26/03/2026
✍️2026 အတွက် ရင်ထဲကို ထိမိပြီး အကြိုက်ဆုံးစာသားကို မွေးနေ့အလှူအနေနဲ့ မူရင်းမှတဆင့် ကိုးကားပြီး sharing လုပ်ပေးပါတယ်
✍️အဲဒါ ဘာလဲဆိုရင်တော့ "ကိုယ်သိတဲ့သူတယောက်ဆီမှာ ကိုယ်မသိနိုင်တဲ့ တိုက်ပွဲပေါင်းများစွာ ဒုက္ခပေါင်းများစွာ ရင်ဆိုင်နေရတယ်ဆိုတာပါပဲ
ဒါကို ကိုယ်က သိရှိပြီး သူတို့ကို မေတ္တာအပြည့် စေတနာအပြည့်နဲ့ ဆက်ဆံပါ တဲ့
✍️အမှန်ပါပဲ အခုခေတ်မှာ ကိုယ်သိတဲ့ ကိုယ့်ရဲ့အမေ, အဖေ, ကိုယ့်ရဲ့ချစ်သူရည်းစား, ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေမှာ ကိုယ်မသိနိုင်တဲ့ ဒုက္ခတွေ ပြဿနာတွေ အများကြီးရှိတယ်
✍️ လူတိုင်းက အရင်ကထက် အခက်ခဲတွေအများကြီး ပိုရင်ဆိုင်ရတယ်, အဲဒီအခက်ခဲတွေသည်လဲ မိမိကိုယ်တိုင်တောင် တချို့အရာတွေ ကိုယ်ချင်းစာပေးလို့မရတာတွေရှိတယ်
✍️ ဒါပေမယ့် သေချာတာ အရေးကြီးတာကတော့ သူတို့မှာလဲ အခက်အခဲဒုက္ခတွေနဲ့ ရင်ဆိုင်နေရပါလားဆ်ုတဲ့
Self-Awareness သိစိတ်လေးနဲ့ ရင်ဆိုင်ဖြတ်သန်းပြီးတော့မှ ကိုယ့်မှာရှိနေသော Ego ဆိုတဲ့ မာနတွေ အတ္တတွေကို ခဝါချသင့်တယ်
✍️ မြန်မာ့လူမှုအသိုင်းဝိုင်းမှာ Ego ဆိုတဲ့ သိုးမွေးအထူကြီးတွေ ဝတ်ထားပြီး ရှင်သန်နေ မယ်ဆိုရင် ပိုပြီးတော့ ပူလောင်မယ်, ပိုပြီးတော့မှ ပြဿနာတွေ များမယ်
✍️ ဒါ့ကြောင့် ကိုယ့်လူမှုပတ်ဝန်းကျင်, မိသားစုအသိုင်းဝိုင်းမှာလဲ ကိုယ့်ရာသီဥတုနဲ့ မကိုက်ညီသော Ego ဆိုတဲ့ သိုးမွေးအင်္ကျီအထူကြီးကို ချွတ်ထားပြီး တယောက်နဲ့တယောက် မေတ္တာစေတနာအပြည့်နဲ့ ပြောဆို ဆက်ဆံကြရမယ်
✍️ဒီလိုပြောဆိုဆက်ဆံဖို့အတွက်လဲ အားလုံးကို ဖိတ်ခေါ်ချင်သလို ပိုကောင်းမွန်တဲ့ လူမှုအဖွဲ့အစည်းတစ်ခုကိုလဲ မိမိအပါအဝင် အားလုံး အတူတူသွားနိုင်ကြပါစေ
#မူရင်းပိုင်ရှင်ကို လေးစားဂါရဝပြုပါတယ်