01/09/2026
မင်္ဂလာပါရှင် 🙏
🌟 ကျွန်မတို့ရဲ့ UPT အမှတ်တံဆိပ်လေးဟာ လွန်ခဲ့သော နှစ်ပေါင်း (၄၀)ထဲက စတင်ခဲ့တာဖြစ်ပြီး အခုချိန်ထိတိုင်အောင် အောင်မြင်စွာနဲ့ရပ်တည်လျက်ရှိပါတယ်။ UPT E&E မှ ထုတ်လုပ်တဲ့ ပစ္စည်းတွေဟာ နှစ်ပေါင်းများစွာ ကြာရှည်ခံသုံးစွဲနိုင်တာ သုံးစွဲသူအပေါင်း အသိပင်ဖြစ်ပါတယ်။ 😊
🌟UPT ထုတ်ကုန်တစ်ခုဖြစ်တဲ့ မီးအားမြှင့်စက်သည် ပြည်တွင်းမှာ ထုတ်လုပ်ပြီး နိုင်ငံခြားမှ စံချိန်စံညွှန်းမှီအရည်အသွေးမြင့်တဲ့ ကုန်ကြမ်းများကို အသုံးပြုထား ပါတယ်။ မီးအားကို မြှင့်တင်ပေးသည့်အခါ မည်သည့်နည်းဖြင့် တင်ပေးရသည်ဖြစ်စေ လျှပ်စစ်အသုံးအဆောင် ပစ္စည်းများ လိုချင်သော ဗို့အားအတိုင်းအတာကို တင်ပေးနိုင်ဖို့သာ အရေးကြီးပါတယ်။ Relay Type ဖြစ်စေ Motor Type ဖြစ်စေ လျှပ်စစ်အသုံးအဆောင်ပစ္စည်းများ၏ အလုပ်လုပ်နိုင်သော ဗို့အား (working range) အတွင်း ရှိနေလျှင် ၎င်းပစ္စည်းများအသုံးပြုနိုင်မည် ဖြစ်ပါတယ်။ 😊
🌟လျှပ်စစ်အသုံးအဆောင်ပစ္စည်းများ လိုအပ်သော ဗို့အားသည် တသမတ်တည်း (Constant) ကိန်းသေ ရှိရမည်မဟုတ်ပါ။ သူ့ရဲ့ လိုအပ်သော အတိုင်းအတာအတွင်ရှိနေဖို့ပဲ လိုအပ်တာပါ။ တသမတ်တည်း ရှိမှဖြစ်မယ် ဆိုသော ၎င်းလျှပ်စစ်ပစ္စည်းများသည် အကြမ်းမခံ နုနယ်သော ပစ္စည်းများ ဖြစ်နေပါမယ်။ စျေးကွက် တွင်လည်း ရောင်းတမ်းမ၀င်တော့ပါ။ ဘယ်လျှပ်စစ်ပစ္စည်းမဆို သူ၏ အလုပ်လုပ်နိုင်သော ဗို့အားသည် ကွာခြားမှုဆိုတာ ရှိရပါမယ်။ ဥပမာ မြန်မာပြည်မှာ 230 V သုံးတာဖြစ်၍ သူ၏ အလုပ်လုပ်နိုင်သော အတိုင်းအတာ (Working range) သည် (200V 230V) ကြားရှိနေလျှင် အသုံးပြုလို့ရတဲ့ ဗို့အားဖြစ်ပါတယ်။ 220V အတိအကျ ရမှ အလုပ်ဖြစ်မယ် မဆိုလိုပါဘူး (±) 5% (သို့) 7% လောက်တော့ရှိလည်း အသုံးပြု၍ ရပါတယ်။ အခုခေတ် အသုံးပြုနေကြသော Solar System Inverter များ၏ ချာဂျင်သွင်းစနစ်သည်လည်း ၎င်းအတိုင်းဖြစ်ပါတယ်။
🌟UPT အမှတ်တံဆိပ် မီးအားမြှင့်စက်များသည် Solar System Inverter များ ချာဂျင်သွင်းရာတွင် လိုအပ်သော ဗို့အားကိုတင်ပေးနိုင်၍ သုံးစွဲသူအများအပြား အဆင်ပြေပြေအသုံးပြုနေကြပါတယ်။ မီးအားကို အလိုအလျောက် မြှင့်ပေးရသော Automatic စနစ်တွင် Relay Type နှင့် Motor Type ဆိုပြီး စနစ်တွေ ရှိကြပါတယ်။ Type နှစ်ခုစလုံးမှာတော့ အားနည်းချက်၊ အားသာချက်တွေရှိပါတယ်။ မီးအား အတက်အကျ ကြမ်းလျှင် ဘယ်စနစ်မဆိုအထိအခိုက်တော့ရှိပါတယ်။ Motor Type ဆို မီးအားအတက်အကျ ထိန်းပေးရသော စနစ်ဖြစ်တဲ့ မော်တာပင်နယံ ရှိ ကာဗွန်တွေစားမယ်၊ လောင်မယ်၊ Relay Type ဆိုလျှင်လည်း ပွိုင့်သားတွေ စားမယ်။ Relay Type ကတော့ Relay ပွိုင့်သာတွေလောင်သွားလျှင် Relay အသစ်လဲလို့ရတယ်။ လဲရတာလည်း လွယ်ကူတယ်၊ ကုန်ကျစားရိတ်လဲ သက်သာတယ်။ ပြည်တွင်းမီးအား အခြေအနေ နေရာဒေသအလိုက် ဒီဇိုင်း ထုတ်ထားသည့် UPT အမှတ်တံဆိပ်သည် မီးအားအတက်အကျ၊ မီးပျက်မီးလာသည့် အချိန်လည်း သုံးစွဲသူများ၏ အိမ်အတွက် တိုင်ပေါ်၌ Breaker ပြုတ်ကျခြင်း Over voltage ကြောင့် ပြတ်တောက်သွားခြင်း အလျှင်းမရှိပါ။ UPT တံဆိပ် Relay Type သည် Relay များနှင့် Step မှန်မှန်တင်ပေးပြီး ဓာတ်အားပြတ်တောက် သွားခြင်း မရှိအောင် နည်းစနစ်သစ်ဖြင့် ထုတ်လုပ်ထားပါတယ်။ မိမိအသုံးပြုချင်သော လျှပ်စစ်ပစ္စည်းများ ဖြစ်သည့် Solar System Inverter အားသွင်းတာ၊ လေအေးပေးစက်၊ မော်တာအစရှိသည့် လျှစ်စစ်အသုံးအဆောင်ပစ္စည်းများကို လိုချင်တဲ့ ဗို့အားကို တင်ပေးနိုင်လို့ စိတ်ချယုံကြည်စွာဖြင့် အသုံးပြုနိုင်ပါတယ်။
🌟ကျွန်မတို့ UPT အမှတ်တံဆိပ်သည် Main Coil ကို ကြေးကြိုး Enamelled Copper Wire ဖြင့်သာ အသုံးပြုထားပြီး ၀န်အား ( Capacity ) အပြည့်အ၀ ထုတ်လုပ်ထားပါတယ်။ ပြည်တွင်းဖြစ် မီးအားမြှင့်စက် တွေဟာ မြန်မာနိုင်ငံမီးအား အခြေအနေနှင့် ကိုက်ညီအောင် စီမံထုတ်လုပ်ထားလို့ ပြည်တွင်းဖြစ်ကိုသာ အားထား အသုံးပြုသင့်ပါတယ်...
🌟အခုဆိုရင် UPT အမှတ်တံဆိပ်တွေဟာ မိုးရာသီ အထူး Promotion ရှိပါတယ်။ အိမ်သုံး 2KVA, 3KVA, 4KVA များကို 20% Discount ပေးပြီး ကျန် KVA အရွယ်အစားများကို အခမဲ့ဆင်၊ အခမဲ့(ရန်ကုန်မြို့အတွင်း) ပို့ဆောင်ပေးခြင်းများ ပြုလုပ်ပေးနေပါတယ်။ မိတ်ဟောင်းမိတ်သစ်များ ဝယ်ယူအားပေးနိုင်ပါတယ်ရှင်
ဖုန်း 09-5019348, 09885019348, 09798451530 ကို ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင် 😊😊😊