Mr. Seng. E & E engineering

Mr. Seng. E & E engineering Electrical, electronics services & training school. air conditioning and refrigeration services and t

မီးတပွင့် ခလုပ်နှစ်ခု
24/06/2023

မီးတပွင့် ခလုပ်နှစ်ခု

23/06/2023
 #ဓာတ်လိုက်ရင် ရှေးဦးသူနာပြုနည်းနဲ့ ဘယ်လိုပြုစုမလဲသင့်ရှေ့မှာ လူတယောက် ဓာတ်လိုက်နေရင် ဘာလုပ်မလဲ။ဒါဟာ သိပ်ပြီးလွယ်ကူရိုးရ...
11/02/2023

#ဓာတ်လိုက်ရင် ရှေးဦးသူနာပြုနည်းနဲ့ ဘယ်လိုပြုစုမလဲ

သင့်ရှေ့မှာ လူတယောက် ဓာတ်လိုက်နေရင် ဘာလုပ်မလဲ။ဒါဟာ သိပ်ပြီးလွယ်ကူရိုးရှင်းတဲ့ ကိစ္စတော့မဟုတ်ပါဘူး။ဒါပေမယ့် လူတယောက် ဓာတ်လိုက်နေတယ်ဆိုတာ အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ဓာတ်လိုက်ခံရမှု ဘယ်လောက်ပြင်းထန်လဲဆိုတာဟာ လျှပ်စစ်အမျိုးအစား၊ဗို့အားပမာဏ၊ခန္ဓာကိုယ်ထဲ လျှပ်စစ်ဖြတ်စီးပုံ အနေအထား၊ဓာတ်လိုက်ခံရသူရဲ့ ကျန်းမာရေး အခြေအနေနဲ့ ဓာတ်လိုက်ခံရ ပြီးပြီးချင်း သူ့ကို ဘယ်လောက်မြန်မြန် ကုသမှုပေးနိုင်ခဲ့သလဲ ဆိုတဲ့ အချက်တွေအပေါ် မူတည်ပါတယ်။ဓာတ်လိုက်တာကြောင့် အရေပြား လောင်ကျွမ်းသွားနိုင်သလို အပြင်ပန်းမှာ ထူးထူးခြားခြား အမှတ်အသား ဘာမှမကျန်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ဘယ်လိုပဲ ဖြစ်ဖြစ် လျှပ်စစ်ဓာတ် ခန္ဓာကိုယ်ထဲ ဖြတ်စီးသွားတာ ဖြစ်တဲ့အတွက် အတွင်းဒါဏ်ရာတွေ၊နှလုံးရပ်သွားတာတွေနဲ့ တခြားထိခိုက်ဒါဏ်ရာတွေကို ဖြစ်စေနိုင်ပါတယ်။တချို့အခြေအနေတွေမှာဆိုရင် လျှပ်စစ်ပမာဏ အနည်းငယ်လေးနဲ့တောင် သေစေနိုင်ပါတယ်။

ဒါ့ကြောင့် အောက်မှာ ဖော်ပြထားတဲ့ ဓာတ်လိုက်ရင် ပြုလုပ်သင့်တဲ့ ရှေးဦးသူနာပြု နည်းလေးတွေကို သိထားသင့်ပါတယ်

၁။ဓာတ်လိုက်နေတဲ့သူဟာ လျှပ်စစ်နဲ့ ထိနေတုန်းဆိုရင် သူ့ကို တိုက်ရိုက်မကိုင်တွယ်ပါနဲ့။သင်ပါ ဓာတ်လိုက်သွားနိုင်ပါတယ်။

၂။မိုးကြိုးပစ်တာမျိုး ဒါမှမဟုတ် ဗို့အားများတဲ့ လျှပ်စစ်နဲ့ ဓာတ်လိုက်တာမျိုးဆိုရင် အရေးပေါ်နံပါတ် ၁၉၉ ကိုဆက်ပြီး အရေးပေါ် အကူအညီတောင်းခံပါ။ပါဝါကို လုံးဝပိတ်မချလိုက်ခင်မှာ ဗို့အားပြင်း လျှပ်စစ်ကြိုး/ပစ္စည်းတွေ အနား မကပ်ပါနဲ့။ ဓာတ်တိုင်တွေအချင်းချင်းဆက်ထားတဲ့ ဝိုင်ယာကြိုးတွေဟာ အများအားဖြင့် လျှပ်ကာ အလွှာမအုပ်ထားပါဖူး။ဒါကြောင့် အဆိုပါ ဝိုင်ယာကြိုးတွေ လှုပ်ခါယမ်းနေရင် ဒါမှမဟုတ် မီးပွါးတွေ ပွင့်နေရင် အနည်းဆုံး ပေ၂၀လောက် အကွာမှာ နေပါ။

၃။အခြေအနေ အရမ်းဆိုးရွားတဲ့ ကိစ္စမျိုးကလွဲလို့ ဓာတ်လိုက်ခံရသူကို ပုံမှန်အနေအထားမှာ ထားပါ။ပထမဆုံး လုပ်ရမယ့် အဆင့်က သူ့ကို လျှပ်စစ်စက်ကွင်းနေရာက မြန်နိုင်သမျှ မြန်မြန် ဖယ်ထုတ်ရပါမယ်။အကောင်းဆုံးနည်းလမ်းကတော့ လျှပ်စစ်ရဲ့ မူလရင်းမြစ်နေရာကို ပါဝါပိတ်ပစ်လိုက်ဖို့ပါ (ဥပမာ စက်ပစ္စည်းကို ပလပ်ဆွဲဖြုတ်လိုက်တာ၊မိန်းခလုတ်ကို ပိတ်ချလိုက်တာ စသဖြင့်ပေါ့)။ဒီလိုလုပ်ဖို့ မဖြစ်နိုင်ဖူးဆိုရင် ဓာတ်မလိုက်နိုင်တဲ့ ပစ္စည်း (ဥပမာ သစ်သားချောင်းလိုမျိုး)ကို သုံးပြီး ဖယ်ထုတ်ပါ။

၄။ဓာတ်လိုက်ခံရသူကို လျှပ်စစ်နဲ့ ဝေးရာကို ဖယ်ထုတ်ပြီးတဲ့နောက်မှာ လူနာအနေနဲ့ သတိလစ်နေတုန်းဆိုရင် လူနာတင်ကားကို အမြန်ခေါ်ပါ။ရှေးဦးသူနာပြုစုတာကို အခြေခံဗဟုသုတရှိပြီး ကျွမ်းကျွမ်းကျင်ကျင် လုပ်တတ်သူကသာ ပြုလုပ်သင့်ပါတယ်။

၅။ဓာတ်လိုက်ခံရတာရဲ့ လက္ခဏာတွေဟာ ရုတ်တရက် မသိသာတာမျိုးတွေလည်း ရှိတဲ့အတွက် ဓာတ်လိုက်ခံရသူအနေနဲ့ သတိပြန်ရနေပြီး အခြေအနေကောင်းတယ်ဆိုရင်တောင် သူတို့ရဲ့ အခြေအနေကို ဆက်လက်ပြီး စောင့်ကြည့်နေရဦးမှာပဲ ဖြစ်ပါတယ်။အဆိုးဆုံးအနေနဲ့ ခန္ဓာကိုယ်ထဲက ဆဲလ်တွေ အကုန်လုံးပျက်စီးပြီး တစ်ရှူးတွေပါ သေကုန်တဲ့ အခြေအနေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။နောက်ထပ် ပြဿနာတွေက အတွင်းပိုင်းထိလှိုက်ပြီး လောင်တာ၊ ကြွက်သားတွေ ထိခိုက်ဒါဏ်ရာ ရတာ နဲ့ အရိုးတွေကျိုးတာ စသဖြင့် ဖြစ်ပါတယ်။

၆။RCD လို့ခေါ်တဲ့ လျှပ်စစ်အန္တရာယ်ကာကွယ်ပေးတဲ့ ပစ္စည်းလေးကို သုံးပါ။ဒီပစ္စည်းကို သုံးရင် လုံးဝဓာတ်မလိုက်တော့ပါဘူးလို့ အာမခံချက်မပေးနိုင်ပေမယ့် အကယ်၍များ ဓာတ်လိုက်ခဲ့သည်ရှိသော် ခန္ဓာကိုယ်ကို လျှပ်စစ်ဖြတ်စီးတဲ့ ကာလကို တိုတောင်းအောင် RCD က လုပ်ပေးနိုင်ပါတယ်။ခြံထဲက ပန်းခြံထဲမှာ လျှပ်စစ်ပစ္စည်းတွေ သုံးလေ့ရှိသူတွေအဖို့ RCD ကို အသုံးပြုပြီး လျှပ်စစ်အန္တရာယ်က ကာကွယ်ဖို့ အကြံပေးချင်ပါတယ်။အထူးသဖြင့် လျှပ်စစ်မိန်းဝင်ပေါက်မှာ တပ်ထားသင့်ပါတယ်။

07/02/2023

ရေခဲသေတ္တာမှာ အမျိူးအစား ၂ မျိုးခွဲ လို့ရပါတယ်.
** Chamber Type နဲ့ငျ် Fan type ဆိုပြီး၂ မျိုးရှိပါတယ်**

ဒီအပတ်မှာတော့ Chamber type ရေခဲသေတ္တာအကြောင်း ရဲ့ ဆောင်ရန်ရှောင်ရန် လေးတွေကို ရှဲပေးချင်ပါတယ်
Chamber type ဆိုတာကတော့ direct cool system ပါ။ Evaporator ( အအေးကွိုင် ) တည်ဆောက်ပုံပေါ် မူတည်ပြီး အအေးပေးတဲ့ စနစ် ကွဲပြား သွားခြင်း ဖြစ်ပါတယ်။ direct cool ဖြစ်လို့ နံရံ ကြမ်းပြင်နဲ့ ထိစပ်နေမှသာ အအေး အခဲ မြန်ပြီး ကြမ်းပြင် နံရံနဲ့ မထိတဲ့ နေရာက ပစ္စည်း တွေကတော့ အအေး အခဲ နှေးစေပါတယ်။ အေးလာ ခဲလာတာနဲ့ အမျှ Evaporator နံရံတွေမှာ frost ( ရေခဲမှို )တွေ ကပ်လာပါတယ်။ ရေခဲထုက တဖြည်းဖြည်း ထူလာပါတယ်။ အဲ့ ရေခဲထုတွေကို လူက စက်ကိုရပ်ပြီး ဖျော်ချ ပေးရပါတယ်။ စက်မှာ ဖျော်ချတဲ့ ခလုပ် ပါပေမယ့် သူကလဲ စက်ကို ရပ်ပေးရုံပဲ လုပ်ပေးတာပါ။ Heater နဲ့ ဖျော်ချ ပေးတာမျိုး မရှိပါဘူး။ အကယ်၍ ရေခဲမှိုတွေကို ဖျော် မချဘဲ သုံးနေရင်း Chamber ထဲ ထည့်ထားတဲ့ ပစ္စည်းတွေ ခဲလာလို့ ထုတ်ယူတော့မယ် ဆိုရင် အမြဲ လိုလို ရေခဲမှို တွေနဲ့ ကပ်နေတတ်ပါတယ်။ အတန်အသင့် အားစိုက် ခွာယူ ရတာမျိုးတွေ ရှိပါတယ်။
**မလုပ်သင့်သောအချက်များ
တစ်ချို့ ခွာမရလို့ ဓားတွေနဲ့ ထိုးခွာ ဝက်အူလှည့်နဲ့ ထိုးခွာ လုပ်ကြရင်း Chamber နံရံမှာ ကပ်နေတဲ့ Evaporator ပိုက်ကို ထိုးဖောက်မိပြီး Gas တွေ ထွက်သွားလို့ မလိုလားအပ်တဲ့ ဆုံးရှုံးမှုတွေ ဖြစ်ကြရပါတယ်။ အခု ဒီ ပို့စ်ကို ဖတ်နေတဲ့ လူတွေထဲမှာတောင် အဲလို ဖြစ်ဘူးတဲ့ လူတွေ ရှိမှာပါ။ အဲဒါတွေကတော့ Chamber type ရဲ့ အားနည်းချက်တွေပါ။ One door ရေခဲသေတ္တာ တွေမှာ အဖြစ်များပါတယ်။ အချို့ two doors Chamber type တွေလည်း ရှိပါတယ်။ တစ်ချို့ upright freezer တွေလည်း Chamber type တွေပါပဲ။ Deep freezer တွေလည်း Chamber type တွေပါပဲ။ နောက်တစ်ခုက ပိုက်ပေါက်လွယ်တာပါ။ အဲဒါကတော့ direct cool ဖြစ်လို့ သုံးစွဲသူတွေ ထည့်တဲ့ ပစ္စည်းတွေမှာပါတဲ့ chemical တွေက ပိုက်ကို ဓာတ်စားမှု ဖြစ်ပြီး ပေါက်စေတာပါ။ များသောအားဖြင့် အလူမီနီယံပိုက်တွေ သံပိုက်တွေ သုံးလို့ ဖြစ်ရတာပါ။
တစ်ခု တည်းသော Chamber type ရဲ့ အားသာချက်ကတော့ အပျက် နည်းတာပါပဲ။ ပိုက်ပေါက်တာက လွဲရင် ပျက်စရာ သိပ်မရှိတော့တာပါ။ အရည်ဖျော်ချလိုက်တဲ့ အခါ ကြမ်း ပြင် မှာ ဓာတ်စီးပြီးဓာတ်လိုက်တာတွေဖြစ်တတ်ပါတယ်။ ပေါက်ကွဲတတ်တာကြောင့်ကိုယ့်ဘာသာကိုယ်မလုပ်ပဲ servicing အပ်သင့်ပါတယ်

ဆရာဦးစိုးအောင်(သုတေသီ)ရေးသားထားသော Analog meter တိုင်းသာနည်း
26/01/2023

ဆရာဦးစိုးအောင်(သုတေသီ)
ရေးသားထားသော Analog meter တိုင်းသာနည်း

22/01/2023

ငွေဆိုတာ
လိုတဲ့အချိန်တိုင်းရှာလို့
ရတာမဟုတ်ဘူး။ 💵 💴 💶 💷

၁။ အခါအခွင့်သင့်ချိန်။
၂။ ကံကောင်းနေတဲ့အချိန်...။
၃။ အရွယ်ကောင်းနေတဲ့အချိန်...။
၎။ ကျန်းမာရေးကောင်းနေတဲ့အချိန်..။
၅။ ခေတ်ကောင်းနေတဲ့အချိန်...။

အခါအခွင့်သင့်လို့
အခွင့်အရေးပေးလာတဲ့အခါ
လက်မလွတ်မိပါစေနဲ့..။

ဘာလုပ်လုပ်အစဉ်ပြေနေတဲ့အချိန်ဆိုတာ
ကံတရားကမျက်နှာသာပေးတဲ့အခါမျိုးမှာပဲ
ရခွင့်ရှိပါတယ်။

အရွယ်လွန်မှ
ပိုက်ဆံရှာမယ်ဆိုရင်တော့
လူငယ်လေးတွေနဲ့တန်းတူ
ကလေးတွေကြားမှာ တန်းဝင်စီရလိမ့်မယ်။

ကျန်းမာရေးကောင်းနေတဲ့အချိန်မှာ
ပိုက်ဆံရှာဖို့စိတ်မကူးပဲ သောက်စားမူးရူး ပြီး
နာဖျားချိန်ရောက်တော့မှ
ပိုက်ဆံရှာရကောင်းသိလာတာဟာ
အရမ်းနစ်နာလွန်းတယ်။

ခေတ်ကာလကောင်းနေတဲ့အချိန်မှာ
ပိုက်ဆံရှာရကောင်းမသိခဲ့ပဲ
အလိုက်သင့်လေးနေခဲ့မယ်ဆိုရင်
ခေတ်ကာလပျက်စီးယိုယွင်းတဲ့အခါကျမှ
ပိုက်ဆံတန်ဖိုးသိပြီး ထရှာလို့
မလွယ်နိုင်ပါဘူး။


ပြန်လည်ဝေမျှသည်

23/11/2022

Mr. Seng. E & E engineering
မှကြိုဆိုပါတယ်
ဒီ page ကနေပြီး ပညာဒါန
အဖြစ် မျှဝေပေးသွားမည့်
ပညာရပ်တွေကတော့

(1) အိမ်တွင်း wiring installation

(2) basic electronics

(3) car air con, gas ထည့်နည်း၊ ပြုပြင်နည်း

(4) အိမ် air con တပ်ဆင်ပြုပြင်နည်း

(5) ရေခဲသေတ္တာအမျိုးမျိုး ပြုပြင်နည်း

(6) အဝတ်လျှော်စက်အမျိုးမျိုး ပြုပြင်နည်း

(7) air cooler, water cooler ပြုပြင်နည်း

(8) အိမ်သုံးမီးစက် ပြုပြင်နည်း

(9) မော်တာအမျိုးမျိုး နှင့် ကွိုင်ပတ်နည်း

(10) ပန်ကာအမျိုးမျိုး နှင့် ကွိုင်ပတ်နည်း

(11) inverter, battery charger ပြုပြင်နည်း

(12) မီးအားမြင့်စက် ပြုပြင်နည်း

(13) microwave oven ပြုပြင်နည်း

(14) infrared cooker (ဟင်းချက်မီးဖို) ပြုပြင်နည်း

(15) rice cooker (ထမင်းပေါင်းအိုး) ပြုပြင်နည်း

(16) ဒယ်နီအိုး ပြုပြင်နည်း

(17) သုံးမိနစ် ရေနွေးအိုး ပြုပြင်နည်း

(18) blender (သစ်သီးဖျော်စက်) ပြုပြင်နည်း

(19) hair dryer နှင့် လေမှုတ်စက် ပြုပြင်နည်း

(20) electric iron ( လျှပ်စစ် မီးပူ) ပြုပြင်နည်း

(21) ကျောက်စက်၊ ဖောက်စက် ပြုပြင်နည်း

(22) ဘက်ထရီသုံး ဆေးဖြန်းပုံး ပြုပြင်နည်း

စသည်တို့ဖြစ်ပါသည်

like & share ​လုပ်ပေးခြင်းဖြင့် အချင်းချင်း
ကူညီကြရအောင်ပါနော်

Address

Banmaw

Telephone

+959775493136

Website

Alerts

Be the first to know and let us send you an email when Mr. Seng. E & E engineering posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mr. Seng. E & E engineering:

Share

Category