Quibit

Quibit Bringing Myanmar’s businesses into one place.

05/09/2026

ကိုစိုးသက်အကောင့် အလုပ်တွေ တင်လို့ ထပ်ပျက် Viber , telegram , TikTok and quibit မှာ ဆက်သွယ်လိုပါတယ် ။

Investor and clients တွေကို ဒီတပတ်အတွင်းအကုန်ဆက်သွယ်ပါမယ်။

မှတ်မိကြမှာပေါ့။လွန်ခဲ့တဲ့ ၁၀ နှစ်လောက်တုန်းက —အိမ်က မိဘတွေ နိုင်ငံခြားရောက်နေတဲ့ သားသမီးကို ဖုန်းခေါ်ချင်ရင် အင်တာနက်ဆိ...
26/08/2026

မှတ်မိကြမှာပေါ့။

လွန်ခဲ့တဲ့ ၁၀ နှစ်လောက်တုန်းက —

အိမ်က မိဘတွေ နိုင်ငံခြားရောက်နေတဲ့ သားသမီးကို ဖုန်းခေါ်ချင်ရင် အင်တာနက်ဆိုင်တွေ သွားရတယ်။ တစ်မိနစ် ၁၀၀၀ ကျပ်ဝန်းကျင် ပေးရတယ်။ ပိုက်ဆံကုန်မှာစိုးလို့ စကားတွေ အမြန်ပြောပြီး ချလိုက်ရတယ်။

နိုင်ငံခြားက သားသမီးကလည်း အိမ်ကို ဖုန်းခေါ်ချင်ရင် အချိန်ကို ကြိုသတ်မှတ်ထားရတယ်။ "ဒီနေ့ည ၈ နာရီ ဖုန်းခေါ်မယ်နော်" ဆိုပြီး ကြိုပြောထားရတယ်။

အခုတော့ ဒါမျိုးတွေ မလိုတော့ဘူး။

Quitalk နဲ့ဆိုရင် သင့်မှာ အင်တာနက်ရှိရုံနဲ့ အိမ်က အမေ့ဖုန်းလိုင်းကို တိုက်ရိုက် ခေါ်လို့ရပါပြီ။

အမေ့ဘက်မှာ ဘာမှ မလိုပါဘူး။ အက်ပ်လည်း မလို၊ အင်တာနက်လည်း မလို။ ရိုးရိုးဖုန်းလေးနဲ့ပဲ ရပါတယ်။ အမေ့ဖုန်း ပုံမှန်အတိုင်း မြည်လာမှာပါ။

ငွေဖြည့်တာလည်း KPay နဲ့ ရပါတယ်။ အခက်အခဲ မရှိပါဘူး။

ကိုရီးယားကနေ ဖြစ်ဖြစ်၊ ဂျပန်ကနေ ဖြစ်ဖြစ်၊ ဘယ်နိုင်ငံကနေ ဖြစ်ဖြစ် — အမေ့အသံကို ကြည်ကြည်လင်လင် ကြားရမှာပါ။

📲 Quitalk ကို ဒေါင်းလုဒ်လုပ်ပြီး စမ်းကြည့်လိုက်ပါ။

#မြန်မာ #ကိုရီးယား #ဂျပန် #ဖုန်းခေါ်ဆိုမှု

ဖုန်းလိုင်းမကောင်းလို့ အရေးကြီးတဲ့ ဖုန်းတွေ ခဏခဏ ပြတ်နေတာလား?ဖောက်သည်တွေနဲ့ ဆက်သွယ်ရတဲ့အခါဖုန်းလိုင်းမမိလို့ ခေါ်မရတာတွေ...
25/08/2026

ဖုန်းလိုင်းမကောင်းလို့ အရေးကြီးတဲ့ ဖုန်းတွေ ခဏခဏ ပြတ်နေတာလား?

ဖောက်သည်တွေနဲ့ ဆက်သွယ်ရတဲ့အခါ
ဖုန်းလိုင်းမမိလို့ ခေါ်မရတာတွေ ရှိနေပါသလား?

အရေးကြီးတဲ့ ဖုန်းတစ်ခေါ်ကို
နှစ်ခေါက်၊ သုံးခေါက် ပြန်ခေါ်နေရတာမျိုးရော ကြုံဖူးတယ်မလား?

“Viber နဲ့ပဲ ပြောလို့ရမလား”
“အင်တာနက်ကနေ ဖုန်းခေါ်ပေးပါလား”
ဆိုပြီး ပြောနေရတာကလည်း အဆင်မပြေပါဘူး။

အင်တာနက်တော့ ရှိတယ်။
ဖုန်းလိုင်းပဲ မကောင်းတာဆိုရင်—

**Quitalk နဲ့ အင်တာနက်ကနေ ဖုန်းခေါ်လိုက်ပါ။**

Quitalk က သင့်ဖောက်သည်ရဲ့ **ပုံမှန်ဖုန်းနံပါတ်ကို တိုက်ရိုက်ခေါ်ပေးနိုင်ပါတယ်။**

ဖောက်သည်ဘက်မှာ
- Quitalk အက်ပ် ထည့်စရာမလို
- အင်တာနက်ရှိစရာမလို
- ဘာမှ ပြင်ဆင်စရာမလို

သူ့ဖုန်းက ပုံမှန်ဖုန်းခေါ်သလိုပဲ **မြည်လာမှာပါ။**

အသံကြည်လင်တယ်။
ဆက်သွယ်ရတာ မြန်ဆန်တယ်။
အရေးကြီးတဲ့ ဖုန်းတွေကို လွယ်လွယ်ကူကူ ဆက်သွယ်နိုင်တယ်။

**အင်တာနက်ရှိရုံနဲ့ စတင်အသုံးပြုနိုင်ပါပြီ။**

#မြန်မာ #ဆက်သွယ်ရေး #စီးပွားရေး

မနက်ဖြန် မနက် စသုံးလို့ရပြီးနော် ။နောက်ဆုံး version ကို update လုပ်ထားဖို့မမေ့နဲ့အုန်းနော် ❤️
24/08/2026

မနက်ဖြန် မနက် စသုံးလို့ရပြီးနော် ။
နောက်ဆုံး version ကို update လုပ်ထားဖို့မမေ့နဲ့အုန်းနော် ❤️

Website ရေးသားနည်း သင်တန်းကို Saturday and Sunday အပတ်တိုင်း Quibit founder က သင်ကြားပေးနေပါတယ် ။ လက်တော့ ဝယ်ပြီးလို့ အခ...
10/08/2026

Website ရေးသားနည်း သင်တန်းကို Saturday and Sunday အပတ်တိုင်း Quibit founder က သင်ကြားပေးနေပါတယ် ။

လက်တော့ ဝယ်ပြီးလို့ အခုခု လေ့လာချင်တယ်ဆို ဒီက စပြီးလေ့လာကြည့်ပါ ။
html
Css က စပြီး သင်ပေးတာမို့

လွယ်ကူပြီး တတ်ရလွယ်ပါတယ် ။
နောက်ပြီး
Web development ရဲ့ အစဖြစ်တာကြောင့်
ဒီ HTML & CSS သင်ပြီးတာနဲ့
Website project တွေအများကြီးစရေးလို့ရပါပြီး ။

AI ခေါ်လည်းဖြစ်တာကြောင့် မသိတာ ရှိရင်လည်း အလွယ်တကူ မေးလို့ရနေလို့

Website ရေးတာက တလအတွင်းကောင်းကောင်းတတ်နိုင်တာမို့ အခုပဲ သင်တန်းအပ်ထားလိုက်ပါနော် ။

သင်တန်းက စနေနေ့ ၈နာရီစမှာပါ ။

သင်တန်းကာလက ၄ပတ်ဝန်ကျင်ပါဗျ ။

Quibit Market and Quibit Map ၈လပိုင်းလကုန်မှာ ခန့်မှန်ထားတဲ့အတိုင်းထွက်လာမှာဖြစ်ပြီး ။ Features တွေအကုန် ပေါင်းစည်းပြီးပ...
09/08/2026

Quibit Market and Quibit Map ၈လပိုင်းလကုန်မှာ ခန့်မှန်ထားတဲ့အတိုင်းထွက်လာမှာဖြစ်ပြီး ။

Features တွေအကုန် ပေါင်းစည်းပြီးပါလာမှာပါ ။

Quibit
Quitalk
Quibit Suite
Quibit Market
အပြင်
Quibit Mail and Quibit Map application လည်းပါလာမှာပါ ။

Address

Incheon

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Alerts

Be the first to know and let us send you an email when Quibit posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share