01/09/2026
🔥 လူငယ်တွေအကြိုက်တွေစေမည့် ဒီအပတ် Tokyo က ပွဲ (5) ခု🎉
Weekday အလုပ်ပင်ပန်းနေရင်တောင် ဒီ Weekend အတွက် Energy မွေးထားတော့နော်😆
ဝင်ကြေး Free နဲ့ Pay What You Can ပွဲတွေကိုပဲ ဦးစားပေးပြီီး ဖော်ပြပေးထားလို့ ဘယ်ပွဲကိုသွားမလဲ ကြိုPlanထားလိုက်တော့နော် 💃
🎆 No. 5 Yokohama Night Flowers (မီးရှူးမီးပန်းပွဲ) 📍
ပင်လယ်ပြင်မှာ Lantern အလင်းရောင်တွေနဲ့ ပြင်ဆင်ထားတဲ့ လှေပေါ်ကနေ မီးရှူးမီးပန်းတွေ ပစ်ဖောက်မယ့်ပွဲပါ။
5 မိနစ်စာပဲ ကြာမှာဖြစ်ပေမဲ့ Red Brick Warehouse ဒါမှမဟုတ် Yamash*ta Park ကနေ လှပတဲ့ မြင်ကွင်းကို ထိုင်ကြည့်ရင်း အမှတ်တရ Photo/Video လှလှလေးတွေ ရရိုက်ယူနိုင်ပါတယ်။
နေရာ - Yokohama Port (Yamash*ta Park / Red Brick Warehouse အနီး)
နေ့ရက် - September 5 & 20, 2026
ဝင်ကြေး - Free
🎸 No. 4 Hello Indie 2026 – Tokyo (ဂီတပွဲ)
ဂီတအဆန်းတွေကို သဘောကျသူတွေအတွက် Underground Rock Band "Downy" နဲ့ Piano+Drum ပေါင်းစပ်ထားတဲ့ Band "Mouse on the Keys" တို့ လာရောက်ဖျော်ဖြေမယ့်ပွဲပါ။
လက်မှတ်ခကို သတ်မှတ်ထားခြင်းမရှိဘဲ Venue ရောက်မှ ကိုယ်ပေးနိုင်သလောက်၊ ကိုယ်တက်နိုင်သလောက် ပေးရတဲ့ "Pay What You Can" System ကို သုံးထားပါတယ်။
နေရာ - Shinjuku
ရက်စွဲ - September 6
ဝင်ကြေး - ကိုယ်တက်နိုင်သလောက် ကိုယ့်ဘာသာဆုံးဖြတ်ပေးရတဲ့ Ticket
⛩️ No. 3 Kitazawa Hachiman Shrine Festival
Shimokitazawa လမ်းတွေထဲမှာ ရွှေဆင်ထားတဲ့ Mikoshi (ကျောင်းတော်လှည့်လည်ပလ္လင်) 20 ကျော်ကို လူထုက ထမ်းပြီး "ဝါးရှော့ဝါးရှော့" ကြွေးကြော်သံနဲ့ စည်ကားစွာ လှည့်လည်မယ့်ပွဲဖြစ်ပါတယ်။
Taiko Drum စည်တော်တီးသံတွေနဲ့ Matsuri Food Stall အစားအသောက်ဆိုင်တန်းတွေ ပါဝင်လို့ ဂျပန်ပွဲတော် အငွေ့အသက်ကို အပြည့်အဝ ခံစားရမှာပါ။
နေရာ - Shimokitazawa
ရက်စွဲ - September 5–6 (Main Event: Sept 6, Sunday)
အချိန် - ကလေး Mikoshi 12pm ⏩ လူကြီး Mikoshi 1pm ⏩ Ritual 2:30pm
🏮 No. 2 Kaminarimon Bon Odori (ရိုးရာအကပွဲတော်)
Namiki Dori လမ်းမပေါ်မှာ ကားပိတ်ပြီး Lantern တွေနဲ့ တန်ဆာဆင်ထားတဲ့ Yagura တာဝါကို ဝိုင်းလို့ Yukata ဝတ်ထားသူတွေ စုပေါင်း၍ ဂျပန်ရိုးရာအက ကကြမယ့်ပွဲပါ။
ကြည့်ရုံတင် မကဘဲ ခရီးသည်ဖြစ်ဖြစ် ဝင်ကလိုက်ရင်လည်း ရတာကြောင့် Asakusa ရဲ့ ရိုးရာ Matsuri ကို အနီးကပ် ခံစားနိုင်ပါတယ် 💃
နေရာ - Asakusa, Sensoji Temple ရှေ့ Kaminarimon Gate
ရက်စွဲ - September 5 (Saturday)
အချိန် - 5:30pm – 8pm (30 မိနစ်စီ 3 Session)
🏮 No. 1 Yaesu Night Market (Yaesu Yoichi) (ညဈေး)
Tokyo Station အနီး Galleria Plaza မှာ Lantern အလင်းရောင်တွေအောက် DJ Live Session 2 ခု၊
သောက်စရာတွေနဲ့ Street Food အစားအသောက်တွေပါတဲ့ ညဈေးလေး ဖြစ်ပါတယ်။
Checkpoint 5 ခုမှာ Stamp တံဆိပ် 5 ခု စုံအောင်လိုက်စုရင် Raffle ဆုပေါက်ခွင့်ရမယ့် ဂိမ်းအစီအစဉ်လည်း ပါဝင်ပါတယ်။
နေရာ - Kyobashi, Tokyo Midtown Yaesu (Tokyo Station အနီး)
ရက်စွဲ - Aug 28 – Sept 6, 2026 (Sept 1 ပိတ်ပါတယ်)
ဝင်ကြေး - Free
#東京