LinuxLxprogrammer

LinuxLxprogrammer I'm keep going to software developer and web developer

Are you programmer?
29/09/2024

Are you programmer?

Java is the best
20/02/2024

Java is the best

မီယမ်မာဆိုတာ ဒါမျိုးဟ
18/02/2024

မီယမ်မာဆိုတာ ဒါမျိုးဟ

ပျင်းပျင်းရှိတာနဲ့ TV မှာ NGC Wild လိုင်းဖွင့်ပြီး တိရိစ္ဆာန်တွေ အမဲလိုက်တာ ကြည့်နေလိုက်တယ်။ ခြင်္သေ့တစ်ကောင်က မြင်းကျား...
18/02/2024

ပျင်းပျင်းရှိတာနဲ့ TV မှာ NGC Wild လိုင်းဖွင့်ပြီး တိရိစ္ဆာန်တွေ အမဲလိုက်တာ ကြည့်နေလိုက်တယ်။

ခြင်္သေ့တစ်ကောင်က
မြင်းကျားတစ်အုပ်ကို အမဲလိုက်နေတာ။
မြင်းကျားတွေ ပြေးတယ်။
လှည့်ပတ်ပြေးကြတယ်။ ဝရုန်းသုန်းကားပေါ့။

ဖုန်တွေတထောင်းထောင်းထအောင်
အသက်ဘေးကလွတ်ဖို့ ရှိသမျှ အားကုန်ထုတ်ပြီး ပြေးကြတာ။

ဒါပေမဲ့ သူတို့ထက်ပိုသန်မာတဲ့
ခြင်္သေ့ကြီးက နောက်ဆုံးတော့လည်း မြင်းကျား
တစ်ကောင်ကို
လွှားခနဲခုန်အုပ်ပြီး နေရာမှာတင် ကိုက်စားလိုက်တယ်။

ခြင်္သေ့က မြင်းကျားတစ်ကောင်ကိုလည်း
မိသွားရော ခုနက ပြေးလွှားနေကြတဲ့မြင်းကျားတွေ ချက်ခြင်းရပ်ပြီး အဲ့ဒီနားမှာပဲ
ပုံမှန်အတိုင်း မြက်ပြန်စားနေတော့တာပဲ။

ခုနက ပြေးလွှားနေကြတာ
သူတို့မဟုတ်တဲ့အတိုင်း။

သူတို့မျိုးနွယ်တစ်ကောင်ကို
သူတို့အနားတင် ခြင်္သေ့ကြီးက စားနေတာကို အမြီးလေးတခါခါနဲ့ အေးအေးလူလူနေနိုင်ကြတယ်။

နေနိုင်မှာပေါ့၊ တိရစ္ဆာန်ကိုး။ သူတို့လွတ်သွားဖို့ပဲ အားထုတ်တယ်လေ။

TV ကြည့်နေရင်းနဲ့ ကိုယ်တွေ လူ့ဘောင်အသိုင်းအဝိုင်းထဲမှာလည်း ဒီမြင်းကျားစရိုက်မျိုးနဲ့ လူတွေ ရှိနေပါလားလို့ အတွေးဝင်လာပြီး
မချိပြုံး ပြုံးမိတယ်။

"ဟိုကောင်တော့ ကားခနဲပဲဟေ့၊ ဟဟ ဒီကောင် ဒီလိုဖြစ်တော့မှာ ကျုပ်က ကြိုသိသားပဲ။
ထားလိုက်ဟေ့ သွားဝင်မပါနဲ့နော်၊
ကိုယ့်အပူ မပါဘူးဗျ။ ကိုယ့်ဟာကို နေတတ်သလိုလေးသာနေ"

ဒီစကားမျိုးတွေ ပတ်ဝန်းကျင်မှာ မကြာခဏကြားလာရတယ်။

ကိုယ်တိုင် ဒါမှမဟုတ် ကိုယ့်မိသားစုအရေးမှ မဟုတ်ရင် သူများဘေးဒုက္ခရောက်နေတာကို အေးရာအေးကြောင်း
ကြည့်နေနိုင်ကြတဲ့ လူတွေ လူတွေ။

ကြားဘူးတဲ့ ပုံပြင်လေးတစ်ပုဒ်ရှိတယ်။
တောထဲမှာ လူနှစ်ယောက်ကို ဆင်ရိုင်းကြီးက လိုက်တယ်ပေါ့။

လူနှစ်ယောက်က ထွက်ပြေးရတာပေါ့။
လူတစ်ယောက်က ပြောတယ်။
"ငါတို့ ဆင်ရိုင်းထက် ပိုအပြေးသန်နိုင်ပါ့မလား"

ဟိုလူက ဖြေတယ်။
"ဆင်ရိုင်းထက်တော့ မသိဘူး။ ငါ မင်းထက်တော့
ပိုအပြေးသန်တယ်"တဲ့။ သိပ်ကြောက်စရာကောင်းတဲ့ပုံပြင်ပါ။

မင်းထက်တော့ ငါ ပိုအပြေးသန်တယ်။
မင်းသေချင် သေပါစေ၊ ငါလွတ်ဖို့သာ အဓိကဆိုတဲ့ Mind set မျိုးကို (ဝမ်းနည်းဖွယ် ကောင်းတာက) လူငယ်တစ်ချို့ဆီမှာပါ အမြစ်တွယ်စပြုလာတာကို
တွေ့လာရပါတယ်။

သက်ငယ်မုဒိန်းမှုတွေ၊ လူငယ်နဲ့ မူးယစ်ဆေးဝါးပြဿနာတွေ၊ အစားအစာနဲ့ ဓာတုဆေးဝါးဆိုင်ရာရောဂါတွေ၊

ကျွန်တော်တို့နိုင်ငံထဲက ပြည်တွင်းစစ်တွေ၊
နိမ့်ကျနေဆဲ ပညာရေး ကျန်းမာရေး
စနစ်တွေ၊

ကိုယ့်ဆီ ကိုယ့်မိသားစုဆီ တိုက်ရိုက်မထိခိုက်သေးဘူးဆိုပြီး ကျွန်တော်တို့ အေးအေးလူလူလုပ်နေကြတယ်။

မနက်အိပ်ရာနိုး Breakfast စားပြီးရင်
ငါ့ဆိုင်လေး ဈေးရောင်းကောင်းဖို့၊
ငါ့ကုမ္ပဏီလေး အဆင်ပြေဖို့၊

ရုံးမှာ ငါရာထူးတက်ဖို့၊

ငါ့အလုပ်မှာ လခကောင်းကောင်းရဖို့၊ ငါ ငါ ငါ ငါအဆင်ပြေဖို့အတွက်ပဲ
ရှင်သန်နေကြသူတွေ။

သူများတွေ ဘာဖြစ်ဖြစ် ကိုယ်နဲ့မဆိုင်ဘူးလို့
ခံယူထားတဲ့လူတွေ ခုနောက်ပိုင်းမှာ အရမ်းကိုများလာတယ်။

ဟိုးယခင် မဆလခေတ်က သိပ်တွင်ကျယ်တဲ့
စကားတစ်လုံးရှိခဲ့တယ်။

"ဦးရာလူ"တဲ့။
(အဲ့ဒီ စကားလုံးကို ယခုလက်ရှိ အချိန်အထိ
ကျွန်တော်မုန်းတယ်) ဦးရာလူ၊ ဦးတဲ့သူ ရမယ်၊ နောက်ကျရင် မရဘူး။

အဲ့ဒီအချိန်က အစစအရာရာ ရှားပါးတဲ့ခေတ်ဆိုတော့ လူတွေဟာ ဦးရာလူစနစ်ကြောင့် ကုန်တိုက်တွေမှာ သူများထက်ကိုယ်ဦးအောင်
တန်းစီပြီး ဈေးဝယ်ရတယ်။

နောက်ကျခဲ့ရင် မရတော့ဘူး။ သူများ
ရသွားလိမ့်မယ်။

ကိုယ်ကသူ့ထက်ဦးမှကို ရမယ်ဆိုတဲ့ အရိုးစွဲစိတ်ဓာတ်နဲ့ ကြီးပြင်း လာရလို့များ ကျွန်တော်တို့မြန်မာနိုင်ငံသားတွေဟာ

ပင်ကိုယ်က သိမ်မွေ့ပါလျက်နဲ့ ကိုယ်ချင်းစာတရားတွေ ပါးပါးလာကြပြီး ကျွန်တော်တို့
မျိုးဆက်လည်းရောက်ရော

မြင်းကျားလိုလူမျိုးတွေ
များပြားလာရသလားရယ်လို့ တခါတခါလျှောက်တွေးမိတယ်။

တိရစ္ဆာန်လိုမျိုး အရိုင်းစိတ်တွေ စိုးမိုးအား
ကောင်းလာတဲ့ခေတ်ဆိုတော့ ကားချင်းပွတ်မိရုံနဲ့လည်း သံတုတ်ကိုင်ပြီး ရိုက်ကြနှက်ကြ၊

လူချင်း စကားများရုံလောက်နဲ့လည်း သတ်ကြဖြတ်ကြနဲ့ပေါ့။

ပလက်ဖောင်း
ကျဉ်းကျဉ်းလေးထဲ လမ်းလျှောက်လာရင်း ထိပ်တိုက်တွေ့တဲ့အခါ
ရှောင်ပေးဖို့တောင် ခဲယဉ်းလာတဲ့အထိ လူတချို့ အတ္တကြီးလာကြတယ်။

ကမ္ဘာတောင် မီးမလောင်သေးပါဘဲနဲ့
မိတ်ဆွေရင်းတွေအချင်းချင်း ချနင်းဖို့ ဝန်မလေးကြတော့ဘူး။

လူနဲ့ တိရစ္ဆာန်ကြားက ခြားနားချက်တွေ တဖြည်းဖြည်းကျဉ်းမြောင်း
လာတာတွေးကြည့်ရင် သိပ်ကြောက်ဖို့ကောင်းပါတယ်။

ကိုယ့်ရင်ထဲမှာလည်း တိရစ္ဆာန်တစ်ကောင် အကောင်ပေါက်နေပြီ
လားလို့ ကိုယ့်စိတ်ကိုယ် မကြာခဏ ပြန်ဆန်းစစ်ကြည့်မိတယ်။

တိရစ္ဆာန်နဲ့လူ ခြားနားချက်ကို ဘယ်စံ၊ ဘယ်ပေတံနဲ့ ခင်ဗျားက တိုင်းမှာလဲလို့လာမေးရင် ကျွန်တော်ကတော့ ကိုယ်ချင်းစာတရား
ဆိုတဲ့ ပေတံနဲ့ပဲ တိုင်းချင်ပါတယ်။

"ကိုယ်ရဲ့ ကာယကံ ဝစီကံ မနောကံတည်းဟူသော
အကြောင်းတရားတွေဟာ သူတပါးအပေါ်မှာ ထိခိုက်နစ်နာ သွားစေနိုင်သလား"ဆိုတဲ့

ခံစားချက်နဲ့ "သူ့နေရာမှာ ကိုယ်သာဆိုရင်
ကိုယ်ဘယ်လိုခံစားရလိမ့်မလဲ"ဆိုတဲ့ စိတ်မျိုးနဲ့ပါ။

လူပီသဖို့ဆိုတာ သိပ်အများကြီး မလိုပါဘူး။
ကိုယ်ချင်းစာတတ်ဖို့လေးပါပဲ။

အဲ့စိတ်ဓါတ်လေး မရှိရင်တော့
အင်္ကျီဝတ်ထားပြီး အမြီးတနှံ့နှံ့နဲ့သွားနေတဲ့ မြင်းကျားတစ်ကောင်မျှသာ။

Credit to Original Writer

This is a programmer life 😴
18/02/2024

This is a programmer life 😴

Beginner Project (Text View)၂။ main.xml ၃။ MainActivity.javaimport android.app.*;import android.os.*;import android.widg...
26/03/2023

Beginner Project (Text View)

၂။ main.xml








၃။ MainActivity.java

import android.app.*;
import android.os.*;
import android.widget.*;

public class MainActivity extends Activity
{
TextView tv;


protected void onCreate(Bundle savedInstanceState)
{
super.onCreate(savedInstanceState);
setContentView(R.layout.main);
tv=findViewById(R.id.tv);
tv.setText("Android Programming is fun.");
}
}

09/03/2023

Text view kotlin code

MainActivity.kt
package com.demo.textview

import androidx.appcompat.app.AppCompatActivity
import android.os.Bundle
import com.demo.textview.R

class MainActivity : AppCompatActivity() {

override fun onCreate(savedInstanceState: Bundle?) {
super.onCreate(savedInstanceState)
setContentView(R.layout.activity_main)
}
}

activity_main.xml







07/03/2023

အခုpageကိုထောင်ရခြင်းရဲ့ရည်ရွယ်ချက်များ ကျွန်တော်သိများထားသော programming languageများကိုပြန်လည်ရှယ်ပေးလို့သောကြောင့်ဖြစ်ပါတယ် အဲ့အတွက်ကြောင့် နည်းပညာကိုစိတ်ဝင်စားတယ်ဆိုရင်တော့ followထားခဲ့ဖို့ဖိတ်ခေါ်ပါတယ်။

Adresse

Democratic Republic Of The

Site Web

Notifications

Soyez le premier à savoir et laissez-nous vous envoyer un courriel lorsque LinuxLxprogrammer publie des nouvelles et des promotions. Votre adresse e-mail ne sera pas utilisée à d'autres fins, et vous pouvez vous désabonner à tout moment.

Contacter L'entreprise

Envoyer un message à LinuxLxprogrammer:

Partager