07/06/2026
⛔️ သတိပြုနိုင်စေရန်⛔️
✍️ ပင်မလိုင်းဖုန်းစနစ်ပြောင်းသွားတဲ့အကြောင်း
မသိလိုက်မှာစိုးလို့ အသိပေးလိုက်တာပါနော်။
E9 visa ကိုင်တဲ့ကာကာတွေတရက်ထဲမှာ ၃ယောက်စလုံး cancel ပြန်လုပ်ပေးလိုက်ရတယ်၊ဘာကြောင့်လဲဆိုတော မမိုးက သူတို့အတွက်နစ်နာတယ်ထင်လို့ပါ အရင်တုန်းက လိုင်းဖုန်းယူပြီး ၆လသုံးပါက ဘယ်လိုင်းမဆိုဖျက်ခွင့်ရှိပါတယ် ကိုယ်ယူတဲ့ဖုန်း~လိုင်း ပေါ်မူတည်ပြီး လိုင်းလျော်ကြေးပေးရတာပေါ့။ အခု သိပ်မကြာသေးခင်ကမှ စနစ်ကပြောင်းလို့ ကနဦးသွင်းထားငွေလည်း တကယ်လို့ နှစ်ပြည့်မသုံးနိုင်ပါက လိုင်းလျော်ကြေးအဖြစ်ပေါင်းသတ်မှတ်ရမယ်တဲ့။ ဒါကြောင့် (E9 ,D2 ) visa ကိုင်သူတွေ ကနဦးသွင်းငွေဖြင့်ယူပါက နှစ်မပြည့်လိုင်းဖျက်ချိန် ကိုယ်သွင်းငွေပါ လျော်ရမှာနော်~ ပြီးတောမှ ငါတို့ကတော ခံလိုက်ရပီပြောလို့မရပါ ၁၀နှစ်ကျော်အတွေကြုံမို့ ကြိုသိနေတာ 😀😀။
ဒါပေမယ် (E7,F visa ) ကိုင်သူတွေကတော ကနဦးမရှိတဲ့အတွက် ကိုးရီးယားလူမျိုးတွေလို အခုလည်းအခွင့်ရေးရှိပါတယ်။ E7 visa သမားတွေလည်းများလာတော မမိုး လိုင်းလျှောက်ပေးတဲ့ချိန် တကယ်သတိမထားမိတာပါ။ ဟိုနေ့က တော်သေးတယ် အချိန်ကုန်တာက တရက်ပဲ လိုင်းဖွင့်ပီးခါမှ ဆိုရင်ဖြေရှင်းရမယ် ပြသာနာအတွက် ၊ ကမ်စတာမာတွေကတော မမိုးရှင်းပြတဲ့အတိုင်းပဲလျော်ရမှာဆိုတော တာဝန်ယူတာဝန်ခံတဲ့ဆိုင်အနေနဲ့ အိတ်စိုက်လျှောပေးရမယ်လေ အမေလေးတော်သေးတယ်လို့ သက်ပြင်းချလိုက်မိပါတယ်လိုစ်😀😀။
ဒီနိုင်ငံမှာက ပေါ်လစီမကြာခဏပြောင်းလေ့ရှိတာမို့ ဘယ်အရာမဆို မလုပ်ခင် သေချာစုံစမ်းဖို့လိုပါတယ်။ ဘယ်ချိန်ထိဖြစ်မလဲမပြောတတ်ဘူး။ ပုံမှန်ပြန်ဖြစ်ရင် ပိုစ်တင်ပေးပါမယ်။
ပိုစ်တင်တာလည်းမတွေ့ဘူး ဖုန်းဆိုင်မဖွင့်တောဘူးလားမေးတဲ့ မောင်လေးတွေအတွက် !~
အရင်တုန်းကတခါတင်ဖူးတယ် အလွတ်ဖုန်း၊ တပတ်ရစ်ဖုန်းတွေကိုတော ခဏနားထားပါတယ်လို့နော် တခြားအလုပ်ကိစ္စကြောင့်လည်းပါတယ် အချိန်သိပ်မပေးနိုင်လို့ပါ။ ဒါပေမယ် လိုင်စင်က ရှိပြီးသားမို့ လိုင်းသီးသန့်( 알뜰 ) နှင့် ဖုန်းနှင့်တွဲလိုင်း ( 정상 ) ကိုတော ပုံမှန်ပါ။ မမိုးဆီမှာပဲ အားပေးချင်တဲ့ ကမ်စတာမာတွေ အရင်နေရာမှာ အရင်တိုင်းပဲ မပြောင်းမလဲရှိနေပါတယ်လို့နော်။
❗️ အားပေးမှုအတွက်ကျေးဇူးပါရှင့်❗️
PH : 010-64611281, 010-4896-5972
ပုံကတောမေ့သွားမှာစိုးလို့ ကိုယ်ထင်ပြတာ😛😛