28/09/2024
တစ်နှစ်တစ်ကြိမ် လူတိုင်းရရှိမယ့် အခွင့်အရေး ( သို့မဟုတ် ) 𝐃𝐕 – 𝐃𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 𝐕𝐢𝐬𝐚 𝐋𝐨𝐭𝐭𝐞𝐫𝐲
DV Lottery (Diversity Visa Lottery) ဆိုတာ အမေရိကန်နိုင်ငံက လွတ်လပ်တန်းတူတဲ့ လူမျိုးစုံဘဝကို ပံ့ပိုးပေးနိုင်ဖို့၊ နိုင်ငံတကာကလူမျိုးမျိုးကို အမေရိကန်မှာ နေထိုင်ခွင့်ပေးဖို့အတွက် လုပ်ဆောင်တဲ့ အစီအစဉ်တစ်ခုပါ။ ဒီအစီအစဉ်က တစ်နှစ်တစ်ကြိမ် ကျင်းပပြီး၊ ကံစမ်းမဲနည်းလမ်းဖြင့် လူရွေးချယ်မှုကို အခြေခံပါတယ်။ DV Lottery ကို အင်္ဂလိပ်လို “Green Card Lottery” လို့လည်း လူသိများပါတယ်။
ဘာလို့ DV Lottery လျှောက်ထားသင့်တာလဲ?
1) အမေရိကန်နိုင်ငံသား အဖြစ် အခြေပြုခွင့်ရရှိနိုင်ခြင်း
DV Lottery က ကံထူးရှင်တွေကို အမေရိကန်ရဲ့ အမြဲတမ်းနေထိုင်ခွင့် (Permanent Residency) လက်မှတ်ဖြစ်တဲ့ Green Card ကိုပေးပါတယ်။ Green Card ရရှိခြင်းဖြင့် အမေရိကန်မှာ တရားဝင်နေထိုင်ခွင့်၊ အလုပ်လုပ်ခွင့်နဲ့ တက္ကသိုလ်များ၊ အခြားအဆင့်မြင့်ပညာအဖွဲ့အစည်းတွေမှာ တက်ရောက်ခွင့် ရရှိနိုင်ပါတယ်။
2) အမေရိကန်နိုင်ငံ ရောက်ပြီး ချမ်းသာမှုအခွင့်အလမ်း
အမေရိကန်ဟာ လူ့ဘဝပြောင်းလဲဖို့ အခွင့်အလမ်းကြီးတစ်ခုပါ။ အလုပ်အကိုင် အခွင့်အလမ်းများစွာ ရှိသလို၊ ပညာရေးစနစ်ကလည်း အရည်အချင်းမြင့်မားပြီး အခွင့်အလမ်းတွေက ဆက်ပြောရစရာမလိုအောင် များပြားပါတယ်။
3) မိသားစုအတွက် အနာဂတ် တည်ဆောက်နိုင်ခြင်း
DV Lottery က အကယ်၍ ကံထူးပါက မိမိနှင့်အတူ မိသားစုဝင်တွေပါ အမေရိကန်အခြေပြုခွင့် ရရှိစေပါတယ်။ အိမ်ထောင်ဖက်နဲ့ ၂၁ နှစ်မပြည့်သေးတဲ့ ကလေးတွေပါ မိမိနဲ့အတူ DV Lottery ကနေလွှတ်ပေးတဲ့ Green Card ကို ရယူနိုင်ပါတယ်။
4) အနာဂတ်အတွက် အခွင့်အလမ်းများ
အမေရိကန်မှာ နေထိုင်ခြင်းဟာ စွန့်စားခန်းတွေ၊ လုပ်ငန်းရှာဖွေမှုတွေ၊ နည်းပညာပိုင်းတွင် အခွင့်အလမ်းတွေ၊ အသက်မွေးဝမ်းကျောင်းအရမ်းကျယ်ပြန့်တဲ့ အနာဂတ်တစ်ခုကို ရရှိစေပါတယ်။ ပညာရေး၊ အလုပ်အကိုင်နဲ့ စီးပွားရေးပိုင်းမှာ ကြီးထွားစေဖို့ နေရာကောင်းတစ်ခုဖြစ်ပါတယ်။
ဘယ်လိုလူတွေ DV Lottery ကို လျှောက်ထားသင့်သလဲ?
1) အမေရိကန်မှာ နေထိုင်ရန် စိတ်ဝင်စားသူများ
-အမေရိကန်မှာ အလုပ်လုပ်ချင်သူ၊ ပညာတတ်ချင်သူ၊ စီးပွားရေးလုပ်ငန်းစတင်ချင်သူတွေ အတွက် အရမ်းပြည့်စုံတဲ့ အခွင့်အလမ်းဖြစ်ပါတယ်။
2) ပညာရေးအဆင့်မြင့်ချင်သူများ
- အမေရိကန်မှာ နိုင်ငံတကာအသိအမှတ်ပြုတဲ့ တက္ကသိုလ်များ၊ ပညာရေးအစီအစဉ်တွေက လုပ်ငန်းခွင်မှာ ပိုမြင့်မားတဲ့ အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်ပါတယ်။ ပညာရေးအထူးဝါသနာပါတဲ့သူတွေအတွက် DV Lottery က ရည်ရွယ်ချက်ပြည့်စုံစေပါတယ်။
3) မိသားစုအတွက် အနာဂတ်တည်ဆောက်ချင်သူများ
- မိသားစုဝင်တွေ နိုင်ငံတကာမှာ အကောင်းဆုံး အနာဂတ်တည်ဆောက်နိုင်ဖို့ ရည်မှန်းတဲ့ မိဘတွေ အတွက် DV Lottery က မိသားစုအတွက် အကောင်းဆုံးသော အနာဂတ်တစ်ခုကို ဖန်တီးပေးနိုင်ပါတယ်။
4) မြင့်မားတဲ့ အလုပ်အကိုင်နဲ့ အသက်မွေးဝမ်းကျောင်း ရချင်သူများ
- အမေရိကန်မှာ အလုပ်အကိုင် အခွင့်အလမ်းများစွာ ရှိတဲ့အတွက်၊ Green Card ရရှိထားတဲ့အခါမှာ တရားဝင် အလုပ်လုပ်ခွင့်ရရှိပြီး အသက်မွေးဝမ်းကျောင်းပေါင်းစုံက အနာဂတ်တိုးတက်မှုတွေကို ရရှိနိုင်ပါတယ်။
ဘယ်လိုလျှောက်ရမလဲ?
1. DV Lottery အွန်လိုင်းလျှောက်လွှာ ဖြည့်စွက်ခြင်း
- အမေရိကန်နိုင်ငံ၏ တရားဝင်ဝဘ်ဆိုဒ် (https://dvprogram.state.gov/) မှတဆင့် တိုက်ရိုက်အွန်လိုင်းလျှောက်လွှာ ဖြည့်စွက်ရပါတယ်။ လျှောက်ထားတဲ့ အချိန်ကာလဟာ နှစ်စဉ် အောက်တိုဘာလနှင့် နိုဝင်ဘာလ ကြား ဖြစ်ပါတယ်။
( ၂၀၂၄ ခုနှစ်အတွက်ကတော့ October 2 ရက်နေ့မှာ စလျှောက်လို့ရမှာဖြစ်ပြီး November 5 ရက်နေ့မှာ ဖောင်ပိတ်မှာ ဖြစ်ပါတယ် )
2. အွန်လိုင်းလျှောက်လွှာ ပုံစံအပြည့်အဝ ဖြည့်စွက်ခြင်း
- ဓာတ်ပုံ လိုအပ်ချက်တွေနဲ့ အတိအကျ ကိုယ်ရေးအချက်အလက်များ ဖြည့်စွက်ရပါမယ်။ အချက်အလက်အားလုံးကို မှန်ကန်စွာဖြည့်စွက်ပြီး၊ အချက်အလက်မမှန်ရင် လျှောက်လွှာပယ်ချခံရနိုင်ပါတယ်။
3. လျှောက်ထားရာမှာ အခွန်မရှိခြင်း
- အွန်လိုင်းလျှောက်လွှာ အတွက် တစ်စုံတစ်ရာ အခကြေးငွေမလိုအပ်ပါဘူး။ ဒါပေမယ့် ကံထူးသွားပါက နောက်ပိုင်းမှာ အခြားသော ဗီဇာရမည့်စဉ်စဉ်ဆက်ဆက်မှာ စီစဉ်ခဝန်ဆောင်ခတွေ ပေးဆောင်ရမည် ဖြစ်ပါတယ်။
4. အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းခြင်း
- အနည်းဆုံး အထက်တန်းအောင်မြင်ထားသူများ သို့မဟုတ် အလုပ်အတွေ့အကြုံ ၂ နှစ် ရှိသူများ ဖြစ်ရင်ပိုကောင်းပါတယ် ။
( မရှိလဲ ရပါတယ် ဘာမှမဖြစ်ပါဘူး ၊ စာထဲမှာရေးထားလို့သာထည့်ရေးပေးထားတာပါ ၊ ဘယ်သူမှလဲ မစစ်ပါဘူး )
DV Lottery မှာ ပါဝင်ခြင်းက ဘာလို့ အရေးကြီးသလဲ?
အမေရိကန်နိုင်ငံမှာ နေထိုင်ချင်သူ၊ အနာဂတ်တိုးတက်မှုအခွင့်အလမ်းတွေ ရယူချင်သူအတွက် DV Lottery ဟာ လှမ်းတစ်ကွက်အနိုင်ရဖို့ အကောင်းဆုံး နည်းလမ်းတစ်ခုပါ။ အခကြေးငွေမရှိပဲ လျှောက်ထားရာမှာ ခက်ခဲမှု များမှာမဟုတ်တဲ့အတွက် တစ်နှစ်တစ်ကြိမ် DV Lottery အခွင့်အရေးကို အမြဲအသုံးချဖို့ အကြံပြုပါတယ်။
စနစ်ဆိုးက လွတ်မြောက်ပြီး
ဘဝသစ်တစ်ခု စတင်ဖို့ DV Lottery ကို လျှောက်ဖို့ ကျွန်တော့်အနေ နဲ့ အကြုံပြုချင်ပါတယ် ။
Htet Oo Zaw
Sep 28 , 2024