KZY IT Mobile

KZY IT Mobile 41,Aungban
Aung myat street , Q ( 3) ,
Sourth shan state , Myanmar
09790188872 , 0943027296
09979

နှစ်ပေါင်း ၅,၀၀၀ ကြာမှ ပထမဆုံးအကြိမ် ပြန်လည်ဆန်းသစ်လိုက်တဲ့ "စက်သွား" (Gear) နည်းပညာ ⚙️💧ကျွန်တော်တို့ လူသားတွေဟာ လွန်ခဲ့...
30/01/2026

နှစ်ပေါင်း ၅,၀၀၀ ကြာမှ ပထမဆုံးအကြိမ် ပြန်လည်ဆန်းသစ်လိုက်တဲ့ "စက်သွား" (Gear) နည်းပညာ ⚙️💧
ကျွန်တော်တို့ လူသားတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅,၀၀၀ လောက် ရှေးဟောင်းတရုတ်ခေတ်ကတည်း က စက်ပစ္စည်းတွေ လည်ပတ်ဖို့အတွက် အသွားပါတဲ့ စက်သွား တွေကိုပဲ တစ်စိုက်မတ်မတ် သုံးစွဲခဲ့ကြတာပါ။
ဒါပေမဲ့ အခု ၂၀၂၆ ခုနှစ်မှာတော့ ရူပဗေဒပညာရှင်တွေက ဒီသမိုင်းကို ပြောင်းလဲပစ်လိုက်ပါပြီ။ အဲဒါကတော့ "အသွားမပါတဲ့ စက်သွား" (Gear with zero teeth) နည်းပညာပါပဲ။ 🤯
🔬နယူးယောက်တက္ကသိုလ် က သိပ္ပံပညာရှင်တွေဖြစ်တဲ့ Jesse Etan Smith, Leif Ristroph နဲ့ Jun Zhang တို့က ပြုလုပ်ခဲ့တာဖြစ်ပြီး သူတို့ရဲ့ တွေ့ရှိချက်ကို ရူပဗေဒဆိုင်ရာ နာမည်ကြီးဂျာနယ် "Physical Review Letters" မှာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလကမှ လတ်တလော ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
စက်သွားတွေကို တစ်ခုနဲ့တစ်ခု ထိတွေ့ပြီး လည်ပတ်စေမယ့်အစား "အရည်" ကို ကြားခံအဖြစ် အသုံးပြုလိုက်ပါတယ်။
အထူးပြုလုပ်ထားတဲ့ အရည်ထဲမှာ စက်သွားတွေကို ထည့်သွင်းပြီး လည်ပတ်စေတဲ့အခါ အရည်ရဲ့ စီးဆင်းမှုအားက မမြင်ရတဲ့ "အသွား" (Invisible Teeth) တွေသဖွယ် ဖြစ်သွားပြီး ဘေးက စက်သွားကိုပါ လိုက်ပါ လည်ပတ်စေတာပါ။
✨ဒီနည်းပညာသစ်မှာ ယုံနိုင်စရာမရှိလောက်အောင် ကောင်းမွန်တဲ့ အချက် (၃) ချက် ပါဝင်လာပါတယ်။
၁။ ပွတ်တိုက်မှု လုံးဝမရှိတော့ပါ (Zero Friction): စက်သွားချင်း မထိတဲ့အတွက် ပွတ်တိုက်စားတာ၊ ပျက်စီးတာတွေ လုံးဝမရှိတော့ပါဘူး။
၂။ လမ်းကြောင်း ပြောင်းနိုင်တယ်: အရည်ရဲ့ အမြန်နှုန်းကို ချိန်ညှိလိုက်ရုံနဲ့ စက်သွား (Gear) လို ပြောင်းပြန်လည်မလား၊ ပူလီ (Pulley) လို တစ်ဖက်တည်း အတူတူလည်မလားဆိုတာကို ချက်ချင်း ပြောင်းလဲနိုင်ပါတယ်။
၃။ ယန္တရား ညပ်တာမျိုး မရှိတော့ဘူး: သမားရိုးကျ စက်သွားတွေလို ကြားထဲ အမှိုက်ဝင်လို့ စက်ရပ်သွားတာမျိုးတွေ မဖြစ်နိုင်တော့ပါဘူး။
ဒီတွေ့ရှိချက်က နောင်တစ်ချိန်မှာ စက်ရုပ်နည်းပညာ (Robotics) နဲ့ ရှုပ်ထွေးတဲ့ စက်ယန္တရားတွေအတွက် အကြီးမားဆုံး အပြောင်းအလဲတစ်ခု ဖြစ်လာနိုင်ပါတယ်။ "သံတွေ တိုက်စားနေတဲ့ ခေတ်ကနေ အရည်တွေ စီးဆင်းမယ့်ခေတ်" ကို ရောက်လာတော့မှာပါ။ 🌊🤖
References & Sources:
* Smith, J. E., Ristroph, L., & Zhang, J. (2026). Fluid gears and pulleys. Physical Review Letters.
* New York University. (2026). Scientists Put Teeth Into Water-Driven Gears.
* Physical Review Letters Journal (Vol. 136, 2026).

31သိန်း ဝန်းကျင်နဲ့ Galaxy S25 (12/512 GB) ကို ဝယ်ယူနိုင်ပါပြီ။ 🤩ဘယ်မှာမှ မရတဲ့ ဈေးနှုန်းနဲ့ နှစ်သစ်မှာ ဖုန်းအသစ်ကိုင်မယ...
24/01/2026

31သိန်း ဝန်းကျင်နဲ့ Galaxy S25 (12/512 GB) ကို ဝယ်ယူနိုင်ပါပြီ။ 🤩

ဘယ်မှာမှ မရတဲ့ ဈေးနှုန်းနဲ့ နှစ်သစ်မှာ ဖုန်းအသစ်ကိုင်မယ်ဆိုရင် အရွေးမမှားတဲ့ ဆုံးဖြတ်ချက်ပဲပေါ့။ အခုပဲ KZY IT Mobile မှာ Order တင်ထားလိုက်တော့။ 😉✨


📌 Galaxy S25 (12/512 GB) - 3,140,000 MMK
(ပစ္စည်းလက်ကျန်ရှိသည့်အထိသာ)

KZY IT
Kyaw Zaya Mobile
အောင်မြတ်လမ်း
အောင်ပန်းမြို့
09771950588 , 09790188872


Learning လုပ်နေတဲ့ ကျောင်းသားတိုင်း Study Smart ဖြစ်သွားစေဖို့ Galaxy AI ပါဝင်တဲ့ Galaxy Tab A11 ရှိနေပါပြီ။💯မြင်ကွင်းကျ...
04/01/2026

Learning လုပ်နေတဲ့ ကျောင်းသားတိုင်း Study Smart ဖြစ်သွားစေဖို့ Galaxy AI ပါဝင်တဲ့ Galaxy Tab A11 ရှိနေပါပြီ။💯

မြင်ကွင်းကျယ်၊ Display ကောင်းတာမို့ Online Learning လုပ်ရတာ အဆင်ပြေတဲ့အပြင် Galaxy AI ပါဝင်တဲ့အတွက်ကြောင့် ကျောင်းသင်ခန်းစာတွေကိုလည်း လွယ်လွယ်ကူကူ လေ့လာလို့ရပြီပေါ့။

ဘက်စုံသုံးဖို့အတွက် အတန်ဆုံး Galaxy Tablet ကိုဝယ်ယူအား​ပေးချင်တယ်ဆို​ရင်​တော့ ညီမ​တို့ KZY IT Mobile (Kyaw Zaya)မှာဝယ်ယူအား​ပေးလို့ရပါပြီရှင့်

Kyaw Zaya-KZY IT Mobile
Computer and Mobile Phone Sale Center
​အောင်မြတ်လမ်း
​အောင်ပန်းမြို့ 09-790188872/09-458913711/09-771950588

Galaxy Tab A11 (4/ 64GB) - 855,000 MMK
Galaxy Tab A11 (8/ 128GB) - 1,038,000 MMK

Galaxy Tab A11+ (6/ 128GB) - 1,275,000 MMK

📢 "ခံနိုင်ရည်ကြမ်း ဘက်ထရီလန်း"တဲ့ 𝐈𝐧𝐟𝐢𝐧𝐢𝐱   ကို Kyaw Zaya Mobile မှာလာရောက်အားပေးဝယ်ယူနိုင်ပါပြီ။✅ 45W အမြန်အားသွင်းစနစ်...
09/12/2025

📢 "ခံနိုင်ရည်ကြမ်း ဘက်ထရီလန်း"တဲ့ 𝐈𝐧𝐟𝐢𝐧𝐢𝐱 ကို Kyaw Zaya Mobile မှာလာရောက်အားပေးဝယ်ယူနိုင်ပါပြီ။
✅ 45W အမြန်အားသွင်းစနစ်
✅ 5160mAh (၅) နှစ်အထိတာရှည်အသုံးပြုနိုင်မယ့် Battery
✅ မြန်ဆန်တဲ့လုပ်ဆောင်မှုတွေအတွက် Helio G81 Ultimate Processor
✅ ရေစိုခံတဲ့ IP 64 Dust & Water Resistant
✅ တစ်ချက်နှိပ်ရုံနဲ့ ကိုယ်ကြိုက်နှစ်သက်ရာ Function ကို အမြန်လုပ်ဆောင်နိုင်မယ့် Adaptive One-Tap Infinix AI Button တို့ပါဝင်ပြီး "ခံနိုင်ရည်ကြမ်း ဘက်ထရီလန်း" တဲ့ 𝐈𝐧𝐟𝐢𝐧𝐢𝐱 𝐇𝐎𝐓 𝟔𝟎𝐢 ကိုအခုပဲနီးစပ်ရာဆိုင်များမှာလာရောက်ဝယ်ယူလိုက်တော့နော်။
𝗛𝗢𝗧 𝟔𝟎𝗶 | 𝟭𝟮𝟴𝗚𝗕 + 𝟒𝗚𝗕 - 𝟒𝟖𝟗,𝟵𝟬𝟬 𝗞𝘀
𝗛𝗢𝗧 𝟔𝟎𝗶 | 𝟭𝟮𝟴𝗚𝗕 + 𝟔𝗚𝗕 - 𝟓𝟐𝟗,𝟵𝟬𝟬 𝗞𝘀
𝗛𝗢𝗧 𝟔𝟎𝗶 | 𝟐𝟓𝟔𝗚𝗕 + 𝟖𝗚𝗕 - 𝟓𝟖𝟗,𝟵𝟬𝟬 𝗞𝘀
🔥𝐈𝐧𝐟𝐢𝐧𝐢𝐱 𝐇𝐎𝐓 𝟔𝟎𝐢_ 𝐀𝐯𝐚𝐢𝐥𝐚𝐛𝐥𝐞 𝐍𝐎𝐖 ! 🔥

#ခံနိုင်ရည်ကြမ်းဘက်ထရီလမ်း


ဝယ်ယူပိုင်ဆိုင်ချင်တယ်ဆိုရင်ဖြင့် အောက်ပါလိပ်စာအတိုင်း လှမ်းလာဖို့ ဖိတ်ခေါ်ပါရစေ

🎈 Kyaw Zaya-KZY IT Mobile
Computer and Mobile Phone Sale Centre
အောင်မြတ်လမ်း
အောင်ပန်းမြို့
09 790188872 / 09 458913711 / 09 771950588

7000mAh Battery အကြီးကြီးပါတဲ့အပြင် 80W SUPERVOOCTM Flash Charge နဲ့ Powerful Battery ကို ပိုင်ဆိုင်ထားတဲ့ OPPO A6 Pro ❤...
09/12/2025

7000mAh Battery အကြီးကြီးပါတဲ့အပြင် 80W SUPERVOOCTM Flash Charge နဲ့ Powerful Battery ကို ပိုင်ဆိုင်ထားတဲ့ OPPO A6 Pro ❤️

Battery နဲ့ပတ်သတ်ပြီး Pro ကျတဲ့အပြင် IP69 Water and Dust Resistance ပါဝင်လို့ ရေစိမ်ခံနိုင်တယ်။ လှပ သေသပ်တဲ့ ဒီဇိုင်းနဲ့ AI Features အစုံအလင်ကြောင့် ပြောစရာမလိုအောင် ပြီးပြည့်စုံတဲ့ PRO တစ်ဦးဖြစ်ပါတယ်။

31.01.2026 အထိ ဝယ်ယူသူများက
● ATOM Package,
● 180 Days Screen Protection Plan,
● 5 Years Battery Protection Plan စတဲ့ အထူးလက်ဆောင်များ ရရှိမှာဖြစ်ပါတယ်။

#အချိန်ကြာကြာကြမ်းကြမ်းသုံးProwerfulAIဖုန်း

🎈 KZY IT Mobile
Computer and Mobile Phone Sale Centre
အောင်မြတ်လမ်း
အောင်ပန်းမြို့
09 790188872 / 09 458913711 / 09 771950588

iPhone user တော်တော်များများမေးနေကြတဲ့ Region အကြောင်း ❓❓iPhone တွေကို  Western United States California မှာ Design ဆွဲပ...
27/10/2025

iPhone user တော်တော်များများမေးနေကြတဲ့ Region အကြောင်း ❓❓

iPhone တွေကို Western United States California မှာ Design ဆွဲပြီး အများစုကို China က Foxconn မှာ တပ်ဆင်တာဖြစ်ပါတယ်။
All Completed ဖြစ်တယ်ဆိုမှ သက်ဆိုင်ရာနိုင်ငံအလိုက် Region Code သတ်မှတ်ပြီး ဖြန့်ချိ ရောင်းချပါတယ်။

ဒီတော့ Region ကွဲပြားခြင်းဟာ တူညီတဲ့ Device တွေကို ဖြန့်ချိတဲ့ ဒေသသတ်မှတ်ကွဲပြားခြင်းသာ ဖြစ်ပါတယ်။အဓိကပြောချင်တာကတော့ အားလုံးသော iPhone တွေရဲ့ Quality ကအတူတူပါပဲ။

ဘာလို့ Region Code သတ်မှတ်ရလဲဆိုတာကတော့ နိုင်ငံအလိုက် ချမှတ်ထားတဲ့ နည်းပညာ Laws တွေကြောင့်ဖြစ်ပါတယ်။

ဥပမာဘယ်လိုမျိုးလဲဆိုရင်တော့ Japan Region အတွက် ထုတ်ထားတဲ့ဖုန်းကိုအသုံးပြုမယ်ဆိုရင်တော့ Silent Mode On ထားတဲ့အချိန်မှာတောင် ဓါတ်ပုံရိုက်ရင် အသံမြည်နေမှာဖြစ်ပါတယ်။

Adapter တွေမှာဆိုရင်လည်း Region အလိုက် 2 Pin, 3 Pin ဆိုပြီးနှစ်မျိုးခွဲခြားထားတာတွေ ရှိပါသေးတယ်။

လက်ရှိမြန်မာနိုင်ငံမှာ ရောင်းချနေတဲ့ iPhone Regions တွေကတော့ Singapore (ZP/A) , Thailand (TH/A) , China (CH/A) , Hong Kong (ZA/A) စတဲ့ County Region တွေကတော့ အများဆုံး မြင်တွေ့ရပါတယ်

iPhone 16 Series လေးမှာတော့ Australia/New Zealand ( X/A ) ဆိုပြီး Official Region လေး ပြောင်းလဲသွားတာလေး ရှိပါမယ်နော် X/A Region လေးဟာဆိုရင်လည်း အရင်ဝင်တဲ့ Region လေးတွေအတိုင်း eSIM 1 Card+Physical 1 Card ဆိုပြီး အသုံးပြုလို့ ရပါမယ်

iPhone တွေရဲ့ Region အပေါ်မူတည်ပြီး ထုတ်လုပ်မှုအပိုင်းမှာ Quality က Apple Standard စံချိန်အတိုင်းအတူတူ ထုတ်လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့် ပစ္စည်းအရည်အသွေး Quality အပိုင်းနဲ့ အာမခံ Apple Warranty Policy ပိုင်းတွေကတော့ ကွာခြားမှုမရှိပါဖူး

ကိုယ်ရဲ့ iPhone Region ကိုစစ်ဆေးကြည့်ချင်တယ်ဆိုရင်တော့ Settings > General > About > Model Number လေးရဲ့ နောက်ဆုံး 3 လုံးမှာကြည့်လို့ရပါတယ်ခင်ဗျာ

ဒီနှစ် iPhone အသစ်တွေအကုန်နီးပါး eSIM ဖြစ်သွားပါပြီ 📱iPhone Air က တစ်ကမ္ဘာလုံး Region အားလုံးမှာ Dual eSIM : eSim + eSim...
13/09/2025

ဒီနှစ် iPhone အသစ်တွေအကုန်နီးပါး eSIM ဖြစ်သွားပါပြီ 📱

iPhone Air က တစ်ကမ္ဘာလုံး Region အားလုံးမှာ Dual eSIM : eSim + eSim ဖြစ်သွားမယ်။ သူ့မှာ Physical sim card အတွက် SIM tray မပါတော့ဘူး။

iPhone 17, iPhone 17 Pro, iPhone 17 Pro Max စတဲ့မော်ဒယ် တွေအားလုံးရဲ့
USA, Bahrain, Canada, Guam, Japan, Kuwait, Mexico, Oman, Qatar, Saudi Arabia, United Arab Emirates, US Virgin Islands Regions တို့မှာ
📲 Dual eSim : eSim+eSim

Europe, Asia, နဲ့ တခြားနိုင်ငံတွေရဲ့ Regions တွေမှာ
📎 1 nano SIM : Physical SIM + eSim

China region တစ်ခုတည်းမှာပဲ
🖇️ Dual nano SIM : Physical SIM + Physical SIM

အရင် 2024 models တွေနဲ့မတူတာက Dual nano SIM ကို Hong Kong, Macau & China regions တွေမှာရခဲ့ပေမယ့်
ဒီနှစ် 2025 ရဲ့ iPhone 17 Series တွေမှာ Hong Kong (ZA/A) နဲ့ Macau (ZA/A) က တခြား regions တွေအတိုင်း 1 nano SIM : Physical SIM + eSim ဖြစ်သွားပြီး China (CH/A) region တစ်ခုသာ Dual nano SIM : Physical SIM + Physical SIM ရတော့မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လူသုံးအများဆုံး iPhone Region ဖြစ်တဲ့ Singapore ရဲ့ Region code က ZP/A မှ X/A သို့ ပြောင်းလဲသွားပါပြီ။
ZP/A region ပဲသုံးချင်သူများ အတွက် Thailand, Malaysia နှင့် Taiwan တွင် ZP/A ရရှိနိုင်မှာဖြစ်ပါတယ်။
ယနေ့ခေတ် 📱 Smartphone တွေရဲ့ အရွေ့က eSim ဖက်ကိုပဲ ကူးပြောင်းလာတာကြောင့် နောက်နှစ်အနည်းငယ်အတွင်း
iPhone လို flagship smartphone အားလုံး 📲 eSim တွေပဲဖြစ်လာနိုင်ပါတယ်။



အားလုံးမျှော်နေကြတဲ့ အကြမ်းဆုံး Apple Products တွေကို မိတ်ဆက်သွားပါပြီ Apple ကတော့ Apple ဆိုတဲ့အတိုင်း တစ်ကွက်တော့အမြဲပြ...
10/09/2025

အားလုံးမျှော်နေကြတဲ့ အကြမ်းဆုံး Apple Products တွေကို မိတ်ဆက်သွားပါပြီ

Apple ကတော့ Apple ဆိုတဲ့အတိုင်း တစ်ကွက်တော့အမြဲပြပါတယ်။ အားလုံးထင်ထားသလိုမဟုတ်ပဲ ဒီနှစ်မှာ အထူးခြားဆုံး iPhone တွေနဲ့ AirPods 3, Apple Watch Series 11တို့ကို မိတ်ဆက်ပြသွားပါပြီ။

• AirPods Pro 3

ပထမဦးဆုံး မိတ်ဆက်လိုက်တာကတော့ AirPods ဖြစ်ပါတယ်။ ဒီနှစ် AirPods 3 ကတော့ တော်တော်လေးကိုမှ ထူးခြားပါတယ်။

ANC 4x, Pocket Size Design နဲ့ ကမ္ဘာ့အကောင်းဆုံး ANC စနစ်ဆိုပြီးတင်စားသွားခဲ့ပါတယ်။

Live Translation က မတူညီတဲ့ Language တွေနဲ့ဆိုရင် တခါတည်း ဘာသာပြန်ပေးမှာဖြစ်ပါတယ်။ ဘာသာပြန်ပေးတာတွေက Live အနေနဲ့ သဘာဝကျကျ ဘာသာပြန်ပေးမှာဖြစ်ပါတယ်။ iPhone ရဲ့ Display မှာလည်း ပြန်ပြောတဲ့အခါမှာလည်း တစ်ဖက်ကို ပြန်နားလည်အောင်ပြန်ပြပေးတဲ့ Feature ပါပါဝင်ပါသေးတယ်။

ဒါ့အပြင် ဘာသာစကားမတူညီတဲ့ လူနှစ်ဦး AirPods Pro 3 ကို တပ်ပြီးအသုံးပြုပြမယ်ဆိုရင်လည်း တစ်ဖက်နဲ့တစ်ဖက် လွယ်လွယ်ကူကူဆက်သွယ်လို့ရနိုင်အောင်လုပ်ထားပါတယ်။

နားနဲ့လိုက်ဖက်မယ့် ပုံစံတွေနဲ့ AirPods တွေကို ပုံဖော်ထားပြီး Eartips 5 ခုတောင်ပါဝင်ဦးမှာဖြစ်ပါတယ်။ အားကစားလုပ်နေတဲ့အချိန်နဲ့ ချွေးတွေထွက်နေရင်တောင် နားထဲကနေ ပြုတ်ကျသွားတော့မှာမဟုတ်ပါဘူး။

ဒါ့အပြင် နှလုံးကျန်းမာရေးနဲ့ပတ်သက်ပြီးလည်း ပိုမိုက်တဲ့ Feature ပါဝင်လာပါတယ်။ ဒီ AirPods 3 ကို တပ်ထားပြီး Workout လုပ်မယ်ဆိုရင် Heart Rate ကို အလွယ်တကူတိုင်းတာနိုင်မှာဖြစ်ပါတယ်။

Battery Life မှာဆိုရင်တော့ Transparency ကိုဖွင့်ပြီးသုံးမယ်ဆိုရင် ၁၀ နာရီကြာအသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဒါကတော့ AirPods Pro 3 မှာ အသစ်ပါဝင်လာမယ့် Feature အသစ်တွေပဲဖြစ်ပါတယ်။

• Apple Watch Series 11

Apple Watch Series 11 မှာဆိုရင် ပိုမိုက်တဲ့ Display အသစ်ကိုသုံးထားပြီး အရင်ကထက်ပိုပြီး အကြမ်းခံလာမှာဖြစ်ပါတယ်။ ဒါ့အပြင် watchOS 26 နဲ့လာမှာဖြစ်ပြီး Watch Face အသစ်ဖြစ်တဲ့ Liquid Glass Face အသစ်နဲ့ တခြား Watch Face အသစ်တွေနဲ့ Workout Feature တွေပါဝင်လာပါတယ်။

Hypertension ဆိုတဲ့ Feature အသစ်ပါဝင်လာပြီး နှလုံးကျန်းမာရေးနဲ့ဆိုင်တာတွေမှာ အများကြီး အထောက်အကူပြုလာမယ့် Feature အသစ်ပါဝင်လာပါတယ်။

ဒါ့အပြင် Sleep Core ဆိုတဲ့ Feature အသစ်က အိပ်ယာဝင်ချိန်တွေပိုပြီး သေချာအောင်မှတ်ပေးပြီး Track လုပ်လို့ရနိုင်အောင်လုပ်ဆောင်ပေးမယ့် Feature အသစ်လည်းပါဝင်လာဦးမှာဖြစ်ပါတယ်။

နောက်ပြီးထူးခြားတာက Series 11 ဟာ ၂၄ နာရီအထိ Battery အသုံးခံမှာဖြစ်ပါတယ်။

• Apple Watch SE 3

Watch SE 3 ကတော့ S10 Siip နဲ့လာမှာဖြစ်ပြီး Alway On Display နဲ့ ပုံမှန် Feature တွေအပြင် Double Tap တွေ၊ Battery Life တွေနဲ့ Sleep Score, Temperature Sensing ဆိုတဲ့ Feature တွေအပြင် Fast Charging စနစ်တွေပါရရှိမှာဖြစ်ပါတယ်။

• Apple Watch Ultra 3

Watch Ultra 3 မှာဆိုရင်လည်း ပိုပြီးကြီးလာတဲ့ Display Size တွေနဲ့ 5G စနစ်အသစ်တွေက ပိုပြီး ချိတ်ဆက်မှုတွေမှာပိုပြီးကောင်းအောင်လုပ်ထားမယ့်အပြင် Watch Face အသစ်နဲ့ 42 နာရီအသုံးခံမယ့် Battery Life အပြင် Satellite Communications ဆိုတဲ့ Feature အသစ်တွေပါဝင်လာဦးမှာဖြစ်ပါတယ်။

ဒါ့အပြင် 1Hz နဲ့ Always-On Display အပါအဝင် အရင်ကထက် Display က ပိုပြီး လင်းလာမယ်လို့ Apple ကနေပြောသွားခဲ့ပါတယ်။

• iPhone 17

Apple ဟာ iPhone 17 ကို တရားဝင်ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ iPhone 17 မှာ အဓိကထူးခြားချက်တွေကတော့ Center Stage ရှေ့ကင်မရာအသစ်၊ ပိုမိုတောက်ပပြီး ProMotion နည်းပညာပါဝင်လာတဲ့ မျက်နှာပြင်၊ စွမ်းဆောင်ရည်ပိုမိုကောင်းမွန်လာတဲ့ A19 Chip တို့အသစ်ပါဝင်လာတာ ဖြစ်ပါတယ်။

6.3 inch နဲ့ Super Retina XDR Display ကို ProMotion နည်းပညာနဲ့ 120Hz အထိ refresh rate ကို အလိုအလျောက် ချိန်ညှိပေးနိုင်ပါတယ်။ ဒါကြောင့် scrolling လုပ်တာ၊ game ဆော့တာတွေ ပိုမိုချောမွေ့လာမှာပါ။

Display ကို Ceramic Shield 2 နဲ့ ပြုလုပ်ထားပြီး အရင် Generation တွေထက် ၃ ဆ ပိုမိုအကြမ်းခံနိုင်မှာဖြစ်ပါတယ်။

Center Stage လို့ခေါ်တဲ့ ရှေ့ကင်မရာအသစ်ဟာ selfie တွေကို ပိုမိုကောင်းမွန်စေမှာပါ။ AI နည်းပညာကို အသုံးပြုပြီး အုပ်စုလိုက် selfie ရိုက်တဲ့အခါ လူအားလုံးကို မျက်နှာပြင်ထဲမှာ ဝင်အောင် အလိုအလျောက် frame ကို ချဲ့ပေးနိုင်ပါတယ်။

နောက်ကင်မရာတွေမှာ ပထမဆုံးအကြိမ်အဖြစ် 48MP စနစ်သုံး Fusion Dual Camera ကို ထည့်သွင်းထားပါတယ်။ 48MP Fusion Main camera နဲ့အတူ 2x Telephoto ကို ပေါင်းစပ်ထားတာကြောင့် ဓာတ်ပုံတွေကို အနီးရော အဝေးကပါ အရည်အသွေးမြင့်မားစွာ ရိုက်ကူးနိုင်ပါတယ်။

3-nanometer နည်းပညာနဲ့ တည်ဆောက်ထားတဲ့ A19 Chips က စွမ်းဆောင်ရည်ပိုင်းကို သိသိသာသာ မြှင့်တင်ပေးထားပါတယ်။

iPhone 13 မှာပါတဲ့ A15 Bionic ချစ်ပ်ထက် CPU ဟာ 1.5 ဆ ပိုမြန်ပြီး GPU ကတော့ ၂ ဆကျော် ပိုမြန်ပါတယ်။

iOS 26 ရဲ့ အဆင့်မြင့်စွမ်းအင်စီမံခန့်ခွဲမှုကြောင့် ဘက်ထရီဟာ တစ်နေကုန် အသုံးပြုနိုင်မှာပါ။

iPhone 17 ကို 256GB ကနေ စတင်ရရှိမှာဖြစ်ပြီး 512GB option အထိ ရှိမှာဖြစ်ပါတယ်။

Apple မှာ Pre Order ကိုတော့ စက်တင်ဘာလ ၁၂ ရက်၊ သောကြာနေ့ မှာ စတင်နိုင်ပြီး၊ တရားဝင်ရောင်းချမယ့်ရက်ကတော့ စက်တင်ဘာလ ၁၉ ရက်၊ သောကြာနေ့မှာဖြစ်ပါတယ်။

• Apple ရဲ့ အပါးဆုံးဖုန်း iPhone 17 Air

Apple က ဒီဇိုင်းပိုင်းမှာ သိသိသာသာ တိုးတက်ပြောင်းလဲလာတဲ့ iPhone Air ကို တရားဝင် မိတ်ဆက်လိုက်ပါတယ်။ iPhone Air ဟာ သမိုင်းတစ်လျှောက် အပါးလွှာဆုံးနဲ့ အပေါ့ပါးဆုံး iPhone ဖြစ်ပြီး၊ ခံနိုင်ရည်အားလည်း ယခင် model များထက် ပိုမိုကောင်းမွန်လာပါတယ်။ ဒါ့အပြင် ဆန်းသစ်တဲ့ Camera System နဲ့ တစ်နေကုန်ခံတဲ့ Battery Life တို့ကိုလည်း ထည့်သွင်းထားပါတယ်။

Design ပိုင်းမှာဆိုရင် 5.6mm သာရှိတဲ့ iPhone Air ရဲ့ကိုယ်ထည်ကို ခိုင်ခံ့ပြီး ပေါ့ပါးတဲ့ titanium နဲ့ ပြုလုပ်ထားပါတယ်။ Camera နဲ့ Apple silicon ချစ်ပ်တွေအတွက် နေရာလွတ်ပိုရအောင် ဒီဇိုင်းအသစ်နဲ့ ဖန်တီးထားတာကြောင့် Battery Life ကို ပိုကောင်းလာမယ်လို့ Apple က ပြောသွားခဲ့ပါတယ်။

Display ကတော့ 6.5 လက်မအရွယ် Super Retina XDR မျက်နှာပြင်မှာ 120Hz အထိ refresh rate ကို ပံ့ပိုးပေးတဲ့ ProMotionနည်းပညာပါဝင်လာပါတယ်။

နောက်ပြီး အပြင်မှာဖုန်းသုံးမယ်ဆိုရင် 3000 nits အထိ တောက်ပမှုရှိပြီး ယခင် iPhone တွေထက် ၂ ဆ ပိုမိုကောင်းမွန်တဲ့ contrast ကို ပေးနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် ရှေ့မျက်နှာပြင်ကို Ceramic Shield 2 ဆိုတဲ့ Materiall အသစ်ကို သုံးထားပြီး နောက်ကျောကိုတော့ Ceramic Shield နဲ့ ပြုလုပ်ထားပါတယ်။ ဒါကြောင့် ရှေ့မျက်နှာပြင်ဟာ အရင် Generation အသစ်ထက် ၃ ဆ ပိုမိုခြစ်ရာတွေကိုခံနိုင်မှာဖြစ်ပြီး နောက်ကျောကတော့ ၄ ဆ ပိုမိုကွဲအက်မှုဒဏ်ခံနိုင်ရည်ရှိပါတယ်။

Camera ပိုင်းမှာဆိုရင် Center Stage ရှေ့ကင်မရာအသစ်ဟာ 18MP အထိ ရုပ်ထွက်ကောင်းမွန်စွာ ရိုက်ကူးနိုင်ပါတယ်။ အုပ်စုလိုက်ဓာတ်ပုံရိုက်တဲ့အခါ AI နည်းပညာနဲ့ frame ကို အလိုအလျောက်ချဲ့ပေးနိုင်ပါတယ်။ 4K HDR video ရိုက်ကူးနိုင်ပြီး ရှေ့ Camera နဲ့ နောက် Camera ကို တစ်ပြိုင်နက်တည်း ရိုက်ကူးနိုင်တဲ့ Dual Capture feature လည်း ပါဝင်ပါတယ်။

နောက် Camera ကတော့ 48MP Fusion System ပါဝင်တဲ့ Camera ဟာ lens လေးခုရဲ့ စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်ပါတယ်။ အလင်းအားနည်းတဲ့နေရာတွေမှာ ဓာတ်ပုံရိုက်ဖို့အတွက် 2.0µm quad-pixel sensor နဲ့ sensor-shift OIS နည်းပညာတွေကို အသုံးပြုထားပါတယ်။

iPhone Air ဟာ A19 Pro၊ N1 နဲ့ C1X ချစ်ပ်တွေကို ပေါင်းစပ်အသုံးပြုထားတာကြောင့် ဒီနှစ်ရဲ့ အကြမ်းဆုံး iPhone ဖြစ်လာခဲ့ပါပြီ။

အရောင်တွေအနေနဲ့ Space Black, Cloud White, Light Gold, နဲ့ Sky Blue ဆိုပြီး တော်တော်လေးကိုမှ လှတဲ့ အရောင်တွေနဲ့လာမှာဖြစ်ပါတယ်။

• iPhone 17 Pro, 17 Pro Max

Apple ဟာ A19 Pro ချစ်ပ်ဖြင့် အစွမ်းထက်ဆုံး iPhone များကို ထုတ်လုပ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။ iPhone 17 Pro နဲ့ iPhone 17 Pro Max မှာ အဆင့်အမြင့်ဆုံး Performance၊ Camera စနစ်နဲ့ အကောင်းဆုံး Battery Life တို့ ပါဝင်လာပါတယ်။

Design မှာဆိုရင်လည်း ပေါ့ပါးပြီး ခိုင်ခံ့တဲ့ aerospace-grade 7000-series aluminum alloy ကို အသုံးပြုထားပါတယ်။ အတွင်းပိုင်းမှာ Apple က ဒီဇိုင်းထုတ်ထားတဲ့ v***r chamber စနစ်ကို ထည့်သွင်းထားတာကြောင့် A19 Pro Chip ကနေ ထွက်တဲ့အပူကို ပိုမိုကောင်းမွန်စွာ လျှော့ချပေးနိုင်ပြီး စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ပါတယ်။

Battery ကတော့ ဒီဇိုင်းအသစ်ကြောင့် Battery အတွက် နေရာပိုရပြီး A19 Pro ချစ်ပ်ရဲ့ စွမ်းအင်ချွေတာနိုင်မှုနဲ့ iOS 26 ရဲ့ power management ကြောင့် iPhone 17 Pro Max ဟာ iPhone တွေထဲမှာ Battery Life အကောင်းဆုံးဖြစ်လာပါတယ်။

Display ကတော့ 6.3 Inch နဲ့ 6.9 inch အရွယ်အစားနှစ်မျိုးနဲ့ ရရှိနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Ceramic Shield 2 နည်းပညာကြောင့် ခြစ်ရာဒဏ်ကို ယခင်ထက် ၃ ဆ ပိုမိုခံနိုင်ရည်ရှိပါတယ်။

မျက်နှာပြင်ရဲ့ Display Brightness က 3000 nits အထိ ရှိတာကြောင့် နေရောင်အောက်မှာတောင် ရှင်းရှင်းလင်းလင်း မြင်နိုင်ပါတယ်။

ပထမဆုံးအကြိမ်အဖြစ် ဖုန်းရဲ့နောက်ကျောကိုလည်း Ceramic Shield နဲ့ ကာကွယ်ပေးထားပြီး ယခင် model တွေရဲ့ glass ထက် ၄ ဆ ပိုမိုကွဲအက်မှုဒဏ်ခံနိုင်ရည်ရှိပါတယ်။

Camera မှာဆိုရင် iPhone 17 Pro မှာ 48MP Fusion Camera ၃ လုံးပါဝင်ပြီး 8x အထိ optical-quality zoom ကို ပေးနိုင်ပါတယ်။ ဒါ့အပြင် 18MP Center Stage Camera လည်း ပါဝင်ပါတယ်။

48MP Telephoto အသစ်ဟာ sensor ကို ၅၆ ရာခိုင်နှုန်း ပိုကြီးအောင် ပြုလုပ်ထားပါတယ်။ 4x optical zoom က Portrait ရိုက်ကူးမှုအတွက် သင့်တော်ပြီး 8x optical zoom က ပိုမိုအကွာအဝေးကို ရိုက်ကူးနိုင်ပါတယ်။

Pro အဆင့် Video စွမ်းရည်: ProRes RAW၊ Log 2 နဲ့ Genlock စတဲ့ Feature အသစ်တွေပါဝင်လာတာကြောင့် ရုပ်ရှင်ရိုက်ကူးသူတွေနဲ့ Content Creator တွေအတွက် ပိုမိုအဆင့်မြင့်တဲ့ ဗီဒီယိုတွေကို ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

နောက်ပြီး A19 Pro Chip အပြင်၊ Wi-Fi 7 နဲ့ Bluetooth 6 တို့ကို ပံ့ပိုးပေးတဲ့ N1 wireless networking chip လည်း ပါဝင်လာပါတယ်။

iPhone 17 Pro နဲ့ iPhone 17 Pro Max ကို Deep Blue၊ Cosmic Orange နဲ့ Silver ဆိုတဲ့ အရောင် ၃ ရောင်နဲ့ ရရှိနိုင်မှာဖြစ်ပြီး Apple မှာ စက်တင်ဘာလ ၁၂ ရက် မှာ ကြိုတင်မှာယူနိုင်ပြီး စက်တင်ဘာလ ၁၉ ရက် မှာ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။







😍😍😍အမြန်လာဝယ် ထားမှ စိတ်ချရမယ်နော်😍😍😍KZY IT MobileAung Pan097901888720977195058809458913711
06/08/2025

😍😍😍အမြန်လာဝယ် ထားမှ စိတ်ချရမယ်နော်😍😍😍
KZY IT Mobile
Aung Pan
09790188872
09771950588
09458913711

𝐆𝐨𝐨𝐠𝐥𝐞 ကနေပြီး 𝐂𝐨𝐝𝐞 တွေကို မြန်မာဖုန်းနံပါတ်နဲ့ဖွင့်ထားတဲ့ 𝐀𝐜𝐜𝐨𝐮𝐧𝐭 တွေကို𝐎𝐓𝐏 / 𝐕𝐞𝐫𝐢𝐟𝐢𝐜𝐚𝐭𝐢𝐨𝐧 𝐂𝐨𝐝𝐞 ချမပေးတော့တာ အားလုံးအသိ...
26/06/2025

𝐆𝐨𝐨𝐠𝐥𝐞 ကနေပြီး 𝐂𝐨𝐝𝐞 တွေကို
မြန်မာဖုန်းနံပါတ်နဲ့ဖွင့်ထားတဲ့ 𝐀𝐜𝐜𝐨𝐮𝐧𝐭 တွေကို
𝐎𝐓𝐏 / 𝐕𝐞𝐫𝐢𝐟𝐢𝐜𝐚𝐭𝐢𝐨𝐧 𝐂𝐨𝐝𝐞 ချမပေးတော့တာ အားလုံးအသိပဲဖြစ်မှာပါ ✨

ဒါက အခုမှဖြစ်တာမျိုးမဟုတ်ဘဲ အရင်တည်းက
တချို့ဖုန်းတွေမှာ 𝐆𝐨𝐨𝐠𝐥𝐞 𝐀𝐜𝐜𝐨𝐮𝐧𝐭 နဲ့တွဲဖွင့်ထားတဲ့ 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 အကောင့်တွေ
𝐓𝐢𝐤 𝐓𝐨𝐤 အကောင့်တွေ၊ 𝐂𝐚𝐩𝐂𝐮𝐭 အကောင့်တွေကို 𝐋𝐨𝐠𝐢𝐧 ပြန်ဝင်တဲ့အခါ
𝐂𝐨𝐝𝐞 မကျတာမျိုးဖြစ်တာပါ ✨

ဆိုတော့ ဒီ 𝐂𝐨𝐝𝐞 မကျတဲ့ပြဿနာကို ဘယ်လိုဖြေရှင်းရမလဲ …

𝐆𝐨𝐨𝐠𝐥𝐞 𝐀𝐮𝐭𝐡𝐞𝐧𝐭𝐢𝐜𝐚𝐭𝐨𝐫 ဆိုတဲ့ 𝐀𝐩𝐩 ကနေတစ်ဆင့် 𝟐𝐅𝐀 လေးခံသုံးလို့ရပါတယ်

𝐆𝐨𝐨𝐠𝐥𝐞 𝐀𝐮𝐭𝐡𝐞𝐧𝐭𝐢𝐜𝐚𝐭𝐨𝐫 𝐀𝐩𝐩 ကို 𝐏𝐥𝐚𝐲 𝐒𝐭𝐨𝐫𝐞 (ဒါမှမဟုတ်) 𝐀𝐩𝐩 𝐒𝐭𝐨𝐫𝐞 ကနေ
𝐃𝐨𝐰𝐧𝐥𝐨𝐚𝐝 လုပ်ပြီး 𝐆𝐦𝐚𝐢𝐥 မှာ 𝟐-𝐒𝐭𝐞𝐩 𝐕𝐞𝐫𝐢𝐟𝐢𝐜𝐚𝐭𝐢𝐨𝐧 (𝟐𝐅𝐀) ကိုဖွင့်လိုရပါတယ်

https://myaccount.google.com/
ဒီ 𝐋𝐢𝐧𝐤 ထဲကိုဝင်လိုက်လို့လည်းရပါတယ်

ပြီးရင်တော့ “𝐒𝐞𝐜𝐮𝐫𝐢𝐭𝐲” ဆိုတဲ့ 𝐓𝐚𝐛 ကိုနှိပ်ပြီး

“𝟐-𝐒𝐭𝐞𝐩 𝐕𝐞𝐫𝐢𝐟𝐢𝐜𝐚𝐭𝐢𝐨𝐧” ကို 𝐏𝐚𝐬𝐬𝐰𝐨𝐫𝐝 နဲ့ ပြန် 𝐥𝐨𝐠𝐢𝐧 ဝင်ရပါမယ်

ပြီးတာနဲ့ “𝐒𝐞𝐭 𝐮𝐩 𝐀𝐮𝐭𝐡𝐞𝐧𝐭𝐢𝐜𝐚𝐭𝐨𝐫 𝐀𝐩𝐩” ဆိုတဲ့ 𝐎𝐩𝐭𝐢𝐨𝐧 ကို ရွေးလိုက်ပါမယ်

ဒါဆိုရင် 𝐐𝐑 𝐂𝐨𝐝𝐞 လေးကျလာပါလိမ့်မယ်

ကျလာတဲ့ 𝐐𝐑 ကို 𝐀𝐮𝐭𝐡𝐞𝐧𝐭𝐢𝐜𝐚𝐭𝐨𝐫 𝐀𝐩𝐩 ထဲကနေ 𝐒𝐜𝐚𝐧 လုပ်လိုက်ရုံပါပဲ

𝐒𝐜𝐚𝐧 ပြီးသွားရင်တော့ ကိုယ့်ရဲ့ 𝐆𝐦𝐚𝐢𝐥 𝐚𝐜𝐜𝐨𝐮𝐧𝐭 အတွက် 𝟔-𝐝𝐢𝐠𝐢𝐭 𝐜𝐨𝐝𝐞 တစ်ခု ဝင်လာပါလိမ့်မယ်

𝐂𝐨𝐝𝐞 ထဲမှာပါတဲ့ 𝟔-𝐝𝐢𝐠𝐢𝐭 𝐍𝐮𝐦𝐛𝐞𝐫 ကို 𝐆𝐦𝐚𝐢𝐥 မှာထည့်ပြီး 𝐕𝐞𝐫𝐢𝐟𝐲 လုပ်လိုက်ရုံပါပဲ

ဒါဆိုရင်တော့ 𝐆𝐨𝐨𝐠𝐥𝐞 မှာ 𝐂𝐨𝐝𝐞 ကျဖို့ 𝐒𝐌𝐒 မလိုတော့ဘဲ အမြဲ 𝐀𝐮𝐭𝐡𝐞𝐧𝐭𝐢𝐜𝐚𝐭𝐨𝐫 𝐀𝐩𝐩 မှာ
𝐂𝐨𝐝𝐞 အသစ်ကျလာပါမှာဖြစ်ပါတယ်

ကိုယ့်ရဲ့ 𝐆𝐨𝐨𝐠𝐥𝐞 𝐀𝐜𝐜𝐨𝐮𝐧𝐭 တွေကရော 𝐂𝐨𝐝𝐞 မကျတဲ့ ပြဿနာတွေဖြစ်နေလား
အကယ်လို့ 𝐂𝐨𝐝𝐞 မကျတော့ရင်လည်း စိုးရိမ်မနေဘဲ ဒီနည်းလမ်းလေးကို စမ်းသုံးကြည့်ဖို့
အကြံပေးပါတယ်နော် 🥰

Telegram Link : https://t.me/anycall_service
YouTube Link : https://shorturl.at/afkNU
TikTok Link : https://www.tiktok.com/


Aတန်ဆုံး ဈေးနဲ့ ဝယ်ယူနိုင်ဖို့ ပြန်လည်ရောက်ရှိလာတဲ့ “Aတန်ဆုံး Cashback Promotion” 🎉Galaxy A Series ချစ်သူတွေအတွက် ဒီတခေါ...
26/06/2025

Aတန်ဆုံး ဈေးနဲ့ ဝယ်ယူနိုင်ဖို့ ပြန်လည်ရောက်ရှိလာတဲ့ “Aတန်ဆုံး Cashback Promotion” 🎉

Galaxy A Series ချစ်သူတွေအတွက် ဒီတခေါက် Promotion ကြီးမှာ ဇွန်လ (၂၆) ရက်နေ့ကနေ ဇူလိုင်လ (၆) ရက်နေ့အတွင်း -

📱 Galaxy A16
📱 Galaxy A16 5G
📱 Galaxy A06
📱 Galaxy A06 5G ဝယ်ယူမှုအတွက် 300,000 MMK အထိ ငွေသားလက်ဆောင်တွေ ပေးနေတာဆိုတော့ Aမိုက်စား ဖုန်းတွေကို အတန်ဆုံးရယူနိုင်ဖို့ အခုပဲ အမြန်ဆုံး လာရောက်ဝယ်ယူလိုက်ပါ
# KZYITMobile

Myanmar Earthquake – Urgent Help Needed !!!On March 28, a powerful 7.7-magnitude earthquake struck central Myanmar, caus...
29/03/2025

Myanmar Earthquake – Urgent Help Needed !!!

On March 28, a powerful 7.7-magnitude earthquake struck central Myanmar, causing severe destruction. Over the thousands of people have died, and injured, with many still trapped under rubble. Rescue efforts are ongoing, but urgent aid is needed.

Every second counts—Myanmar needs your help now!

Please share this post to let the world know that Myanmar people desperately need help right now!!

ကျေးဇူးပြုပြီး Share ပေးပြီးတော့ အားလုံးသိအောင် ကူညီပေးပါဦးခင်ဗျာ

Address

Aung Myat Street
Aungban
0081

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Telephone

+95943027296

Website

Alerts

Be the first to know and let us send you an email when KZY IT Mobile posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to KZY IT Mobile:

Share