10/08/2026
June အတန်းတုန်းက မတက်လိုက်ရသူတွေအတွက် September အတန်းလေး ဖွင့်ပေးလိုက်ပါပြီနော်။ သုံးလတကြိမ်ပဲ ဖွင့်ပေးတာမို့လို့ ဒီတကြိမ်မမီလိုက်ရင် နောက်သုံးလမှ အတန်းသစ်ဖွင့်ပေးနိုင်ပါမယ်ခင်ဗျာ။
အသက် ၁၃ နှစ်နဲ့အထက် ကလေးတွေအတွက် Physics with Python for Teens အတန်းလေး September Intake ဖွင့်ပေးပါအုန်းမယ်။
iGCSE (O) level ရဲ့ Cambridge Physics လမ်းကြောင်းကို မှီးပြီး ကလေးတွေနဲ့ သင့်တော်ရုံ လမ်းကြောင်းလေးထွင်ပြီး သင်ပေးပါ့မယ်။သင်္ချာကို Sympy နဲ့ သင်ပေးလို့ရနေတာကြောင့် Physics ကိုလည်း တပါထဲရသွားစေချင်တာကြောင့် Physics with Python for Teens အတန်းလေး ဖွင့်ပေးလိုက်ပါတယ်။
English လိုပဲ သင်ပါမယ်၊ self study လုပ်နိုင်အောင်လို့ training လုပ်ပေးသွားမှာမို့လို့ မိဘတွေအနေနဲ့လည်း ကျောင်းအပ်ပြီးသွားတာနဲ့ ပျောက်မသွားပဲ ကလေးအခြေအနေကို messenger မှာ အမြဲမပြတ်လာရောက် ဆွေးနွေးစေချင်ပါတယ်။
စာသင်ချိန်စလို့မှ ကလေးမရောက်လာသေးရင် မိဘကို messenger ကနေ message လှမ်းပို့မှာမို့လို့ သင်တန်းအချိန်ဆိုရင် ကလေးကို အတန်းမှန်မှန်တက်ဖို့ မိဘတွေကိုယ်တိုင် ပူးပေါင်းပါဝင်ပေးကြပါခင်ဗျာ။
Discussion method နဲ့ သင်တာမို့လို့ ကလေးက ဆရာနဲ့ အပြန်အလှန် စကားပြောနိုင်ရပါမယ်။ ဆရာနဲ့ စကားပြောဖို့ကို မေးတခွန်း ဖြေတခွန်းဖြစ်နေတတ်တဲ့ကလေးမျိုးဆိုရင် online အတန်းတက်မယ့်အစား classroom teaching နဲ့ ကပိုသင့်တော်ပါတယ်ခင်ဗျာ။
သေသေချာချာ ဂရုစိုက်နိုင်အောင်လို့ တတန်းကို ငါးယောက်ပဲလက်ခံတာမို့လို့ တက်ဖို့သေချာရင် စောစောစီးစီး ကျောင်းအပ်ထားကြပါခင်ဗျာ။ အတန်းပြည့်မှ တယောက်လောက် မရတော့ဘူးလားဆရာရယ်လို့ လာပြောရင် ငြင်းရတာ အားနာလို့ပါခင်ဗျာ။
သင်္ချာအတန်းကို သုံးလတိတိ ဇွဲကောင်းကောင်းနဲ့ ကျော်ဖြတ်နိုင်ခဲ့သူတွေကိုပဲ Physics with Python အတန်းမှာ လက်ခံပါတော့မယ်။ တကယ်လို့ မိဘတွေကိုယ်တိုင်ကိုက ကိုယ့်သားသမီးက ကြိုးစားတယ်၊ လိုချင်စိတ်ရှိပါတယ်၊ သုံးလတိတိ မပျက်မကွက် တက်ပါ့မယ်လို့ အာမခံမှ Physics အတန်းကို တိုက်ရိုက်တက်ခွင့်ပြုပါတော့မယ်ခင်ဗျာ။