Honoka Myanmar Laptop & Phone

Honoka Myanmar Laptop & Phone Mother Love株式会社
(605)

ဂျပန်မှာ အခန်းငှားမယ်ဆိုရင် မြန်မာနိုင်ငံကလို လွယ်လွယ်ကူကူ စပေါ်ငွေပေးပြီး ချက်ချင်းတက်နေလို့မရပါဘူး ... 🙅‍♂️✅ ဂျပန်မှာ ...
09/07/2026

ဂျပန်မှာ အခန်းငှားမယ်ဆိုရင် မြန်မာနိုင်ငံကလို လွယ်လွယ်ကူကူ စပေါ်ငွေပေးပြီး ချက်ချင်းတက်နေလို့မရပါဘူး ... 🙅‍♂️

✅ ဂျပန်မှာ အခန်းတစ်ခန်း စငှားရင် ပုံမှန်အားဖြင့် တစ်လစာ လခရဲ့ (၄) ဆ ကနေ (၆) ဆ အထိ ကနဦးကုန်ကျစရိတ် ရှိပါတယ်။ အဲဒီအထဲမှာ လစာကြိုရှင်းရတာအပြင်၊ အိမ်ရှင်ကို ကျေးဇူးတင်တဲ့အနေနဲ့ ပေးရတဲ့ Key Money (Reikin - အိမ်ထွက်ရင် ပြန်မရပါ)၊ ပျက်စီးဆုံးရှုံးမှုအတွက် စပေါ်ငွေ၊ အကျိုးဆောင်ခနဲ့ မီးဘေးအာမခံကြေး စတာတွေ ပါဝင်ပါတယ်။ ဒါကြောင့် လခသက်သာတိုင်း ချက်ချင်းမငှားဘဲ Initial Cost ဘယ်လောက်ကျမလဲဆိုတာ အရင်ဆုံး မေးမြန်းရပါမယ်။

✅ မြန်မာလူမျိုးတွေလိုမျိုး နိုင်ငံခြားသားတွေ အခန်းငှားတဲ့အခါ မိမိအစား တာဝန်ယူ အာမခံပေးမယ့်သူ မရှိရင် ငှားလို့မရပါဘူး။ အခုနောက်ပိုင်းမှာတော့ လူအစား အာမခံကုမ္ပဏီတွေကို အခကြေးငွေပေးပြီး ငှားရမ်းတာ များပါတယ်။ ဒါကြောင့် အာမခံကုမ္ပဏီအတွက်လည်း ကုန်ကျစရိတ် (လခရဲ့ ၅၀% ကနေ ၁၀၀% အထိ) ထည့်တွက်ထားရပါမယ်။

✅ ဂျပန်က အခန်းအများစုဟာ လုံးဝ အလွတ်ကြီးတွေ ဖြစ်ပါတယ်။ အဲကွန်းလောက်ပဲ ပါတတ်ပြီး မီးသီး၊ လိုက်ကာကအစ ရေခဲသေတ္တာ၊ အဝတ်လျှော်စက်၊ ကုတင် စတာတွေကို ကိုယ့်ဘာသာ အသစ်ပြန်ဝယ်ရမှာမို့ ပရိဘောဂဖိုး Budget ကိုပါ ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်။

✅ စာချုပ်မှာ တစ်ယောက်တည်းနေဖို့ ငှားထားရင် နှစ်ယောက်နေလို့ လုံးဝ မရပါဘူး။ ခိုးနေတာ မိသွားခဲ့ရင် စာချုပ်ဖျက်သိမ်းခံရပြီး ချက်ချင်း အိမ်ပေါ်က ဆင်းပေးရတတ်ပါတယ်။ နောက်ပြီး အမှိုက်ပစ်တဲ့ စနစ်၊ အသံဆူညံမှု စတဲ့ စည်းကမ်းတွေကို တိတိကျကျ လိုက်နာဖို့ အရမ်းအရေးကြီးပါတယ်။

ဂျပန်ရောက် မြန်မာတွေအနေနဲ့ အခန်းငှားတဲ့အခါ အခက်အခဲမရှိစေဖို့ ကိုယ့်အတွက် သေချာရှင်းပြပေးနိုင်မယ့် ယုံကြည်စိတ်ချရတဲ့ အိမ်ခြံမြေ အကျိုးဆောင်တွေနဲ့ တိုင်ပင်ပြီးမှ ငှားရမ်းဖို့ Honoka Myanmar ကနေ အကြံပြုတိုက်တွန်းလိုက်ပါတယ် ခင်ဗျာ ... 🤝


#ဂျပန်အခန်းငှား #ဂျပန်ဖုန်းဆိုင်
#ဂျပန်ရောက်မြန်မာတွေနဲ့အတူရှိနေမယ့်HONOKAMyanmar

09/07/2026

လူငယ်ဘဝရဲ့ ပျော်ရွှင်မှု နဲ့ လူကြီးဘဝရဲ့ တန်ဖိုး ….

ုန်းဆိုင်
#ဂျပန်ရောက်မြန်မာတွေနဲ့အတူရှိနေမယ့်HONOKAMyanmar

🇯🇵 ဂျပန်မှာ ကျောင်းသုံး၊ ရုံးသုံး Laptop ဖြစ်ဖြစ်၊ Gaming Laptop ဖြစ်ဖြစ် ရှာနေတယ်ဆိုရင် စုံစုံလင်လင် ဒီမှာရွေးပါ ...အသစ...
09/07/2026

🇯🇵 ဂျပန်မှာ ကျောင်းသုံး၊ ရုံးသုံး Laptop ဖြစ်ဖြစ်၊ Gaming Laptop ဖြစ်ဖြစ် ရှာနေတယ်ဆိုရင် စုံစုံလင်လင် ဒီမှာရွေးပါ ...

အသစ်ဝယ်ဖို့ Budget ကလည်း သိပ်မသုံးချင်ဘူးဆိုရင်တော့ Honoka Myanmar မှာ ရောက်ရှိနေတဲ့ Error ကင်းပြီး အလုံးသန့် Good Second Windows Laptop လေးတွေက အကောင်းဆုံး ရွေးချယ်မှု ဖြစ်စေမှာပါ။

Quality ပိုင်း စိတ်ချရသလို ရွေးချယ်စရာတွေကလည်း မော်ဒယ်အစုံအလင်ရှိလို့ ကိုယ့်လိုအပ်ချက်နဲ့ အကိုက်ညီဆုံးကို စိတ်ကြိုက် ရွေးချယ်နိုင်မှာပဲ ဖြစ်ပါတယ်။

Honoka Myanmar မှာ ဘယ်လို Good Second Windows Laptop တွေ ရနိုင်လဲဆိုရင်တော့ ...

✅ Assignment တွေလုပ်မလား၊ ရုံးစာတွေ၊ စာရင်းဇယားတွေ လုပ်မလား ... ပေါ့ပေါ့ပါးပါးနဲ့ အဆင်ပြေပြေ သုံးလို့ရမယ့် မော်ဒယ်တွေ ရှိပါတယ်။

✅ Laptop ဆိုပေမဲ့လည်း Tablet လိုပါ တွဲပြီး အသုံးပြုချင်သူတွေအတွက် အဆင်ပြေစေမယ့် Touch Windows Laptop မော်ဒယ်တွေလည်း ရနိုင်ပါတယ်။

✅ Heavy ဂိမ်းတွေကို အထစ်အငေါ့ မရှိဘဲ အမိုက်စား ရုပ်ထွက်၊ အကြမ်းစား Performance တွေနဲ့ ဆော့ကစားချင်သူတွေအတွက် Gaming Laptop မော်ဒယ်တွေလည်း အစုံရှိပါတယ်ဗျို့ ...

Good Second ဆိုပေမဲ့ အလုံးသန့်၊ စက်သန့်လေးတွေကိုမှ ဈေးနှုန်း အတန်ဆုံးဖြစ်အောင် ရောင်းချပေးနေတာမို့ လက်နှေးမနေဘဲ ကိုယ်လိုချင်တဲ့‌ မော်ဒယ်လေးကို ရှာပြီး အမြန်ဆုံးဝယ်ထားလိုက်တော့နော် ... 📢



#ဂျပန်ရောက်မြန်မာတွေနဲ့အတူရှိနေမယ့်HONOKAMyanmar

MacBook Air 13 2025 လေးက သင့်စိတ်ကူးတွေကို အချိန်မရွေး၊ နေရာမရွေး ဖမ်းဆုပ်ပြီး ချက်ချင်းအသက်သွင်းဖို့ အကောင်းဆုံးလက်တွဲဖ...
09/07/2026

MacBook Air 13 2025 လေးက သင့်စိတ်ကူးတွေကို အချိန်မရွေး၊ နေရာမရွေး ဖမ်းဆုပ်ပြီး ချက်ချင်းအသက်သွင်းဖို့ အကောင်းဆုံးလက်တွဲဖော်ပဲနော် 👋🤭

သင့်ရဲ့ အကောင်းဆုံးလက်တွဲဖော် - MacBook Air 13 ကို ဒီနေ့ပဲ HONOKA Myanmar မှာ ပိုင်ဆိုင်လိုက်လိုက်တော့နော် 🤝

MacBook Air 13 (New) ပါကင်ပိတ်အသစ် #2025ထုတ်
CPU - M4
HDD - 256GB SSD
RAM - 16 GB
Camera - Good
Price - ¥ 177000


ုန်းဆိုင်

Budget အသင့်တော်ဆုံးနဲ့ အကြမ်းခံမယ့် Used Laptop လေးတွေ ရှာနေရင် ဒီမှာသာ ရွေးဗျာ 🙋🏻ကျောင်းကိစ္စတွေနဲ့ Daily Used တွေ သုံ...
09/07/2026

Budget အသင့်တော်ဆုံးနဲ့ အကြမ်းခံမယ့် Used Laptop လေးတွေ ရှာနေရင် ဒီမှာသာ ရွေးဗျာ 🙋🏻

ကျောင်းကိစ္စတွေနဲ့ Daily Used တွေ သုံးဖို့အတွက် အသင့်တော်ဆုံးပဲမို့ Budget Save ဖြစ်တဲ့ Laptop လေးတွေကို အခုပဲ Order တက်လိုက်တော့နော် 🤗

MAKER - HP #2018ထုတ်
CPU - Core i5
HDD - 256GB SSD
RAM - 8 GB
OS - Window 11 Home
Price - ¥ 45000
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
MAKER - FUJITSU #2020ထုတ်
CPU - Core i7
HDD - 256GB SSD
RAM - 16 GB
OS - Window 11 Pro
Price - ¥ 45000
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
MAKER - Lenovo #2017ထုတ်
CPU - Core i7
HDD - 256GB SSD
RAM - 16 GB
OS - Window 11 Pro
Price - ¥ 35000


ုန်းဆိုင်

ကျစ်လစ်ပေါ့ပါးပြီး စွမ်းဆောင်ရည် တအားကြမ်းတဲ့ iPhone 13 Pro 🔥ခေတ်နောက်မကျတဲ့ စွမ်းဆောင်ရည်တွေကြောင့် ယခုအချိန်ထိ ဘယ်လို ...
09/07/2026

ကျစ်လစ်ပေါ့ပါးပြီး စွမ်းဆောင်ရည် တအားကြမ်းတဲ့ iPhone 13 Pro 🔥

ခေတ်နောက်မကျတဲ့ စွမ်းဆောင်ရည်တွေကြောင့် ယခုအချိန်ထိ ဘယ်လို Apps တွေကိုမဆို အသွက်လက်ဆုံး အသုံးပြုနိုင်မှာပါ 💁

Battery Health များများနဲ့ အသုံးပြုရမယ့် ရှားပါး အလုံးသန့်လေးတွေမို့ ကုန်မသွားခင် အမြန်သာ ဝယ်ယူထားလိုက်တော့နော် 🏃

iPhone 13 Pro (Used) ✨Simfree✨
Capacity - 256 GB
Color - Graphite
Battery - 100%
Price - ¥ 85000
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
iPhone 13 Pro (Used) ✨Simfree✨
Capacity - 256 GB
Color - Silver
Battery - 92%
Price - ¥ 85000


ုန်းဆိုင်

Smartwatch ကြီးတွေ လက်မှာ အမြဲပတ်ထားရတာကို သဘောမကျတဲ့ သူတွေအတွက် Smart Ring တွေက အခုနောက်ပိုင်း တော်တော်လေးကို ရေပန်းစား...
08/07/2026

Smartwatch ကြီးတွေ လက်မှာ အမြဲပတ်ထားရတာကို သဘောမကျတဲ့ သူတွေအတွက် Smart Ring တွေက အခုနောက်ပိုင်း တော်တော်လေးကို ရေပန်းစားလာပါပြီ ...

အရင်က Smart Ring တွေဆိုရင် Size ကြီးပြီး တပ်ရတာ အဆင်မပြေဘူး၊ ကြည့်ရတာ တစ်မျိုးကြီးဖြစ်နေတယ်လို့ ထင်စရာရှိပေမဲ့ ... အခုနောက်ဆုံး ထွက်ရှိလာတဲ့ Oura Ring 5 မှာတော့ ဒီပြဿနာတွေကို အကုန်ဖြေရှင်းပေးလိုက်ပါပြီ။

Oura Ring 5 ဟာ အရင်မော်ဒယ်တွေထက် ၄၀ ရာခိုင်နှုန်း ပိုသေးသွားပြီး ရိုးရိုး မင်္ဂလာလက်စွပ်တစ်ကွင်းစာ အရွယ်အစားလောက်ပဲ ရှိတော့တာပါ။ သေးငယ်သွားပေမဲ့ ဘက်ထရီကတော့ တစ်ခါအားသွင်းထားရင် တစ်ပတ်လောက်ကို အေးဆေး အသုံးခံပါတယ်။

ဒါ့အပြင် Heart Rate နဲ့ Oxygen တိုင်းတဲ့ Sensor တွေကို ပိုတိကျအောင် နေရာပြောင်းလဲ တပ်ဆင်ထားသလို၊ သွေးတိုးတာတွေနဲ့ အိပ်ပျော်နေစဉ် အသက်ရှူရပ်တဲ့ ကျန်းမာရေး ပြဿနာတွေကိုပါ ထောက်လှမ်းပေးနိုင်တဲ့အထိ အဆင့်မြှင့်တင်ထားပါတယ်။

ဒီလိုမျိုး Oura Ring တွေက ဈေးကွက်မှာ အသစ်ထွက်ပြီး နေရာယူလာချိန်မှာပဲ ... ၂၀၀၇ ခုနှစ်ကတည်းက သတင်းတွေ ထွက်လိုက်၊ ပျောက်လိုက်ဖြစ်နေတဲ့ Apple Ring ရဲ့ သတင်းတွေကလည်း အခုရက်ပိုင်းအတွင်းမှာ ပြန်လည် ပူညံပူညံ ဖြစ်လာပြန်ပါပြီ။

နာမည်ကြီး Apple Hardware Leaker တစ်ယောက်ဖြစ်တဲ့ Kosutami ရဲ့ X (Twitter) ပေါ်က စာသားတိုတိုလေး တစ်ကြောင်းကြောင့် AppleInsider, MacRumors အစရှိတဲ့ နာမည်ကြီး Tech Website တွေမှာ Apple Ring သတင်းတွေ တစ်ဖန် ပြန်လည် နေရာယူလာတာပါ။

တကယ်လို့များ သတင်းတွေထွက်နေသလို Apple ဘက်ကသာ သေးငယ်ပေါ့ပါးပြီး Apple Ecosystem နဲ့ အချိတ်အဆက်မိမိ အလုပ်လုပ်နိုင်မယ့် Smart Ring တစ်ကွင်းကိုသာ တကယ်ချပြလာခဲ့မယ်ဆိုရင် ဈေးကွက်ကြီး တစ်ခုလုံးကို အကြီးအကျယ် လှုပ်ခတ်သွားနိုင်တာတော့ အသေအချာပါပဲ။

ကဲ ... မိတ်ဆွေတို့အနေနဲ့ရော အခုထွက်ထားတဲ့ Oura Ring 5 ကိုပဲ သဘောကျလား ... ဒါမှမဟုတ် အခုထိ သတင်းတွေပဲ ထွက်နေသေးတဲ့ Apple Ring ကိုပဲ မျှော်နေကြသလားဆိုတာ Comment မှာ ဝင်ရောက်ဆွေးနွေးသွားကြပါဦးနော် ...

Apple Product တွေနဲ့ ပတ်သက်တဲ့ အသစ်အသစ်သော နည်းပညာ သတင်းတွေကို အမြဲတမ်း သိရှိနိုင်ဖို့ Honoka Myanmar Page ကို Like & Follow လုပ်ထားဖို့လည်း မမေ့နဲ့ဦးဗျို့ ... 📣


#ဂျပန်ဖုန်းဆိုင်
#ဂျပန်ရောက်မြန်မာတွေနဲ့အတူရှိနေမယ့်HONOKAMyanmar

ပျင်းတာကို အကျင့်ဆိုးတစ်ခုလို့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေတုန်းလား ...? 🤔ဂျပန်လူမျိုးတွေကတော့ ပျင်းရိခြင်းကို စိတ်ဓာတ်ကျ...
08/07/2026

ပျင်းတာကို အကျင့်ဆိုးတစ်ခုလို့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေတုန်းလား ...? 🤔

ဂျပန်လူမျိုးတွေကတော့ ပျင်းရိခြင်းကို စိတ်ဓာတ်ကျဆင်းမှုလို့ မမြင်ဘဲ ကုသလို့ရတဲ့ ရောဂါတစ်ခုအနေနဲ့ သတ်မှတ်ကြပါတယ်။ သူတို့ရဲ့ လျှို့ဝှက်ချက်က Motivation လို့ခေါ်တဲ့ စိတ်အားထက်သန်မှုကို စောင့်မနေဘဲ မိမိရဲ့ နေ့စဉ်ဖြတ်သန်းမှုမှာ System တစ်ခု တည်ဆောက်လိုက်တာပါပဲ။

ဒီတော့ အပျင်းရောဂါကို ကုသဖို့ လက်တွေ့အသုံးချလို့ အကောင်းဆုံးဖြစ်မယ့် နည်းလမ်း (၄) ခုကို Honoka Myanmar ကနေ မျှဝေပေးလိုက်ပါတယ် ...

📌 အကောင်းဆုံးအချိန်ကို စောင့်တာထက် အမြန်ဆုံး စတင်ပါ ...
အရာရာ ပြီးပြည့်စုံမှ စမယ်ဆိုတဲ့ အတွေးက သင့်ကို အချိန်ဆွဲစေပြီး ပျင်းရိစေပါတယ်။ ဂျပန်တွေကတော့ အပြစ်အနာအဆာတွေကို လက်ခံပြီး ချက်ချင်းစတင်ဖို့ကို ပိုအလေးထားပါတယ်။ ကြီးမားတဲ့ အပြောင်းအလဲတွေလုပ်ဖို့ မကြိုးစားဘဲ တစ်ရက်ကို (၁) မိနစ်လောက်သာ အချိန်ပေးရတဲ့ သေးငယ်တဲ့ အလေ့အကျင့်လေးတွေနဲ့ အရင်ဆုံး စတင်လိုက်ပါ။

📌 နေ့စဉ် နိုးထချင်စရာ အကြောင်းပြချက် ရှာဖွေပါ ...
မနက်မိုးလင်းတိုင်း အိပ်ရာကနေ တက်တက်ကြွကြွ ထချင်လာအောင် ကိုယ်ဝါသနာပါတာ၊ ကျွမ်းကျင်တာနဲ့ ဝင်ငွေရမယ့်အရာတွေ ဆုံမှတ်ဖြစ်တဲ့ ကိုယ့်ရဲ့ ရည်မှန်းချက်ကို သေချာရှာဖွေပါ။

📌 ပတ်ဝန်းကျင်နဲ့ အာရုံစူးစိုက်မှု ဖန်တီးပါ ...
အလုပ်စားပွဲလေးက ရှင်းလင်းနေမှ ကိုယ့်ရဲ့စိတ်လည်း ရှင်းလင်းမယ်ဆိုတာကို ယုံပါ။ မလိုအပ်တာတွေ ရှင်းလင်းပြီး စနစ်တကျ နေရာချထားပါ။ အလုပ်မစခင် ကော်ဖီသောက်တာမျိုးလို ကိုယ့်ဦးနှောက်ကို အလုပ်လုပ်ဖို့ အချက်ပြမယ့် အလေ့အထ တစ်ခုကို သတ်မှတ်ထားခြင်းကလည်း အာရုံစူးစိုက်မှုကို အလိုအလျောက် ရရှိလာစေပါတယ်။

📌 ဗိုက်ဝသည်အထိ ဘယ်အရာကိုမှ မစားပါနဲ့ ...
အစာစားတဲ့အခါ အဝလွန်အောင် မစားဘဲ 80% လောက် ဗိုက်ပြည့်တာနဲ့ ရပ်လိုက်ပါ။ ဒါမှ ခန္ဓာကိုယ်က လေးလံထိုင်းမှိုင်းမသွားဘဲ တစ်နေ့တာလုံး အလုပ်လုပ်ဖို့ စွမ်းအင် အမြဲရှိနေမှာပါ။

တကယ်တော့ ပျင်းရိခြင်းဆိုတာ ကိုယ်တိုင်က ပျင်းနေတာမဟုတ်ဘဲ ကိုယ့်ဆီမှာ မှန်ကန်တဲ့ စနစ်မရှိသေးတာပါ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အတင်းပြောင်းလဲဖို့ထက် ကိုယ့်ရဲ့ နေ့စဉ်စနစ်ကို ပြောင်းလဲပစ်ဖို့ အရင်ကြိုးစားကြည့်ပါလို့ Honoka Myanmar က တိုက်တွန်းလိုက်ရပါတယ် ခင်ဗျာ။ 📣


#ပျင်းရိခြင်း #ဂျပန်ဖုန်းဆိုင်
#ဂျပန်ရောက်မြန်မာတွေနဲ့အတူရှိနေမယ့်HONOKAMyanmar

အလုပ်လုပ်ရင်း၊ ကျောင်းတက်ရင်း ဘဝကို အလန်းဆုံး ဖြတ်သန်းဖို့ MOUSE Laptop လေး ရှိရင် အေးဆေးပဲနော် 😎အနာဂတ်ကို အလန်းဆုံး အကေ...
08/07/2026

အလုပ်လုပ်ရင်း၊ ကျောင်းတက်ရင်း ဘဝကို အလန်းဆုံး ဖြတ်သန်းဖို့ MOUSE Laptop လေး ရှိရင် အေးဆေးပဲနော် 😎

အနာဂတ်ကို အလန်းဆုံး အကောင်အထည်ဖော်ဖို့ MOUSE Laptop လေးကို HONOKA Myanmar မှာ ရွေးချယ်လိုက်တော့နော် 🙋🏻

MAKER - MOUSE #2020ထုတ်
CPU - Core i5
HDD - 512GB SSD
RAM - 16 GB
Graphite - (GTX 1650 DDR6-4GB)
OS - Window 11 Home
Price - ¥ 85000
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
MAKER - MOUSE #2023ထုတ်
CPU - Core i7
HDD - 1TB SSD
RAM - 32 GB
Graphite - (RTX 3050 DDR6-6GB)
OS - Window 11 Home
Price - ¥ 85000


ုန်းဆိုင်

Video Editing လုပ်တာ၊ Social Design ဆွဲတာတွေကို လုပ်ဖို့ iPad လေးရှာနေရင် ဒီအလုံးလေးတွေကိုသာရွေး 🤭M Series Chipset တွေက ...
08/07/2026

Video Editing လုပ်တာ၊ Social Design ဆွဲတာတွေကို လုပ်ဖို့ iPad လေးရှာနေရင် ဒီအလုံးလေးတွေကိုသာရွေး 🤭

M Series Chipset တွေက လုပ်ဆောင်ချက်တိုင်းကို Smooth ခံစားချက်ကို ပေးမယ့်အပြင် ရုပ်ထွက်ကြည်လင်ပြီး အရောင်စိုလို့ သင့်ရဲ့ လုပ်ငန်းအတွက် အသင့်တော်ဆုံးပဲနော် 👌

ဒီလို Screen Size ကြီးတဲ့ iPad လေးတွေနဲ့ အလုပ်တွေကို အားရပါရလုပ်ဆောင်ဖို့ အခုပဲ Order လှမ်းတင်လိုက်တော့နော် 🤝

iPad Pro 12.9 (New) 本体のみ
Network - Wifi Only
Capacity - 128 GB
Color - Space Gray
Price - ¥ 115000
~~~~~~~~~~~~~~~~~~~~~~~~~~~~
iPad Air 13 M2 (Used)
Network - Wifi Only
Capacity - 512 GB
Color - Starlight
Price - ¥ 105000

.9
ုန်းဆိုင်

住所

神田佐久間河岸46-3 1F UFビル/5
Chiyoda-ku, Tokyo
1010026

アラート

Honoka Myanmar Laptop & Phoneがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

事業に問い合わせをする

Honoka Myanmar Laptop & Phoneにメッセージを送信:

ショートカット

共有する