11/07/2026
(1) IP Address ဆိုတာ ဘာလဲ?
______________________________
ရန်ကုန်မှာ လူ ၇ သန်းကျော်ရှိတယ်။
အဲဒီလူတွေကို နာမည်မရှိဘဲ ခွဲနိုင်မလား?
မခွဲနိုင်ဘူး။
ဒါကြောင့် လူတိုင်းမှာ နာမည်ရှိတယ်။
ဒါပေမယ့် နာမည်တူလည်း ရှိနိုင်တယ်။
အဲဒါကြောင့်...
NRC ရှိတယ်။
Phone Number ရှိတယ်။
အိမ်လိပ်စာ ရှိတယ်။
အဲဒီလိုပဲ Network ထဲမှာ...
PC
Laptop
Printer
CCTV
Router
Server
အားလုံးမှာ IP Address ရှိရတယ်။
IP Address = Device ရဲ့ အိမ်လိပ်စာ
(2) ဘာကြောင့် IP Address လိုတာလဲ?
___________________________________
ဥပမာ...
Office တစ်ခုမှာ
PC = 100 လုံး
Printer = 10 လုံး
CCTV = 60 လုံး
ရှိတယ်ဆိုပါစို့။
Laptop က Printer ကို Print ပို့ချင်တယ်။
IP မရှိရင်...
Laptop က ဘယ် Printer ကို ပို့ရမလဲ မသိဘူး။
IP ရှိရင်...
192.168.1.50 ဆိုတဲ့ Printer ကို တိုက်ရိုက်ရှာပြီး ပို့နိုင်တယ်။
ဒါကြောင့် IP Address က Device တစ်ခုချင်းစီကို ခွဲခြားပေးတဲ့ လိပ်စာ ဖြစ်တယ်။
(3) IPv4 ဆိုတာ ဘာလဲ?
________________________
IPv4 ဆိုတာ Internet Protocol Version 4 ဖြစ်တယ်။
IPv4 Address တစ်ခုမှာ 32 Bits ပါတယ်။
ဒါပေမယ့် လူက 0 နဲ့ 1 တွေကို ဖတ်ရခက်လို့...
11000000.10101000.00000001.00001010
ကို
192.168.1.10
လို ရေးကြတယ်။
(4) 32 Bits ဆိုတာ ဘာလဲ?
32 Bits ကို
8 Bits + 8 Bits + 8 Bits + 8 Bits
လေးပိုင်းခွဲထားတယ်။
192 .168 .1 .10
192 168 1 10
8 Bit 8 Bit 8 Bit 8 Bit
ဒီလိုဆိုတော့...
စုစုပေါင်း 32 Bits ဖြစ်တယ်
(5) ဘာကြောင့် 0 ကနေ 255 ထိပဲ ရတာလဲ?
________________________________________
ဒီနေရာက အရေးကြီးတယ်။
Octet တစ်ခုမှာ 8 Bits ရှိတယ်။
8 Bits ရဲ့ တန်ဖိုးတွေက...
128 64 32 16 8 4 2 1
ဥပမာ...
00000000
အားလုံး 0 = 0
00000001 = 1
00000010 = 2
00000100 = 4
11111111 = 128 + 64 + 32 + 16 + 8 + 4 + 2 + 1 = 255
ဒါကြောင့် Octet တစ်ခုမှာ အများဆုံး 255 ပဲ ရတယ်။
(6) Class ဆိုတာ ဘာလဲ?
___________________________
ဒီအပိုင်းကို လူတော်တော်များများ အလွတ်ကျက်ကြတယ်။
ဒါပေမယ့် Logic ကို သိရင် လွယ်တယ်။
အရင်တုန်းက Internet မကြီးသေးဘူး။
Network တွေကို
"အကြီး"
"အလတ်"
"အသေး"
ဆိုပြီး ခွဲထားတယ်။
အဲဒါကို Class လို့ ခေါ်တယ်။
Class A
လူသိပ်များတဲ့ Company
ဥပမာ...
Microsoft
Google
Amazon
လို Network အကြီးတွေ
IP က 1.x.x.x ကနေ 126.x.x.x
Class B
University
Bank
Enterprise Company
Class C
Office
School
Internet Cafe
SME
အသေးစား Network တွေ။
(7) ဘာကြောင့် 192.168 တွေ အများကြီး တွေ့ရတာလဲ?
____________________________________________
ဒီမေးခွန်းက ကောင်းတယ်။
အိမ်မှာ Wi-Fi ဖွင့်ကြည့်။
Laptop
Phone
TV
Printer
အားလုံး 192.168.x.x ဖြစ်နေတယ်။
ဘာကြောင့်လဲ?
အဲဒါက Private IP ဖြစ်လို့။
Private IP ကို Internet ပေါ်မှာ တိုက်ရိုက် သုံးလို့မရဘူး။ အိမ်ထဲ၊ Office ထဲမှာပဲ သုံးတယ်။
(8) Public IP ဆိုတာ?
________________________
အိမ်မှာ
Router တစ်လုံးရှိတယ်။
Router အပြင်ဘက်မှာ ISP က Public IP တစ်ခု ပေးထားတယ်။
Internet
│
Public IP
│
Router
│
------------------
192.168.1.10
192.168.1.20
192.168.1.30
အိမ်ထဲမှာတော့ Device တွေက Private IP သုံးတယ်။
Router က Private IP ကို Public IP အဖြစ် ပြောင်းပြီး Internet ကို ထွက်ပေးတယ်။ ဒီလုပ်ငန်းစဉ်ကို NAT (Network Address Translation) လို့ခေါ်တယ်။ NAT ကို CCNA မှာ အသေးစိတ် သင်ရလေ့ရှိတယ်။
(9) IP ကို ဘယ်လိုပေးကြလဲ?
______________________________
ဥပမာ...
Company မှာ
Finance Department
ရှိတယ်။
PC = 25 လုံး
192.168.10.1 -> Gateway
192.168.10.2 -> Printer
192.168.10.10 -> Manager
192.168.10.20 -> Staff
Department တွေကိုကျတော့
192.168.20.x -> HR Department
192.168.30.x -> IT Department
192.168.100.x -> Server
ဒီလို Department အလိုက် Subnet ခွဲပေးတာက စီမံခန့်ခွဲရလွယ်ပြီး Security ပိုကောင်းတယ်။
IPv6 ကို Basic...
IPv4 က Address ၄.၃ ဘီလီယံခန့် ပဲ ရှိတယ်။
ကမ္ဘာပေါ်မှာ...
Phone
Laptop
CCTV
Smart TV
Smart Watch
IoT Device
တွေ အရမ်းများလာတော့ IPv4 မလုံလောက်တော့ဘူး။
ဒါကြောင့် IPv6 ကို ဖန်တီးခဲ့တယ်။
ဉပမာ...
2001:db8::1
IPv6 က...
128 Bits ရှိတယ်။
: (Colon) နဲ့ ခွဲရေးတယ်။
0–9 နဲ့ A–F (Hexadecimal) ကို သုံးတယ်။
Address အရေအတွက်က အလွန်များလို့ လက်တွေ့မှာ မကုန်နိုင်လောက်ဘူး။