Kay's Techverse

Kay's Techverse We will post knowledge sharing related to programming.

STACK DATA STRUCTURE IN JAVASCRIPT---------------------------------------------------------------------Javascript code တ...
11/01/2024

STACK DATA STRUCTURE IN JAVASCRIPT
---------------------------------------------------------------------

Javascript code တွေ နောက်ကွယ်မှာဘယ်လိုအလုပ်လုပ်လဲဆိုတာ သိဖို့ဆိုရင် event loop ကိုအရင်သိဖို့လိုအပ်ပါတယ်

Event loop ကို javascript interview တွေမှာအမေးများပါတယ် javascript developer တစ်ယောက်ဖြစ်ဖို့ကြိုးစားနေတဲ့ သူဆိုရင် event loop အကြောင်းကိုသေချာသိထားသင့်ပါတယ်

Event loop ကို သိဖို့ဆိုရင် အရင်ဆုံး (stack,heap queue ,web apis)တွေကိုသိဖို့လိုပါတယ် အဲ့‌တာကြောင့် ဒီ article မှာ stack အကြောင်းကိုအရင်ပြောသွားမှာပါ

⭐ Data structure မှာ linear data structure နဲ့ non-linear data structure ဆိုပြီး နှစ်မျိုးရှိပါတယ်


Stack က linear data structure တစ်မျိုးပါ
Linear data structure ဆိုတာ store လုပ်လိုက်တဲ့ data တွေက အစဉ်လိုက်ဖြစ်‌တာမျိုး၊ တစ်ခုနဲ့တစ်ခုနီးနီကပ်ကပ်ရှိတာမျိုးက်ိုပြောချင်တာပါ

⭐ Javascript code တွေကို stack ပေါ်တင် run ပါတယ်

⭐ သူရဲ့ order က LIFO(last in first out)or FILO(first in last out) ပါ
ပြောချင်တာ က နောက်ဆုံးမှ ၀င်လာတဲ့
ကောင်က အရင်အလုပ်လုပ်မယ်
ပထဆုံး၀င်ရင် အောက်ဆုံးရောက်သွားပါတယ်

Javascript မှာ build in stack method ရယ်လို့ မရှိပါဘူး အဲ့တာ‌ကြောင့် stack အကြောင်းပြောရင် array နဲ့ပဲ ဥပမာပြကြရပါတယ်

ဒါ့ပေမယ့် stack မှာ က method နှစ်ခုပဲ ရှိပါတယ် အဲ့တာက stack ထဲကို data ထည့်တာ(push)ရယ် ဖျက်တာ(pop)ရယ်ပါ

⭐ data Insert လုပ်ရင် stack ရဲ့ အပေါ်ဆုံးမှာပဲ ထည့်ရမှာပါ delete လုပ်ရင် လည်းအပေါ်ဆုံးကကောင်ပဲ ဖျက်လို့ပါရတယ်

# အောက်က ပုံနဲ့တွဲကြည့်ပေးပါ

let stack = [ ]

stack.push(1);
stack ထဲ 1 ဆိုတဲ့ element တစ်ခု၀င်သွားပါပြီ

stack.push(2);
console.log(stack); #1,2

stack ထဲ element နှစ်ခုရောက်သွားပါပြီ

3,4,5 ထပ်ထည့်ကြည့်ပါမယ်

⭐ နောက်ဆုံး push တဲ့ကောင်က stack ရဲ့အပေါ် ဆုံးရောက်သွားပါတယ်
5
4
3
2
1
ဆိုပြီးဖြစ်သွားမှာပါ

⭐ ပြန်ဖျက်ချင်ရင် pop နဲ့ အပေါ်ဆုံး element ကိုဖျက်လို့ရပါတယ် အပေါ်ကကောင်ပျက်သွားမှ အောက်က ကောင်ကို ဆက်လုပ်လို့ရပါတယ်

ဒါဆိုရင် ကျွန်တော်တို့ javascript code တွေနဲ့စဉ်းစားကြည့်ရအောင်ပါ javascript function တွေကို stack ပေါ်တင် run တဲ့အခါ

ဥပမာ -

hello( )
world( )

ဆိုပြီး function နှစ်ခုကိုခေါ်ထားရင် ပထမတွေ့တဲ့ကောင်ကို STACK ထဲကို push လုပ်လိုက်တယ် run ပြီးရင် pop ပြန်လုပ်တယ်
‌pop လုပ်ပြီး stack က empty ဖြစ်သွားမှ နောက် world ကို push လုပ်ပြီး world ကို run တာပါ

ဒါ က function တစ်ချင်းစီပါ

⭐ တစ်ကယ်လို့ function hello ထဲမှာ world ကိုထည့် run မယ်ဆိုရင် ရော?

function hello(){
world()
}
hello()

hello ကိုခေါ်ထားတာဖြစ်တဲ့အတွက် stack ပေါ်မှာ hello ရောက်သွားပါတယ် hello ကို run တဲ့ အခါ world ကို ခေါ်ထားတာကိုသွားတွေ့ပါတယ် အဲ့တာကြောင့် stack ပေါ်မှာ world ကို push လိုက်ပါတယ်

STACK က ခုလိုဖြစ်သွားမှာပါ

world ( )
hello( )

နောက်ဆုံးမှ push တဲ့ကောင်က အပေါ်ဆုံးရောက်သွားမှာပါ
Array အနေနဲ့ မြင်ကြည့်ရင်
stack = [hello,world]

⭐ Stack က world ကို အရင်run ပါတယ်
သူ့ရဲ့order က LIFO နောက်ဆုံး၀င်တဲ့ကောင်ကို အရင်အလုပ်လုပ်တဲ့အတွက်ကြောင့်ပါ

world ကို run ပြီးရင် ပြန်ဖျက်တယ် ပြီးမှသူ့ရဲ့အောက်က hello ကိုလုပ်ပါတယ်

⭐ Javascript က single thread ဖြစ်တဲ့အတွက်ကြောင့် တစ်ခုပြီးမှ တစ်ခု လုပ်တာပါ ကျော်ပြီးမလုပ်ပါဘူး။အဲ့‌တာကြောင့် ကြားဖြတ်အလုပ်လုပ်စေချင်တဲ့ event handler က callback function တွေ ဘယ်လို run လဲဆိုရင် Web apis တွေ queue နဲ့ တွဲဖက်အလုပ်လုပ်ပုံကိုသိဖို့လိုအပ်ပါတယ်

နောက် article မှာ queue အကြောင်းကို ဆက်လက်ပြောပြသွားပါမယ်ခင်ဗျာ......

ရုပ်ချောပြီး web design ဆွဲရင် မလှတဲ့သူတွေရှိလားဗျ 🤕 code တော့ရေးတတ်တယ် designဆွဲရင် idea မရလို့ developer တစ်ချို့အတွက်...
03/12/2021

ရုပ်ချောပြီး web design ဆွဲရင် မလှတဲ့သူတွေရှိလားဗျ 🤕 code တော့ရေးတတ်တယ် designဆွဲရင် idea မရလို့ developer တစ်ချို့အတွက်အခက်အခဲ ဖြစ်ကြပါတယ် ကျွန်တော်ကဒီနေ့မှာတော့ website design ideaရမယ်​့ website လေးတွေကိုပြောပြလိုက်ပါတယ်ဗျာ

( Design ideaရဖို့ရည်ရွယ်တာဖြစ်တဲ့အတွက် website အားလုံးက Template ရမှာမဟုတ်ပါ)

1️⃣ 𝐄𝐧𝐯𝐚𝐭𝐨 𝐞𝐥𝐞𝐦𝐞𝐧𝐭

https://elements.envato.com/

ဒီ website မှာ admin template,email template,site template, landing page template ​တွေကိုရှာလို့ရမှာဖြစ်ပါတယ်
Live preview ကြည့်လို့ရပါတယ် template ကို download လုပ်ချင်ရင်တော့ဝယ်ရပါမယ်ဗျ 🤗
template တွေအများကြီးရှိတာမို့ ကျွန်တော်တို့ website အတွက် ကြိုက်တာတစ်ခုတော့တွေ့မှာပါဗျာ🤗

2️⃣ 𝐀𝐰𝐰𝐰𝐚𝐫𝐝𝐬

https://www.awwwards.com/

ဒီwebsite ကတော့ design လှတဲ့ websiteတွေအများကြီးပါပဲ တစ်ခုခုကိုရှာလိုက်ရင် website ပေါင်း ​လေးထောင်ကျော် ငါးထောင်ကျော်ရလာတာမို့ ကျွန်တော်တို့တွက် စိတ်တိုင်းကျတာတစ်ခုတော့တွေ့ရမှာပါ 🤗

3️⃣ 𝐁𝐞𝐬𝐭 𝐖𝐞𝐛𝐬𝐢𝐭𝐞 𝐆𝐚𝐥𝐥𝐞𝐫𝐲

https://bestwebsite.gallery/

ဒီ website ကလဲ deisgn idea ရဖို့အတွက် သိထားသင့်တဲ့ website တစ်ခုပါဗျာ
Live preview ကြည့်လို့ရပါတယ်🤗

( စာရိုက်ပြီး ရှာရတာထက် သူပေးထားတဲ့ Hash tag နဲ့ရှာတာပိုအဆင်ပြေပါတယ်)

4️⃣ 𝐓𝐞𝐦𝐩𝐥𝐚𝐭𝐞 𝐌𝐨𝐧𝐬𝐭𝐞𝐫

https://www.templatemonster.com/free-templates.php

ဒီ website ကတော့ template တွေ download လုပ်လို့ရမှာပါ အကုန်လုံးတော့ free မရပါဘူး free ရတဲ့ template တွေလဲရှိပါတယ် freeလိုချင်ရင် တစ်ခုတော့လုပ်ပေးရပါတယ် Social media တစ်ခု မှာ share ပေးရမှာပါ share ပြီးသွားရင်တော့ download လုပ်လို့ရပါပြီ 🤗

5️⃣ 𝐃𝐫𝐢𝐛𝐛𝐛𝐥𝐞

https://dribbble.com/

ဒီ website မှာလဲ website design တွေအများကြီးရှိပါတယ် live preview ကြည့်မရပါဘူး template လဲမဟုတ်ပါဘူး ပုံပါပဲ

6️⃣ 𝐏𝐢𝐧𝐭𝐞𝐫𝐞𝐬𝐭️

https://www.pinterest.com/

Pinterest ကိုတော့အားလုံးသိကြမှာပါ web design,mobile design တွေအပြင်အခြားနယ်ပယ်စုံက ပုံတွေရှာလို့ရနိုင်မှာပါ
(mobile app လဲရှိပါတယ်)

ဒီ websites ကျွန်တော် အမြဲတမ်းသုံးကြည့်ဖြစ်တဲ့ website တွေပါ အခြားအသုံးဝင်တဲ့ website တွေလဲရှိပါတယ်ဗျာ ရှာကြည့်ပါဗျ

Web development လေ့လာနေတာဆို ဖုန်းထဲမှာ ထည့်ထားသင့်တဲ့ android application လေးတွေပါဗျာ 1️⃣ 𝐀𝐜𝐨𝐝𝐞 https://play.google.com...
01/12/2021

Web development လေ့လာနေတာဆို ဖုန်းထဲမှာ ထည့်ထားသင့်တဲ့ android application လေးတွေပါဗျာ

1️⃣ 𝐀𝐜𝐨𝐝𝐞

https://play.google.com/store/apps/details?id=com.foxdebug.acodefree

ဒီ app လေးက powerful ဖြစ်တဲ့ code editor လေးပါ code ရေးရတာ ရှင်းပြီး မြန်ပါတယ် console လဲပါတာကြောင့် javascript debugging လုပ်ရတာအဆင်ပြေပါတယ် app ထဲမှာပဲ run လို့ရသလို open with browser နဲ့လည်း run လို့ရမှာပါ၊ အခြားအသုံးများတဲ့ App တွေလဲရှိပါတယ်
Spck code editor လဲသုံးကြည့်ချင်သုံးကြည့်ပါ

https://play.google.com/store/apps/details?id=io.spck

*(ဖုန်းနဲ့ဖြစ်တဲ့အတွက် code quality ကမကောင်းနိုင်လို့ ရေရှည်အတွက်ဆို Computer တစ်လုံးလိုပါတယ် )

2️⃣ 𝐇𝐭𝐦𝐥 𝐂𝐨𝐝𝐞 𝐏𝐥𝐚𝐲

https://play.google.com/store/apps/details?id=com.HTML.AngularJS.Codeplay

ဒီappလေးက စလေ့လာတုန်းက ကျွန်တော်အတွက် အတော်အသုံးဝင်ခဲ့ပါတယ် ဒီappလေးထဲမှာ
Html,Css,Javascript,jQuery,Bootstrap,
AngularJS,Paperjs တို့ကိုလေ့လာနိုင်ပါတယ်
ဒီ App ရဲ့ ပုံစံက Html ဆို tag တွေအများကြီးရှိပါတယ်၊ tag ပေါင်း 130တောင်ရှိပါတယ်ဗျာ တစ်နေရာထဲ လေ့လာနိုင်မှာပါ🤗

ကိုလေ့လာချင်တဲ့ tag ကို နှိပ်ပြီးလေ့လာရုံပါပဲ
description,code,output ဆိုမျိုးသုံးမျိုးလေ့လာရမှာပါ
description မှာ tag ရဲ့အကြောင်းကိုရှင်းပြထားပြီး code က text editor ပါ(အသေမဟုတ်ပါ editရ) ပြီးတော့ outputပါ
Course တွေ ပုံစံမျိုးမဟုတ်ပါဘူး Quiz တွေလဲ
မပါပါဘူး
Offline လေ့လာလို့ရမှာပါ Internet မလိုပါဘူးဗျာ 🤗

3️⃣𝐏𝐫𝐨𝐠𝐫𝐚𝐦𝐦𝐢𝐧𝐠 𝐇𝐮𝐛

https://play.google.com/store/apps/details?id=com.freeit.java

ဒီ app လေးက Programming course တွေကို လေ့လာရပါမှာ certificate လဲပေးပါတယ်
Language တွေလဲတော်တော်စုံပါတယ် တစ်ခုရှိတာက သူကအကုန် free မဟုတ်ပါဘူး free course တွေအဲများကြီးရှိတာမို့ download လုပ်ထားသင့်ပါတယ်ဗျာ

4️⃣𝐒𝐨𝐥𝐨𝐥𝐞𝐚𝐫𝐧

Sololearn ကတော့ အားလုံးသိပြီးသားဖြစ်မှာပါ
Programming language တွေတော်တော်စုံပါ
ယ် course တစ်ခုပြီးရင် certificate လဲပေးပါတယ် အလုပ်လျောက်ရင်တော့အဲ့တာတွေကအသုံးဝင်မှာမဟုတ်ပါဘူး 🤗
* Pro version ကို upgrade လုပ်လို့ရပါတယ်

5️⃣𝐄𝐧𝐜𝐨𝐝𝐞

ဒီappမှာတော့ Python,Javascript,Html,Css ကိုလေ့လာလို့ရပါတယ် Lesson တစ်ခုပြီးရင် အဲဒီlesson နဲ့ပတ်သတ်တဲ့ Challenge တစ်ခုကိုလုပ်ရမှာပါ
* Pro version ကို upgrade လုပ်ရတာမျိုးရှိပါတယ်
(ကျွန်တော်ဖုန်းက play storeမှာ ရှာမတွေ့လို့ပါ )

6️⃣𝐂𝐨𝐝𝐞𝐦𝐮𝐫𝐚𝐢 https://play.google.com/store/apps/details?id=com.zenva.codemurai

ဒီ appလေးမှာတော့
Web development, iOS development
Android development, Game development
Python Programming
တို့ကို လေ့လာလို့ရမှာပါ development တစ်ခုချင်းစီကို အခြေခံကနေစပြီး course တွေရှိပါတယ် Enroll ​​ပြီးတက်ရုံပါပဲ
* Pro version ကို upgrade လုပ်ရတာမျိုးရှိပါတယ်

Pro version တွေကို ပိုက်ဆံပေးဝယ်ရမလား ?
ရပါတယ် ဝယ်ချင်ဝယ်ပါ၊ Free လိုချင်တယ်ဆိုရင်တော့ MOD Apk ကိုရှာပြီး downနိုင်ပါတယ်

Page Messenger မှာ ကျ​ွန်တော်ရှာထားတဲ့ mod apk link တွေကိုလာယူလို့ရပါတယ် 🤗

ကျွန်တော်တို့ website တွေမှာ illustrations, vector,icon တွေနဲ့ဆိုရင် ပိုကြည့်ကောင်းပြီးတော့ user ကိုဆွဲဆောင်နိုင်စေမှာပါ...
01/12/2021

ကျွန်တော်တို့ website တွေမှာ illustrations, vector,icon တွေနဲ့ဆိုရင် ပိုကြည့်ကောင်းပြီးတော့ user ကိုဆွဲဆောင်နိုင်စေမှာပါ အဲ့တာတွေကို free ရနိုင်တဲ့ website တွေကိုပြောပြလိုက်ပါတယ်ဗျာ

1️⃣ Pixabay

https://pixabay.com/

ဒီ website ကတော်တော်လေးစုံပါတယ် quality ကောင်းတဲ့ပုံတွေ illustrations,vectors, videos, music နဲ့ sound effect တွေရှိပါတယ် လိုချင်တာ
Free Download လုပ်ပြီးသုံးရုံပါပဲ 🤗

2️⃣ unDraw

https://undraw.co/illustrations

undraw မှာ illustrations တွေရှာလို့ရပါတယ် ပုံလေးတွေက လှတယ် animation တွေပါတယ် color ​တွေလည်း စိတ်ကြိုက် ပြောင်းလို့ရတယ် download လုပ်ရင်လည်း SVG နဲ့ PNG နှစ်မျိုး ရွေးလို့ရတယ် free download လို့လဲရတာမို့ ပုံလှတာလေးတွေလိုချင်ရင် အဲ့site ကိုသာ သွားလိုက်ပါ🤗

3️⃣ Flaticon

https://www.flaticon.com/

ဒီ website ကတော့ devloper တော်တော်များများသိကြပါတယ်။ flaticon မှာ icon တွေနဲ့ sticker တွေအများကြီးရှိပါတယ် ပုံတွေကလှပြီး color တွေလဲ စိတ်ကြိုက် edit ပြီး free download လုပ်လို့ရပါတယ်🤗

4️⃣Openclipart

https://openclipart.org/

ကျွန်တော်တို့ website အတွက် clipart ပုံလေးတွေ လိုချင်တယ်ဆို ဒီwebsite ကိုသာသွားလိုက်တာ အများကြီးရှိပါတယ် free download လုပ်လို့ရပါတယ်🤗

5️⃣ Freepik

https://www.freepik.com/

Freepik မှာတော့ photo,vector,psd တွေရှာလို့ရပါတယ် တစ်ချို့ပုံတွေက premium တွေပါ တော်တော်များများတော့ free download လို့ရပါတယ် searchလုပ်လိုက်ရင် ပုံကောင်းတွေအများကြီးတွေ့ရပါတယ်🤗

6️⃣Pngmart

https://www.pngmart.com/

ဒီ website မှာပါ transparent image background တွေရှာလို့ရပါတယ် categories ကလဲတော်တော်စုံပါတယ် 🤗

အထက်က websites တွေကလူသုံးများပြီး ကျွန်တော် အမြဲတမ်းသုံးဖြစ်တဲ့ website တွေပါ အခြားအသုံးဝင်တဲ့ website တွေလဲရှိပါသေးတယ်

https://www.vectorstock.com/
https://www.vector4free.com/
https://thenounproject.com/
https://www.vecteezy.com/browse
https://www.shutterstock.com/vectors -download

𝐏𝐫𝐨𝐠𝐫𝐚𝐦𝐦𝐢𝐧𝐠 လေ့လာဖို့အတွက် အကောင်းဆုံး 𝐘𝐨𝐮𝐭𝐮𝐛𝐞 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 များ----------------------------------------------------------1️...
18/11/2021

𝐏𝐫𝐨𝐠𝐫𝐚𝐦𝐦𝐢𝐧𝐠 လေ့လာဖို့အတွက် အကောင်းဆုံး 𝐘𝐨𝐮𝐭𝐮𝐛𝐞 𝐂𝐡𝐚𝐧𝐧𝐞𝐥𝐬 များ
----------------------------------------------------------
1️⃣𝐂𝐨𝐝𝐞𝐖𝐢𝐭𝐡𝐇𝐚𝐫𝐫𝐲

https://youtube.com/c/CodeWithHarry

ဒီchannelကတော်တော်မိုက်ပါတယ် beginner တွေတွက် html,css,js course တွေအပြင် react,php,python,java,C,C++ languages တွေ
data structures and algorithm course ၊ git course၊ android development course
server configuration development and vps course တွေကို တစ်နေရာတည်းမှာ လေ့လာလို့ရပါတယ် ကျွန်တော်ပြောတာထက်ပိုစုံလို့ channel ထဲကိုတစ်ချက်ဝင်ကြည့်လိုက်ပါ🤗
တစ်ခုတော့ရှိပါတယ် သူက Hindi လိုပါ😢

2️⃣𝐀𝐜𝐚𝐝𝐞𝐦𝐢𝐧𝐝

https://youtube.com/c/Academind

ဒီ channel ကတော့ crash course တွေနဲ့ javascript ကိုလေ့လာနေတဲ့သူတွေ subscribe လုပ်ထားသင့်ပါတယ် udemy မှာလဲသူရဲ့ course တွေရှိပါတယ် ကျွန်တော်ကတော့ udemy ကဆို သူ့course ကြည့်ဖြစ်ပါတယ် သူ့ course က ကြည့်ရတာများပါတယ် ဒါပေမယ့် ကြည့်ပြီးရင်intermediate levelလောက်ထိတော့ ရောက်ပါတယ် မိတ်ဆွေတို့လဲ udemy ကသူ့ course တွေမကြည့်ဖူးသေးရင် ကြည့်ကြည့်ကြပါလို့(udemy course တွေ free ရယူနည်းကိုနောက်ကျတင်ပေးပါ့မယ်ဗျာ)

3️⃣𝐓𝐡𝐞 𝐍𝐞𝐭 𝐍𝐢𝐧𝐣𝐚

https://youtube.com/c/TheNetNinja

ဒီ channel ကတော့ frontend ပိုင်းလေ့လာနေတဲ့သူတွေတွက်တော်တော်အဆင်ပြေမှာပါ (html ကစလို့ react,vue ထိရှိပါတယ်) sass and adobe xd tutorial တွေပါရှိပါတယ်
Mobile development အတွက် Flutter ၊ React native တွေနဲ့အတူ Firebase ကိုလေ့လာနိုင်ပါတယ်
Subscribe မဖြစ်မနေလုပ်ထားသင့်ပါတယ်ဗျာ 🤗

4️⃣𝐅𝐫𝐞𝐞𝐂𝐨𝐝𝐞𝐂𝐚𝐦𝐩.𝐨𝐫𝐠

https://youtube.com/c/Freecodecamp

ဒီchannel ကတော့ နာမည်ကြီးပါတယ် coding ပိုင်း videoတွေ course တွေအများကြီးရှိတဲ့အပြင် Computer science, Maths for programmer,machine learning, ethical hacking တွေကိုပါလေ့လာလို့ရမှာ တော်တော်စုံပါတယ် 🤗

5️⃣𝐓𝐫𝐚𝐯𝐞𝐫𝐬𝐲 𝐌𝐞𝐝𝐢𝐚

https://youtube.com/c/TraversyMedia

ဒီ channel ကို javascript လေ့လာတဲ့သူတွေတွက်အရမ်းအဆင်ပြေပါတယ် Javascript နဲ့ အကုန်နီးပါးရှိပါတယ်
Frontend မှာဆို React,Angular, Vue အကုန်ရှိပါတယ် course တွေအပြင် project တွေပါလေ့လာလို့ရပါတယ် Vanilla Javascript, Node.js,Express,Mongodb course တွေလဲရှိပါတယ် MERN,MEAN stack project တွေ လဲလေ့လာလို့ရပါတယ် အခြားBootstrap,Tailwind,Php,
Python တွေလဲရှိပါတယ် 🤗

အထက်က ​channel ငါးခုက ကျွန်တော်ကြည့်ဖြစ်တဲ့ channel တွေပါ အခြား နာမည်ကြီးchannel
တွေလဲရှိပါတယ် ဝင်ကြည့်ကြည့်ပါဗျ

-https://youtube.com/c/WebDevSimplified
-https://youtube.com/c/TechWithTim
-https://youtube.com/c/DevEd
-https://youtube.com/c/DesignCourse

တစ်ခါတရံတော့သုံးဖြစ်ပါသေးတယ် 😅
17/11/2021

တစ်ခါတရံတော့သုံးဖြစ်ပါသေးတယ် 😅

Address

Dagon

Telephone

+959977797751

Website

Alerts

Be the first to know and let us send you an email when Kay's Techverse posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share