AGT Company Limited

AGT Company Limited welcome to AGT Company Limited

28/06/2025

1) Chief Auditor မ (၁) ဦး
B.Com ဘွဲ့ရဖြစ်ရမည်။ CPA, LCCI Level-3 အောင်မြင်ပြီးသူဖြစ်ရမည်။စာရင်းစစ် လုပ်ငန်းအတွေ့အကြုံ (၅)နှစ်နှင့် အထက် ဖြစ်ရမည်။ အသက်(၃ဝ-၅၀) ကြားဖြစ်ရမည်။ဝင်ငွေလျာထားချက်နှင့် ထွက်ငွေလျာထားချက်များ ဆွဲနိုင်ရ မည်။Trial balance ထိ ဆွဲနိုင်ရမည်။အခွန်ကိစ္စပိုင်းတွင် နားလည်ရမည်။ လုပ်ငန်းကိုဦးဆောင်နိုင်စွမ်းရှိပြီး ဝန်ထမ်းများ အားကောင်းစွာစီမံအုပ်ချုပ်နိုင်ရမည်။

2) Senior Auditor ကျား/ မ (၃) ဦး
B.com, B.Act ဘွဲ့ရ၊ LCCI Level- l,ll,III အောင်မြင်ပြီးသူဖြစ်ရမည်။ ငွေစာရင်း၊ အကြွေးစာရင်းနှင့် ကုန်ပစ္စည်းစာရင်း စစ်ဆေးခြင်း လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး(၂)နှစ်ရှိရမည်။ နယ်ရုံးခွဲများအား သွားရောက် တာဝန်ယူ စစ်ဆေးနိုင်ရ မည်။Computer (Microsoft Word,Excel) ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။ အကျင့်စာရိတ္တကောင်းမွန်ပြီး ပူးပေါင်း ဆောင်ရွက်နိုင်သူဖြစ်ရမည်။

3) Junior Auditor ကျား / မ (၂) ဦး
- B.Com ဘွဲ့ရ (သို့) တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရဖြစ်ရမည်။
- LCCI Level I, II အောင်မြင်ပြီးသူဖြစ်ရမည်။
- Computer (Word , Excel, power point ) ကျွမ်းကျင်ရမည်၊ မြန်မာဖောင့်ရိုက်တက်ရမည်။
- လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၁) နှစ်ရှိရမည်။
- အကျင့်စာရိတ္တကောင်းမွန်ပြီး ပူးပေါင်းဆောင်ရွက်နိုင်သူဖြစ်ရမည်။

4) Accountant မ (၅) ဦး
B.com, B.Act ဘွဲ့ရ၊ LCCI Level – III အောင်မြင်ပြီးသူဖြစ်ရမည်။ MIT Software တွင်စာရင်းသွင်းခြင်း၊ Account Heading ခွဲခြင်း၊ Daily Cash Flow၊ Checking Ledger နှင့်ပတ်သက်၍ လုပ်ငန်း အတွေ့အကြုံ အနည်းဆုံး(၂)နှစ်ရှိရမည်။ Computer (Microsoft Word,Excel) ကျွမ်းကျင်စွာအသုံးပြု နိုင်ရမည်။ အကျင့်စာရိတ္တကောင်းမွန်ပြီး ပူးပေါင်း ဆောင်ရွက်နိုင်သူဖြစ်ရမည်။

5) Junior Account မ (၁) ဦး
ဘွဲ့ရဖြစ်ရမည်။ LCCI Level I,II အောင်မြင်ပြီးသူ ဖြစ်ရမည်။ Site Budget Palan ဆွဲပေးခြင်း၊ Site Profit & Loss ဆွဲခြင်း နှင့်ပတ်သက်၍ လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး(၁)နှစ်ရှိရမည်။ Computer (Microsoft Word,Excel) ကျွမ်းကျင်စွာအသုံးပြုနိုင်ရမည်။ အကျင့်စာရိတ္တကောင်းမွန်ပြီး ပူးပေါင်း ဆောင်ရွက်နိုင်သူဖြစ်ရမည်။

🔺 လစာ - ညှိနှိုင်း
🔺အလုပ်ချိန် - 9:00 am မှ 6:00 pm အထိ
🔺ရုံးပိတ်ရက် - တနင်္ဂနွေ၊ အများပြည်သူရုံးပိတ်ရက်
🔺Ferry စီစဉ်ပေးပါသည်။
🔺နယ်မှလာသူများ အဆောင်စီစဉ်ပေးပါသည်။

🔶 A-G-T Company Limited 🔶
🔺လိပ်စာ - အမှတ်(၁၅၀)၊ရွှေယင်းမာလမ်း၊(၁၃)ရပ်ကွက်၊ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့။
🔺ဆက်သွယ်ရန်ဖုန်း ️ 09454081308
🔺📧 Email - [email protected]

"ရုံးပိတ်ရက်အသိပေး‌ကြေညာခြင်း"     ၂၀၂၃ခုနှစ်၊ဧပြီလ (၉)ရက်နေ့မှ (၁၇)ရက်နေ့သည်"မြန်မာ့နှစ်သစ်ကူးရုံးပိတ်"ရက်ဖြစ်ပြီး အမျာ...
06/04/2023

"ရုံးပိတ်ရက်အသိပေး‌ကြေညာခြင်း"

၂၀၂၃ခုနှစ်၊ဧပြီလ (၉)ရက်နေ့မှ (၁၇)ရက်နေ့သည်
"မြန်မာ့နှစ်သစ်ကူးရုံးပိတ်"ရက်ဖြစ်ပြီး အများပြည်သူရုံးပိတ်ရက်အဖြစ်သတ်မှတ်ထားပါအဖြင့် အဆိုပါနေ့များတွင် AGT Company Limited လည်း ပိတ်ထားမည်ဖြစ်ပါကြောင်း လေးစားစွာဖြင့်အသိပေး‌‌ကြေညာအပ်ပါသည်။

မေးမြန်လိုသည်များကို page messenger တွင် ဝင်ရောက်မေးမြန်းထားနိုင်ပါတယ်ခင်ဗျာ။

ရုံးပိတ်ရက်(9.4.2023~17.4.2023)

လူကြီးမင်းတို့အမေးများပြီး၊ အထာကျကျအားသွင်းလို့ရမယ့်  "𝐀-𝟏𝟖𝟔  𝐃𝐞𝐬𝐤𝐭𝐨𝐩 𝐂𝐡𝐚𝐫𝐠𝐞𝐫" ပစ္စည်းရောက်ပါပြီခင်ဗျာ။😍ပစ္စည်းကုန်တာမြန...
04/04/2023

လူကြီးမင်းတို့အမေးများပြီး၊ အထာကျကျအားသွင်းလို့ရမယ့် "𝐀-𝟏𝟖𝟔 𝐃𝐞𝐬𝐤𝐭𝐨𝐩 𝐂𝐡𝐚𝐫𝐠𝐞𝐫" ပစ္စည်းရောက်ပါပြီခင်ဗျာ။😍

ပစ္စည်းကုန်တာမြန်လို့ အခုပဲ 𝐏𝐚𝐠𝐞 𝐦𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 (𝐨𝐫) 𝟎𝟗𝟖𝟖𝟓𝟏𝟏𝟖𝟖𝟎 ကိုဆက်သွယ်မှာယူထားမှ စိတ်ချရပါမယ်။

𝐂𝐡𝐚𝐫𝐠𝐞𝐫 ခွက်လေးထဲစိုက်ထားလိုက်ရုံနဲ့လွယ်တကူ အားသွင်းနိုင်မည့် " 𝐀𝐆𝐓 𝐀-𝟏𝟗𝟑 𝐃𝐞𝐬𝐤𝐭𝐨𝐩 𝐂𝐡𝐚𝐫𝐠𝐞𝐫" အားသွင်း မြန်ပြီး အချိန်ကိုsa...
29/03/2023

𝐂𝐡𝐚𝐫𝐠𝐞𝐫 ခွက်လေးထဲစိုက်ထားလိုက်ရုံနဲ့
လွယ်တကူ အားသွင်းနိုင်မည့် " 𝐀𝐆𝐓 𝐀-𝟏𝟗𝟑 𝐃𝐞𝐬𝐤𝐭𝐨𝐩 𝐂𝐡𝐚𝐫𝐠𝐞𝐫"

အားသွင်း မြန်ပြီး အချိန်ကိုsaveဖြစ်စေပါတယ်

အားသွင်းနေရင် မီးနီလေးပြပြီးအားပြည့်သွားရင် မီးစိမ်းလေးပြမှာဖြစ်ပါတယ်။

စားပွဲပေါ်မှာ တင်ထားလိုက်ရုံ နဲ့ smartကျကျ အားသွင်းနိုင်မှာပါ။

𝗣𝗮𝗴𝗲 𝗺𝗲𝘀𝘀𝗲𝗻𝗴𝗲𝗿 (𝗼𝗿) 𝟎𝟗𝟖𝟖𝟓𝟏𝟏𝟖𝟖𝟖𝟎သို့အသေးစိတ်မေးမြန်းဆက်သွယ်မှာယူနိုင်ပါတယ်ခင်ဗျာ။

✅Customerရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ 𝐀𝐆𝐓 က အမြဲအတူတူ ရှိနေမှာပါ ။

AGT🏢 Co.,Ltd - အမှတ်(၁၅၀)၊ ရွှေယင်းမာလမ်း၊ ၁၃ရပ်ကွက်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။

"𝐀-𝟏𝟗𝟑 𝐖𝐚𝐥𝐤𝐢𝐞 𝐓𝐚𝐥𝐤𝐢𝐞 𝐚𝐜𝐜𝐞𝐬𝐬𝐨𝐫𝐢𝐞𝐬(အပိုပစ္စည်းများ)    လိုအပ်နေပြီလားခင်ဗျာ😍"'အခုပဲ 𝐏𝐚𝐠𝐞 𝐦𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 (𝐨𝐫) 𝟎𝟗𝟖𝟖𝟓𝟏𝟏𝟖𝟖𝟖𝟎 ကို ဆက...
23/03/2023

"𝐀-𝟏𝟗𝟑 𝐖𝐚𝐥𝐤𝐢𝐞 𝐓𝐚𝐥𝐤𝐢𝐞 𝐚𝐜𝐜𝐞𝐬𝐬𝐨𝐫𝐢𝐞𝐬(အပိုပစ္စည်းများ) လိုအပ်နေပြီလားခင်ဗျာ😍"'

အခုပဲ 𝐏𝐚𝐠𝐞 𝐦𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 (𝐨𝐫) 𝟎𝟗𝟖𝟖𝟓𝟏𝟏𝟖𝟖𝟖𝟎 ကို ဆက်သွယ်လိုက်ပါ။

✅𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ 𝐀𝐆𝐓က အမြဲအတူရှိနေမှာပါ။

21/03/2023

Log in , Log out ,password change နည်းလေး အခက်တွေ့နေသော Customersများအတွက် ပြန်လည်မျှဝေလိုက်ပါတယ်။

𝐖𝐚𝐥𝐤𝐢𝐞 𝐓𝐚𝐥𝐤𝐢𝐞 𝐒𝐞𝐫𝐯𝐢𝐜𝐞 လိုအပ်နေလားခင်ဗျာ?𝐏𝐚𝐠𝐞 𝐦𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 (𝐨𝐫) 𝟎𝟗𝟖𝟖𝟓𝟏𝟏𝟖𝟖𝟎ကို အခုပဲဆက်သွယ်လိုက်ပါ။🥰✅𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫ရဲ့ လိုအပ်ချက်ကိ...
03/03/2023

𝐖𝐚𝐥𝐤𝐢𝐞 𝐓𝐚𝐥𝐤𝐢𝐞 𝐒𝐞𝐫𝐯𝐢𝐜𝐞 လိုအပ်နေလားခင်ဗျာ?

𝐏𝐚𝐠𝐞 𝐦𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 (𝐨𝐫) 𝟎𝟗𝟖𝟖𝟓𝟏𝟏𝟖𝟖𝟎ကို အခုပဲဆက်သွယ်လိုက်ပါ။🥰

✅𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ 𝐀𝐆𝐓က အမြဲအတူရှိနေမှာပါ။

A-186(Walkie talkie) အသုံးပြုနေသောလူကြီးမင်းများခင်‌ဗျာ၊ A-186 ခါးချိတ်၊တိုင်နှင့် Battery(ဘတ်ထရီ)အပိုပစ္စည်းများရရှိနို...
07/02/2023

A-186(Walkie talkie) အသုံးပြုနေသောလူကြီးမင်းများခင်‌ဗျာ၊

A-186 ခါးချိတ်၊တိုင်နှင့် Battery(ဘတ်ထရီ)အပိုပစ္စည်းများရရှိနိုင်ပါပြီဗျ😍

ဈေးနှုန်းများကိုပုံနှင့်တကွရေးပေးထားပါတယ် ။

မှာယူလိုပါက 09885118880 (or) page messengerမှတစ်ဆင့်ဆက်သွယ်မှာယူနိုင်ပါတယ်ခင်ဗျ။

✅Customer ရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းဖို့AGTကအမြဲအတူရှိနေမှာပါ။

01/02/2023

တစ်လမှ လစာငွေ နှစ်သိန်းသာရသောအဖေက
ဒီဟောပြောပွဲကို သွားနားထောင်ရင်
ကျနော့်ကို မုန့်ဖိုး တစ်သိန်းပေးမယ်လို့
စည်းရုံးထားတယ်လေ။

လက်မှတ်ကြေးက တစ်စောင်ကို တစ်သောင်းနှုံး၊လက်မှတ်ငါးစောင်ဖြတ်ပေးလိုက်တယ်။
ကျနော့်ရဲ့ ဆိုးဖော်ဆိုးဖက်
သူငယ်ချင်းတွေအတွက်ရောပေါ့။

ဒီနေ့ ဒီဟောပြောပွဲကို
တက်ရောက်ကြားနာခဲ့ခြင်းဟာ
ဘဝမှာ အမှန်ဆုံးအလုပ်တစ်ခုဖြစ်မယ်ဆိုတာ
ကျနော်မသိသေးဘူး။

ခန်းမထဲမှာ လူတွေအပြည့်ပဲ။

တချို့က မိသားစုလိုက်။
တချို့က စုံတွဲခုတ်လာကြတယ်။
တချို့က ကျနော်တို့လို ဘော်ဒါအဖွဲ့။

စင်ပေါ်ကို လူတစ်ယောက် တက်လာတယ်။

မျက်နှာက ပြုံးပြုံးရွှင်ရွှင်နဲ့…
ထူးထူးခြားခြားတောက်ပနေတာက
သူ့ရဲ့ ယုံကြည်မှုရှိတဲ့ ဟန်ပန်ပဲ။

နိုင်ငံသိ ကျော်ကြားအောင်မြင်သူဆိုတော့လည်း
ဒီလို confidence ရှိနေတာ မဆန်းပါဘူး။
ဒါပေမယ့် သူက ဟိတ်ကြီးဟန်ကြီးမဟုတ်ဘူး။တကယ်ကို ပေါ့ပေါ့ပါးပါးနဲ့။
ဂျင်းဘောင်းဘီဝတ်ထားတယ်။
တီရှပ်တစ်ထည်ဝတ်ထားတယ်။

မြန်မာ့အဆင့် ၁သူဌေးကြီးလို့
ဘယ်သူထင်မှာလဲ။
"မင်္ဂလာပါ။ကျနော် ကျော်စွာပါ။”
မိတ်ဆက်ပုံက ဒီလောက်ပဲ။

နိုင်ငံတော်က ချီးမြှင့်ထားတဲ့
သူဌေးဘွဲ့ကို သူမရွတ်ပြဘူး။

"ကျနော်က ဟောပြောချင်တာမဟုတ်ဘူးဗျ။
ပြောပြချင်တာ။ဒီနှစ်ခုမတူဘူးနော်။
အပေါ်စီးကနေသင်ကြားပေးချင်တာမဟုတ်ဘူး။နှလုံးသားက လာမယ့်စကားတွေကို
နှလုံးသားထဲ တိုက်ရိုက် မျှဝေပေးချင်တာ။

ကျနော်က စကားပြောသိပ်ကောင်းတာတော့ မဟုတ်ဘူး။ဒါကြောင့် ရူပါနဲ့ပဲ ထိန်းထားရတာ။
အောင်မြင်တဲ့ နိဒါန်းပဲလား။

လေးလံခမ်းနားတဲ့ ဘွဲ့တံဆိပ်တွေနဲ့ သီရိသုဓမ္မ
ဘာညာသူဌေးကြီးက ဒီလို ပေါ့ပေါ့ပါးပါးလေး အရွှန်းဖောက်တော့ ပရိတ်သတ်က ပြုံးစိပြုံးစိ
ဖြစ်သွားတယ်။

"ကျနော်က သူဌေးဖြစ်နည်းကို ဟောပြောမှာ မဟုတ်ဘူးနော်။ကျနော့်ညီ ကျနော့်ညီမတွေလို လူငယ်တွေအတွက် ဘဝနေနည်းလေး
အကြံပြုချင်တာပါ။

တစ်ခါက ဘုရင်ကြီးတစ်ပါးက အမတ်တွေကို
ပြောတယ်။ကမ္ဘာအရပ်ရပ်က
လူသားသမိုင်းတွေကို လေ့လာချင်တယ်တဲ့။
အဲ့ဒိခေတ်က စာရွက်မပေါ်သေးလို့
ဆိတ်သားရေ၊နွားသားရေမှာ
စာရေးနေရတဲ့ခေတ်လေ။
ဘုရင့်နန်းတော်ရှေ့မှာ
လှည်းအစီးထောင်ပေါင်းများစွာဟာ
သားရေပြားတွေတင်ပြီး ရောက်နေတယ်။

ဘုရင်က အံ့သြတကြီးနဲ့
"အဲ့ဒါဘာတွေလဲ”ဆိုတော့ အမတ်ကြီးက
ကမ္ဘာအရပ်ရပ်က လူသားသမိုင်းတွေကို
သုံးနှစ်သုံးမိုးပြုစုထားတာပါတဲ့။

"ငါဘယ်လိုလုပ် ဖတ်နိုင်မှာလဲ အမတ်ကြီးရဲ့။
ခပ်တိုတိုလေး ပြန်ပြုစုပေး”

အဲ့ဒီအချိန်မှာ အမတ်ကြီးက သူဆောင်ယူလာတဲ့ သားရေပြားချပ်လေးကို ပေးလိုက်ရင်း

"ဒါကမ္ဘာအရပ်ရပ်က လူသားသမိုင်းပါ
အရှင်မင်းကြီး”

မင်းကြီးမျက္မှောင်ကုပ်သွားတယ်။
လူသားသမိုင်းတဲ့။ရေးထားတော့
စာကနှစ်ကြောင်းတည်း။

"သူတို့ မွေးဖွားလာကြသည်။
သူတို့ သေဆုံးသွားကြသည်။”

အဲ့ဒါဘဝပဲ။

နိဒါန်းက မွေးဖွားခြင်း။နိဂုံးက
သေဆုံးခြင်း။သတ္တဝါတိုင်း အတူတူချည်းပဲ။

ကျနော်လည်း ဒီမွေးဖွားခြင်းနဲ့ သေဆုံးခြင်းရဲ့
ကြားကာလမှာ ရုန်းကန်ရွေ့လျားနေတဲ့
လူတစ်ယောက်ပဲ။ကျနော်ဘယ်လိုနေခဲ့လဲ။

ကျနော်လည်း ညီလေးတို့ ညီမလေးတို့လို ကျောင်းသားလူငယ်ဘဝကိုဖြတ်သန်းခဲ့ဖူးတယ်။ဆိုးခဲ့ဖူးတယ်။တေခဲ့ဖူးတယ်။ပေခဲ့ဖူးတယ်။

ဘဝမှာ ကြက်ခြေခက်တွေ အပြည့်နဲ့။

ဘဝပျောက်လောက်အောင်တော့
မဆိုးခဲ့ဘူးပေါ့။ကျနော့်အဖေကမှာတယ်။

မင်းကြိုက်သလောက်ပျော်ပါ။ဒါပေမယ့်
အိမ်ကိုတော့ ရောက်အောင်ပြန်ခဲ့ပါတဲ့။

ဒါကို ဒဿနတစ်ခုလို့ ကျနော်မသိဘူး။

အခွင့်အရေးတစ်ခု၊လွတ်လပ်ခွင့်တစ်ခုလို့ပဲ
ထင်ခဲ့တာလေ။ညလုံးပေါက် ဂစ်တာတွေတီး၊
သီချင်းတွေဆို၊ဘော်ဒါတွေနဲ့မူးယစ်ပျော်ပါး။
မနက်လေးနာရီလောက်မှ အိမ်ပြန်ဖြစ်တဲ့
နေ့တွေက မနည်းလှဘူး။

ရက်တွေကြာလာတော့ အဖေက ပြောတယ်။

"သား ကြိုက်သလောက်ပျော်ပါ။
သားအပျော်ကြူးတာနဲ့
တိုက်ရိုက်အချိုးတူစွာ အဖေတို့
စိတ်ပူရတယ်။ဒါကြောင့် ဘယ်အချိန်ပဲဖြစ်ဖြစ်
သားအတွက် ဘေးကင်းမယ့် ဒီအိမ်လေးမှာ
တစ်ထောက်ပြန်နားပါသား။

သားဘယ်နေရာမှာမူးမှောက်ပြီး အိပ်ပျော်နေမလဲ။ဘယ်နေရာမှာ ရန်တွေဖြစ်ပြီး
အရိုက်အနှက်ခံနေရမလဲ။ဖေဖေတို့
စိတ်ပူနေရတယ်။

မနက်လင်းလို့ အိပ်ရာပေါ်မှာ ဘေးကင်းကင်းနဲ့ အိပ်မောကျနေတဲ့ သားကိုမြင်မှ အဖေတို့
တစ်ရက်စာ စိတ်အေးရတယ်”တဲ့

ကျနော်မသိခဲ့ဘူး။

ကျနော့်ရဲ့ ပျော်ပါးခြင်းဟာ မိဘကို စိတ်ပူပန်စေတယ်ဆိုတာ ကျနော်မသိဘူး။ကျနော်ပဲ ပျော်ချင်တာ။ကျနော့်တစ်ကိုယ်စာလေးပဲ ကျနော်တွေးခဲ့တာ။

အဲ့ဒီနောက်ပိုင်း တော်ရုံတန်ရုံအကြောင်းမရှိရင်
ကျနော့်အိမ်ပြန်ချိန်တွေ ဥာဉ့်မနက်တော့ဘူး။
ကျနော့်ကြောင့် မိဘကို စိတ်ပူစေမယ့်
ဘေးကို အတတ်နိုင်ဆုံးအေးစေခဲ့တယ်။

အမေကတော့ အဖေ့ကို ပြောတယ်။

"ရှင့်နည်းက စွန့်စားလွန်းရာမကျဘူးလား။
၂နှစ်နီးပါးလောက် သားလေးကို ပရမ်းပတာ လွှတ်ပေးခဲ့တာ အန္တရာယ်သိပ်များတယ်။
ဒီကြားထဲ တစ်ခုခုဖြစ်သွားတဘယ့်နှယ့်လုပ်မလဲ”တဲ့။

ကျနော့် စိတ်ထဲမှာစူးစူးနင့်နင့်နားလည်လိုက်
တာက မိဘအိမ်ဆိုတာ သားသမီးတွေအတွက် လုံခြုံဘေးကင်းရာအရပ်ပဲ။
ညီလေးတို့ ညီမလေးတို့လည်း လူငယ်ပီပီ
ရူးမိုက်ပျော်ပါးချင်လိမ့်မယ်။
ပျော်ပါးဖူးလိမ့်မယ်။

ဒါပေမယ့်

မိဘတွေဘက်က ဝင်တွေးကြည့်ပါ။
မင်းတို့အတွက် မိဘအိမ်ဟာ ဘေးကင်း
လုံခြုံရာအရပ်ပဲ။
ရောက်အောင်ပြန်ပါ။

ကျနော်ဒုတိယနှစ်ရောက်တော့ ရည်းစားရနေပြီ။အရူးအမဲသား စားရသလိုပေါ့ဗျာ။
အခုမှ ဣတ္ထိယနဲ့ ထိတွေ့ဖူးတော့
ကြားလေသွေးရင်တောင်
ဝေးတယ်လို့ ထင်မိတာမျိုး။

တစ်ရက် အဖေက မေးတယ်။

" သား ချစ်သူရပြီလား”တဲ့
"ဟုတ်ကဲ့”လို့ ဖြေတော့
"မင်းဘယ်မှာ နေမလဲ။ဘာအလုပ်လုပ်စားမလဲ။
မင်းဘဝရည်မှန်းချက်က ဘာလဲလို့
မေးတယ်။မေးခွန်းက ရိုးရှင်းသလောက်
အဖြေကသိပ်ခက်တယ်။ခက်တာထက်ကို
ပိုပါတယ်။အဖြေက ရှိကိုရှိမနေတာ။
အဖေက ဘာမှဆက်မမေးတော့ဘူး။

ဟုတ်တယ်။

ဒါက အဖေ ကျနော့်ကို မေးရမယ့်မေးခွန်း
မဟုတ်ဘူး။ကျနော့်ကို ကျနော်မေးရမှာ။
ငါဘာအလုပ်လုပ်မှာလဲ။
ငါ့ရည်မှန်းချက်ကဘာလဲ။
ကိုယ်လျှောက်မယ့်လမ်းတောင် ကိုယ်မဖောက်ရသေးတဲ့အဖြစ်ပါ။
တကယ်က လမ်းပျောက်နေတာမဟုတ်ဘူး။
လမ်းကို မရှိခဲ့တာ။

ညီလေးတို့ ညီမလေးတို့မှာရော
ရည်မှန်းချက်လမ်းတွေ ရှိကြပြီလား။

ဒီလိုနဲ့ စီးပွားရေးဘက်ကို အထူးပြုလေ့လာမယ်
ဆိုပြီး စီးပွားရေးဘက်ကို စလေ့လာတယ်။
စာတွေဖတ်တယ်။ကိုယ်ပိုင်လုပ်ငန်း
လုပ်နေကြတဲ့သူတွေကို အောက်ကျို့ခံပြီး
မေးခွန်းတွေမေးတယ်။သင်ယူတယ်။

ပညာရှာ ပမာ သူတောင်းစားမဟုတ်လား။

သိလိုသူက မာန်ချထားရတယ်။
ပြဿနာ အသစ်တစ်ခု ထပ်တွေ့လာပြန်ရော။

သမီးရည်းစားပြဿနာပါ။

ရွေးချယ်ခဲ့တုန်းက ရုပ်ရည်ကြိုက်လို့ ရွေးခဲ့တာလေ။သူ့အကျင့်၊သူ့စရိုက် ဘာကိုမှ လေ့လာပြီး ကြိုက်ခဲ့တာမဟုတ်ဘူး။

သူကျနော့်ကို ဖြတ်သွားပြီး နောက်တစ်ယောက်
တွဲသွားတယ်။
လူလည်း ရူးမလိုလို ကြောင်မလိုလို
ဖြစ်သွားသေးတယ်။
သစ္စာမရှိတဲ့ မိန်းမဘာညာပေါ့။ကျိမ်စာတွေတိုက်။အသဲတွေကွဲ၊အရက်တွေမူး။

အဲ့ဒီအချိန်မှာ အဖေကထပ်မေးတယ်။

"သူ့မှာ မင်းကို ဖြတ်ဖို့အခွင့်ရေးမရှိဘူးလား”တဲ့

ဟုတ်တယ်။ဘာစာချုပ်စာတမ်းမှ
ရှိတာမဟုတ်ဘူး။

တစ်သက်လုံးလက်တွဲပါမယ်လို့လည်း
ကတိမပေးထားဘူး။

ကျနော့်ကို သူ မလိုချင်တော့ရင်၊မလိုအပ်တော့ရင် လမ်းခွဲဖို့ သူ့မှာ အခွင့်အရေးရှိနေတာပဲ။
ကျနော်လက်ခံပေးလိုက်တယ်။

နောက်တစ်ခါများတော့ ရည်းစားထားမယ်ဆိုရင်
သူ့ဘက်ကိုလည်း သေချာလေ့လာမယ်။
ကိုယ့်ဘက်ကလည်း သေချာပြင်ဆင်မယ်။
ဒီလိုတွေးဖြစ်လာတယ်။

တစ်သက်လုံး ကိုယ့်အိပ်ရာဘေးမှာ ထားရမယ့် အမျိုးသမီး၊ကိုယ့် အိမ်ရှင်မဖြစ်လာမယ့် အမျိုးသမီးကို တွေ့ကရာမရွေးချယ်မိဖို့
ကိုယ့်ကိုယ်ကို ပြန်သတိပေးရတယ်။

ညီလေးတို့ ညီမလေးတို့ရော ကိုယ့်ကြင်ဖော်ကို ရွေးချယ်တဲ့အခါ စိတ်ခံစားချက်အတိုင်း
ရွေးလိုက်တာလား။ဥာဏ်နဲ့ရော
ပိုင်းခြားစီစစ်ဖြစ်လား။

နောက်တစ်ကြိမ်ရွေးချယ်မှုကတော့
ကျနော့်အတွက် အကောင်းဆုံးဖြစ်ခဲ့တယ်။
အခုလက်ရှိ အိမ်သူသက်ထားပါပဲ။

လူနှစ်ယောက်ချိတ်ဆက်ဖို့ အတွက် တစ်ခုတည်းသော လိုအပ်ချက်က နားလည်မှုပဲ။
သူ့အပြစ် ကိုယ့်အပြစ်၊သူ့အမှား ကိုယ့်အမှား
သူ့အဆိုး ကိုယ့်အဆိုး၊သူ့အားနည်းချက် ကိုယ့်အားနည်းချက်ကို အပြန်အလှန် နားလည်ပေး
ခဲ့ကြတယ်။

ဖုန်းတစ်လုံး အားသွင်းဖို့ adapterလိုတယ်
မဟုတ်လား။Adapterဆိုတာ powerကိုမပေးဘူး။
Powerကိုလည်းမယူဘူး။ပေးသူနဲ့ ယူသူကြားမှာ အဆင်ပြေအောင် ချိန်ညှိပေးတဲ့
deviceတစ်ခုပဲ။
နိုင်ငံရဲ့ power supply systemက 220AC
ဖုန်းကလိုချင်တာ 5amp(အမ်ပီယာ) current.
Adapterမခံဘဲ တိုက်ရိုက် joinလိုက်ရင် ဖုန်းပဲ ဂိသွားလိမ့်မယ်။

ဒါဟာ ပေးသူရဲ့အမှားမဟုတ်သလို ယူသူရဲ့ အားနည်းချက်လည်း မဟုတ်ဘူး။

မတူညီ ကွဲလွဲခြင်းသာ။နားလည်မှု adapterလည်း ကြားခံလိုက်တော့ အပေးအယူမျှတသွားရော။

ဒါကြောင့် ညီလေးတို့
ညီမလေးတို့ ပေါင်းသင်းဆက်ဆံတဲ့အခါ

သူငယ်ချင်းအချင်းချင်းပဲဖြစ်ဖြစ်၊မိဘနဲ့ပဲဖြစ်ဖြစ်၊ချစ်သူချင်းပဲဖြစ်ဖြစ် နားလည်မှုရှိကြပါ။

နားလည်မှုမရှိဘဲ ပေါင်းစပ်လို့ လုံးဝမရဘူး။

အဆီအငေါ်မတည့်ရင် နှစ်ဦးနှစ်ဖက် ထိခိုက်ရ
တတ်တယ်။မိဘက adapterမခံဘဲ 220AC voltageပေးလိုက်လို့ လောင်ကျွမ်းသွားတဲ့
ပျက်စီးသွားတဲ့ ဖုန်းလိုမျိုး သားသမီးတွေ
ဘယ်လောက်တောင် ရှိနေမလဲ။

ဒီလိုနဲ့ စီးပွားရေးကို အစပြုရင်း ဖြတ်လမ်းနည်း
တွေနဲ့ အောင်မြင်ချင်လာတယ်။

သူဌေးကြီးတစ်ယောက်ကို မေးဖူးတယ်။

အောင်မြင်ဖို့ အမြန်ဆုံးနည်းပြောပြပါလို့။

သူဌေးကြီးဖြေသွားတာ သိပ်လှတာပဲ။

သမိုင်းဖြစ်ရပ်လေးတစ်ခုနဲ့ ဥပမာပေးသွားတာ။

ညီတို့ ညီမတို့ကို ဗဟုသုတအဖြစ်၊message
တစ်ခုအဖြစ် မျှဝေချင်ပါတယ်။

မက္ဆီဒိုးနီးယား စစ်ဘုရင် အလက်ဇန်းဒါး
သေဆုံးပြီးနောက္မှာ သူပိုင်တဲ့နယ်မြေတွေကို
သူ့စစ်သူကြီးတွေက ခွဲဝေယူတယ်။

အီဂျစ်မြေကိုယူတဲ့ တော်လမီ ၁ လက်ထက်မှာ
ဘုရင် တော်လမီက Geometryပညာရှင်
ယူကလစ်ဆီက geometryပညာကို အလွယ်သင်ဖို့ ကမ်းလှမ်းတယ်။

ယူကလစ်ရဲ့အဖြေက သိပ်ရိုးရှင်းတယ်။
သိပ်ရဲရင့်တယ်။

"Geometryပညာကိုသင်ဖို့ ရှင်ဘုရင်အတွက်
အထူးနည်းလမ်းမရှိပါဘူး”တဲ့။

ဒါကြောင့် ကျနော်တို့ ဘယ်ပညာကိုပဲ
သင်ယူသည်ဖြစ်ဖြစ် ဝီရိယထည့်ဖို့လိုတယ်။

ခြေထောက်ကနေ ခြေလှမ်းဖြစ်ပြောင်းသွားတာ ဝီရိယကြောင့်ပဲ။ဦးတည်ရာကို ရွေးချယ်တာက
ဥာဏ်ရည်ပေါ့။လျှောက်လမ်းမှာ
ခလုတ်မထိ ဆူးမငြိဖို့က သတိတရားရဲ့
လုပ်ဆောင်ချက်။

ဒီလိုနဲ့ စီးပွားရေးတစ်ခုကို ဇောက်ချလုပ်ဖြစ်
လာတယ်။အတော်အတန်
အောင်မြင်လာတယ်။

ကျနော်နဲ့ ခင်မင်လာတဲ့ သူဌေးကြီးတစ်ယောက်က ကျနော့်ကိုမေးတယ်။ စာဖတ်ဖြစ်လားတဲ့။
အချိန်လည်း သိပ်မအားတာနဲ့ မဖတ်ဖြစ်ဘူးလို့ ပြောတော့

သူဌေးကြီးက

"မင်းအလုပ်ချိန်တွေက ဘယ်လောက်တောင်
တန်ကြေးရှိနေလို့ စာမဖတ်ရတာလဲ။
မင်းရဲ့ နှစ်နာရီလုပ်အားခက တစ်သိန်းလား
နှစ်သိန်းလား။

စာတစ်ပုဒ်ကပေးမယ့် အသိတရားက မင်းရှာနိုင်တဲ့ ငွေထက် အမြဲတန်ဖိုးကြီးတယ်ဆိုတာ မှတ်ထား”တဲ့

တပည့်လိုဖြစ်နေလို့ ခပ်ကြမ်းကြမ်းပြောတယ်
ထင်ပါတယ်။

နောက် လေသံပျော့သွားပြီး

"ငါ့ညီ ကျော်စွာ ဘေဂိတ်ကြရဲ့ တစ်နာရီလုပ်အားခက တို့ထက် အပုံကြီးသာလိမ့်မယ်။
ဒါပေမယ့် ဘေဂိတ်ဇောက်ချလုပ်နေတာ
စာဖတ်ခြင်းပဲ။

လင်ကွန်းကပြောတယ်။ကျုပ်ကို သစ်ပင်ခုတ်ဖို့ အချိန် ခြောက်နာရီပေးရင် လေးနာရီက
ပုဆိန်သွေးနေမှာတဲ့။ငါတို့ အလုပ်လုပ်နေတယ်
ဆိုတာ ဥာဏ်ပုဆိန်နဲ့ သစ်ပင်ခုတ်နေတာ။

စာဖတ်တယ်ဆိုတာ

အဲ့ဒီဥာဏ်ပုဆိန်ကို
သွေးနေရတာ။မင်းပုဆိန်သွေးဖို့ မပျက်ကွက်နဲ့။ပုဆိန်တုံးလာလိမ့်မယ်”တဲ့။

ဒီတော့ ညီလေးတို့ ညီမလေးတို့ကို
ကျနော်ကပြောမယ်။

ကျနော့်အဆင့်နဲ့ အချမ်းသာဆုံးသူဌေးဖြစ်နေရတာ
ကျနော်ဂုဏ်မယူဘူး။
ကျနော့်ထက် ပိုချမ်းသာတဲ့သူပေါ်
လာလို့လည်း
ကျနော်စည်းစိမ်လျော့မသွားဘူး။

နံပါတ် တစ်ဖြစ်နေခြင်းက နှိုင်းရတန်ဖိုးပါ။

ပကတိမှမဟုတ်တာ။

ကျနော်ထက် ပိုချမ်းသာသူပေါ်လာရင်
ကျနော်ထက်ပိုပြီး နိုင်ငံသားတွေကို
အလုပ်အကိုင် အခွင့်အလမ်းတွေ
ဖန်တီးပေးနိုင်လိမ့်မယ်။

ကျနော့်နိုင်ငံကြီး
ဒီထက်ပိုတိုးတက်လာလိမ့်မယ်။
ကျနော်မျှော်လင့်တယ်။

ညီတို့ ညီမတို့လည်း
ပျော်ကြပါ။ဒါပေမယ့် ဘေးကင်းပါစေ။
ဘဝကို ပေါ့ပေါ့ပါးပါးဖြတ်သန်းပါ။

ဒါပေမယ့် ရည်မှန်းချက်ရှိပါစေ။

ချစ်ကြပါ။ဒါပေမယ့် နားလည်မှုရှိပါစေ။
အလုပ်လုပ်ကြပါ။

ဒါပေမယ့်
စာဖတ်ဖို့ အချိန်ရှိပါစေ။
အောင်မြင်ခြင်းမှာ ဂုဏ်ယူကြပါ။ဒါပေမယ့်
မာန်မာနတော့ ကင်းပါစေ။

နိုင်ငံအနာဂတ်အတွက် ညီတို့ညီမတို့ ကိုပဲ
ကျနော်က အားကိုးမျှော်လင့်နေမှာပါ။

ဟုတ်ကဲ့ ကျနော့် စကားကို စိတ်ဝင်တစား နားထောင်ပေးကြလို့ ကျနော် ကျော်စွာက
အားလုံးကို ကျေးဇူးတင်ပါတယ်။

လူကြီးမင်းတို့ ဝယ်ယူလာတဲ့ လက္မှတ်တွေကို
အရောင်းကောင်တာမှာ ဝယ်စျေးအတိုင်း
ပိုက်ဆံပြန်ထုတ်သွားလို့ရပါတယ်။

ဒီနေ့ စကားပွဲလေးဟာ ငွေကြေးအကျိုးအမြတ် လိုချင်လို့ လုပ်တဲ့စကားပွဲမဟုတ်ဘူး။

ဒါပေမယ့် လေးနက္မှု့တစ်ခုရချင်လို့ စည်းစနစ်ကျချင်လို့ ငွေနဲ့ ရောင်းတဲ့သဘောပါ။

လူကြီးမင်းတို့ ငွေပြန်မထုတ်လိုဘူးဆိုရင်လည်း
ဒီငွေတွေဟာ မိဘမဲ့ကလေးကျောင်းကို
အလှုငွေအဖြစ် ရောက်ရှိသွားမှာပါ။

ငွေတစ်သောင်းဟာ တချို့လူတွေအတွက်
သိပ်များနေသေးတဲ့ ပမာဏမို့လို့ ထုတ်ယူမယ်
ဆိုရင်လည်း နားလည်ကြည်ဖြူမှာပါ။”

လက်ခုပ်သံများ မစဲအောင် ထွက်ပေါ်လာသည်။

ကျနော်နဲ့ ကျနော့်သူငယ်ချင်းတစ်သိုက်လည်း လက်ခုပ်ကို အားရပါးရတီးဖြစ်ခဲ့သည်။

တကယ့် ဂါရဝလက်ခုပ်သံပါ။
မုဒိတာလက်ခုပ်သံပါ။
ကျေးဇူးတင်တဲ့ လက်ခုပ်သံပါ။

အိမ်အပြန်လမ်းမှာ ခြေလှမ်းတွေ
တက်ကြွနေသည်။ဘယ်နှစ်ကြိမ်မှန်းမသိ
ကျေနပ်ပြုံးတွေ ပြုံးမိနေသည်။

လက္မှတ်ငါးစောင်အတွက် ငွေငါးသောင်းကို
ကျနော်တို့ ပြန်မထုတ်ယူဖြစ်ခဲ့ပါ။

အဖေပေးမယ့် ငွေတစ်သိန်းလည်း ကျနော်
မလိုချင်တော့။

ကျေးဇူးပါ ဖေဖေရယ်လို့
လိပ်ပြာသန့်သန့်ပြောနိုင်ဖို့
ငွေတစ်သိန်းကြောင့် အပျက်စီးမခံနိုင်ပါ။

နိုင်ငံအတွက်၊မိဘအတွက်၊မိမိအတွက်
အသုံးကျတဲ့ နိုင်ငံသားအဖြစ်၊သားသမီးကောင်းအဖြစ်၊လူသားကောင်းအဖြစ် ကျနော်စတင်
ရတော့မယ်။


-crd

10/01/2023

ယုန်ဖြူလေးက တောင်ခြေက လှိုင်ဂူတစ်ခုရှေ့မှာစာရေးနေတယ်။
မြေခွေးတစ်ကောင်က အနားကပ်လာပြီး ယုန်ကိုမေးတယ်.. “မင်းဘာအကြောင်းရေးနေတာလဲ”
ယုန်ကပြန်ဖြေတယ် [{ အားနွဲ့တဲ့ ယုန်ဖြူငယ်လေးတစ်ကောင်က မြေခွေးကိုဘယ်လိုသတ်စားလိုက်တယ်}] ဆိုတဲ့အကြောင်းလေး.. ။

မြေခွေးက မယုံဘူး၊ ဒါနဲ့ ယုန်က မြေခွေးကိုလှိုဏ်ဂူထဲခေါ်သွားတယ်။
ခဏကြာတော့ ယုန်တစ်ကောင်ထဲ လှိုဏ်ဂူထဲကပြန်ထွက်လာတယ်၊

စာဆက် ရေးတယ်။

တောဝက်တစ်ကောင်က အနားကပ်လာပြီး ယုန်ကိုမေးတယ်.. “မင်းဘာအကြောင်းရေးနေတာလဲ”

ယုန်ကပြန်ဖြေတယ် [{ အားနွဲ့တဲ့ယုန်ဖြူငယ်လေးတစ်ကောင်က တောဝက်ကိုဘယ်လိုသတ်စားလိုက်တယ်}] ဆိုတဲ့အကြောင်းလေး.. ။

တောဝက်ကလည်း မယုံဘူး၊ ဒါနဲ့ ယုန်က တောဝက်ကိုလှိုဏ်ဂူထဲခေါ်သွားတယ်။

နောက်ဆုံး လှိုဏ်ဂူထဲမှာ ခြင်္သေ့တစ်ကောင်က မြေခွေးအရိုးစုနဲ့ တောဝက်အရိုးစု ကြားထဲမှာ မိန့်မိန့်ကြီးထိုင်နေတယ်၊ အင်မတန်ရွှင်ပြုံးနေတဲ့ရုပ်နဲ့ သွားကြားထိုးရင်း ယုန်ကလေး လာပို့တဲ့စာတိုလေးကို ရွတ်ဖတ်ကြည့်လိုက်တယ်..



ဒဿန ~~ လူတစ်ယောက်ရဲ့ စွမ်းရည်ရှိမရှိထက် အဲဒီလူက ဘယ်သူနဲ့လက်တွဲလုပ်နေသလဲအပေါ်မူတည်တယ်၊ သင်ဘယ်လောက်ပဲ အားစိုက်ထုတ်ထုတ် သူဌေး Background မကောင်းရင်အလကားပဲ၊ တစ်ခါတစ်လေ စိုက်ထုတ်မှုထက် ရွေးခြယ်မှုက အများကြီးအရေးပါတယ်၊ တစ်ချက်အရွေးမှားသွားတာနဲ့ နောက်က ကြိုးစားသမျှအချည်းအနှီးပဲ၊ သင်ရွေးခြယ်တဲ့ ကုမ္ပဏီနဲ့ သူဌေးက Backgroundတောင့်ရဲ့လား...

အပိုင်း (၂)

ယုန်ဖြူလေးက ဒီအကြောင်းကို သူ့သူငယ်ချင်းကို လွှတ်ခနဲပြောပြမိလိုက်တယ်၊ သတင်းက ချက်ချင်းကြီး တောအုပ်ထဲမှာ ပျံ့နှံ့သွားတယ်၊ ခြင်္သေ့ကြီးက ဒေါသအရမ်းထွက်သွားတာပေါ့၊

“ ဒီတစ်ပတ်အတွင်း ငါ့ကို အစာမပို့ပေးနိုင်ရင် မင်းကိုသတ်စားပစ်မယ်” လို့ ခြိမ်းခြောက်တယ်

ဒါနဲ့ ယုန်ကလေးက မှိုင်တိုင်တိုင်လေးနဲ့ လှိုဏ်ဂူဝမှာ စာဆက် ရေးတယ်။

ဒရယ်တစ်ကောင်က အနားကပ်လာပြီး ယုန်ကိုမေးတယ်.. “မင်းဘာအကြောင်းရေးနေတာလဲ”

ယုန်ကပြန်ဖြေတယ် [{ အားနွဲ့တဲ့ယုန်ဖြူငယ်လေးတစ်ကောင်က မြေခွေးကိုဘယ်လိုသတ်စားလိုက်တယ်}] ဆိုတဲ့အကြောင်းလေး.. ။

ဒရယ်က တဟက်ဟက်နဲ့ရယ်ပြီးပြန်ပြောတယ်.. “ တစ်တောတောင်လုံးဒီအကြောင်း သိနေပြီ.. မင်းအကွက်ကရိုးနေပြီ.. ဒါတွေ မြို့မှာသွားပြော.. ဟဟ”

ယုန်ကပြန်ဖြေတယ် “ အဲဒီလို တစ်တောတောင်လုံးသိကုန်လို့ပေါ့ ကိုဒရယ်ကြီးရယ်.. ခြင်္သေက ကျနော့်ကို အလုပ်ဖြုတ်မယ်လုပ်နေတယ်၊ ကျနော့်အစား အခြားတစ်ယောက်လိုတယ်တဲ့၊ ကိုဒရယ်ကြီး ဒီရာထူးကို မလိုချင်ဘူးလားဗျာ..”

ဒရယ်တွေဝေသွားတယ်.. နောက်လက်ခံလိုက်တယ်၊ ယုန်နဲ့တူတူ လှိုဏ်ဂူထဲဝင်ပြီးခြင်္သေ့ကြီးကိုသွားတွေ့ဖို့ ဆုံးဖြတ်လိုက်တယ်။

ခဏကြာတော့ ယုန်တစ်ကောင်ထဲ လှိုဏ်ဂူထဲက ပြန်ထွက်လာတယ်၊

စာဆက်ရေးတယ်။ မြင်းတစ်ကောင်ထပ်လာတယ်၊ ခုနလိုပဲပြောပြီးအထဲထပ်ခေါ်သွားတယ်၊

နောက်ဆုံး လှိုဏ်ဂူထဲမှာ ခြင်္သေ့ကြီးက အင်မတန်ရွှင်ပြုံးနေတဲ့ရုပ်နဲ့ သွားကြားထိုးရင်း ယုန်ကလေး လာပို့တဲ့စာတိုလေးကို ရွတ်ဖတ်ကြည့်လိုက်တယ်..

< ဘယ်လိုအခြေအနေပဲရောက်ရောက် Marketing ကောင်းရင် သူဌေးအတွက် ရလာဒ်ဆိုတာ ရှိစမြဲပဲ >

ဒဿန ~~ မိမိတို့ရုံးက ကိစ္စအပြင်မပေါက်ကြားပါနဲ့၊ ပေါက်ကြားမိပြီဆိုရင် အလားတူအတိုင်း အစွမ်းထက်တဲ့ နည်းနဲ့ အမြန်ဆုံးပြန်ဖာထေးသင့်တယ်၊ ဝန်ထမ်းကောင်းက သူဌေးအတွက် တီထွင်ဖန်တီးမှု အိုင်ဒီယာ အမြဲရှိနေရမယ်၊ သူဌေးက မင်းဖန်တီးတဲ့လမ်းကိုနှစ်ခြိုက်နေပြီဆိုရင်တော့ မင်းရဲ့ ပန်းတိုင်ဟာ မဝေးတော့ပါဘူး။

အပိုင်း (၃)

ခြင်္သေ့ကြီးက တစ်နေ့တစ်ခြား ပိုပိုကြီးထွားလာတယ်၊ ယုန်ကလေး ဆက်သတဲ့အစာကို သူစားမဝတော့ဘူး၊ ဒါနဲ့ ယုန်ကိုထပ်ခြိမ်းခြောက်တယ်၊
“ ငါ့ရဲ့ အစာလိုအပ်မှုက ခါတိုင်းထက် နှစ်ဆဖြစ်သွားပြီ၊ ခါတိုင်း ၄ရက်ကို တစ်ကောင်စားတယ်၊ အခု ၂ရက်ကို ၁ကောင်စားမယ်၊ တကယ်လို့ တစ်ပတ်အတွင်းမှ မပြောင်းလဲပေးနိုင်ဘူးဆိုရင် ငါမင်းကိုသတ်စားရလိမ့်မယ်” တဲ့။

ဒါနဲ့ ယုန်က လိုဏ်ဂူဝက ထွက်ခွာသွားတယ်၊ တောအနက်ကြီးထဲပြေးဝင်သွားတယ်၊ တစ်နေရာရောက်တော့ တောင်ဆိတ်နဲ့တွေ့တယ်၊ “ အားနွဲ့တဲ့ ယုန်ဖြူငယ်လေးတစ်ကောင်က မြေခွေးကိုသတ်စားလိုက်တာယုံလား..” တောင်ဆိတ်မယုံဘူး၊ ဒါနဲ့ တောင်ဆိတ်ကို လှိုဏ်ဂူထဲထိလမ်းပြခေါ်ဆောင်သွားတယ်။

ခဏကြာတော့ ယုန်တစ်ကောင်တည်းထွက်လာတယ်၊ ခုနလိုပဲ တောနက်ထဲထပ်ဝင်သွားတယ်၊ သိုးတစ်ကောင်နဲ့ထပ်တွေ့တယ်၊ အဲလိုနဲ့ပဲ အလားတူကိစ္စမျိုး ထပ်မံဖြစ်ပွားတယ်ပေါ့။

လတ်စသတ်တော့ တောနက်ထဲမှာ ယုန်နဲ့ခြင်္သေ့တို့အကြောင်းကို မသိကြသေးဘူးတဲ့၊

လှိုဏ်ဂူထဲမှာ ခြင်္သေ့ကြီးက အင်မတန်ရွှင်ပြုံးနေတဲ့ရုပ်နဲ့ သွားကြားထိုးနေရင်း ယုန်ကလေး လာပို့တဲ့စာတိုလေးကို ရွတ်ဖတ်ကြည့်လိုက်တယ်..

< အထိုင်လုပ်ငန်းကနေ ရွေ့လျားလုပ်ငန်းပြောင်းခြင်းရဲ့ တိုးတက်မှု>

ဒဿန ~~ စျေးကွက်ကိုမနားတမ်းထိုးဖောက်ပါ၊ မတူညီတဲ့နေရာဒေသကို လုပ်ငန်းထိုးဖောက်ခြင်းဟာ မထင်မှတ်တဲ့ရလာဒ်ကောင်းတွေရနိုင်တယ်ဆိုတာယုံပါ၊ တကယ်လို့ မထိုးဖောက်ချင်ခဲ့ရင်တောင် စိတ်ပြေလက်ပျောက်ထသွားကြည့်ပါ။

အပိုင်း (၄)

အချိန်ကာလတွေကြာလာတာနဲ့တစ်ပြိုက်နက် စားလိုက်အိပ်လိုက်နဲ့ ခြင်္သေ့ကြီးဟာ တစ်နေ့ တစ်ခြားဝ,ဝ လာတယ်၊ ဒါနဲ့ အပြင်ထွက်လမ်းလျှောက်ကြည့်မယ်လို့ဆုံးဖြတ်လိုက်တယ်၊ ဂူဝလည်းရောက်ကော သူ့ကိုယ်လုံးက ဂူဝထက် မတရားကြီးမားနေတာကိုတွေ့တယ်.. ဘယ်လိုမှထွက်လို့မရတော့ဘူး..။

ယုန်က ဂူဝကနေခြင်္သေ့အဖြစ်ကို ကြည့်ပြီးရယ်ပြီးပြောတယ်..
“နောက်ဆုံးတော့ ငါမျှော်လင့်နေတဲ့ရက်က ရောက်လာပြီပဲ.. ဒီနေ့က စပြီး ငါဘာပြောပြော မင်းနားထောင်ရမယ်၊ တစ်နေ့ မနက်တစ်ခါ ညနေတစ်ခါ ဂူအတွင်းကနေ ဟိန်းသံ ပေးရမယ်၊ နို့မို့ စားဖို့အစာမပို့ပေးတော့ဘူး”

ခြင်္သေ့ကြီးက မဆိုင်းမတွဘဲ" ရပါတယ်၊ ရပါတယ်.. ငါ့ကိုစားစရာသာပို့ပေးရင် မင်းဘာခိုင်းခိုင်းလုပ်ပေးပါ့မယ် ” ဒီအချိန်မှာ ယုန်ထပ်ရေးထားတဲ့စာကြောင်းတိုလေးကို တွေ့လိုက်ရတယ်

“ဗျူဟာရဲ့ အဆုံးမှာ ခွန်အားကြီးတဲ့သူတောင် ပညာရှိတဲ့သူကိုဝပ်တွားရတာပဲလေ” တဲ့။

ဒဿန ~~ ဝန်ထမ်းကောင်းတစ်ယောက်ဖြစ်သွားပြီဆို ဘယ်သူဌေးမှ လက်လွတ်မခံတော့ပါဘူး၊ အဲအချိန်ကျရင် အခြား ကုမ္ပဏီပြောင်းမလား သူဌေးကို လစာပဲတိုးခိုင်းမလား မင်းစိတ်ကြိုက်ပေါ့၊ မင်းနာမည်က ဟိုးတစ်လေးကျော်နေပြီပဲလေ။

ဂူထဲမှာ အမြဲအောင်းနေတဲ့ သူဌေးမလုပ်မိပါစေနဲ့၊ အမြဲ အပြင်လောကနဲ့ထိတွေ့ဆက်ဆံပါ၊ ဝန်ထမ်း စပယ်ယာပတ်ကိုခန့်ပါ.. :ပထမလူတော်သလို ဒုတိယ ပညာသင်ဝန်ထမ်းကိုလည်းတော်အောင်လုပ်ပါစေ၊ ဒါမှ နှစ်ယောက်လုံး အလုပ်မြဲနေမှာပါ၊ ဝန်ထမ်းဗိုလ်ပြန်ကျတာမခံချင်ရင် နားကိုစွင့်ပါ၊ ဝန်ထမ်းထက်ကြိုမြင်တတ်ပါ၊ နို့မို့ ဝန်ထမ်း ပြန်ရောင်းစားခံရမှာ အမှန်ပင်။

ဇာတ်သိမ်း။

ယုန်ရဲ့နာမည်က ကြီးသတဲ့ထက်ကြီးလာခဲ့တယ်၊ တောထဲမှာ သူပြီး ဘယ်သူမှမရှိတော့ဘူး၊ ခြင်္သေ့ကတောင် သူ့ကိုကြောက်နေရတာအားလုံးသိသွားတယ်၊

ဒါနဲ့ပဲ တောထဲမှာ ယုန်က စတင်မွှေပါလေကော၊ အပေါ်အနိုင်ကျင့်၊ အောက်အနိုင်ကျင့်နဲ့၊ ခြင်္သေ့အသံနဲ့ လုပ်စားနေတယ်ပေါ့၊
နောက်ဆုံးတစ်နေ့မှာ အဲဒီနာမည်ကြီးတဲ့ယုန်ကို မုဆိုးက အရှင်လတ်လတ်ထောင်ဖမ်းသွားတယ်၊ ဂူဝမှာ စာတိုလေးပြန်ကပ်ထားခဲ့တယ်

“ တစ်တောင်ထက် တစ်တောင်ပိုမြင့်တယ်”

ဒဿန ~~ မိမိကိုယ်မိမိဘဝမမေ့ပါစေနဲ့။ မိမိထက်သာတဲ့ပြိုင်ဘက်က မိမိကိုအသာလေးအလဲထိုးနိုင်မယ်ဆိုတာသိထားပါ။ အောက်ခြေမလွတ်ပါနဲ့၊ မိမိထက် ရာထူးနိမ့်သော သူများကို တလေးတစားဆက်ဆံပါ၊ မမောက်မာပါနဲ့၊ တစ်ယောက်ယောက်နဲ့ ချွန်ပြီးခြေထိုးခံရကိန်းရှိသည်။

နိဂုံး။

တောထဲမှာ အရင်ကလိုပုံမှန်ပြန်ဖြစ်သွားတယ်၊ ယုန်နဲ့ခြင်္သေ့အကြောင်းနဲ့ ယုန်ကမြေခွေးကိုစားတဲ့ ပုံပြင်တွေလည်းမေ့ကုန်တယ်။

အရမ်း.. အရမ်းကိုကြာပြီးတဲ့နောက်မှာ ကျားပျိုလေးက ဒီပုံပြင်လေးကို ပြန်ကြားမိသွားတယ်.. အရမ်းလည်း စိတ်အားထက်သန်သွားတယ်၊

မျောက်တစ်ကောင်ကိုဖမ်းလိုက်ပြီး အဲဒီလိုလုပ်ဇတ်ဖန်တီးကြမယ်.. မလုပ်ဘူးဆိုရင် သတ်ပစ်မယ် ခြိမ်းခြောက်တယ်။

မျောက်လည်း သဘောတူလိုက်တယ်.. ဒါနဲ့ ကျားက သဘောကျပြီး လှိုဏ်ဂူကြီးထဲဝင်သွားတယ်၊ လိုဏ်ဂူထဲမှာ မျောက်ကို စောင့်နေလိုက်တာ သုံးရက်လုံးလုံး တစ်ကောင်မှ လာမပို့ဘူး.. မအောင့်နိုင်တော့တာနဲ့ ဂူပြင်ထွက်ကြည့်တယ်.. လတ်စသတ်တော့ မျောက်မသားက လစ်သွားတာကြာပြီ.။
မြေကြီးပေါ်မှာ စာတိုလေးတစ်စောင်ထားခဲ့တယ်။

< သူဌေးတစ်ယောက်ဖြစ်ဖို့ ဝန်ထမ်းကိုဘယ်လိုစည်းရုံးရမလဲ အရင်နားလည်အောင်လုပ်ပါဦးလို့ >

ဒဿန~~ လုပ်ဆောင်မှုတိုင်းဟာ လူတိုင်းအပေါ် အသုံးမတည့်ကြပါဘူး.. ခေတ်ကာလရဲ့ပြောင်းလဲမှု၊ အခွင့်အရေးရဲ့အချိန်အပ်စပ်မှုရှိမရှိကို မသိဘဲ ရှေးရိုးထုံးကြီးလမ်းစဉ်နောက်ကိုလိုက်မိရင်တော့ ရှုံးနိမ့်ရမှာ မလွဲမသေပင်။

- Credit to Original Uploader

Address

Ranchi

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00

Telephone

+959885118880

Website

Alerts

Be the first to know and let us send you an email when AGT Company Limited posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category