11/01/2021
မင်္ဂလာပါ
ကျနော်တို့ကို UGMH Funding Team ကနေပြီး UGMH hoodie က အထည် ၂၀ တိတိကျန်ပါတယ်လို့ပြောပါတယ်။ သူတို့က ၁၃.၁.၂၀၂၁ ကိုနောက်ဆုံးထားပြီး အော်ဒါပိတ်ချင်တယ်လို့ပြောလာပါတယ်။ ကျနော်တို့က ခနလေးနေပါဦး။ အစီအစဥ်လေးတစ်ခုလုပ်ဖို့စဥ်းစားထားတာကို ပြောပြတော့ သူတို့ကလဲ သဘောတူပါတယ်။
ကျနော်တို့လဲ Covid-19 တိုက်ဖျက်ရေးမှာ ကာကွယ်ဆေးဝယ်ယူရာမှာ ပါဝင်လှူဒါန်းဖို့အတွက် အစီအစဥ်လေးတစ်ခု လုပ်ချင်ပါတယ်။ ဒီလက်ကျန် အထည် ၂၀ ရောင်းရငွေထဲက ဆယ်ထည်ဖိုးကို UGMH ကနေပြီးတော့ Covid 19 ကာကွယ်ဆေးအတွက် လှူဒါန်းသွားမှာဖြစ်ပါတယ်။
အထည် ၂၀ ရဲ့ တန်ဖိုးက 35000 x 20 = 700,000 ဖြစ်ပါတယ်။
၁၀ ထည်တန်ဖိုးဖြစ်တဲ့ ( 350000 ) ကျပ်ကို လှူဒါန်းသွားမှာပါ။
မရောင်းရလို့ ရောင်းရအောင်ကြံတာလဲမဟုတ်ပါဘူး။ ဒီအထည် ၂၀ ဆိုတာ နောက် ၂ ရက်လောက်စောင့်လိုက်ရင် သူ့ဖာသာ ပြည့်သွားမှာပါ။ လှူချင်လို့ကို သက်သက်လုပ်တာပါခင်ဗျာ။ UGMH Hoodie + UGMH jersey ကရတဲ့ အမြတ်ငွေထဲက တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်ခင်ဗျာ။
ဒါကြောင့် နောက်ဆုံးကျန်နေတဲ့ အထည် ၂၀ ကိုဝယ်ယူရင်း အလှူမှာပါဝင်ကြဖို့ တိုက်တွန်းပါရစေခင်ဗျာ။
ချစ်ခင်စွာဖြင့်
UGMH