Bhamo Computer Service

Bhamo Computer Service We provide computer service by helping organizations to find the best software for their needs.

*** RTC battery is low *** အကြောင်းတစ်စေ့တစ်စောင်း           အားလုံးပဲမင်္ဂလာပါခင်ဗျာ။ ဒီနေ့မှာတော့ RTC battery is low ဆ...
23/11/2022

*** RTC battery is low *** အကြောင်းတစ်စေ့တစ်စောင်း
အားလုံးပဲမင်္ဂလာပါခင်ဗျာ။ ဒီနေ့မှာတော့ RTC battery is low ဆိုတဲ့ Error အကြောင်း Sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။ RTC Battery ဆိုတာကတော့ Real-Time Clock Battery ဟု အဓိပ္မါယ်ရပါတယ်။ တစ်နည်းအားဖြင့်လည်း CMOS Battery ဟုအသိများကြပါတယ်။ ဒါဆိုရင် ဘယ်လို အခြေနေတွေမှာ RTC Battery is low error တက်ပါသလဲ?
--------------------------------------
၁။ အများစုကတော့ မိမိတို့ အသုံးမပြုပဲကြာရှည်စွာပစ်ထားမိတဲ့ PC တွေမှာ အဖြစ်များပါတယ်။
၂။ CMOS Battery Capacity ကျဆင်းလာတဲ့ အခါမျိုးမှာလည်း ဖြစ်တတ်ပါတယ်။
--------------------------------------
RTC battery is low error ရဲ့နောက်ဆက်တွဲပြဿနာတွေကတော့ BIOS ထဲက Date Time တွေဟာ Factory Reset ဖြစ်သွားတာကြောင့် Boot Sequence တွေလည်း ပြန်လည်ချိန်ညှိပေးဖို့ လိုအပ်တဲ့ အပြင် တခြား BIOS Setting များ , Real - Time Setting ဟာလည်း Factory Reset ဖြစ်သွားတာကြောင်း အားလုံးကို ပြန်လည် ချိန်ညှိပေးဖို့လိုအပ်ပါတယ်။
--------------------------------------
ဒါဆိုရင် RTC Battery is Low error ကို ဘယ်လိုဖြေရှင်းမလဲ။
၁။ အရိုးရှင်းဆုံးနဲ့ အလွယ်ဆုံးကတော့ BIOS Setting များကို ပြန်လည်ချိန်ညှိပြီး AC Adapter နဲ့ Computer ကို အချိန်ကြာကြာ Join သုံးပြီး RTC Battery ကို Charging ဝင်မဝင် အားသွင်းထားပေးဖို့လိုပါတယ်။
၂။ အကယ်လို့ RTC Battery is Low error ဟာ ထပ်တလဲလဲ ပြန်တက်နေတယ်ဆိုရင်တော့ CMOS Battery ကို အသစ်လဲပေးဖို့ လိုအပ်ပါပြီ။
--------------------------------------
အားလုံးပဲ ကတ်ကြီး (၃) ပါးမှ အမြန်ကျော်ဖြတ်နိုင်ကြပါစေ။
ကွန်ပျူတာနှင့်ပတ်သက်သော ပြဿနာများကိုလည်း page မှတစ်ဆင့် အကူညီလိုပါလျှင် ဆက်သွယ်နိုင်ပါကြောင်း အသိပေးပါရစေ။

Mavis Beacon Typing Tutor For Window          အားလုံးပဲမင်္ဂလာပါခင်ဗျာ။ ဒီနေ့မှာတော့ Typing ကျင့်တဲ့သူတွေ သဘောကျတဲ့ Mavi...
20/11/2022

Mavis Beacon Typing Tutor For Window
အားလုံးပဲမင်္ဂလာပါခင်ဗျာ။ ဒီနေ့မှာတော့ Typing ကျင့်တဲ့သူတွေ သဘောကျတဲ့ Mavis Beacon Typing Tutor ကို Sharing လုပ်ပေးလိုက်ပါတယ်။ MB Typing Tutor ဆိုရင် Typing ကျင့်သူများအဖို့ သင်ခန်းစာတွေစုံစုံလင်လင်နှင့် Function များလည်း စုံလင်လှတာကြောင့် လူကြိုက်များတဲ့ Typing Tutor တစ်မျိုးဖြစ်ပါတယ်။
Download Link (98MB, pass - bcs)
https://drive.google.com/file/d/1naGA4EiqR53fkQHemVmZE4_bb_vNOSp_/view?usp=share_link
How to install
1. Download ၍ရလာသော File ကို Extract ဖြည်ပါ ။ (pw - bcs)
2. MavisBeacon.exe ကိုဖွင့်ပြီး အသုံးပြုနိုင်ပါပြီ။
-----------------------------------------
အားလုံးပဲ ကတ်ကြီး (၃) ပါးမှ အမြန်ကျော်ဖြတ်နိုင်ကြပါစေ။
ကွန်ပျူတာနှင့်ပတ်သက်သော ပြဿနာများကိုလည်း page မှတစ်ဆင့် အကူညီလိုပါလျှင် ဆက်သွယ်နိုင်ပါကြောင်း အသိပေးပါရစေ။

Bully (Scholarship Edition) For PC           အားလုံးပဲမင်္ဂလာပါခင်ဗျာ။ ဒီနေ့မှာတော့ Game စော့ရတာဝါသနာပါသူတွေအဖို့ Rockst...
17/11/2022

Bully (Scholarship Edition) For PC
အားလုံးပဲမင်္ဂလာပါခင်ဗျာ။ ဒီနေ့မှာတော့ Game စော့ရတာဝါသနာပါသူတွေအဖို့ Rockstar က ထုတ်ထားတဲ့ Bully ကို Sharing လုပ်ပေးလိုက်ပါတယ်။ မစော့ခင်မှာအသိပေးချင်တာတော့ ဒီ Game ဟာ ထွက်လာတာ 2006 ထဲကဆိုပေမယ့် အသက် ၁၃ နှစ်အထက်သာ စော့ဖို့ Recommended ပေးထားတဲ့ အမျိုးစားဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ PlayStation 2 နဲ့ စော့ခဲ့ရတဲ့ ငယ်ဘဝတွေကို ပြန်လည်လွမ်းဆွတ်ရင်း သတိရလိုက်ကြရအောင်....
--------------------------
Download Link (pw - bcs , 2.5Gb)
https://drive.google.com/file/d/1oeIcsXl3dA0FBJaM8YuxRe1LsOYv2vsK/view?usp=share_link
How to Install
၁။ Preinstalled version ဖြစ်တာကြောင့် Zip File ကို password bcs ဖြင့်ဖြေပြီးတာနဲ့
Bully Scholarship Edition ထဲက bully.exe ကို ဖွင့်ကာ စော့ရုံပါပဲခင်ဗျာ။ Direct x & MS Visual C++ တော့ရှိထားဖို့လိုပါတယ်။
-----------------------------------------
အားလုံးပဲ ကတ်ကြီး (၃) ပါးမှ အမြန်ကျော်ဖြတ်နိုင်ကြပါစေ။
ကွန်ပျူတာနှင့်ပတ်သက်သော ပြဿနာများကိုလည်း page မှတစ်ဆင့် အကူညီလိုပါလျှင် ဆက်သွယ်နိုင်ပါကြောင်း အသိပေးပါရစေ။

How to Format USB Storage Using CMD (Command Prompt အသုံးပြုပြီး USB Storage ကို ဘယ်လို Format ရိုက်မလဲ )           အားလ...
15/11/2022

How to Format USB Storage Using CMD (Command Prompt အသုံးပြုပြီး USB Storage ကို ဘယ်လို Format ရိုက်မလဲ )
အားလုံးပဲမင်္ဂလာပါခင်ဗျာ။ ဒီနေ့မှာတော့ cmd ကို အသုံးပြုပြီး USB Storage Device တွေကို ဘယ်လို Format ရိုက်မယ်ဆိုတာ Sharing လုပ်ပေးသွားပါ့မယ်။ ကျွန်တော်တို့ External Storage Device အဖြစ်အသုံးပြုနေကြတဲ့ SD Card, USB Stick, External HDD တွေဟာ တခါတရံမှာ Format ရိုက်လို့ မရတဲ့ အခါမျိုးတွေတွေ့ကြုံရတတ်ပါတယ်။ အဲ့လို အခါမျိုးမှာ command သုံးပြီး Format ရိုက်ဖို့က လိုအပ်လာပါတယ်။ အချိန်အနည်းငယ်ပေးရတယ်ဆိုပေမယ့် ထိရောက်မှုရှိတာကြောင့် Quick format ဖြင့် Format ရိုက်လို့ အဆင်မပြေတဲ့ အခါမျိုးမှာ လွန်စွာ အသုံးဝင်လှပါတယ်။ ဒါဆိုရင် ကျွန်တော်တို့ စလိုက်ရအောင် ----
-------------------------------------------
၁။ Window Search box မှာ cmd ဟုရှာပြီး Run as administrator ဖြင့်ဖွင့်ပါ။
၂။ Command Prompt တက်လာပြီဆိုရင်တော့ diskpart ဟုရိုက်ထည့်ပါ။
၃။ Command Prompt တွင် Diskpart ထဲရောက်သွားပြီဆိုရင် list disk ဟု ထပ်ရိုက်ပါ။
၄။ Disk Status ကျလာလျှင် မိမိ Format ရိုက်လိုသော Disk ကိုသေချာရွေးပါ။ ( မိမိ တပ်ဆင်ထားတဲ့ USB Storage Space size ကို သေချာဖတ်ခြင်းဖြင့် ခွဲခြားနိုင်ပါသည်။ )
၅။ ရွေးရန်အတွက် select disk 1 ဟုရိုက်ထည့်ပါ။ ( မိမိ ရွေးလိုတဲ့ Disk number နော် ၊ ကျွန်တော်ကတော့ Disk 1 ကို Format ရိုက်ချင်လို့ Disk 1 ကိုရွေးတာဖြစ်ပါတယ်။ )
၆။ Disk 1 is now the selected disk ဟုပေါ်လာလျှင် Clean ဟုထပ်ရိုက်ထည့်ပါ။
၇။ အချိန်အနည်းငယ်စောင့်ပြီး DiskPart succeeded in cleaning the disk. ဟုပေါ်လာလျှင် create partition primary ဟုထပ်မံရိုက်ပါ။
၈။ DiskPart succeeded in creating the specified partition. ဟုထပ်မံပေါ်လာလျှင် format fs=ntfs ဟုထပ်မံရိုက်ထည့်ပေးပါ။
၉။ 100 Percent အထိစောင့်ရမှာဖြစ်လို့ အချိန်ပေးဖို့လိုပါတယ်။ 100 ပြည့်ပြီး Diskpart successfully formatted the volume.ဟုပေါ်လာရင်တော့ Format ချတဲ့ အစီအစဉ်ပြီးဆုံးအောင်မြင်ပါပြီ။ ထို့နောက် Exit ဟုရိုက်ကာ Diskpart ထဲက ထွက်ပြီး Cmd ကို ပိတ်ကာ External Storage device ကို အလုပ်လုပ်မလုပ် စမ်းလို့ရပါပြီ။
-----------------------------------------
အားလုံးပဲ ကတ်ကြီး (၃) ပါးမှ အမြန်ကျော်ဖြတ်နိုင်ကြပါစေ။
ကွန်ပျူတာနှင့်ပတ်သက်သော ပြဿနာများကိုလည်း page မှတစ်ဆင့် အကူညီလိုပါလျှင် ဆက်သွယ်နိုင်ပါကြောင်း အသိပေးပါရစေ။

11/11/2022

💢မိမိကိုယ်ပိုင် Business တစ်ခုကို page ထောင်ခြင်း💢
အားလုံးပဲမင်္ဂလာပါခင်ဗျာ။ ဒီနေ့ခေတ်မှာဆိုရင်တော့ ကျွန်တော်တို့ဟာ မိမိ လုပ်ငန်းတိုးတက်ကောင်းမွန်ရန်အတွက် Customer အသစ်များ ရှာဖွေရန်၊ Customer အဟောင်းများနှင့် စဉ်ဆက်မပြတ်ဆက်သွယ်ရန် နည်းလမ်းအမျိုးမျိုးအသုံးပြုကာ မိမိလုပ်ငန်းကို Customer များသိစေရန် ကြေငြာနေကြပါတယ်။ ဒီအထဲမှာမှ အထိရောက်ဆုံးဖြစ်တဲ့ page Business ဟာလည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒါကြောင့် မိမိလုပ်ငန်း ဘယ်လောက်ပဲသေးသေးကြီးကြီး page ဖြင့်ကြေငြာခြင်းဟာ အလွန်အရေးပါပြီး ထိရောက်လှပါတယ်။ ဒါဆိုရင် Facebook Page ထောင်ပြီး Business လုပ်ခြင်းဟာ ဘာတွေအကျိုးအမြတ်ရရှိပါသလဲ?
-----------------------------------------
✅ First Impression - ပထမဆုံးအချက်နဲ့ အရေးကြီးဆုံး အချက်ပါ ။ Business တစ်ခုခုကို Customer တစ်ဦးတစ်ယောက်က စိတ်ဝင်စားပြီး Facebook Search box ကနေရှာပြီဆိုတာနဲ့ မိမိ Page ဟာ Customer တစ်ယောက်ရဲ့ အထင်ကြီးလေးစားမှုရဖို့ အရေးကြီးလှပါတယ်။ ထိုသို့ Customer ဆီက အထင်ကြီးမှုကိုရပြီဆိုတာနဲ့ ထို Customer သည်မိမိ Business Page ကို အရင်စတင်လေ့လာတော့မှာ ဖြစ်ပါတယ်။
✅ Reliability - ဒုတိယ အရေးကြီးတဲ့ အချက်ကတော့ Customer တွေရဲ့ ယုံကြည်မှုရဖို့ပါ။ Page Information, Like & Followers, Page Activities, Comments and Reviews အစရှိတာတွေနဲ့ Customer တွေဟာမိမိ Page ကိုယုံကြည်လို့ရမရ တိုင်းတာကြပါတယ်။ အကယ်၍ Customer သာ ယုံကြည်ပြီဆိုရင်တော့ အလုပ်ဖြစ်ဖို့ တဝက်လောက်သေချာပါပြီ။
✅ Lower marketing expenses - page ထောင်ပြီးကြေငြာခြင်းဟာ 0 Budget နဲ့ စတင်နိုင်တာဖြစ်လို့ ကြေငြာခ သက်သာလှပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် Facebook Social Media ကို အသုံးပြုသူဟာ 2022 Feb အထိတိုင်းတာချက်အရ 20,790,000 အထိ ရှိတာကြောင့် 0 Budget နဲ့ ကြေငြာခြင်းဟာ Business Page ထောင်သူအဖို့ အလွန်အကျိုးအမြတ်ရှိလှပါတယ်။
✅ Monitor and improve - မိမိ Page ကို ဝင်ရောက်လေ့လာတဲ့သူများရဲ့ စစ်တမ်းကိုကြည့်ကာ မိမိရှေ့ဆက်မယ့် အနာဂါတ်လုပ်ငန်းတွေမှာ ဘာတွေတိုးချဲ့သင့်သလဲ၊ ဘာတွေပြင်ဆင်သင့်သလဲဆိုတာ အလွယ်တကူသိနိုင်တာမို့ Page ထောင်ထားခြင်းဟာ မိမိလုပ်ငန်းကိုပိုမိုအောင်မြင်ရန် အထောက်အပံ့တစ်ခုဆိုလည်းမမှားပါဘူး။

ဒါကြောင့် Facebook Business Page တွေကို ထိထိမိမိနဲ့ Information တွေစုံစုံလင်လင် နှင့် systematically ကြေငြာဖို့ စိတ်ဝင်စားပြီး Page ထောင်ရန် အခက်အခဲရှိနေပါသလား ?။ ကျွန်တော်တို့ Page ကို ယခုပဲ ဆက်သွယ်လိုက်ပါ။ ဈေးနှုန်းသက်သာစွာဖြင့် Information စုံစုံလင်လင်ကို Customer တို့စိတ်တိုင်းကျ တိုင်ပင်ကာ Meta business ကိုပါ မည်သို့မည်ပုံ အသုံးပြုရမည်အထိ တစ်ပါးတည်း သင်ပေးမှာ ဖြစ်လို့ ယခုပဲ စာရင်းသွင်းလိုက်ပါလို့ ပြောရင်း အဆုံးသတ်လိုက်ပါတယ်။
-----------------------------------------
အားလုံးပဲ ကတ်ကြီး (၃) ပါးမှ အမြန်ကျော်ဖြတ်နိုင်ကြပါစေ။
ကွန်ပျူတာနှင့်ပတ်သက်သော ပြဿနာများကိုလည်း page မှတစ်ဆင့် အကူညီလိုပါလျှင် ဆက်သွယ်နိုင်ပါကြောင်း အသိပေးပါရစေ။

Send a message to learn more

Operating System wasn't found Error အကြောင်းတစေ့တစောင်း (Part 2)          အားလုံးပဲမင်္ဂလာပါခင်ဗျာ။ ဒီနေ့မှာတော့ Window ...
10/11/2022

Operating System wasn't found Error အကြောင်းတစေ့တစောင်း (Part 2)
အားလုံးပဲမင်္ဂလာပါခင်ဗျာ။ ဒီနေ့မှာတော့ Window OS User တွေအဖြစ်များတဲ့ Error တွေထဲက တစ်ခုဖြစ်တဲ့ Operating System wasn't found error နှင့်ပတ်သက်ပြီးဖြေရှင်းပုံဖြေရှင်းနည်းတွေကို Sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။ ဒါဆိုရင်ကျွန်တော်တို့စလိုက်ရအောင်။
ယခင် Part (1)က အဆက်ဖြစ်တဲ့ BIOS က Operating System ကိုမတွေ့ရခြင်း အချက် (4)ချက်ရှိပါတယ်။ ဒါတွေကတော့
၁။ Bootable sequence မှားနေခြင်း
၂။ CMOS Battery အားလုံးဝကုန်သွားခြင်း
၃။ UEFI Secure Boot
၄။ Operating System File Crash အစရှိသည်တို့ဖြစ်ပါတယ်။
-------------------------------
၁။ Bootable Sequence - BIOS Menu ထဲက Bootable Sequence Option ထဲမှာ Operating System ထည့်သွင်းထားတဲ့ Hard Disk Drive ဟာ First Priority မှာရှိနေဖို့လို့ပါတယ်။ အများစုဖြစ်တတ်တာတော့ Window တင်ရန် USB Storage or CD ROM တို့ကို First Priority မှာထားခဲ့ပေမယ့် Window တင်ပြီးလို့ Ready to use ဖြစ်တဲ့ အခါမှာ Boot Sequence ကို ချိန်းဖို့မေ့ထားတတ်ကြပါတယ်။ အဲ့လို့အခါမျိုးမှာ User က USB device, External HDD ‌and DVD အစရှိသည့် OS မပါတဲ့ Storage တွေကိုတပ်ဆင်ပြီး စက်ဖွင့်မိတဲ့ အခါမှာတော့ ၎င်းError တက်လာရခြင်းဖြစ်ပါတယ်။ ဒါကြောင့်မိမိစက်ဖွင့်တဲ့ အခါမှာလည်း တခြား Storage Device တွေ မိမိ PC မှာ တပ်ဆင်ထားမိလား၊ မမိဘူးလားဆိုတာ စစ်ဖို့လိုအပ်ပါတယ်။

၂။ CMOS Battery - CMOS Battery ဟာ မိမိ Setup လုပ်ထားတဲ့ BIOS Firmware ကို Power Off ထားတဲ့ အချိန်မှာဆက်လက်လုပ်ဆောင်နိုင်အောင် Power Supply ပေးထားတဲ့ Battery တစ်မျိုးဖြစ်ပါတယ်။ Computer ကို မဖွင့်မိပဲ အချိန်ကြာကြာပစ်ထားမိတဲ့ အခါမှာ CMOS Battery ဟာအားကုန်သွားပြီး Factory Default အတိုင်းဖြစ်သွားတတ်ပါတယ်။ အဲ့အခါမှာတော့ နာပါတ် (၁) ကပြောခဲ့တဲ့ Bootable sequence မှားတော့တာပါပဲ။

၃။ UEFI Secure Boot - UEFI Secure Boot ဆိုတာကတော့ Operating System စတက်တဲ့ အချိန်မှာ Booting Process ကို malware, virus တိုက်ခိုက်မှုရန်မှ ကာကွယ်ပေးတဲ့ Security တစ်မျိုးဖြစ်ပါတယ်။ Secure Boot ကို BIOS Setting ထဲမှာ မဖွင့်ထားမိပဲ တင်မိလိုက်တဲ့ Operating System ဟာ Secure Boot ဖွင့်ပြီး Booting တက်တဲ့ အခါမှာတော့ မလိုအပ်တဲ့ Malware တွေ Virus တွေတွေ့ချိန်မှာ Operating System ကိုမတက်စေတော့ပါဘူး။ ဒါကြောင့် UEFI Secure Boot ဆိုတာကလည်း OS မတက်လာရင် စစ်သင့်တဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။

၄။ Operating System File Crash - Operating System File တွေဟာ User အမှားကြောင့်သော်လည်းကောင်း ၊ Malware , Boot sector viruses တွေတိုင်ခိုက်မှုကြောင့် Operating System File တွေပျက်စီးပြီး OS တက်မလာတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အထက်ပါအချက်အလက်များကို သေချာစစ်ကြည့်ပြီးသော်လည်း Operating System Files တွေကိုကပျက်စီးနေတယ်ဆိုရင်တော့ Operation System (Window)အသစ်ပြန်တင်ပေးဖို့လိုအပ်ပါတယ်။

***** ကျွန်တော်တို့ Page မှာလည်း Window အသစ်တင်ရန်အတွက်လိုအပ်သည့် Bootable USB Device များကို Internet နှင့် PC ကောင်းကောင်းတစ်လုံးရှိရုံဖြင့် Online မှတစ်ဆင့် Customer တို့စိတ်ကြိုက် OS များကို ပြုလုပ်ပေးနေပါကြောင်း သတင်းကောင်း ပါးပါရစေ။ *****
-----------------------------------------
အားလုံးပဲ ကတ်ကြီး (၃) ပါးမှ အမြန်ကျော်ဖြတ်နိုင်ကြပါစေ။
ကွန်ပျူတာနှင့်ပတ်သက်သော ပြဿနာများကိုလည်း page မှတစ်ဆင့် အကူညီလိုပါလျှင် ဆက်သွယ်နိုင်ပါကြောင်း အသိပေးပါရစေ။

Operating System wasn't found Error အကြောင်းတစေ့တစောင်း          အားလုံးပဲမင်္ဂလာပါခင်ဗျာ။ ဒီနေ့မှာတော့ Window OS User တ...
09/11/2022

Operating System wasn't found Error အကြောင်းတစေ့တစောင်း
အားလုံးပဲမင်္ဂလာပါခင်ဗျာ။ ဒီနေ့မှာတော့ Window OS User တွေအဖြစ်များတဲ့ Error တွေထဲက တစ်ခုဖြစ်တဲ့ Operating System wasn't found error နှင့်ပတ်သက်ပြီး Sharing လုပ်ပေးသွားပါ့မယ်။ ဒါကြောင့်သင်ဟာ Computer နှင့်မကင်းသူဆိုရင်တော့ ဒီ Post ကို အဆုံးထိဖတ်စေလိုပါတယ်။
------------------------------
What is POST?
တကယ်တော့ ကျွန်တော်တို့ဟာ Computer ကို စတင်အသုံးပြုဖို့ဖွင့်လိုက်တာနဲ့ အလုပ်စလုပ်မယ့် Function က Power On Self Test ဖြစ်ပါတယ်, POST လို့အများစုကခေါ်ဝေါ်ပါတယ်။ POST function ဆိုတာကတော့ Computer Firmware တစ်ခုပါပဲ. သူ အဓိကထားစစ်ပေးတာကတော့ Computer ရဲ့ Hardware Device တွေကိုကောင်းမွန်စွာအလုပ်လုပ်မလုပ်ကို စစ်ပေးခြင်းဖြစ်ပါတယ်။ ထိုသို့စစ်ဆေးပြီး အောင်မြင်မှသာ Basic Input Output System လို့ခေါ်တဲ့ BIOS Function ကို Computer က ဆက် Run မှာဖြစ်ပါတယ်။
------------------------------
ဒါဆိုရင် Operating System wasn't found Error က ဘယ်လိုအခါမျိုးမှာပေါ်လာတတ်တာလဲ?
ရှေ့ကပြောခဲ့တဲ့အတိုင်း BIOS Function ကြီးစတင် Run တဲ့ အချိန်မှာ မိမိPC ထဲမှ Operating System ဖြစ်တဲ့ Window,Linux တို့ကို BIOS ကမတွေ့တော့တဲ့ အခါမျိုးမှာ ပေါ်လာရခြင်းဖြစ်ပါတယ်။ ဆက်လက်ပြီး BIOS က Operating System ကိုဘာကြောင့်မတွေ့တာလဲကို ဆက်လေ့လာကြည့်ရအောင်။ BIOS က Operating System ကိုမတွေ့ရခြင်း အချက် (4)ချက်ရှိပါတယ်။ ဒါတွေကတော့
၁။ Bootable sequence မှားနေခြင်း
၂။ CMOS Battery အားလုံးဝကုန်သွားခြင်း
၃။ UEFI Secure Boot
၄။ Operating System File Crash အစရှိသည်တို့ဖြစ်ပါတယ်။
* ဖြေရှင်းပုံဖြေရှင်းနည်းတွေကိုတော့ စာတွေ အရမ်းရှည်သွားလို့ နောက်ရက်မှ သေချာပြန်တင်ပေးပါ့မယ်ခင်ဗျာ။ *
-----------------------------------------
အားလုံးပဲ ကတ်ကြီး (၃) ပါးမှ အမြန်ကျော်ဖြတ်နိုင်ကြပါစေ။
ကွန်ပျူတာနှင့်ပတ်သက်သော ပြဿနာများကိုလည်း page မှတစ်ဆင့် အကူညီလိုပါလျှင် ဆက်သွယ်နိုင်ပါကြောင်း အသိပေးပါရစေ။

.....................အားလုံးပဲ တန်ဆောင်တိုင်ပွဲတော် အခါသမယမှာ ကိုယ်၏ကျန်းမာခြင်း ၊ စိတ်၏ချမ်းသာခြင်းတို့နှင့် ပြည့်စုံပါ...
08/11/2022

.....................အားလုံးပဲ တန်ဆောင်တိုင်ပွဲတော် အခါသမယမှာ ကိုယ်၏ကျန်းမာခြင်း ၊ စိတ်၏ချမ်းသာခြင်းတို့နှင့် ပြည့်စုံပါစေကြောင်း ကျွန်တော်တို့ Bhamo Computer Service မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ကောင်းသောညလေး ဖြစ်ပါစေ။
ဘယ်လောက်ရသွားကြသလဲကိုလည်း အပျော်သဘောဖြင့် Ment လို့ရပါတယ်ခင်ဗျာ...

This Pocket Money is password protected! Enter (၁7၇6၆0) to open the pocket money.

Send blessing to more friends and find who's the luckiest By KBZPay Pocket Money

05/11/2022

💯ကျွန်တော်တို့ Bhamo Computer Service ဟာဆိုရင်ဖြင့်💯
၁။ Facebook
၂။ Wechat
၃။ Gmail အစရှိသည့် Personal Account များအပြင် Business အတွက်လိုအပ်တဲ့ Page ထောင်ခြင်း (Logo(ယာယီ)၊ Intro၊ Page info အစရှိသည့် Detail တွေအပါ) ၊ Booting လုပ်ခြင်း အစရှိတဲ့ Service များအပြင် Security Level များကိုလည်း User တို့စိတ်ကြိုက် ဈေးနှုန်းချိုသာစွာဖြင့် လုပ်ဆောင်ပေးနေပါပြီ။
ဒါ့အပြင် Facebook , Wechat , Gmail အစရှိသည့် အကောင့်ပျောက် အကောင့် Lock ကျခြင်းတို့ကိုလည်း တတ်နိင်သလောက် Recovery လုပ်ပေးနေပါကြောင်း သတင်းကောင်းပါပါရစေ။
✅Social Account ပြဿနာတွေကြောင့် ခေါင်းကိုက်စရာမလို
💢📱 09797819525ကိုသာ Helloလိုက်နော်💯💢
♻Page Chatbox မှလည်း ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ♻
----------------------------------------
အားလုံးပဲ ကတ်ကြီး (၃) ပါးမှ အမြန်ကျော်ဖြတ်နိုင်ကြပါစေ။

Bandicam.v6.0.4.2024 (Both 32 & 64 bit OS) (Pre activated)           အားလုံးပဲမင်္ဂလာပါခင်ဗျာ။ ဒီနေ့မှာတော့ Screen recor...
03/11/2022

Bandicam.v6.0.4.2024 (Both 32 & 64 bit OS) (Pre activated)
အားလုံးပဲမင်္ဂလာပါခင်ဗျာ။ ဒီနေ့မှာတော့ Screen recorder ကောင်းကောင်းရှာနေသူတွေအဖို့ Bardicam version 6.0.4.2024 ကို Sharing လုပ်ပေးလိုက်ပါတယ်။ Bandicam ဟာဆိုရင် Screen recorder တွေထဲမှာ Function စုံစုံလင်လင်နှင့် အသုံးပြုရလည်း လွယ်ကူတာကြောင့် ရေပန်းစားပါတယ်။
-----------------------------------------
Download Link
https://drive.google.com/file/d/10NRy616nDM-cZTFPZAbqwuGuE__HgCvA/view?usp=share_link
-----------------------------------------
How to install
1. Download ၍ရလာသော File ကို Extract ဖြည်ပါ။ ( pw - bcs)
2. Bandicam.v6.0.4.2024.exe ကို ဖွင့်ပါ။
3. English Ok > Advertising ကို အမှန်ခြစ်ဖြုတ်ပါ Next > Installation အတိုင်းပဲထား Next > Default file location အတိုင်းပဲထား Install > Run the program Yes .
Note : Pre activate Version ဖြစ်တာကြောင့် File Extracting ,Installation လုပ်နေစဉ် Antivirus ပိတ်ထားရန် လိုအပ်ပါသည်။ Watermark လုံးဝ မပါဝင်ပါ။
-----------------------------------------
အားလုံးပဲ ကတ်ကြီး (၃) ပါးမှ အမြန်ကျော်ဖြတ်နိုင်ကြပါစေ။
ကွန်ပျူတာနှင့်ပတ်သက်သော ပြဿနာများကိုလည်း page မှတစ်ဆင့် အကူညီလိုပါလျှင် ဆက်သွယ်နိုင်ပါကြောင်း အသိပေးပါရစေ။

Unicode Converter Application (Both 32 and 64 bit OS)         အားလုံးပဲမင်္ဂလာပါခင်ဗျာ။ ဒီတစ်ခါမှာတော့ ရုံးသုံးသမားတွေအတ...
01/11/2022

Unicode Converter Application (Both 32 and 64 bit OS)
အားလုံးပဲမင်္ဂလာပါခင်ဗျာ။ ဒီတစ်ခါမှာတော့ ရုံးသုံးသမားတွေအတွက် Unicode Converter ကို Sharing လုပ်ပေးလိုက်ပါတယ်။ ၎င်း converter ဟာ ဆိုရင် ဇော်ဂျီ အပြင် တခြား Myanmar Font တွေဖြစ်တဲ့ Academy, Win Font, CE, အစရှိသည်တို့ကို မူရင်းFile လည်း မပျက်ပဲ File တစ်ခုလုံးကို ယခင်က ရိုက်ထားတဲ့ font တွေကို Unicode တန်းချိန်းနိုင်လို့ အထူးအဆင်ပြေလှပါတယ်။
-----------------------------------------
Download Link
https://drive.google.com/file/d/1OuJT7rJveHwL6S5PaXrlr_CZ3adxRJnt/view?usp=share_link
-----------------------------------------
How to install
1. Download ၍ရလာသော File ကို Extract ဖြည်ပါ။
2. SETUP.EXE ဖွင့်ကာ Installation လုပ်ဆောင်ပါ။ (Next > Default Location ပဲထား Next > Next > Installting Unicode Converter ပေါ်လာရင် ခဏစောင့်ပြီး Unicode Converter .msi ပေါ်လာရင် Yes ရွေးပေးပါ။ )
3. Desktop ပေါ်မှ Unicode Converter ကို ဖွင့်ကာ အသုံးပြုနိုင်ပါပြီ။
Note : အသုံးပြုနည်းကိုလည်း C:\Program Files (x86)\MMNLPTeam\Unicode Converter ထဲက Myanmar Unicode Converter(User Manual).pdf ကို အသေးစိတ်ဖတ်ရှုနိုင်ပါသည်။
-----------------------------------------
အားလုံးပဲ ကတ်ကြီး (၃) ပါးမှ အမြန်ကျော်ဖြတ်နိုင်ကြပါစေ။
ကွန်ပျူတာနှင့်ပတ်သက်သော ပြဿနာများကိုလည်း page မှတစ်ဆင့် အကူညီလိုပါလျှင် ဆက်သွယ်နိုင်ပါကြောင်း အသိပေးပါရစေ။

Game House & Super Nintendo (Small Games 300)          အားလုံးပဲမင်္ဂလာပါခင်ဗျာ။ ဒီနေ့မှာတော့ Small Game တွေစော့ချင်သူမျ...
31/10/2022

Game House & Super Nintendo (Small Games 300)
အားလုံးပဲမင်္ဂလာပါခင်ဗျာ။ ဒီနေ့မှာတော့ Small Game တွေစော့ချင်သူများ အတွက် Game House & Nintendo Game အမျိုးပေါင်း 300 ကျော်ကို Sharing လုပ်ပေးလိုက်ပါတယ်။ Game တွေဟာဆိုရင်လည်း Computer ကို စတင်လေ့လာနေသူအဖို့ Mouse ကို ကောင်းမွန်ကျွမ်းကျင်စွာ ကိုင်နိုင်ပြီး တခါတရံ အပျင်းပြေစေကာ မိမိ ကလေးငယ်များကိုလည်း Computer နှင့်ရင်းနှီးစေတာကြောင့် အတော်အသင့်စော့ဖို့ အကြံပေးလိုပါတယ်။
-----------------------------------------
Download Link ( 5GB လောက်ရှိပါတယ်)
https://drive.google.com/file/d/1oVP7swmfQzguqlfdTiR97Auyvn0ujrTm/view?usp=share_link
-----------------------------------------
How to Install
1. Download ၍ ရလာသော File ကို Extract ဖြည်ပါ။
2. Autorun.exe ကို Run as administrator ဖြင့် Run ပါ။
3. Enjoy ...
4. နောက်ထပ်တစ်ကြိမ် ကစားလိုရင်တော့ Desktop ပေါ်မှာပဲ Game House MAX ကို ဖွင့်စော့ရုံပါခင်ဗျာ။
Note : Super Nintendo က Game တွေဆော့ဖို့ဆိုရင်တော့ Microsoft Visual C ++ 2015 Redistributable လိုပါတယ်။
-----------------------------------------
အားလုံးပဲ ကတ်ကြီး (၃) ပါးမှ အမြန်ကျော်ဖြတ်နိုင်ကြပါစေ။
ကွန်ပျူတာနှင့်ပတ်သက်သော ပြဿနာများကိုလည်း page မှတစ်ဆင့် အကူညီလိုပါလျှင် ဆက်သွယ်နိုင်ပါကြောင်း အသိပေးပါရစေ။

Address

Tat Twin Gyaung Street
Banmaw
01131

Opening Hours

Monday 08:30 - 17:30
Tuesday 08:30 - 17:30
Wednesday 08:30 - 17:30
Thursday 08:30 - 17:30
Friday 08:30 - 17:30
Saturday 08:30 - 17:30

Telephone

+959797819525

Alerts

Be the first to know and let us send you an email when Bhamo Computer Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Bhamo Computer Service:

Share