Spades-9 MSH Kyaukme

Spades-9 MSH Kyaukme Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Spades-9 MSH Kyaukme, Mobile Phone Shop, No./61/Ka, Aung San Street, Ward-3, Aungban. (Infront of Studio79 Photo/Video, Near by Shwe Maung Store), Aungban.

ကျောက်မဲက မိတ်ဆွေတို့ အခြားမြို့က ဆွေမျိုးတွေကို အဆက်အသွယ် ခက်ခဲနေရင် လာပြောပါဗျ ။ဖုန်းခေါ်ပေးပါ့မယ်။
30/03/2025

ကျောက်မဲက မိတ်ဆွေတို့ အခြားမြို့က ဆွေမျိုးတွေကို အဆက်အသွယ် ခက်ခဲနေရင် လာပြောပါဗျ ။

ဖုန်းခေါ်ပေးပါ့မယ်။

မြစ်ထဲကျနေတဲ့ လူတွေကို ကယ်တင်‌ဖို့နဲ့ စိတ်ကောက်နေတဲ့ Siri ကိုချော့ဖို့ ကိုတင်းကွပ်ကြီး တခုခုတော့ လုပ်ပေးလိုက်ပါဗျာiOS Ba...
27/12/2024

မြစ်ထဲကျနေတဲ့ လူတွေကို ကယ်တင်‌ဖို့နဲ့ စိတ်ကောက်နေတဲ့ Siri ကိုချော့ဖို့ ကိုတင်းကွပ်ကြီး တခုခုတော့ လုပ်ပေးလိုက်ပါဗျာ

iOS Banker ထဲကလူတွေ သနားပါတယ် 😂😂😂

ကျွန်တော့  KPay ထဲကငွေများ အလိမ်ခံလိုက်ရပါတယ် လိမ်ရိုးလိမ်ဆင်အတိုင်း ဖုန်းဆက် OTP တောင်းလိမ်ခြင်းမျိုးမဟုတ်ပါ အဆင့်မြင့်...
26/12/2024

ကျွန်တော့ KPay ထဲကငွေများ အလိမ်ခံလိုက်ရပါတယ်
လိမ်ရိုးလိမ်ဆင်အတိုင်း ဖုန်းဆက် OTP တောင်းလိမ်ခြင်းမျိုးမဟုတ်ပါ
အဆင့်မြင့်နည်းပညာများအသုံးပြုအလိမ်ခံရခြင်းပါ

မိတ်ဆွေများ အလိမ်မခံရစေရန် ဖြစ်စဥ်ကို ပြန်လည်တင်ပြလိုက်ပါတယ်

ဖြစ်ပုံက ဒီလိုပါ

ဖေ့ဘွတ် မှာ Yadanarpon B2B ဆိုတဲ့ Page ကနေ အင်တာနက်ဒေတာ များ ရောင်း‌နေတာတွေ့မိပါတယ် Yadanarpon ဆိုတာက အများသိပြီးသားဆိုတော့ ယုံယုံကြည်ကြည်နဲ့ အင်တာနက်လျှောက်လိုက်ပါတယ် ဦးစွာ ဖုန်းနံပါတ်၊ မှတ်ပုံတင်၊ မြို့အမည် တွေတောင်းပါတယ်

နောက်တော့ ငွေလွှဲခိုင်းပါတယ် (Kpay-0998434408 Daw Thu Zar Phyo) တဲ့

ငွေလွှဲဝင်တာနဲ့ block ပြေးသွားတာလားဆို မဟုတ်ပါဘူး

Register တင်ပြီး ၂၄ နာရီအတွင်း sms ရောက်ပါမယ် SMS ရောက်ရင် plan သုံးလို့ ရပါပြီဆိုပြီး reply ပြန်လာပါတယ်

နောက်နေ့‌ရောက်တော့ ဖုန်းနံပါတ် အစိမ်း နဲ့ ဖုန်းဝင်လာတော့ အကို ကျွန်တော် Yadanarpon ကပါ messenger မှာ app လေးချပေးထားပါတယ် ဝင်ပြီး download ဆွဲပေးပါဦးဆိုတော့ ကိုယ်လည်း download ဆွဲလိုက်ပါတယ်

App အမည်က AirDroid Remote Support ပါ
(အဲ့တာ ဘာ app လည်းဆိုတာ ကိုယ်မသိပါ)

Download ပြီးရင် ပြောပေးပါဦးဆိုတာနဲ့ ပြီးပြီးကြောင်းပြောပြတော့ သူချပေးတဲ့ app ထဲက ပေါ်လာတဲ့ code No. ကို SS ပြပေးပါဆို‌တော့ ကိုယ်လည်း ပြပေးလိုက်ပါတယ်

အဲ့မှာ ကိုယ့်ဖုန်းကို ဝင်ခွင့်ပြုပြီးသားဖြစ်သွားပါပြီ

နောက် KPay ကနေ ၁၀၀၀ ကျပ်ပေးချေပါ Viber ကနေလည်း link ပို့ပေးထားပါတယ် App လေးဖြင့်လုပ်ဆောင်ပြီးရင် Plan စသုံးလို့ရပါပြီနော် အကိုဆိုပြီး B2B Plan ဝယ်ယူရန် form နဲ့ လွှဲပေးရမယ့် Kpay No. နဲ့ Link ချပေးပါတယ်

သူပေးတဲ့ Link ကနေဝင် ဖောင်ဖြည့်ပြီး ငွေတစ်ထောင် လွဲပေးလိုက်ပါတယ်

(နောက်မှ သိရတာ အဲ့တာ Kpay Link အတုပါ)

ကိုယ်က အစစ်ထင်ပြီး ငွေချေလိုက်တဲ့အချိန်မှာ ကျွန်တာ့ pass code သူတို့ ရသွားပါပြီ ပြီးတော့ လွှဲပေးထားတဲ့ ဖုန်းနံပါတ်ပြောပါ ပြန်စစ်ပေးပါမယ်တဲ့ ဒါက Pass codeကို ယူသွားတဲ့နည်းပါ

ဖုန်းနံပါတ်ရယ် Kpay Pass code ရယ် သူတို့ရသွားပါပြီ

နောက် OTP ယူသွားပုံလေးဆက်ပြောပြမယ်နော်

အဲနောက်မှာ သူ့ဆီက က screen share လုပ်ဖို့ request တောင်းတာကို accept လုပ်ပေးဖို့ပြောလာပါတယ် accept ကိုနှိပ် ပြီးတော့ start screen share ကိုနှိပ်ခိုင်းပါတယ် ပြီးရင် start broadcast ကိုနှိပ်ပါ stop broadcast ကိုမနှိပ်ဘဲ home key နဲ့ပြန်ထွက်ပေးပါ တဲ့

(ကိုယ်လည်း သေချာမဖတ်မိပါဘူး သူပြောတဲ့အတိုင်းလိုက်ဝင်ပြီးလုပ်မိလိုက်ပါတယ်)

ပြီးတာနဲ့ ဖုန်း Message ထဲဝင်စစ်ပေးပါ ဆိုတော့ ဖုန်း message ကိုဖွင့်ပြီး စောင့်နေလိုက်ပါတယ်

အဲ့အချိန်မှာ သူက Kpay ထဲဝင်နေပြပြီ ကိုယ်က ဖုန်း message ကိုဖွင့်စောင့်နေတော့ ဖုန်းမှာ OTP ပေါ်တဲ့ Noti တက်မလာတော့ပါဘူး

ကိုယ်လည်း ဝင်လာနိုးစောင့်နေတဲ့အချိန် သူက OTP ရသွားပါပြီ

ကိုယ်လည်း မသင်ကာလို့ Kpay message ကို ဝင်ကြည့်လိုက်တော့ ငွေလွှဲဖို့ OTP ချပေးထားတာမြင်တာနဲ့ လိမ်ပြီဆိုတာသိလိုက်တာနဲ့ ချက်ချင်း stop share နှိပ်ပြီး ထွက်လိုက်ချိန်မှာ နောက်ကျသွားပါပြီ

Kpay အကောင့်ထဲဝင်စစ်လိုက်တော့ ရှိသမျှပါသွားပါပြီ

KPay ထဲရှိရှိသမျှ အကုန်လွှဲယူသွားပါတယ် ကြောက်စရာကြီးပါ

ဒီအကြောင်း အသိမိတ်ဆွေတွေကိုပြောပြတော့ အသိထဲ အဲနည်းနဲ့ ပါသွားသူတွေ အများကြီးဖြစ်နေပါပြီ

နောက် အသိတစ်ယောက်လည်း Kpay Level 2 ကနေ 3 မဖြစ်မနေ ပြောင်းရမယ် ဆက်သွယ်လာလို့ လုပ်လိုက်တာ အကုန်ပါသွားပါတယ် တဲ့

ကျွန်တော်ဆီဆက်သွယ်လာတဲ့ ဖုန်းနံပါတ်က 09963724735 ပါ
သူတို့ လွှဲခိုင်းတဲ့ Kpay link အတုနံပါတ်က 09664820726 Htoo darling win
ကျွန်တော့ အကောင့်ကနေ လွှဲယူသွားတဲ့ နံပါတ်ကKpay accက (******7336)Daw Yu Yu Htwe

ကျွန်တော်တော့ Kpay ဆက်မသုံးတော့ပါ
Yadanarpon B2B အပြင် အခြားနည်းတွေ page တွေ ရှိနေနိုင်ပါတယ် သတိပြုနိုင်ကြပါစေ

လူလိမ်ဘေးမှ ဝေးကြပါစေ (CRD ကရက်ဒစ် )

15/12/2024

ညိုကီ ဘဒို စကီတွေရေ ...

သူပျံလာမယ်လို့ ...           နင်ထင်နေတာလား ...
15/12/2024

သူပျံလာမယ်လို့ ...

နင်ထင်နေတာလား ...

တော်ရာမှာ ငါ နေထိုင်နေပါတယ်...
14/12/2024

တော်ရာမှာ ငါ နေထိုင်နေပါတယ်...

အဆင်ပြေတဲ့ Caption လေး တခုလောက်ဗျ
13/12/2024

အဆင်ပြေတဲ့ Caption လေး တခုလောက်ဗျ

ဟုတ် !
05/12/2024

ဟုတ် !

No Important Messages ❌Real time Cycle Count & Battery Lifetime ✅ပြုပြင်လဲလှယ်လို့ရပါတယ် အဆင်ပြေပါတယ်ဝန်ဆောင်မှုပိုင်းမှ...
25/11/2024

No Important Messages ❌
Real time Cycle Count & Battery Lifetime ✅

ပြုပြင်လဲလှယ်လို့ရပါတယ် အဆင်ပြေပါတယ်

ဝန်ဆောင်မှုပိုင်းမှာလည်း စိတ်ချမ်းသာစေရပါမယ် 💯

🚨 သူ ကလွဲရင်ပေါ့ 🚨

Apple AI Intelligence!
21/10/2024

Apple AI Intelligence!

တချို့ ပြင်မရတဲ့ဖုန်းလေးတွေပြောပါတယ်
21/10/2024

တချို့ ပြင်မရတဲ့ဖုန်းလေးတွေပြောပါတယ်

မိတ်ဆွေတို့ - Recovery Key က ဆော့စရာ၊ စမ်းစရာ မဟုတ်ပါဘူးနော်။ ဘာအကြောင်းကြောင့်ပဲ လုပ်လုပ်ပါ။ Keywords 28 လုံးကို တစ်ကြိ...
09/10/2024

မိတ်ဆွေတို့ - Recovery Key က ဆော့စရာ၊ စမ်းစရာ မဟုတ်ပါဘူးနော်။ ဘာအကြောင်းကြောင့်ပဲ လုပ်လုပ်ပါ။ Keywords 28 လုံးကို တစ်ကြိမ်ပဲ ထုတ်ပေးပါတယ်။ နောက်တစ်ကြိမ် မပေးပါ။ ဒီတော့ Apple ID password မသိခဲ့ရင်၊ မေ့သွားခဲ့ရင် ပြန်ဆယ်လို့မရနိုင်တော့ပါ။

အခုဖြစ်နေတာက မှတ်ထားတယ် ဖုန်းထဲမှာ၊ ပျက်သွားတာက ဖုန်း၊ ပြင်လို့ရပြီ Apple ID password တောင်းတော့ ဖုန်းထဲဲမှာ။ ဖုန်းက ဖွင့်မရသေး not activated ။ ID ပြန်ဆယ်ဖို့ ကြိုးစားတော့လည်း Recovery Key တောင်းနေပြီ။ မသိ။
အဲတော့ သွားပြီလေ။
ပြောချင်တာက Recovery Key ကို မတောင်းပါနဲ့ မလုပ်ပါနဲ့။ တောင်းခဲ့ရင်လည်း ပို့ပေးလာတဲ့ key 28 လုံးကို သေချာစွာမှတ်သား သိမ်းဆည်းထားပေးပါ။ ရှစ်လုံးလောက်ပဲရှိတဲ့ password ကိုတောင် မမှတ်ကြတာ၂၈ လုံး တော့ မထင်။ နောက်တစ်ခုက ဖုန်းနဲ့ ပါတ်သက်တဲ့ အချက်အလက်တွေကို အဲ့ဖုနိးထဲမှာပဲ မသိမ်းပါနဲ့။ အခြားတစ်နေရာမှာ သိမ်းဆည်းပေးပါ။ ဒါမှ ဖုန်းပျက်သွားရင် ဖုန်းသေသွားရင်တောင် ဖုန်းအသက်ကယ်ခွင့်ရမှာပါ။
ကျွန်တော့်ရဲ့ ဖေါက်သည် အများစုကတော့ ဖုန်းထဲ မှာပဲ မှတ်သားထားကြပါတယ်။
iPhone မှ မဟုတ်ဘူး iPad လည်း အတူတူပါပဲနော်

Credit - Ko Soe (BMS)

Address

No./61/Ka, Aung San Street, Ward-3, Aungban. (Infront Of Studio79 Photo/Video, Near By Shwe Maung Store)
Aungban
06022

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Telephone

+959408447997

Website

Alerts

Be the first to know and let us send you an email when Spades-9 MSH Kyaukme posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share