Lapyae Game

Lapyae Game Lapyae Game Ceter is like ineternet cafe but not the same. We providing e sport to improve in our co

10/04/2024

8လက်မ ၈အုန်း ၆၀ w 110000 ကျပ် 09425011210 ရန်ကုန် သန်လျင်

26/03/2024

၈၀၀၀၀ပါ 09425011210 usb လေးနဲ့ သန်လျင်ရန်ကုန်

16/04/2023

လခစားသမားတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ဝင်ငွေကိုဘယ်လိုစီမံသုံးစွဲရမလဲ....

လေ့လာဖူးတာတစ်ခုပြောပြမယ်။ နဲနဲတော့ ရှည်တယ် ဖတ်ချင်ရင်လဲ ဖတ်ပေါ့။

လေ့လာဖူးတာလို့ပြောတာက ကိုယ်ပိုင် idea မဟုတ်ဘူးဆိုတာကို အသိပေးတာ။ ပြောရမယ်ဆိုရင် A. Devadason ဆိုတဲ့ လူတစ်ယောက်ပြောပြတာကို ကြားဖူးပြီးမှတ်သားထားတာပါ။ ဒါပေမယ့် ဒီ idea ကို ကြိုက်လို့ ပြန်မျှဝေချင်ပါတယ်။ ဒီ idea က လခစာ သမားတွေအတွက် ရည်ရွယ်ပါတယ်။ လုပ်ငန်းရှိတဲ့သူတွေကတော့ ဒါတွေကို အနည်းနဲ့အများ သိကျွမ်းနေပြီးသား ဖြစ်နိုင်ပါတယ်။

အရင်က ပြောဖူးတယ်။ အဆင်မပြေဖြစ်လာနိုင်တဲ့ ကာလတွေကိုကျော်ဖြတ်ဖို့ လက်ထဲမှာ အနည်းဆုံး တစ်လတစ်လ ကုန်ကျငွေရဲ့ (၆) ဆ လောက် ထားရမယ်လို့ပြောခဲ့ဖူးတယ်။ ဒီလိုပဲလေ့လာဖူးတာကို။ ဒါပေမယ့် အခုကြုံနေရတဲ့ အကြပ်အတည်းကာလရဲ့ အတွေ့အကြုံအရ ဒီ (၆) လစာက အနိုင်နိုင်ပါ။ ဒါပေမယ့် မရှိတာထက်တော့ တော်သေးတာပေါ့။

အခုပြောပြမှာကတော့ ကိုယ့်ရဲ့ တစ်လတာ ဝင်ငွေကို ဘယ်လို သုံးစွဲမလဲဆိုတာပါပဲ။

လခစားသမား အတော်များများက paycheque to paycheque အသက်ရှင်နေရတာများပါတယ်။ ဆိုလိုတာက လစာထုတ်ပြီဆိုတာနဲ့ ပေးစရာတွေ ပေးလိုက်ရတာနဲ့ လက်ထဲမှာ သိပ်မကျန်တော့ဘူး။ လိုအပ်လာတဲ့ ချေးငှါးပြီးသုံးရတယ်။ ပြီးတော့ ပြန်ဆပ်နိုင်ဖို့ နောက်လ လစာကိုမျှော်ရပြန်တယ်။ ဒီလိုနဲ့ပဲ လုံလည်ချာလည်လိုက်နေရတာများပါတယ်။

ဒီတော့ ရသမျှလစာငွေကို စုဆောင်းပါလို့ အလွယ်တကူမပြောချင်ပါဘူး။ ဖြစ်မှ မဖြစ်နိုင်တာလေ။ တစ်လတစ်လ ကုန်စရာတွေက သောက်သောက်လဲ မဟုတ်ဘူးလား။ သုံးစရာတွေကြီးပါပဲ။ လစာရတာနဲ့ ကုန်ဖို့ဆီကိုပဲဦးတည်နေတော့တာပဲ မဟုတ်ဘူးလား။ ဒါပေမယ့် paycheque to paycheque အသက်ရှင်နေရတဲ့ ဘဝကနေလဲ လွတ်မြောက်စေချင်တယ်။ ဒီတော့ ဘယ်လိုစုဆောင်းမှာလဲဆိုတာကို ပြောပြချင်တာပါ။

အဓိက ကတော့ လကုန်လို့ ဝင်ငွေရလာတဲ့အခါမှာ ကန့်သတ်မှုတွေကို စလုပ်ရပါလိမ့်မယ်။ အဲ့ဒါက 70/30 rule ပါပဲ။

၁။ ကိုယ့်ရဲ့ တစ်လတာ ကုန်ကျစရိတ်တွေ၊ အသုံးစရိတ်တွေ အားလုံးအတွက် ကိုယ့်လစာရဲ့ ၇၀ ရာခိုင်နှုန်းအတွင်းမှာပဲ ရှိနေအောင် ကန့်သတ်ရပါလိမ့်မယ်။ အဲ့ဒါထက် ပိုသုံးချင်ရင် ပိုရှာဖို့ပဲ ဖြစ်ပါတယ်။ ပြောချင်တာက ကိုယ်လစငွေရဲ့ ၇၀ ရာခိုင်းနှုန်းကိုပဲ သုံးခွင့်ပြုပါ။

၂။ ကျန်တဲ့ ၃၀ ရာခိုင်နှုန်းကိုတော့ စုဆောင်းပါ။ စုဆောင်းပါလို့ပြောလိုက်လိုက်လို့ ရည်ရွယ်ချက်မရှိ စုဆောင်းတာမျိုးကို ဆိုလိုတာ မဟုတ်ပါဘူး။

အခုစုဖို့ပြောတဲ့ ၃၀ ရာခိုင်နှုန်းကို သုံးပုံပုံလိုက်ပါ။

ပထမ တစ်ပုံကို အရေးပေါ်လိုအပ်ရင်သုံးဖို့ အရန်ငွေအဖြစ် စုဆောင်းပါ။ ဟုတ်တယ်လေ အရေးပေါ်ကိစ္စဆိုတာ ပုံစံအမျိုးမျိုးနဲ့ ကိုယ့်ဆီရောက်လာနိုင်တယ်။ အဲ့ဒီ့ အချိန်မှာ လက်ထဲမှာ အရန်ငွေမရှိဘူးဆိုရင် အတော် ဒုက္ခများတယ်ဆိုတာ ကြုံဖူးသူတိုင်း သိကြမှာပါ။

ကဲ နောက်ထပ် တစ်ပုံကိုတော့ ကိုယ်သုံးချင်တာတွေကို သုံးနိုင်ဖို့အတွက် စုဆောင်းရမှာဖြစ်ချင်တယ်။ အမြဲတမ်း လိုအပ်တာတွေအတွက်ပဲ ပိုက်ဆံကိုချန်ထားပြီး ကိုယ်လိုချင်တဲ့ အရာကိစ္စတွေအတွက် ဘာမှမရှိဘူးဆိုရင် ဘဝကြီးက အတော် အဆင်မပြေဖြစ်နိုင်ပါတယ်။ သူများတွေလို ခရီးလေးဘာလေးထွက်ချင်တာတွေရှိနိုင်မယ်၊ ဖုန်းအသစ်လေးတွေ ဝယ်ချင်တာတွေရှိနိုင်ပါတယ်။ ဒီအရာတွေအတွက် ဒီတစ်ပုံကို စုဆောင်းပြီး သုံးစွဲပါ။ ပြောချင်တာက လိုချင်တာတွေကို ချေးငှါးပြီး မသုံးပါနဲ့ ဒီတစ်ပုံကနေ စုဆောင်းပြီးသုံးပါ။

နောက်ဆုံတစ်ပုံကတော့ ကိုယ့်ရဲ့ ဥစ္စာဓန ကြွယ်ဝလာဖို့အတွက် စုဆောင်းပါ။ လူတွေပြောတဲ့ အပိုဝင်ငွေ ဒါမှမဟုတ် passive income ဆိုတာကို ရလာဖို့ဆိုတာ လက်ဗလာ နဲ့ မရနိုင်ဘူးလေ။ ဒီတော့ ဒီ တစ်ပုံကို အသေအချာစုဆောင်းပြီး ငွေကြေးပမာဏ တစ်ခုကိုရလာတဲ့အခါမှာ အကျိုးရှိမယ့် နေရာတစ်ခုခုမှာ ရင်းနှီးမြုတ်နှံပါ။ ဒီလိုမှ မစုရင် ဘယ်လိုလုပ် passive income တစ်ခုကို စတင်နိုင်မှာလဲ။ စိတ်ကူးမယဉ်ဘဲ လက်တွေ့ဆန်ရမယ်လေ။

ကဲ၊ ဒီတော့ အခုဆိုရင် လခစားသမားတစ်ယောက်ဟာ ကိုယ့်ဘဝအတွက် ကိုယ့်ရဲ့ ဝင်ငွေတွေကို ဘယ်လို စီမံသင့်သလဲ ဆိုတာကို အကြံတစ်ခုတော့ ရသွားလောက်ပါပြီ။ တစ်ခုပဲရှိတယ်။ ဒီ အကြံကို ကိုယ့်အတွက် အကျိုးရှိအောင် လက်တွေ့ စမ်းကြည့်ပါ။ သူများအပြောမှာပဲ ကျေနပ်ပြီး ကိုယ့်အတွက် မဟုတ်တာမျိုး မဖြစ်ပါစေနဲ့။

ဒီတော့ အခုပဲ ကိုယ့်ဝင်ငွေကို 70% 10% 10% 10% ခွဲခြမ်းလိုက်ပါ။

- 70% အသုံးစရိတ်
- 10% အရေးပေါ်အရန်ငွေအဖြစ်စု
- 10% သုံးချင်တာသုံးဖို့စု
- 10% အရင်းအနှီးရဖို့စု

~KC
13.4.2023

09/01/2022

Tracy - Vocal Coach January Zoom Online Vocal Group Class အား 15th January တွင် အတန်းသစ် ဖွင့်လှစ်မည်ဖြစ်ပါသည်။

တစ်ပတ် - တစ်ရက် (၅ပတ်သင်တန်း)
သင်ကြားချိန် - ၁:၃၀
သင်တန်း ချိန် - စနေနေ့ ည (၇:၀၀-၈:၃၀)
သင်တန်းကြေး - 100,000/- ကျပ်

ဆက်သွယ်ရန် -09250380802
-09420283235
သင်တန်းကြေးအား KBZ Banking နှင့်
Kpay တို့ ဖြင့် လက်ခံပါသည်။

Valorant 2vs2  Game
20/03/2021

Valorant 2vs2 Game

General 2 v 2 အနိုင်ရရှိသူ
16/03/2021

General 2 v 2 အနိုင်ရရှိသူ

2 vs 2 General ပြိုင်ပွဲ အကောင်းဆုံး ECA တပ်နဲ့ USA တပ်ကို ကိုင်တွယ်ပြီး အကောင်းဆုံး ခံစစ် တိုက်စစ် အတွဲကို မြင်ရခဲ့ပါတယ်....

စက်ဝိုင်းစစ်တိုက်ကို အနိုင်ရရှိသွားသူကတော့ ကောင်းထက် ခေါ် Snipe God ပဲဖြစ်ပါတယ်ခင်ဗျာ ။
04/01/2021

စက်ဝိုင်းစစ်တိုက်ကို အနိုင်ရရှိသွားသူကတော့ ကောင်းထက် ခေါ်
Snipe God ပဲဖြစ်ပါတယ်ခင်ဗျာ ။

Snipe God က ဘယ်ဘယ်အောက်ထောင်မှာ နေရာကြပြီးတော့ VE.V က ဘယ်ဘက် အပေါ်ထောင့်စက်၀ိုင်းမှာ နေရာကြပါတယ်။ ညာဘက်အောက်ခြေတည့.....

ပြေးသွားတဲ့သူတွေတဲ့ကွာ ဘုရင်ကြီးလည်း ပါပါရောလား
03/01/2021

ပြေးသွားတဲ့သူတွေတဲ့ကွာ ဘုရင်ကြီးလည်း ပါပါရောလား

ပြိုင်ပွဲပြီးခါနီး ၃ ခွဲ ၄ နာရီအနီးမှာတော့ သက်ကြီးက အပြေးအလွှားရောက်လာခဲ့ပါတယ်။ ဘုရင်ကြီးကတော့ မျှော်သာမျ....

Address

Dagon

Alerts

Be the first to know and let us send you an email when Lapyae Game posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Lapyae Game:

Share

Category