထားပြီးချိန်မှာ တစ်ပွဲမှ အနိုင်မရသေးဘဲ အမှတ်ပေးဇယားအောက်ဆုံးမှာ ရှိနေပါတယ်။ ဒါကြောင့် အတွေ့အကြုံရင့် တိုက်စစ်မှူး ဗာဒီကို ခေါ်ယူမှုက အသင်းရဲ့အရေးကြီးတဲ့ အားဖြည့်မှုတစ်ခု ဖြစ်လာနိုင်ပါတယ်။
ဗာဒီဟာ လက်စတာအသင်းနဲ့အတူ ၂၀၁၆ ခုနှစ် ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူခဲ့ပြီး ၂၀၂၁ ခုနှစ်မှာလည်း FA ဖလားကို ဆွတ်ခူးနိုင်ခဲ့သူပါ။ အင်္ဂလန်လက်ရွေးစင်အသင်းအတွက်လည်း ၂၆ ပွဲ ကစားထားပါတယ်။
လက်စတာမှာ ၁၃ နှစ်ကြာ ကစားခဲ့ပြီးနောက် ၂၀၂၅ ခုနှစ်မှာ အသင်းနဲ့ လမ်းခွဲခဲ့တဲ့ ဗာဒီဟာ ခရီမိုနီစီအတွက် ပြီးခဲ့တဲ့ရာသီ ၂၉ ပွဲကစားပြီး ၇ ဂိုး သွင်းယူပေးခဲ့ပါတယ်။
အခုဆိုရင် ဗာဒီက ဘန်လေနဲ့အတူ ချန်ပီယံရှစ်မှာ အသင်းကို ရလဒ်ကောင်းတွေရရှိအောင် ကူညီပေးဖို့ ရည်ရွယ်နေပါတယ်။
#ဘောလုံးသတင်း

အသင်းပိုင်ရှင်ကို ဗလင်စီယာ ပရိသတ်တွေ ဆန္ဒပြ================================ဘာစီလိုနာကို အိမ်ကွင်းမှာ ၅ ဂိုးပြတ် ရှုံးနိမ...
07/09/2026

အသင်းပိုင်ရှင်ကို ဗလင်စီယာ ပရိသတ်တွေ ဆန္ဒပြ
================================
ဘာစီလိုနာကို အိမ်ကွင်းမှာ ၅ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီးနောက် ဗလင်စီယာပရိသတ်တွေဟာ အသင်းတာဝန်ရှိသူတွေနဲ့ ကစားသမားတွေကို ပြင်းပြင်းထန်ထန် ဆန္ဒပြခဲ့ပါတယ်။
Mestalla ကွင်းအပြင်မှာ ပရိသတ်ထောင်ဂဏန်း စုဝေးခဲ့ပြီး ကစားသမားတွေကို “အခကြေးငွေအတွက် ကစားသူတွေ” လို့ ဝေဖန်ခဲ့သလို အသင်းဥက္ကဋ္ဌ Kiat Lim နဲ့ ပိုင်ရှင် Peter Lim တို့ကိုလည်း အိမ်ပြန်ကြ လို့ တောင်းဆိုခဲ့ပါတယ်။
ဗလင်စီယာဟာ ရာသီအစ ၄ ပွဲမှာ တစ်ဂိုးသာ သွင်းနိုင်ခဲ့ပြီး ၃ ပွဲဆက် ရှုံးထားတာကြောင့် အမှတ်ပေးဇယား အောက်ဆုံးမှာ ရှိနေပါတယ်။
တစ်ဖက်မှာ ဘာစီလိုနာက လာမိုင်းယာမယ် ၂ ဂိုးအပါအဝင် ရာဖင်ဟာ၊ ဖာမင်လိုပက်ဇ်နဲ့ ပက်ဒရီတို့ရဲ့ဂိုးတွေ​ကြောင့် ၅-၀ နဲ့ အနိုင်ရခဲ့ပြီး ရာသီစ ၄ ပွဲစလုံး အနိုင်ရထားပါတယ်။
ဆန္ဒပြမှုအတွင်း အကြမ်းဖက်မှု ဖြစ်ပွားခဲ့တယ်ဆိုတဲ့ သတင်းတော့ မရှိပါဘူး။
#ဘောလုံးသတင်း

ဂိုးသမားကိုယ်တိုင်၂ ဂိုးသွင်းတဲ့ အံ့အားသင့်ဖွယ် နယ်သာလန်အဆင့်မြင့်တန်းပွဲ================================ဂိုးသမားက ဂိုးသ...
07/09/2026

ဂိုးသမားကိုယ်တိုင်၂ ဂိုးသွင်းတဲ့ အံ့အားသင့်ဖွယ် နယ်သာလန်အဆင့်မြင့်တန်းပွဲ
================================
ဂိုးသမားက ဂိုးသွင်းတာက မဆန်းတော့ပေမယ့် တစ်ပွဲတည်း ၂ ဂိုးသွင်းတာကတော့ ရှားပါတယ်။အခု နယ်သာလန်ဂိုးသမား ရော်နယ် ကိုးမန်းဂျူနီယာက အဲဒီမှတ်တမ်းကို ရေးထိုးလိုက်ပါပြီ။
နယ်သာလန်ဂန္ထဝင်နောက်ခံလူဟောင်း ရော်နယ် ကိုးမန်းရဲ့သားဖြစ်သူ ကိုးမန်း ဂျူနီယာဟာ တယ်လ်စတာအသင်းအတွက် ကစားပေးရင်း ကမ်ဘူးနဲ့ ၂-၂ သရေကျခဲ့တဲ့ နယ်သာလန်အဆင့်မြင့်တန်းပွဲမှာ ပင်နယ်တီ ၂ လုံး သွင်းယူခဲ့တာပါ။
တယ်လ်စတာအတွက် ပွဲက အစကတည်းက မလွယ်ခဲ့ပါဘူး။ ၂၂ မိနစ်မှာ ကစားသမားတစ်ဦး အနီကတ်ပြခံရပြီး ၁၀ ယောက်နဲ့ ကစားခဲ့ရပါတယ်။ ဒုတိယပိုင်းမှာလည်း ကမ်ဘူးက ၂ ဂိုးသွင်းပြီး ၂-၀ နဲ့ ဦးဆောင်ခဲ့ပါတယ်။
ဒါပေမယ့် ကိုးမန်းက ၆၃ မိနစ်မှာ ပထမပင်နယ်တီကို သွင်းယူပြီး တယ်လ်စတာကို ပြန်လည်အသက်သွင်းခဲ့ပါတယ်။
ပွဲပြီးဖို့ မိနစ်ပိုင်းပဲကျန်တော့တဲ့ အချိန်ပို ၁၀၁ မိနစ်မှာ ဒုတိယပင်နယ်တီကို ထပ်ဝင်အောင်ကန်သွင်းခဲ့ပါတယ်။ အဲဒီဂိုးနဲ့ တယ်လ်စတာက ၂-၂ သရေကျပြီး အဖိုးတန်အမှတ်တစ်မှတ် ရသွားခဲ့တာပါ။
အထူးခြားဆုံးကတော့ ကိုးမန်းဟာ နယ်သာလန်အဆင့်မြင့်တန်းသမိုင်းမှာ တစ်ပွဲတည်း ၂ ဂိုးသွင်းနိုင်တဲ့ ပထမဆုံးဂိုးသမား ဖြစ်လာခဲ့တာပါ။
အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ ကိုးမန်းဟာ ပြီးခဲ့တဲ့ မေလကလည်း ဖိုလန်ဒမ်နဲ့ပွဲမှာ ပင်နယ်တီကနေ အနိုင်ဂိုးသွင်းပြီး တယ်လ်စတာ တန်းမဆင်းရအောင် ကူညီခဲ့ပါသေးတယ်။
#ဘောလုံးသတင်း

အာဆင်နယ်ရှုံးပွဲကနေ သင်ခန်းစာယူဖို့ အလွန်ဆို တိုက်တွန်း=============================ချဲလ်ဆီးနည်းပြ ဇာဘီ အလွန်ဆိုက အာဆင်န...
07/09/2026

အာဆင်နယ်ရှုံးပွဲကနေ သင်ခန်းစာယူဖို့ အလွန်ဆို တိုက်တွန်း
=============================
ချဲလ်ဆီးနည်းပြ ဇာဘီ အလွန်ဆိုက အာဆင်နယ်ကို ၂-၁ ဂိုးနဲ့ ရှုံးခဲ့တဲ့ပွဲကနေ သင်ခန်းစာယူပြီး ပရီးမီးယားလိဂ်ချန်ပီယံကို လိုက်မီဖို့ ဆက်လက်ကြိုးစားရမယ်လို့ ပြောပါတယ်။
ချဲလ်ဆီးက မော်ဂန်ရော်ဂျာစ်ရဲ့ အစောပိုင်းဦးဆောင်ဂိုးနဲ့ စတင်နိုင်ခဲ့ပေမယ့် ဟာဗက်ဇ်နဲ့ အိုဒီဂတ်ဒ်တို့ရဲ့ဂိုးတွေကြောင့် အာဆင်နယ်ကို ရှုံးနိမ့်ခဲ့ပါတယ်။
ဒီရှုံးပွဲကြောင့် ချဲလ်ဆီးရဲ့ခံစစ်အားနည်းချက်က ပိုမိုသိသာလာပြီး လိဂ် ၃ ပွဲမှာ ၇ ဂိုးအထိ ပေးထားရပါတယ်။
“ရှုံးပွဲက နာကျင်ရပါတယ်။ ဒါပေမယ့် ဒီပွဲကနေ ကျွန်တော်တို့အကြောင်း အများကြီး သင်ယူခဲ့ရတယ်။ အခု အသင်းတည်ဆောက်နေဆဲ အစောပိုင်းအဆင့်ပါ။ စိတ်အေးအေးထားပြီး ဆက်ကြိုးစားရမယ်” လို့ အလွန်ဆိုက ပြောကြားခဲ့ပါတယ်။
#ဘောလုံးသတင်း

အာဆင်နယ်ကစားတာ ကြည့်ရတာ တကယ်ပျော်စရာကောင်းကြောင်း  အာတီတာ ​ပြော================================အာဆင်နယ်နည်းပြ  အာတီတာက ခ...
07/09/2026

အာဆင်နယ်ကစားတာ ကြည့်ရတာ တကယ်ပျော်စရာကောင်းကြောင်း အာတီတာ ​ပြော
================================
အာဆင်နယ်နည်းပြ အာတီတာက ချဲလ်ဆီးကို ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် အသင်းရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးလိုက်ပါတယ်။
ချဲလ်ဆီးက မော်ဂန် ရော်ဂျာစ်ရဲ့ ဗော်လီကန်ချက်နဲ့ ဦးဆောင်ခဲ့ပေမယ့် အာဆင်နယ်က ကိုင် ဟာဗက်ဇ်နဲ့ မာတင် အိုဒီဂတ်တို့ရဲ့ ဂိုးတွေနဲ့ ပြန်လည်အနိုင်ရခဲ့တာပါ။
အာတီတာက “ဂိုးပေးလိုက်ရတာအတွက် စိတ်ပျက်မိပေမယ့် အသင်းက ပြန်လည်တုံ့ပြန်ပုံက အရမ်းကောင်းခဲ့ပါတယ်။ ကစားပုံ၊ ပြိုင်ဆိုင်မှုနဲ့ တစ်ဦးချင်းစွမ်းဆောင်ရည်တွေကို ကြည့်ရတာ တကယ်ပျော်စရာကောင်းပါတယ်။ ကွင်းထဲက ပရိသတ်တွေရဲ့ အငွေ့အသက်ကလည်း အံ့မခန်းပါပဲ” လို့ ပြောပါတယ်။
တိုက်စစ်ပိုင်းနဲ့ ပတ်သက်ပြီး ကစားသမားတွေ ဒဏ်ရာကြောင့် ကာလရှည်မပါနိုင်ခဲ့ပေမယ့် အဲဒီအခြေအနေကို ကောင်းကောင်းကျော်ဖြတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ခရစ်စတိုစ် ဇိုလစ်ရဲ့ အလုပ်ကြိုးစားမှု၊ ဂိုးခြိမ်းခြောက်နိုင်စွမ်းနဲ့ ဆုံးဖြတ်ချက်ချပုံတွေကိုလည်း အာတီတာက ချီးကျူးခဲ့ပါတယ်။
အက်စတီဗာအိုကန်ချက်ကို ကာကွယ်ခဲ့တဲ့ ဂိုးသမား ရာယာရဲ့ကာကွယ်မှုက အရေးကြီးတဲ့ ကာကွယ်မှုတစ်ခုအဖြစ် အာတီတာက ထောက်ပြခဲ့ပါတယ်။
နိုင်ပွဲကြောင့် အာဆင်နယ်အသင်းဟာ ရာသီသစ် ပရီးမီးယားလိဂ် ၃ ပွဲစလုံး အနိုင်ရထားပြီး ချန်ပီယံဆုကို ဆက်လက်ကာကွယ်နိုင်ဖို့ အားကောင်းတဲ့ စတင်မှုတစ်ခု ပြုလုပ်ထားပါတယ်။
#ဘောလုံးသတင်း

အဲဗာတန်နဲ့ သရေက ရှုံးပွဲလို ခံစားရကြောင်းမိုက်ကယ်ကာရစ် ပြောကြား================================မန်ချက်စတာယူနိုက်တက်နည်းပ...
07/09/2026

အဲဗာတန်နဲ့ သရေက ရှုံးပွဲလို ခံစားရကြောင်းမိုက်ကယ်ကာရစ် ပြောကြား
================================
မန်ချက်စတာယူနိုက်တက်နည်းပြ မိုက်ကယ် ကာရစ်က အဲဗာတန်နဲ့ ၂-၂ ဂိုး သရေကျခဲ့တဲ့ပွဲဟာ ရှုံးပွဲတစ်ပွဲလို ခံစားရကြောင်း ပြောကြားခဲ့ပါတယ်။
ယူနိုက်တက်ဟာ Hill Dickinson Stadium မှာ အဲဗာတန်ကို နှစ်ကြိမ်တိုင်တိုင် ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲပြီးခါနီးမှာ ချေပဂိုးပြန်ပေးခဲ့ရတာကြောင့် သုံးမှတ်အပြည့် မရခဲ့တာပါ။
ပွဲချိန် ၈၈ မိနစ်မှာ လူစားဝင်တိုက်စစ်မှူး ဆက်ကိုက ယူနိုက်တက်အတွက် ၂-၁ ဂိုးဖြစ်စေမယ့် ဦးဆောင်ဂိုး သွင်းယူခဲ့ပြီး အနိုင်သေချာပြီလို့ ထင်ရပေမယ့် အဲဗာတန်က ပွဲချိန် ၉၆ မိနစ်မှာ မိတ်လန်းနိုင်းရဲ့ အံ့မခန်းကန်ချက်နဲ့ ချေပနိုင်ခဲ့ပါတယ်။
ကာရစ်က “ကျွန်တော်တို့ တော်တော်လေး စိတ်ပျက်မိပါတယ်။ ပွဲပြီးခါနီးအထိ နှစ်ကြိမ်တိုင်တိုင် အနိုင်ရမယ့်အနေအထား ရောက်ခဲ့ပါတယ်။ ဒီလိုနဲ့ တစ်မှတ်ပဲ ရခဲ့တာက ရှုံးပွဲလို ခံစားရတယ်။ ကျွန်တော်တို့ ဒီထက်ပိုပြီး ရသင့်ခဲ့ပါတယ်” လို့ ပြောပါတယ်။
ဒီရလဒ်ကြောင့် ယူနိုက်တက်ဟာ ရာသီအစ ၃ ပွဲမှာ ၁ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံးနဲ့ အဆင့် ၁၁ နေရာမှာ ရှိနေပါတယ်။
ဒါပေမယ့် ကာရစ်ကတော့ အသင်းရဲ့ ရာသီအစဟာ မကောင်းဘူးဆိုတဲ့ သုံးသပ်ချက်ကို လက်မခံဘဲ “ရာသီအစက ဒီလောက်မဆိုးပါဘူး။ ဒီနေ့ပွဲမှာတောင် သုံးမှတ်ရဖို့ အရမ်းနီးစပ်ခဲ့ပါတယ်။ ပွဲထဲမှာ ပိုကောင်းအောင် ကိုင်တွယ်နိုင်ခဲ့သင့်တဲ့ အခိုက်အတန့်တွေ ရှိပေမယ့် ကျွန်တော်တို့ အဆင်ပြေသွားမှာပါ” လို့ ဆိုပါတယ်။
တစ်ဖက်မှာ ရက်ဖိုဒ်ရဲ့ ခြေစွမ်းကိုလည်း ကာရစ်က ချီးကျူးခဲ့ပါတယ်။ ဘယ်တောင်ပံကနေ ကစားခဲ့တဲ့ ရက်ဖိုဒ်ဟာ အဲဗာတန်ခံစစ်ကိူ အကြိမ်ကြိမ် ခြိမ်းခြောက်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ အနည်းငယ်ထိခိုက်မှုရှိတာကြောင့် လူစားလဲခဲ့ရပါတယ်။
ကာရစ်က ရက်ဖို့ဒ်ဟာ အသင်းကို ပြန်လည်ရောက်ရှိလာတည်းက ခြေစွမ်းကောင်းတွေ ပြသနေပြီး ဒီပွဲမှာလည်းအခွင့်အရေးကောင်းတွေ ဖန်တီးပေးခဲ့သလို တစ်လျှောက်လုံး အဲဗာတန်အတွက် အန္တရာယ်ရှိ ကစားသမားတစ်ဦး ဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
#ဘောလုံးသတင်း

ပရီးမီးယားလိဂ်မှာ ဂိုးမပေးရသေးတဲ့ အသင်းတစ်သင်းပဲ ရှိပါသေးတယ်။ဟားလ်စီးတီး 🐯     #ဘောလုံးသတင်း
07/09/2026

ပရီးမီးယားလိဂ်မှာ ဂိုးမပေးရသေးတဲ့ အသင်းတစ်သင်းပဲ ရှိပါသေးတယ်။
ဟားလ်စီးတီး 🐯
#ဘောလုံးသတင်း

မန်စီးတီး (၃/၃ ပွဲနိုင်၊ ) 🤝 အာဆင်နယ် (၃/၃ ပွဲရှုံး၊ )ပရီးမီးယားလိဂ်မှာ ပြီးပြည့်စုံတဲ့အသင်း နှစ်သင်းပဲ ကျန်တော့တယ် 💯   ...
07/09/2026

မန်စီးတီး (၃/၃ ပွဲနိုင်၊ ) 🤝 အာဆင်နယ် (၃/၃ ပွဲရှုံး၊ )
ပရီးမီးယားလိဂ်မှာ ပြီးပြည့်စုံတဲ့အသင်း နှစ်သင်းပဲ ကျန်တော့တယ် 💯
#ဘောလုံးသတင်း

ဒီရာသီ လေးပွဲကစားပြီး တတိယမြောက် ဂိုးဖန်တီးမှု။ အာဆင်နယ်အတွက် ကစားသမားသစ် ခရစ္စတို့စ် ဇိုလစ်စ်က ပံ့ပိုးပေးနေဆဲပါ။     #ဘ...
07/09/2026

ဒီရာသီ လေးပွဲကစားပြီး တတိယမြောက် ဂိုးဖန်တီးမှု။ အာဆင်နယ်အတွက် ကစားသမားသစ် ခရစ္စတို့စ် ဇိုလစ်စ်က ပံ့ပိုးပေးနေဆဲပါ။
#ဘောလုံးသတင်း

Address

Yangon
Dagon

Website

Alerts

Be the first to know and let us send you an email when Ibet369 ဘောလုံး၊အားကစားမျိုးစုံ နှင့် သတင်းများ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ibet369 ဘောလုံး၊အားကစားမျိုးစုံ နှင့် သတင်းများ:

Shortcuts

Share