10/02/2021
ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ်
ဒေါက်တာ ဇော်ဝေစိုး ရဲ့
ဒီနေ့ ....ရေးတဲ့စာ
********
ကမ္ဘာမကြေဘူး ၉/၂/၂၀၂၁
လူသတ်သမားတွေ ဖြစ်သွားပြီ
ဘုရား မကြိုက်တဲ့ သူတွေ ဖြစ်သွားပြီ
ပြည်သူကို သတ်တဲ့ အဓမ္မ အစိုးရဖြစ်သွားပြီ
ဒို့ပြည်သူတွေ ဘယ်သူ့ကိုမှ မသတ်ချင်ပါဘူး
ဒို့ပြည်သူတွေ ဘယ်သူ့ကိုမှ ရန်မရှာပါဘူး
ဒို့ပြည်သူတွေ စိတ်မကောင်းခြင်းတွေနဲ့ ငြိမ်းချမ်းစွာ
လမ်းလျှောက်ကြတာပါ
ဘာလက်နက်မှ မပါပါဘူး
မင်းတို့ပဲသိ ၊ မင်းတို့ပဲတတ်
မင်းတို့ပဲမှန် ၊ မင်းတို့ပဲဖြောင့်
( မင်းတို့ လက်တစ်ဆုတ်စာ)
မင်းတို့ပဲကောင်း ၊ မင်းတို့ပဲ တရား
ဒို့ ပြည်သူ သန်း ၅၀ မှားသတဲ့လား
{ပြည်သူ ၅၄ သန်းမှာ တပ် ၅ သိန်းကျော်ပဲ ရှိ}
ဒီနေ့ ကမ္ဘာနဲ့ ဒီနေ့မြန်မာ - အရင်ကနဲ့ မတူ
၆၂ မဟုတ်
၈၈ မဟုတ်
နှစ်ထောင့် နှစ်ဆယ့်တစ်
ခေတ်က IT ခေတ်
လွတ်လပ်ခြင်း
ပွင့်လင်းခြင်း
လျှင်မြန်ခြင်းတွေနဲ့ .......။
အလိမ်တွေ ....မုသားတွေ
အသက်မရှင်နိုင်တဲ့ခေတ်
မင်းတို့ မသိလေရော့သလား
ငါ မင်းတို့ ဆွေစဉ်မျိုးဆက်တွေအတွက် သနားတယ်
ပြည်သူ သန်း၅၀ ရဲ့ ငြိုငြင်မှု
ပြည်သူ သန်း၅၀ ရဲ့ ဆုတောင်း
ပြည်သူ သန်း ၅၀ ရဲ့ ကျိန်စာ
ငါ မင်းတို့ ဆွေစဉ်မျိုးဆက် သနားတယ်
ကမ္ဘာမကြေဘူး
ဆရာဇော်ဝေစိုး
Credit 😍