Digital Hunter

Digital Hunter အရည်​အချင်းပြည့်ဝတဲ့​ Front-End​ Developer​ ဖြစ?

ဒီ​ Page​ မှာ​ Report တွေကြောင့်​ Restricted ဖြစ်နေတာပါ။ စာတွေကို အောက်က​ Page ကိုပဲ့ပို့ပေးပါနော်။ Free​ Course​ တွေကို...
23/11/2023

ဒီ​ Page​ မှာ​ Report တွေကြောင့်​ Restricted ဖြစ်နေတာပါ။ စာတွေကို အောက်က​ Page ကိုပဲ့ပို့ပေးပါနော်။ Free​ Course​ တွေကိုလည်းအဲ့ကပဲ့လေ့လာပေးပါဗျ။

https://m.facebook.com/story.php?story_fbid=295406860123013&id=100089611020238&mibextid=Nif5oz

အရေးပေါ်​ အကြွေးလေးတွေ​ ပေးစရာကမ်းစရာတွေပေါ်လာတော့ Airdrop​ အကြီးကြီး​ပေး​ချင်ပါတယ်။ ဒါကတော့​ Next.JS​ Course​ ပေါ့နော်။ Beginner​ to Production​ Level အထိ​ ဒိုးမှာဆိုတော့ ခန့်မှန်းကြာချိန် (3) လလောက်ကြမယ်။ Course​ Outline​ ကိုရှယ်ပလန်နဲ့စီစဥ်ထားပြီး မြန်မာလို​ Docs ပါစီစဥ်ပေးထားတယ်။ 😆

ဒီမှာ​ဖတ်ပါ။
Beta Version
https://inficreax.gitbook.io/learn-env/

Next.js Beginner to Production
ပထမဆုံး​ Next.js​ Live Zoom​ Course
Waitlist : 60,000 MMK
Fixed Course Fees : 150,000 MMK

ဒီ​ Course​ မှာတော့​ Freelancer​ တွေအတွက်​ Web​ App​ ကိုအသုံးပြုသူတိုင်း Portfolio​ တည်ဆောက်နိုင်မည့် Course ပါ။

ဘာတွေလေ့လာရမှာလဲ။
- JS
- Bootstrap
- Tailwind
- React.js
- TypeScript
- Figma(UI Design)
- Next.js
- MongoDB
- APIs

တို့ကိုလေ့လာရမှာပါ။

အကြောင်း​အမျိုးမျိုးကြောင့်​အတန်း​ပျက်​သူအဖို့​ Video Record ပါပါတယ်။

ဆိုတော့​ Waitlist​ အတွက်​ Chstbox​ မှာစာရင်းလာပေးလို့ရပါပြီး။

15​ ဦးသာကန့်သတ်ထားပြီး​ လာမည့်​ Nov 20,​ 2023​ မှာ​အတန်း​စပါ့မယ်။

ညစဥြ 7:00 PM to 9 PM
တစ်ပတ်​ Mon to Friday (5) ရက်ပါ
Weekend ပိတ်ပါတယ်။
Zoom နဲ့လေ့လာရမှာပါ။

လူပြည့်မြန်မှာသေချာတော့ မြန်မြန်ဗျို့🎉🎉🎉

0.​00 MMK FEES - BASIC FRONTEND WEB DEVELOPMENTWeb​ Developer ဖြစ်ကိုဖြစ်ရမယ်ဆိုသူများအတွက် မဖြစ်မနေလိုအပ်တာက Basic Fron...
22/05/2023

0.​00 MMK FEES - BASIC FRONTEND WEB DEVELOPMENT
Web​ Developer ဖြစ်ကိုဖြစ်ရမယ်ဆိုသူများအတွက် မဖြစ်မနေလိုအပ်တာက Basic Frontend Web Development

HTML, CSS ကို​ Basic​ to Pro အထိ​ စနစ်​တကျလေ့လာရမှာဖြစ်ပြီး​ JavaScript​ ကို​တော့​ UI​ အတွက်​ သိကိုသိရမယ့်​ သင်ခန်းစာ​တွေ​ အသုံးပြု​နိုင်အောင်​ အနည်းငယ်​သာ​ ထည့်သွင်း​ထားပါတယ်။

ရည်ရွယ်ချက်
- Web​ Basic​ ကို​ စနစ်တကျ​ နားလည်နိုင်စေဖို့
- Frame ချတာကို​ သေချာသိစေဖို့
- လျှင်မြန်စွာ လေ့လာ​သင်ယူ​နိုင်ဖို့
- CSS​ ရဲ့​ အလုပ်​လုပ်ပုံ/ Class​ Name ပေး​ပုံ​ သေချာနားလည်စေနိုင်ဖို့

Benefits
- သင်ခန်းစာ​အပြီးမှာ​ Instagram UI Design ရေးဆွဲ​နိုင်မှာ​ပါ။
- CSS​ ရဲ့​ Class Name ပေးပုံပေးနည်းကြောင့်​ Bootstrap ကို​ အချိန်​ (5) ရက်အတွင်း​လေ့​လာနိုင်​မှာပါ။
- UI​ Design​ ကိုသေချာနည်းလည်စေမှာပါ။

ဘယ်လို​လေ့လာမလဲ
- တစ်ရက်​ (2) နာရီအချိန်ပေး လေ့လာရမှာပါ။
- နားမလည်သောသင်ခန်းစာများကို Telegram​ (https://t.me/+l4S8KWoASa8wN2Q1) , Messenger မှာ​အလွယ်တကူမေးမြန်းနိုင်ပါတယ်။

Course​ ပြီးတာနဲ့ JavaScript, Bootstrap, Tailwind, React and MERN Stack ကို​ဆက်ပြီး​လေ့လာဖို့ လိုပါတယ်။ ဒါဆိုရင် full career-ready​ ဖြစ်ပါပြီ။ လုပ်ငန်းခွင်ဝင်ဖို့ အသင့်ပါ။

စိတ်ဝင်စားတဲ့ဘာသာရပ်များကို Inficreax မှာ​ Low​ Price​and high value ဖြင့် လက်ထဲ​ 60,000 MMK​ ရှိတာနဲ့လေ့လာနိုင်ပါပြီ။ သင်တန်းကြေးခွဲသွင်းလို့ရတာကြောင့် အတန်းကြေးမပြည့်လို့မတက်ရမှာစိတ်ပူစရာမလိုတော့ပါဘူး။ Certificate​ Course​ ဖြစ်တာကြောင့်​ အလုပ်အတွက် အာမခံချက်ရှိပါတယ်။

Motivation
Full-stack Web Developer ဖြစ်ဖို့​ တစ်ရက်ကို​ အချိန်နှစ်နာရီပဲ့လိုပါတယ်။ ဒါဆိုရင်တော့​ ညနေဘက်မှာ ဝါသနာ​တူ​ သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့အတူ သင်ခန်းစာ​များကို​ ဝါသနာ/Career အတွက်​ လေ့လာပါ။

YOUTUBE​ CHANNEL PLAYLIST
https://youtube.com/playlist?list=PLuj0ueOrPud8ldQbSv4YuXxY-GmTmvuLG

22/05/2023

Hi👋

React ဆိုတာ ဘာလဲ?React က JavaScript​ ရဲ့​ framework တစ်ခု​ဖြစ်ပြီးတော့​ User Interface (UI) တည်ဆောက်အတွက်  ဖြစ်ပါတယ်။ Fa...
26/04/2023

React ဆိုတာ ဘာလဲ?
React က JavaScript​ ရဲ့​ framework တစ်ခု​ဖြစ်ပြီးတော့​ User Interface (UI) တည်ဆောက်အတွက် ဖြစ်ပါတယ်။ Facebook ကနေပြီးတော့ Developed ခဲ့တာဖြစ်ပါတယ်။ အခုလက်ရှိလည်း Facebook ကပဲ့ ဆက်ပြီး ပြုပြင်ထိန်းသိမ်းနေတာဖြစ်ပြီး လုိအပ်တာတွေကိုလည်း ထပ်မံပြုပြင်မွန်းမံနေကြပါတယ်။

React က Developer တွေကို Code တွေ ထပ်ခါ ထပ်ခါရေးနေစရာမလိုအောင် ကူညီပေးပါတယ်။ ဆိုလိုတာက ဥပမာ ကျွန်တော်တို့က Component တစ်ခု တည်ဆောက်လိုက်တယ်ဆို့။ အဲ့ဒီ Component ကို ကိုယ်လိုအပ်တဲ့နေရာကနေ ပြန်လည်ခေါ်သုံးနိုင်ပါတယ်။ ဒီနည်းနဲ့ Developer တွေကို အချိန်ကုန်သက်သာစေပြီး Project ကို Maintenance လုပ်ရတာတည်း ပိုမိုအဆင်ပြစေပါတယ်။ ဒါကို Reusable ​UI​ Component လို့ခေါ်ပါတယ်။​

သူ့ကိုလေ့လာရတာ အရမ်းကိုလွယ်ကူပါတယ်။ Easy to learn ပါ။ ပြုပြင်မွန်းမံနေတဲ့ Community ကလည်း အရမ်းကြီးတာကြောင့် ကိုယ်က ဒါကိုရွေးချယ်လိုက်ရင် ပိုကောင်းတဲ့ အားသားချက်တွေကို ရရှိမှာပါ။ သေချာတာတော့ နောင်တမရမှာတော့ အမှန်ပါ။ Developer တွေအတွက် များပြားလှတဲ့ Resource တွေကိုလည်း ရရှိသလို Error တက်ရင်လည်း Online မှာအလွယ်တကူရှာဖွေအဖြေရှာနိုင်ပါတယ်။ Moble Application ကိုလည်း React Native နဲ့အလွယ်လေး ရေးလို့ရပါသေးတယ်။

UI ရေးဆွဲတဲ့အခါ Design ရေးတဲ့နေရာမှာ ကူညီပေးတဲ့ CSS Framework ဖြစ်တဲ့ Bootstrap, Tailwind CSS တွေနဲ့ပါ လွယ်လွယ်လေးချိတ်ဆက်နိုင်ပါတယ်။

HTML, CSS and JavaScript အခြေခံလေ့လာဖူးယုံနဲ့တင် React ကိုအလွယ်လေး လေ့လာနိုင်ပါတယ်။ (inficreax.com မှာ HTML, CSS and JavaScript အခမဲ့လေ့လာနိုင်ပါတယ်။) Coder တို့ရဲ့စက်မှာ လည်း Node.js ကို install တင်ထားဖို့လိုအပ်ပါသေးတယ်။ အကြောင်းက React ကို install တင်တဲ့အခါ npm လိုအပ်လို့ပါ။

React က​ Client-side ပါ။ သူ့ကို API နဲ့ချိန်ဆက်ပြီး Data အသွင်းအထုတ် လုပ်လို့ရပါတယ်။ လက်ရှိမှာတော့ MERN Stack လို့ခေါ်တဲ့ MongoDB, Express, React.js and Node.js ဆိုတဲ့ နည်းပညာ လေးခုကို အသုံံးချကာ Full-stack Web App တွေကို အလွယ်လေးတည်ဆောက်ဖို့အတွက် သုံးနေကြပါပြီ။

React ကို Redux လို့ခေါ်တဲ့ State management, Mobile App အတွက် React Native တို့နဲ့လည်းပေါင်းစပ်ပြီးအသုံးပြုနိုင်ပါတယ်။ သူ့ကိုလေ့လာဖို့ များပြားလှတဲ့ online resource လည်းရှိပြီး Official Documentation တွေ Online Course တွေကိုပါ အများကြီးရှိပါတယ်။

Coder တို့က React ကိုစိတ်ဝင်စားလို့ Basic to Pro အထိ လေ့လာချင်တယ်ဆိုရင် Inficreax မှာ စုံလင်လှတဲ့ သင်ခင်းစာကို ရိုးရှင်းလွယ်ကူစာနဲ့လေ့လာနိုင်ပါတယ်။ High Value, Low Price ကိုရရှိမှာဖြစ်ပြီး အတန်း Fees ကိုလည်း ခွဲသွင်းလို့ရပါသေးတယ်။

  Stack (100% Free4U) Full-stack Web​ App ကို​ လွယ်လွယ်​လေးနဲ့ မြန်မြန်တည်ဆောက်ဖို့ MERN Stack ကို​ သင့်ရဲ့လုပ်ငန်းအတွက်...
26/04/2023

Stack (100% Free4U)
Full-stack Web​ App ကို​ လွယ်လွယ်​လေးနဲ့ မြန်မြန်တည်ဆောက်ဖို့ MERN Stack ကို​ သင့်ရဲ့လုပ်ငန်းအတွက်​အသုံးပြု​ တည်ဆောက်ပါ။

ရဲ့​ MERN​ Stack​ Free​ Course​ လေးပါ။ MERN အကြောင်းကို​ အောက်ပါ Link​ မှာဖတ်လို့ရပါတယ်။

LINK : (https://m.facebook.com/story.php?story_fbid=164151486581885&id=100089611020238&mibextid=Nif5oz)

ပါဝင်မည့်​ သင်​ခန်းစာများ
- Route
- Model
- Controller
- Create
- Read all data & single
- Update
- Delete
- CORS
- REST Full Api

စတဲ့သင်ခန်းစာများပါဝင်မှာဖြစ်ပါတယ်။ ​Course​ Outline မဆံ့တာကြောင့် အနည်း​ငယ်​ပဲ့ရေးထားပါတယ်။

လေးခုလုံးမှာ တစ်ခုမှ​ မရင်းနှီးရင်လည်း သင်ခန်းစာ​ထဲ ပြောပြပေးသွားမှာပါ။ React ကိုတော့​ အနည်းငယ်တီးမိ၊ ခေါက်မိ​ ရှိထားရပါ့မယ်။

React မှာ​ ထပ်ပြီး​ ပြောပြပေးမည့်​ သင်ခန်းစာ​များ။
- What’s React?
- Why do we use this library?
- Installation
- Build Component
- JSX
- State
- Props
- Context
- Destructing
- Code Splitting
- Component Style
- Functional Component
- React Router DOM
- useState
- useContex
- useEffect
- useForm
- React Toolkit
- API data fetch

✅ Project
- Mini Note App

Course အပြီးမှာ MERN ရဲ့​ တည်ဆောက်ပုံကို နားလည်ပြီး Mini Note Web App ကိုတည်ဆောက်နိုင်သွား​မည့်​အပြင်​ တခြားသော Web​ App​ တွေလည်း​ တည်ဆောက် နိုင်သွားမှာပါ။

(⚠️ အတန်းကြေးသည်​ Free ဆိုပြီး ပေါ့ပေါ့တန်တန်နှင့် တန်ဖိုးမထားမှာစိုးတာကြောင့် လေ့လာသူများထံမှ Register Fees 10,000 MMK ကောက်ခံမှာဖြစ်ပါတယ်။ အတန်းသားသည် (30)ဦး သာကန့်သတ်ထားပါတယ်။ လူပြည့်မြန်တာကြောင့် မြန်မြန်အပ်ဖို့တော့လိုတယ်ဗျို့ )

အတန်း​အပ်​မည့်သူများ Chat Box (m.me/inficreax) သို့​ ဆိုပြီး​ ပေးပို့​ အတန်းအပ်နိုင်ပါတယ်။ တစ်ဆက်တည်း Post ကို​ Like, Share လုပ်ကာ Screenshot နဲ့တကွ ပေးပို့အတန်းအပ်နိုင်ပါတယ်။

0./ အတန်းစမည့်ရက် - May 15st, 2023
1./ အတန်းစမည့်အချိန် - 7:00 ~ 9:00 PM
2./ အတန်းကြာချိန် - 2 Weeks
3./ အတန်းကြေး - Free (100% Free)

အပတ်စဥ်တိုင်း Free အတန်းများ​ အစဥ်မပြတ်ရှိနေတာကြောင့် Page ကို Like နှင့် Follow လုပ်ထားပေးဦးနော်...🤠

မူရင်း​ post
https://m.facebook.com/story.php?story_fbid=167372956259738&id=100089611020238

  v18 [ 50% OFF ● 30,000 MMK | Discount] [ Batch - 12 ● Basic to intermediate | Certificate ]မိမိက​ Web​ ကို​ Design လှလ...
23/04/2023

v18 [ 50% OFF ● 30,000 MMK | Discount]
[ Batch - 12 ● Basic to intermediate | Certificate ]

မိမိက​ Web​ ကို​ Design လှလှလေးနဲ့ ပြောင်မြောက်အောင်တည်ဆောက်ချင်တယ်၊ Mobile​ App​ တွေပါဆက်ပြီးရေးသွားချင်တယ်ဆိုရင်​ ဒီ​ Post​ က​ သင့်အတွက်ပါ။

Example ကို​ ဒီလင့်မှာ Demo​ လေ့လာကြည့်ပါ။ 🤭
[https://bfwd-course.vercel.app]

React က​ JavaScript​ liberty တစ်ခု​ဖြစ်ပါတယ်။ User Interface (UI) တည်ဆောက်​ဖို့အတွက်​ Facebook ကနေပြီးတော့​ Develop​ ခဲ့ပါတယ်။ Single-page applications အတွက်ရော Mobile applications အတွက်ပါ တည်ဆောက်နိုင်ပြီး UI Component များကို ထပ်တလဲလဲ​ ကြိမ်ဖန်များစွာ ပြန်လည်​ အသုံးပြုနိုင်ပါတယ်။

React အတွက်​ လိုအပ်တာများကို Internet မှာ​ အလွယ်အတကူရှာနိုင်ပြီး​ third-party libraries လည်း​ အများကြီးရှိပါတယ်။HTML,​ CSS​ and Javascript (Basic) လေ့လာထားသူတစ်ယောက်အနေနဲ့ အလွယ်တကူလေ့လာနိုင်ပါတယ်။

React Batch​ -​ 10 ကစထားပြီးသားပါ။ Basic ကနေ လေ့လာရမှာမို့ Level​ အားလုံးအတွက် အဆင်ပြေပါတယ်။ Gift တွေလည်းပေးထားတာကြောင့်ရှိ အတန်းကြေးထက် ပိုတန်တဲ့ သင်ခန်းစာများကို​ လေ့လာရမှာပါ။
စာမေး၊ စာဖြေဖို့ Messenger Group, ZOOM, Anydesk များဖြင့်ကူညီဖြေရှင်းလို့ရအောင် စီစဥ်ပေးထားပါတယ်။ သင်ခန်းစာများကိုလည်း မကြာ​ခဏ​ Update​ လုပ်ပေးတာဖြစ်ပြီး တစ်ခါ​ Join​ ရုံနဲ့ * Lifetime Accept ဖြစ်ပါတယ်။
Gift
● HTML
● CSS
● JavaScript
● Git & Github
● MERN (Basic) - [MongoDB, Express, React, Node.js]
What time do I study for our lessons?
တစ်ရက်ကို သင်ခန်းစာ (2 or 3) ပုဒ် နှုန်းဖြင့် ပေါ့ပေါ့ပါးပါး လေ့လာသွားရမှာဖြစ်ပြီး တစ်ပတ်ကို Weekday(Mon-Fri) (5) ရက် လေ့လာရမှာပါ။ video record ဖြစ်တာကြာင့် မအားလျှင် အဆင်ပြေတဲ့အချိန်လေ့လာလို့ရပါတယ်။ မိမိအားတဲ့အချိန်လေ့လာလို့ရပြီး သင်ခန်းစာ​က​ Life Time ဖြစ်ပါတယ်။
How to study?
Facebook Group ဖြင့် Video Lessons များကို Full HD, 2K, 4K Resolution များဖြင့် သင်ယူ၊ လေ့လာ ရမှာပါ။
How much is the course fee?
60,000 MMK သည်​ ပုံမှန်အတန်းကြေး​ပါ။ Discount​အနေဖြင့်​ (Apr 23rd - Apr 30st) အထိ 50% OFF ❤️ ဖြင့် 30,000 MMK ❤️ နဲ့ Join နိုင်ပါတယ်။ အရင်အပ်ထားပြီးသားများရှိတာကြောင့်​ 10 ဦးသာထပ်ပြီးလက်ခံမှာပါ။ အတန်းကြေး အခက်အခဲဖြစ်သူများ (2) ခါ ခွဲသွင်းပေးနိုင်ပြီး အတန်းအပ်မည်ဆိုပါက Page Chat Box [m.me/inficreax] သို့ ဖြင့် ပေးပို့ အတန်းအပ်နိုင်ပါတယ်။ ပိုမိုသိချင်လျှင်​ chat box မှာမေးမြန်းနိုင်ပါတယ်။
ဘာတွေလေ့လာရမှာလဲ? ဆိုတာကို Course Outline မှာဖတ်ပေးပါ။
https://gist.github.com/sanlinhtik3/c09b0a3443b8c056c43f32f7ab73b489
[ Discount | 50 % OFF ]
Original Fee__________ 60,000 MMK
Fee__________________ 30,000 MMK
ကျောင်းသားများရဲ့ Project များကို လေ့လာလို့ရပါတယ်။
https://www.youtube.com/playlist?list=PLuj0ueOrPud_Wqm5iInYNbe_IgxZwoyu0
အသင့်သုံးရေးထားပြီးသား Portfolio, Admin Dashboard Project များရယူလိုပါက github.com/sanlinhtik3 မှာ Download ရယူအသုံးပြုလို့ရပါတယ်။

  | 𝟳𝟱% 𝗢𝗙𝗙 | 37,500 MMK[ Basic To Pro | Batch-12 | Discount | Certificate ] Web Developer ကိုစိတ်ဝင်စားသူတိုင်း Fronten...
23/04/2023

| 𝟳𝟱% 𝗢𝗙𝗙 | 37,500 MMK
[ Basic To Pro | Batch-12 | Discount | Certificate ]

Web Developer ကိုစိတ်ဝင်စားသူတိုင်း Frontend Development ကို Basic ကနေလေ့လာပြီး Junior Front-End Web Developer အဖြစ်ဝင်လျှောက်နိုင်မည့်အတန်းဖြစ်ပါတယ်...❤️

FRONTEND WEB DESIGN ကို​ အခြေခံကစပြီး​ Design ကိုရိုးရိုးရှင်းရှင်းနဲ့ လှလှပပရေးတတ်ဖို့ အတန်းလိုက်ရှာနေတယ်ဆိုရင်တော့ ဒီအတန်းက သင့်အတွက်ပါ။ နှစ်​ခါစဥ်းစားမနေပဲ အခွင့်​အရေးကို​ ရတုန်းယူလိုက်ပါ။ အချိန်တိုတိုနဲ့​ လိုရင်းကိုပဲ့ ဦးတည်ထားပြီး ​ပေါ့ပေါ့ပါးပါး လေ့လာရမှာပါ။

ဘယ်သူတွေ လေ့လာသင့်တာလဲ?

- Web Development ကို​ အခုမှစလေ့လာသူများ၊
- အရင်ကလေ့လာဖူးတယ် ပိုပြီး သေသေချာချာသိချင်လို့ ထပ်လေ့လာချင်သူများ
- Project မရေးဖူးသူများ နှင့် ရေးဖို့ အခက်အခဲရှိသူများ
- Tailwind​ ကိုပိုပြီးဂဂနနသိချင်သူများ
- Design လန်းလန်းကိုအချိန်တိုအတွင်းရေးတတ်ချင်သူများ Join သင့်တဲ့ အတန်းဖြစ်ပါတယ်။
HTML, CSS (A-Z Basic) ကနေ​ လေ့လာရမှာမို့ ဘာတစ်ခုမှ မသိလည်း Join နိုင်ပါတယ်။

Course ပြီးသွားရင် လက်တွေ့ Project များကို ရှယ် ရေးသားနိုင်မှာ ဖြစ်ပြီး​ Test​ အောင်​ရင် Certificate​ ရရှိမှာပါ။

Tailwind​ သည်​ CSS​ ရဲ့​ Open​ Source Framework ဖြစ်ပြီး​ Project ရေးတဲ့အခါ Developer​ ပေါ်​မူတည်၍ Design​ အလန်းတွေကို Performance ကောင်းကောင်းဖြင့်ရရှိမှာပါ။ လူကြိုက်အများဆုံးအတန်းဖြစ်ပြီး CSS​ Framework​ လည်းဖြစ်ပါတယ်။ Bootstrap​ ကို​လေ့လာဖူးသူများအနေဖြင့် အလွယ်တကူ​ လေ့လာ​သင်ယူ​နိုင်ပါတယ်။ HTML,​ CSS, JavaScript (Basic) လေ့လာဖူးသူအနေဖြင့်လည်း အလွယ်တကူလေ့လာနိုင်ပါတယ်။ မလေ့လာဖူးရင်လည်း​ အတန်း​ Join သူအဖို့ အခမဲ့လေ့လာရမှာပါ။

Course​ အတွက်​ လေ့လာသင်ယူဖို့​ အချိန်သည် (2) Months အနည်းငယ်​ ကျော်နိုင်ပါတယ်။ သင်ခန်းစာ နဲ့ပတ်သက်​ပြီး​ သိချင် တာများရှိရင်​ ပြန်လည်ဆွေးနွေးပေးတာလေးလည်း​ ရှိပါတယ်။

Messenger Group, Remote Desktop ကို​ သင်ခန်းစာများ အချိန်မရွေး မေးနိုင်ဖို့ စီစဉ်ထားပေးပါတယ်။ Mini Project (5) ခုနှင့် Personal Portfolio, Online Learning Platform, Landing, Blog စတဲ့ Project များ ပါဝင်သွားမှာပါ။ ဒါတွေသည် Real World Project များ ဖြစ်ပါတယ်။ Course ပြီးသွားရင် မည်သည့် Project လာလာ လှည့်ကြည့်စရာမလိုအောင် အေးဆေးဖြစ်သွားပါပြီ။

COURSE OUTLINE
✅ HTML
✅ CSS
✅ JavaScript
✅ Tailwind CSS
✅ Git & GitHub
✅ Adobe Photoshop
✅ Adobe Ai
✅ Adobe Xd
✅ Figma (Zoom Meeting)

Mini Projects
✅ Blog Card
✅ Login Form
✅ Shop Card
✅ Pricing Card
✅ Dark, Light Theme
Demo : https://github.com/sanlinhtik3/tailwindcss-video-course-projects

Real World Project
✅ Simple UI
✅ Landing
✅ Blog
✅ Personal Portfolio
✅ Online Learning Platform
Demo :
[https://sanlinhtik3.github.io/vanilla-remote-desktop-ui]
[https://sanlinhtik3.github.io/landing-page]

Bonus
✅ JavaScript Course

Course ပြီးသွားတဲ့အခါ FRONTEND​ WEB​ DEVELOPER​ အနေနဲ့ မိမိရေးထားတဲ့ Project များကိုအသုံးပြုပြီး Confidence Level So Height ❤️ ဖြင့် Junior ဝင်လျှောက်နိုင်ပါပြီ။

What time do I study your lessons?
Bath-12 အတန်းကစထားပြီးသားမို့​ ခု​ Join​ တာနဲ့​ ခု​ လေ့လာ​နိုင်ပါတယ်။ တစ်ရက်ကို သင်ခန်းစာ (2) ပုဒ်နှုန်း လေ့လာသွားရမှာပါ။ တစ်ပတ်ကို 5 Days (Mon-Fri) လေ့လာရမှာပါ။ မိမိအားတဲ့အချိန်လေ့လာလို့ရပြီး သင်ခန်းစာ​က​ Life Time ဖြစ်ပါတယ်။

How to study?
Facebook Group ဖြင့် Video Lessons များကို Full HD, 2K, 4K Resolution များဖြင့် သင်ယူ၊ လေ့လာရမှာပါ။

How much is the course fee?
150,000 MMK သည် ပုံမှန်အတန်းကြေး​ပါ။ Discount အနေဖြင့်​ (Apr 23rd, Apr 30st) အထိ 75% OFF ❤️ 37,500 MMK ❤️ ဖြင့် Join နိုင်ပါတယ်။ ယခင်အပ်ထားသူများရှိတာကြောင့် 10ဦးပဲ့ ထပ်ပြီးလက်ခံတော့မှာပါဗျ။ အတန်းကြေး အခက်အခဲရှိသူများ ခွဲသွင်းပေးနိုင်ပြီး အတန်းအပ်မည်ဆိုပါက Page Chat Box [m.me/inficreax] သို့ ဖြင့် ပေးပို့ အတန်းအပ်နိုင်ပါတယ်။ Page Chat Box မှာလည်း အသေးစိတ်စုံစမ်းနိုင်ပါတယ်။ 🤪

(တတ်ဖို့အာမခံပါတယ်။ လေ့လာသူဘက်ကသာ Seriously ဖြစ်​ဖို့လိုပါတယ်။)

🦕 ဒိုင်နိုဆော သက်တမ်းလောက်ရှိတဲ့ Learning စနစ်ကို Upgrade လုပ်ပြီး လေ့လာသင်ယူမှု အသစ်ဖြင့် ပြောင်းလဲသင်ယူပါ။ 📈
16/04/2023

🦕 ဒိုင်နိုဆော သက်တမ်းလောက်ရှိတဲ့ Learning စနစ်ကို Upgrade လုပ်ပြီး လေ့လာသင်ယူမှု အသစ်ဖြင့် ပြောင်းလဲသင်ယူပါ။ 📈

🦕 ဒိုင်နိုဆော သက်တမ်းလောက်ရှိတဲ့ Learning စနစ်ကို Upgrade လုပ်ပြီး လေ့လာသင်ယူမှု အသစ်ဖြင့် ပြောင်းလဲသင်ယူပါ။

မည်သည့် ပညာရပ်ကိုမဆို လေ့လာတဲ့အခါ ခက်ခဲစွာ လေ့လာသင်ယူရတာကတော့ မလွဲဧကန်ပါပဲ့။ ဒီလိုနဲ့အချိန်ကြာလာတော့ လေ့လာတဲ့အခါ ငြီးငွေ့စရာတွေဖြစ်လာတာပေါ့။ ဒါကိုကျော်လွားနိုင်ဖို့အတွက် Happy Learning(ပျော်ရွှင်စွားဖြင့် လေ့လာသင်ယူခြင်း) လေးကိုမျှဝေပေးပါ့မယ်။

ပညာရပ်တစ်ခု၏အစပိုင်းက ခက်ခဲတာမှန်ပေမဲ့ လွယ်လွယ်လေးဖြစ်အောင်လုပ်လို့ရပါတယ်။ လေလ့သင်ယူတဲ့နည်းစနစ်လေး မှန်ဖို့လိုအပ်ပါတယ်။ အဲ့တာက အလွယ်ဆုံးကနေ စရမယ်ဆိုတာပါပဲ့။ Basic သည်အလွယ်ဆုံးပါ။ စိတ်ဝင်စားတဲ့နေရာကနေ စရမယ်ဆိုတာလည်းမှန်ပါတယ်။ ဥပမာ -- ကောင်မလေးကို အင်္ဂလိပ်ဘာဖြင့် ရည်းစား စကားပြောချင်ရင် I love you. I miss you. I need you ဆိုတဲ့ စိတ်ဝင်စားရာ လွယ်လွယ်လေးကနေ စတင်ရမှာပါ။ နောက်တော့ တစ်ဖြည်းဖြည်းနှင့် အဆင့်မြင့်ကာ You are the apple of my eye. တို့ပြောရမှာပါ။ ဆိုလိုတာက စိတ်ဝင်စားရာ လွယ်လွယ်လေးကနေ စတင်လေ့လာပေးပါ လို့ပြောချင်တာပါ။

Happy Learning က လေ့လာနည်းတွေများစွာထဲက လေ့လာနည်းတစ်မျိုးပါ။ သင်ယူလေ့လာတဲ့အခါ ပျော်ရွှင်ကြည်နူးစွာ လေ့လာတယ်၊ ဆွဲဆောင်မှုအပြည့်ဖြင့် လေ့လာတယ်၊ စိတ်အေးချမ်းသာဖြင့်လေ့လာသင်ယူတယ် ဆိုတာပါ။ အဲ့လိုနဲ့ အကြောင်းအရာသစ်များကို လေ့လာတဲ့အခါ လေ့လာသူတွေအနေနှင့် စိတ်အားထက်သန်စွာ အသစ်သော ပညာရပ်များကို စိတ်ဝင်စားစွာဖြင့် လေ့လာချင်စိတ်တွေ ဖြစ်ပေါ်စေပါတယ်။

Happy Learning ရဲ့နောက်ကွယ်မှာ ဆိုပါစို့ ကိုယ်က အလုပ်တစ်ခုလုပ်တဲ့အခါ ပြီးမြောက်မှုထက် အလုပ်လုပ်နေရတာကိုက ပိုပြီး ပျော်စရာကောင်းခြင်းကို ဖြစ်ပေါ်စေပါတယ်။ ထိုနည်းအတူပဲ့ ကျွန်တော်တို့ကလည်း သင်ခန်းစာကို မြန်မြန်ပြီးဖို့ထက် စိတ်ဝင်တစားဖြင့် လေ့လာသင်ယူနေရတာကိုက ပျော်ရွှင်နေတာပါ။ ဒါကလည်း လေ့လာသူတွေကို ပညာရပ်အပေါ် စိတ်ဝင်စားမှုရှိအောင်၊ စိတ်အားထက်သန်အောင် ဆွဲခေါ်သွားခြင်းဖြစ်ပါတယ်။ ပြီးရင်ပြီးရော ဆိုပြီး ဖြစ်သလိုလုပ်လိုက်တာက ရေရှည်မှာ အဆင်ပြေမှုကို မဖြစ်စေပါဘူး။

ပညာရပ်ကို အခြေပြုပြီးတော့ ဂိမ်းဆော့တာ၊ ပုံပြင်လေးနဲ့ဆက်စပ်ပြီးစာရှင်းတာ/စာလေ့လာတာ၊ သင်တန်းသားတွေနဲ့အတူ Activity လေးတွေ လုပ်ဆောင်တာ စဖြင့် အဲ့တာလေးတွေကို စာသင်တဲ့အခါ၊ စာလေ့လာတဲ့အခါ ထည့်သွင်းပြီး တွဲဖက်လေ့လာမယ်ဆိုရင် ပညာရပ်အပေါ် မြန်မြန်နားလည်စေသလို ပိုပြီးလည်းမှတ်မိစေပါတယ်။ အဲ့ဒီနည်းလည်းတွေက Learner (သင်ယူလေ့လာနေသူ) များကို ပျော်ရွှင်စေသလို သင်ယူလေ့လာဖို့ အကောင်းဆုံးနည်းလမ်းလည်း ဖြစ်ပါတယ်။

တစ်ဆက်တည်းအနေနဲ့ Happy Learning က Learner တို့ရဲ့ စိတ်ပိုင်းဆိုင်ရာ အားပေးတာ၊ ပျော်ရွှင်မှုကိုဖြစ်စေတာ၊ အေးချမ်းမှုကိုပွေ့ပိုက်စေတာ စတဲ့ Positive impact (အပြုသဘောဆောင်သော သက်ရောက်မှု) ဖြစ်ပေါ်စေပါတယ်။ Learner တို့က ကိုယ့်ရဲ့လေ့လာသင်ယူတဲ့အပေါ်မှာ ပျော်ရွှင်စွာလေ့လာနေရပြီဆိုရင် -esteem (မိမိကိုယ့်ကိုယ်ကို မိမိတန်ဖိုးထား လေးစားအားကျခြင်း)၊ (မိမိကိုယ်ကို ယုံကြည်မှု အပြည့်ရှိခြင်း) ကိုမြင့်တင်ပေးနိုင်တာကြောင့် အောင်မြင်မှုကို အထောက်အကူများစွာဖြစ်စေပါတယ်။

အချုပ်အားဖြင့် Happy Learning သည် လေ့လာသင်ယူမှု လုပ်ငန်းစဥ်ကို ပျော်ရွှင်စေတ​ယ်၊ သင်ယူချင်စိတ်ဖြစ်အောင်လည်းဆွဲဆောင်ပေးတယ်၊ စိတ်အေးချမ်းသာစေပြီး ကောင်းမွန်တဲ့ လေ့လာသင်ယူမှု ပတ်ဝန်းကျင်လေးကိုဖန်တီးပေးပါတယ်။ ဒီနေရာလေးကနေ Learner တို့ကို ပညာရပ်လေ့လာတဲ့အခါ စိတ်အားထက်သန်စေပြီး လေ့လာမှုကို ကြီးထွားတိုးတက်စေပါတယ်။

Hello Tailwind? 💙
09/04/2023

Hello Tailwind? 💙

What's Tailwindcss?

Web UI​ တည်ဆောက်တဲ့အခါ​ အသုံးများလာတာ က​utility-first CSS framework တစ်ခုဖြစ်တဲ့​ Tailwind​ CSS​ ပါ။ ရှေးအခါက Website, Web App UI​တည်ဆောက်ဖို့ CSS တွေကို မိမိဘာသာ​ ဖန်တီးကြပါတယ်။ အခုတော့​ ကိုယ်တိုင်ဖန်တီးစရာ​ မလိုတော့ပါဘူး။ Tailwind CSS​ မှာအသင့်ရှိပြီးသား ready-to-use CSS classes တွေကို CODER တို့ရဲ့ HTML ထဲမှာထည့်သုံးလိုက်ရင်အဆင်ပြေပါပြီ။

လေ့လာရလွယ်ကူပြီး UI အတွက်​ CSS တွေကို​ မိမိကိုယ်တိုင် ဖန်တီးစရာမလိုပဲ​​ ​Tailwind​ မှာ​ အသင့်ရှိပြီးသား​ class name တွေကို အသုံးပြုပြီး မိမိစိတ်ကြိုက် ready-to-use Class Name ကိုအသုံးပြုကာ Responsive ဖြစ်တဲ့​ UI ကို အချိန်တိုတိုနှင့် လျှင်မြန်စွာတည်ဆောက်နိုင်ပါတယ်။ Class name တွေကို​ CSS ရဲ့​ Property နဲ့​ value ကိုပေါင်းပြီး​ တည်ဆောက်ထားထာကြောင့် အလွယ်တကူ​ နားလည်ရလွယ်ကူပြီး အမြဲတမ်းမှတ်မိစေပါတယ်။ ဆိုလိုတာက​ စာသားရဲ့အရောင်ကို အနီရောင်ပြောင်းခြင်ရင် text-red-500 ဆိုပြီးပေးရမှာပါ။ နောက်ဆုံးက 500 ဆိုတာ​ color ရဲ့​ တန်ဖိုးပါ။ 50 ကနေ​ 950 အထိရှိပါတယ်။ နံပါတ်ကြီးလေ အရောင်ပိုပြီး ပေါ်လေဖြစ်ပါတယ်။

Tailwind CSS က class တွေကို စိတ်ကြိုက် Customizable လည်းလုပ်နိုင်ပါတယ်။ ဒါကြောင့် Design လိုအပ်ချက်အရ Default setting များကို လွယ်ကူစွာ​ ပြောင်းလဲပြုပြင်အသုံးပြုနိုင်ပါတယ်။

Tailwind CSS မှာ Build-in ပါတဲ့ utilities တွေကိုအသုံးပြုလို့ရသလို​၊ ကိုယ်ပိုင် CSS တွေကိုအသုံးပြုပြီး ကြိုက်နှစ်သက်ရာ class name ဖြင့်လည်းဖန်တီးနိုင်ပါတယ်။

မည်သည့် JavaScript framework, library နှင့်မဆို အသုံးပြုနိုင်အောင်လည်​း​ ဖန်တီးထားတာကြောင့် React, Vue, Angular တို့မှာ အလွယ်တကူ​ install ကာ​ အသုံးပြုနိုင်ပါတယ်။

အသုံးပြုတဲ့ CODER များက​ မိမိ​ Project​ folder အောက်မှာ​ npm, yarn ကိုအသုံးပြုပြီး​ အလွယ်တကူ​ install လုပ်ကာ​ အသုံးပြုနိုင်ပါတယ်။ tailwind.config.js မှာ​ အသုံးပြုချင်တဲ့ file,​ folder တို့ကို​ချိတ်ပေးပြီး terminal ကနေ​class တွေအလုပ်လုပ်နိုင်ဖို့​ tailwind ကိုအသုံးပြုတိုင်း​ run ထားပေးရင်ရပါပြီ။ CDN​ နဲ့လည်းအသုံးပြုနိုင်ပါတယ်။

အချုပ်အားဖြင့် Tailwind CSS က Frontend Developer များအတွက်​ အရမ်းကို Popular ဖြစ်ပြီး Design ရေးဆွဲတဲ့အခါမှာ ကိုယ့်စိတ်ကြိုက် ပြင်ဆင်ရေးသားနိုင်တာကြောင့် Frontend​ Developer​ များသဘောကျနှစ်သက်ပြီး နောက်ပိုင်း Project တွေမှာ တော်တော်လေးကို အသုံးပြုလာကြပါတယ်။

Tailwind CSS ဖြင့်​ Web UI​ Design​ အလန်းများ အခြေခံကနေလေ့လာချင်လျှင် inficreax မှာ​ သင်္ကြန်မပြီးခင် (Apr​ 17th) အထိ​ မူရင်း​ 150,000​ MMK​ ကို​ 75% ဖြင့်​ 37,500 MMK​ ဖြင့်​ Enroll လုပ်နိုင်ပါတယ်။ လေ့လာသူများ HTML,​CSS, JAVASCRIPT အခြေခံမရှိပါကလည်း Free လေ့လာနိုင်မည့်အပြင်​ JavaScript,​ Git and GitHub Course ကိုပါလေ့လာခွင့် ရရှိမှာပါ။

နောက်ထပ်​ Course များ
Bootstrap-5,​ React

What is Bootstrap?
02/04/2023

What is Bootstrap?

What is Bootstrap?

Bootstrap က Free နှင့် Open Source Framework ဖြစ်ပြီး Developer များအား Website နှင့် Web App များကို Responsive ဖြစ်တဲ့ UI များမြန်မြန်ဆန်ဆန်နှင့်အချိန်ကုန်သက်သာအောင် ကူညီပေးတဲ့ Frontend CSS Framework ဖြစ်ပါတယ်။ Twitter ကနေပြီးတော့ ဖန်တီးထားတာဖြစ်ပြီး လက်ရှိမှာ Developer များ ကျယ်ပြန့်စွာအသုံးပြုနေကြပါတယ်။

What is Bootstrap?

Website နှင့် Web App များကို တည်ဆောက်ရန််အတွက် Bootstrap က Free နှင့် Open source Frontend Framework ဖြစ်ပါတယ်။ HTML, CSS and JavaScript ဖြင့် ဖွဲ့စည်းတည်ဆောက်ထားပြီး UI Design များတည်ဆောက်တဲ့အခါ အရမ်းကိုလွယ်ကူပြီး အချိန်ကုန်သက်သာစေပါတယ်။ အသင့်ရေးထားပြီးသား Utilities Classes များကိုအသုံးပြုပြီး Web Design UI တည်ဆောက်တာ ဒါမှမဟုတ် Component များကို ယူသုံးကာ တည်ဆောက်တာ မျိုးလည်းပြုလုပ်နိုင်ပါတယ်။ Developer များကိုဆန်းသစ်တဲ့ Web Design များ မည်သည့် Device တိုင်းနဲ့မဆို Responsive ဖြစ်အောင် ရေးဆွဲတဲ့အခါကူညီပေးပြီး တစ်ကမ္ဘာလုံးမှာရှိတဲ့ Millions နဲ့ချီတဲ့ Developer များ အားထား အသုံးပြုကြတဲ့ CSS Framework လည်းဖြစ်ပါတယ်။ ဒီစာရေးနေချိန် နောက်ဆုံး Version က 5.3 ဖြစ်ပါတယ်။

Why use Bootstrap?

Bootstrap ကိုအသုံးပြုခြင်းအားဖြင့် များပြားလှတဲ့ အကျိုးကျေးဇူးများကို ပြန်လည်ရရှိမှာဖြစ်ပါတယ်။

Responsive Design: မိမိ Website or Web App ကို မည်သည့် Device နှင့်မဆို User များက လာရောက်သောအခါ မှာ UI များကို ကြည့်ကောင်းအောင် ပြသပေးမှာဖြစ်ပါတယ်။

Pre-Designed Components: Bootstrap မှာ အသင့်သုံးလို့ရတဲ့ Buttons, form, navigation, menu စတဲ့ UI Component များ အများအပြားရှိပါတယ်။ ဒါတွေကိုလည်း မိမိ Design UI လိုအပ်ချက်အရ အလွယ်တကူပြန်လည်ပြုနိုင်တယ်။

Time-Saving: အသင့်ရှိထားပြီးသော Component များကြောင့် Developer များအား Web UI Design တည်ဆောက်စဉ်မှာ အချိန်ကုန်သက်သာတာကို သိသိသာသာ မြင်တွေ့ရမှာဖြစ်ပါတယ်။

Compatibility : Bootstrap က Browser တိုင်းဖြင့် အလုပ်လုပ်ပြီး ဆန်းသစ်တဲ့ မြင်များကို ထုတ်ပေးတာကြောင့် Developer များ အားထားရတဲ့ Frontend CSS Framework တစ်ခုဖြစ်ပါတယ်။

Bootstrap Icon : လှပတဲ့ Icon များလည်းရှိတာကြောင့် Third party များကို အသုံးပြုစရာမလိုတော့ပါဘူး။

နောက်ထက်အကြောင်းအရာတွေကျန်သေးပေမယ့် ဒါတွေသိထားရင် ဘာကြောင့် Bootstrap ကိုအသုံးပြုတာလဲ? ဆိုတာကို မြင်သာနေပြီဖြစ်ပါတယ်။ အတိုချုပ်အနေဖြင့်မှတ်ချင်လျှင် Bootstrap က အသုံးပြုရတာလွယ်ကူအဆင်ပြပြီး အချိန်ကုန်သက်သာစေတဲ့အပြင် အသင့်ရှိပြီးသား Component များ နှင့် Responzive ဖြစ်အောင် ပြုလုပ်ပေးနိုင်တာကြောင့်ပါ။

How to use Bootstrap?

ကိုယ့်ရဲ့ Project ပေါ်လိုက်ပြီး Bootstrap ကိုအမျိုးမျိုး အသုံးပြုနိုင်ပါတယ်။

1. Official Site ကနေ Download Source ဆိုတဲ့ဖိုင်ကို မိမိ UI Project ထဲသို့ Download ရယူကာ အသုံးပြုနိုင်ပါတယ်။

2. Content Delivery Network လို့ခေါ်တဲ့ (CDN) ကိုဖြင့်လည်း အသုံးပြုနိုင်ပါတယ်။

3. npm, yarn တို့လိုမျိုး package manager ကိုအသုံးပြု၍လည်း install လုပ်ကာအသုံးပြုနိုင်ပါတယ်။

အပေါ်က အချက်များကို ကြည့်ခြင်းအားဖြင့် Bootstra က ဘာလဲ? ဘာကြောင့်အသုံးပြုတာလဲ? ဘယ်လိုအသုံးပြုတာလဲဆိုတာကို သိသာစေပါတယ်။

အနက်ချုပ်အနေဖြင့် Bootstrap က Web Development အတွက် Frontend CSS Framework ဖြစ်ပြီး Developer များကို Responsive ဖြစ်တဲ့ Web site and Web App များကို တည်ဆောက်နိုင်အောင် ကူညီပေးပါတယ်။ အသင့်ရှိပြီးသား Component များကိုအသုံးပြု၍ UI များကိုတည်ဆောက်ပြီး မိမိ Project လိုအပ်ချက်အရ Component များကို ပြုပြင်နိုင်ပြီး တစ်ကမ္ဘာလုံးမှာရှိတဲ့ Developer များတွင်ကျယ်စွာ အသုံးပြုနေကြပါတယ်။

အင်္ကြန် Discount | Course အားလုံး​ 50,000 Ks | (15) ဦးသာ(⚠️ သင်္ကြန်ပြီးတာနဲ့မည်သည့် Discount မှမရှိတော့ပါ)​ဘယ်သောအခါမှ...
01/04/2023

အင်္ကြန် Discount | Course အားလုံး​ 50,000 Ks | (15) ဦးသာ

(⚠️ သင်္ကြန်ပြီးတာနဲ့မည်သည့် Discount မှမရှိတော့ပါ)​

ဘယ်သောအခါမှမရှိဖူးတဲ့ Discount လေးလုပ်ပေးလိုက်ပါပြီ။ အခြေခံကနေ​ လုပ်ငန်းခွင်ဝင်နိုင်သည်အထိလေ့လာရမည်ဖြစ်ပြီး​ အတန်း​ ပြီးတာနဲ့​ Certificate ရှိမှာ​ဖြစ်ပါတယ်။
(Course​ အသေး​စိတ်ကို​ Pin​ Post​ မှာလေ့လာနိုင်ပါတယ်။)​

အဓိကလေ့လာရမည့် Course
မူလ Fees
- Bootstrap​ (60,000 Ks)
- Tailwind (60,000 Ks)
- React (150,000 Ks)

ယခု Discount
ပထမဆုံးအပ်သူ​ Early Bird (15)​ ယောက်ကိုသာ Bootstrap, Tailwind and React သုံးခုကို 50,000 ကျပ်ဖြင့်လေ့လာနိုင်မှာဖြစ်ပါတယ်။ အတန်း​အပ်​မည့်သူများ​ ဆိုပြီး​ Chat​ Box​ သို့ပေးပို့အတန်းအပ်နိုင်ပါတယ်။

Address

London

Alerts

Be the first to know and let us send you an email when Digital Hunter posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Digital Hunter:

Share