14/11/2019
Apple ဟာ ဒီနေ့ပဲ Mac Book Pro အသစ်တစ်ခုကို ချပြလိုက်ပြီဖြစ်ပါတယ်။ အရင် Mac Book Pro series ထဲက 15 လက်မ မျက်နှာပြင်အစား အခု 16 လက်မ အနေနဲ့ထွက်ရှိလာတာပဲဖြစ်ပါတယ်။ စျေးကတော့ USD 2399 ဖြစ်ပါတယ်။ မြန်မာငွေနဲ့တွက်ရင် သိန်းလေးဆယ် ပါတ်ဝန်းကျင်လောက်ကျမှာပါ။ ပိုပြီးကောင်းတဲ့ CPU တွေ Speaker တွေပါတယ်လို့ပြောပါတယ်။ ဒါပေမယ့် လူတွေပိုပြီးစိတ်ဝင်စားနေကြတာက Keyboard ပါ။ အရင် Series တွေမှာ KeyBoard ပြသနာတက်ပြီးတဲ့နောက် Apple ဘယ်လိုဖြေရှင်းမလည်းဆိုတာ ကိုစောင့်ကြည့်နေကြတာပါ။
အခု Macbook Pro 16 inch မှာတော့ Apple ဟာ Keyboard ပြသနာကို အဓိက ထားပြီး ဖြေရှင်းထားတာကိုတွေ့ရပါတယ်။ အရင် Butterfly Keyboard အစား Keyboard အသစ် Magic Keyboard ကို အစားထိုးခဲ့ပါတယ်။ လူအများတောင်းဆိုနေတဲ့ Esc key လေးကိုလည်း ပြန်ထည့်ထားတယ်။ (ကျန်တဲ့သူတွေအတွက်မသိပေမယ့် Esc key ဟာ ကျွန်တော့်အတွက် တော့ အရမ်း အသုံးဝင်ပါတယ်)။ အရင်အတိုင်း TouchBar လေးကတော့ ပါမြဲပါပဲ။ (အရင် version တွေထက်တော့ တိုသွားတယ်ပြောတယ်။)
အခြား Specifications တွေအရတော့ apple ဟာ အရင် 15 inch version တွေတုန်းက အပူပြသနာကို အခု Mac Book အသစ်မှာ အတော်လေး ပြင်ဆင်ထားတာကို တွေ့ရပါတယ်။ body ကို အရင် ပစ္စည်းတွေထက် 0.7mm လောက်ပိုထူထားတဲ့အပြင် အတွင်းပိုင်း thermal system ကိုလည်း ပြန်လည်ပြင်ဆင်ထားပါတယ်။
Apple ဟာ အခု Mac Book 16 inch ကို 9th Gen Core i7 နဲ့ Core i9 နှစ်မျိုးထုတ်လုပ်ထားပါတယ်။ CPU ထက်ပိုပြီး ပြောချင်တာကတော့ RAM နဲ့ Storage ပဲဖြစ်ပါတယ်။ i7 ရော i9 နှစ်မျိုးလုံးအတွက် 16GB of 2666MHz DDR4 RAM ရယ် 512GB or 1TB SSD Storage ရယ်ဆိုပြီးပေးထားပါတယ်။ ဒါနဲ့မလုံလောက်သေးရင် RAM ကို 64 GB အထိ မြင့်နိုင်ပါတယ်။ Storage ကလည်း 1TB နဲ့ မလောက်ရင် 8TB အထိမြင့်နိုင်ပါတယ် လို့ဆိုပါတယ်။(သောက်ကျိုးနည်း)
နောက်တစ်ခုက Battery ပါ။ 100Wh အထိမြင့်ထားတဲ့အတွက် နိုင်ငံတကာသတ်မှတ်ချက်အရ လက်ရှိမှာတော့ ပါဝါအများဆုံးလက်ခံနိုင်တဲ့ Battery ပဲဖဖြစ်ပါတယ်။ Apple ကတော့ အရင် Series တွေထက် တစ်နာရီလောက်ပိုသုံးနိုင်တယ်လို့ပြောသွားပါတယ်။
အခြား မြင့်တင်မှုတွေအနေနဲ့ Speaker တွေ Screen Size တွေကို ပြုလုပ်ထားတာကို တွေ့ရပါတယ်။
အားလုံးကို ခြုံကြည့်မယ်ဆိုရင် အခု Mac Book Pro ဟာ အရင် version တွေထက် အဆင့်မြင့်တင်မှုတွေအများကြီးလုပ်ထားတာကိုတွေ့ရပါတယ်။ နောက်တစ်ခု သတိထားမိတာကတော့ Apple ဟာ ပိုပြီးပါးတာထပ် ပိုပြီး အသုံးဝင်မှုကို အရေးထားလာတာကိုတွေ့ရပါတယ်။ အောက်မှာ နာမည်ကြီး Youtuber ဖြစ်တဲ့ Marques Brownlee ရဲ့ Review ကို သွားကြည့်နိုင်ပါတယ်။
https://www.youtube.com/watch?v=uDAv4qOU_04