Digital World

Digital World Virtual or online space where information, data, and communication.

 #အလုပ်အကိုင် အခွင့်အလမ်း (BIM Design Engineer)စင်္ကာပူရှိ MEP Design Company တစ်ခုမှာ Revit, AutoCAD နှင့် MEP (Fire) D...
19/08/2024

#အလုပ်အကိုင် အခွင့်အလမ်း (BIM Design Engineer)

စင်္ကာပူရှိ MEP Design Company တစ်ခုမှာ Revit, AutoCAD နှင့် MEP (Fire) Design ကျွမ်းကျင်တဲ့သူရှိရင် Chat Box မှာ ဆက်သွယ်ပေးပါ။

အကျိုးဆောင်ခ လည်း ပေးစရာမလိုသလို၊ အလုပ်ပွဲစားလည်း မဟုတ်သဖြင့်အလုပ် လိုအပ်ချက်နဲ့ ‌ကိုက်ညီမှ CV ပို့စေချင်ပါတယ်။

တကယ်လို့ သင်တန်းတစ်ခုခုတက်ဖူးတယ် ဆိုရင်လည်း စာမေးပွဲတွေမှာ ဆုရရှိထားတဲ့သူကိုပဲ ဦးစားပေး ရွေးချယ်ပေးမှာဖြစ်ပါတယ်။ (နောက်ဆို စာမေးပွဲတွေကို သေချာ ဂရုတစိုက်ဖြေစေချင်ပါတယ်)

  (Architecture& Structure and MEP), Revit Software (Online Class) @ 29th အခုဖွင့်လှစ်သည့် BIM01 သည် ယခင်က မဖွင့်တော့ဘူး...
28/07/2024

(Architecture& Structure and MEP), Revit Software (Online Class) @ 29th

အခုဖွင့်လှစ်သည့် BIM01 သည် ယခင်က မဖွင့်တော့ဘူးလို့ ဆုံးဖြတ်ထားပေမဲ့ ထုံးစံအတိုင်း ......မကြာခဏသင်တန်းပြန်ဖွင့်ဖို့ တောင်းဆို ကြလို့ ၂၀၂၄ ခုနှစ်မှာ ပထမဆုံး ပြန်ဖွင့်တဲ့ အတန်းဖြစ်ပါသည်။

BIM01, Modeling အတန်းဆိုသည်မှာ Building Information Modeling (BIM) ကို စတင်လေ့လာရန်အတွက် မဖြစ်မနေ တတ်မြောက်သင့်သော သင်တန်းတစ်ခုဖြစ်ပါသည်။ Modeling ကို တတ်မြောက် ကျွမ်းကျင်ပြီးမှသာ နောက်ထပ် 3D Coordination, 4D Construction Planning, 5D Cost Estimating, 6D Facility Management, 7D Design Analysis, 8D Health and Safety, etc. တို့ကို ဆက်လက် အသုံးပြုနိုင်မည့်သာဖြစ်သည်။

ယခု သင်ကြားဖွင့်လှစ်မည့် BIM01, Modeling (ARC, STR& MEP) အတန်းသည် ထုံးစံအတိုင်း Architecture 3D Modeling, Structure 3D Modeling and MEP 3D Modeling (၃) မျိုးလုံးပါ၀င်မှာ ဖြစ်ပါတယ်။
BIM01 (ARC, STR& MEP) အတန်းတွင်ပါ၀င်မည့် အကြောင်းအရာတွေကတော့

1. BIM Fundamental
2. Project Setup
3. Revit Architectural Element Modeling
4. Revit Structural Element Modeling
5. Revit MEP Element Modeling (ACMV, Plumbing & Sanitary, Fire Protection, Electrical)

စသည်တို့ ပါ၀င်မည်ဖြစ်ပြီး၊ Exercises များကို အသုံးပြုပြီး လက်တွေ့ သင်ကြားပေးမည်ဖြစ်ပါတယ်။ သင်တန်းတွင် သင်ကြားသော အကြောင်းအရာများကို Video Recording ပြုလုပ်ထားမှာ ဖြစ်သောကြောင့် အလွယ်တကူ ပြန်လည် လေ့လာ၊ လေ့ကျင့်ရန် များစွာ ထောက်အကူဖြစ်နိုင်ပါသည်။
အသုံးပြုမည့် Software များကတော့

1. Revit (Version 2020 နှင့်အထက်)
2. AutoCAD
3. Autodesk Design Review (Free Version)

သင်တန်းအတွက်လိုအပ်ချက်များကတော့
အခြေခံ ကွန်ပြူတာ အသုံးပြုတတ်သူဖြစ်ပြီး၊ Construction အလုပ်များတွင် အတွေ့အကြုံရှိသူများဖြစ်လျှင် ပိုမိုသင့်တော်ပါသည်။

သင်တန်းကာလ BIM01, Modeling (ARC, STR& MEP)
Aug 2024 – Dec 2024 (4 Months)
သင်တန်း အချိန်နှင့် နေ့ရက် BIM01, Modeling (ARC, STR& MEP)
Saturday& Sunday
05:00 p.m. - 07:30 p.m. (စင်ကာပူ အချိန်)
03:30 p.m. - 06:00 p.m. (မြန်မာ အချိန်)

သင်တန်းစတင်ဖွင့်လှစ်မည့်နေ့
10.08.2024 (Saturday)

သင်တန်းကြေး BIM01, Modeling (Revit)
သင်တန်းကြေးမှာ စင်္ကာပူ ဒေါ်လာ S$ 150 ဖြစ်ပြီး၊ မြန်မာပြည်မှ သင်တန်းတက်ရောက်သူများအတွက်ကိုတော့ သင်တန်းကြေး မြန်မာကျပ်ငွေ ၁ သိန်းခွဲ ဖြင့်သင်တန်းအပ်နိုင်ပါသည်။

သင်တန်းအတွက် Revit Software ကို အရင် Install လုပ်ပြီးမှ သင်တန်းအပ်ပါရန် အကြံပြုလိုပါသည်။

System Requirement
သင်တန်းတက်မည့်သူ့၏ Computer တွင် Revit Software တင်ရင် လိုအပ်သော Computer Hardware လိုအပ်ချက်များကို အောက်တွင် ဖေါ်ပြထားသော Link တွင် စစ်ဆေး တွက်ချက်ပြီး သင့်တော်သော Revit Software Version ကိုသာ Install လုပ်သင့်ပါသည်။ (သင်တန်းတွင် Revit 2020 Version ကို အသုံးပြုပြီး သင်ကြားပေးမည် ဖြစ်သောကြောင့် Revit Version 2020 နှင့်အထက် (2021 or 2022 or 2023 or 2024) Software တစ်ခုခုကို တင်ထားရန်လိုပါသည်။

System requirements for Autodesk Revit
https://www.autodesk.com/.../System-requirements-for...

Revit Software Installation
သင်တန်းတွင် အသုံးပြုမည့် Revit Software ကို Install လုပ်ရန် အောက်တွင် ဖေါ်ပြထားသော နည်းလမ်း တစ်ခုခုထဲမှ ရွေးချယ် ရန်လိုအပ်ပါသည်။
1. Educational License (၁ နှစ်လေ့ကျင့်ရန် အခမဲ့ ရရှိနိုင်ပါသည်)
2. ခရက် Version တင်ရန် (မြန်မာနိုင်ငံမှ လေ့လာသင်ယူသူများသာ)

Educational License
နည်းပညာတက္ကသိုလ်များ (မြန်မာနိုင်ငံ အပါအ၀င်) တွင် တက်ရောက် သင်ကြားဖူးသော ကျောင်းသူ၊ ကျောင်းသားများသည်လည်း မိမိရရှိထားသော ဘွဲ့လက်မှတ် (သို့မဟုတ်) အမှတ်စာရင်းကို အသုံးပြု၊ တင်ပြပြီး Educational License တောင်းယူနိုင်ပါသည်။ တကယ်၍ Educational License ကို ၁ နှစ်အသုံးပြုပြီး သက်တမ်းကုန်ဆုံးသွားလျှင်လည်း နောက်ထပ် ထပ်မံ သက်တမ်းတိုးလို့ရပါသေးသည်။ Educational License သည် License တစ်ခုတည်းဖြင့် ကွန်ပြူတာ ၂ လုံးအထိ အသုံးပြုနိုင်ပါသည်။
Educational License လျှောက်ရန်
https://www.autodesk.com/education/home

Revit Content Library
Revit Software တင်ထားပြီးလျှင် တင်ထားသည့် Software Version အတိုင်း အောက်တွင် ဖေါ်ပြထားသော Link မှ
Revit Template, Revit Library (Singapore/ US Metric/ English) တို့ကို Download လုပ်ထားရန်လိုအပ်ပါသည်။
https://www.autodesk.com/.../Where-to-find-Revit-Content...

သင်တန်းအတွက် လိုအပ်သော Note& Reference (Video, E book)
သင်တန်းအပ်ပြီးလျှင် +65 9109 7619 (WhatsApp/ Viber) သင်တန်းအပ်ထားသော Screenshot ကို ပေးပို့ပြီး သင်တန်းတက်မည့်သူ၏
1. Name (for Certificate)
2. Email Address (Gmail)
တို့ကို သင်တန်းမဖွင့်ခင် ကြိုတင်လာရောက် ရယူရန်လိုအပ်ပါသည်။

Exam နှင့် သင်တန်း အောင်လက်မှတ်
သင်တန်းကာလ ပြီးဆုံးတဲ့အခါ သတ်မှတ်ထားသော Exercises များအားလုံး ပြုလုပ် ပြီးစီးခြင်းနှင့်၊ Skill Test ဖြေဆို ရပါမည်။ Skill Test စာမေးပွဲ ဖြေဆို အောင်မြင်တဲ့အခါမှာသာ သင်တန်းဆင်း လက်မှတ်ရရှိပါမည်ဖြစ်ပါတယ်။ တကယ်လို့ အကြောင်းကြောင်းကြောင့် စာမေးပွဲမဖြေဖြစ်ခဲ့လျှင်သော်လည်းကောင်း၊ စာမေးပွဲဖြေဆိုသည့်အခါ သတ်မှတ်ထားသော အမှတ်မရရှိခဲ့လျှင်လည်းသော်လည်းကောင်း၊ နောက်ထပ်စာမေးပွဲကို နောက်ဖွင့်မည့်အတန်းများတွင် အကန့်သတ်မရှိ (အခမဲ့) ပြန်ဖြေဆိုခွင့်ရှိပါတယ်။

သင်တန်းအပ်ရန်နှင့် ဆက်သွယ်ရန်
+65 9109 7619 (WhatsApp/ Viber)

 # Integrated Digital Delivery (IDD) Guide, BCA (May 2024)2011 ခုနစ်ကစပြီး စင်ကာပူရဲ့ BIM, VDC, IDD Guides များ ဖန်တီးရမ...
09/07/2024

# Integrated Digital Delivery (IDD) Guide, BCA (May 2024)

2011 ခုနစ်ကစပြီး စင်ကာပူရဲ့ BIM, VDC, IDD Guides များ ဖန်တီးရမှာ မှာ Company ကို ကိုယ်စားပြုပြီး ပါ၀င် ပါတ်သက်ခဲ့ဖူးသော၊ လက်ရှိ ပါတ်သက်လျှက်ရှိသော မြန်မာ တစ်ယောက်အနေဖြင့်....................

Original Download Link (BCA)
https://www1.bca.gov.sg/buildsg/digitalisation/integrated-digital-delivery-idd/idd-requirements

 ; 4DBIM Construction Project Planning မနက်ဖြန် 22/06/2024 (Sat) နေ့ မှစတင်ပြီး 4DBIM Construction Project Planning အတန်...
21/06/2024

; 4DBIM Construction Project Planning

မနက်ဖြန် 22/06/2024 (Sat) နေ့ မှစတင်ပြီး 4DBIM Construction Project Planning အတန်း စတင်မှာဖြစ်ပါတယ်။ ဒါကြောင့် သင်တန်းမအပ်ရသော သူများ အမြန်သင်တန်းအပ်ဖို့လိုပါမယ်။ ဒါ‌အပြင် သင်တန်းအပ်ပြီး သင်တန်း

1. Zoom Link
2. 4DBIM Exercise Folder
3. Video Recording Folder

များမရရှိသေးသူများအနေဖြင့် သင်တန်းအပ်ထားသော WhatsApp/ Viber တွင် သင်တန်းမစခင် လာရောက် အကြောင်းကြားပေးရန် သတိပြုစေချင်ပါသည်။

သတင်းကောင်း တစ်ခုအနေဖြင့် အရင်ဖေါ် ပြထားသော Software/ Plarform များအပြင် Smart Project Management Daskboard တစ်ခုကိုပါ ထည့်သွင်း သင်ကြားပေးသွားမည်ဖြစ်ပါသည်။ (Sample Daskboard ပုံကို ယခုပို့စ်တွင် တွေ့ရနိုင်ပါသည်)

BIM4D Course သင်တန်းအကြောင်း
https://www.facebook.com/photo?fbid=425734756930002&set=a.108786061958208

  Vacancy for Civil Engineer @ Colombo Sri Lankaနာမည်ကြီး Consultant Firm တစ်ခုက အသိမိတ်ဆွေ တစ်ဦးက Sir Lanka မှာ Civil ...
05/06/2024

Vacancy for Civil Engineer @ Colombo Sri Lanka

နာမည်ကြီး Consultant Firm တစ်ခုက အသိမိတ်ဆွေ တစ်ဦးက Sir Lanka မှာ Civil Engineer အလုပ် (၂) နေရာစာ ရှိတယ်လို့ပြောပြီး မြန်မာတွေက စိတ်၀င်စားတဲ့သူရှိရင် ပြောပါဆိုလို့ လာအသိပေးတာပါ။

လိုအပ်ချက်မှာ ရေးထားတာကတော့
Deputy Team Leader
B.Sc Civil Engineer,အနည်းဆုံး 20 years of experience ရှိပြီး 40 m အထက် အနည်းဆုံး ဆေးရုံ Project တစ်ခုနှင့် တက္ကသိုလ် တစ်ခု ကို Team Leader or Deputy Team Leader အဖြစ် အနည်းဆုံး 5 Year Supervision လုပ်ဖူးတဲ့သူ ဖြစ်ဖို့လိုတယ်လို့ ရေးထားတာတွေ့ရတယ်။

Team Leader
B.Sc Civil Engineer,အနည်းဆုံး 25 years of experience ရှိပြီး 40 m အထက် အနည်းဆုံး ဆေးရုံ Project တစ်ခုနှင့် တက္ကသိုလ် တစ်ခု ကို Team Leader or Deputy Team Leader အဖြစ် အနည်းဆုံး 10 Year Supervision လုပ်ဖူးတဲ့သူ ဖြစ်ဖို့လိုတယ်လို့ ရေးထားတာတွေ့ရတယ်။

လိုအပ်ချက်နှင့်ကိုက်ညီရင် ကျွန်တော်ဆီက ဆက်သွယ်ရမည့် လိပ်စာနဲ့ ဖြည့်ရမည့် Form ကိုလာရောက်တောင်းယူနိုင်ပါတယ်။ ကျေးဇူးပြုပြီး လိုအပ်ချက်နှင့် မပြည့်မှီသူများအနေဖြင့် မလျှောက်သင့်ပါဘူး၊ တခြားအလုပ်အကိုင်နေရာများလည်း ရှိနိုင်ပါသေးတယ်။

  for Construction Project Planning @ Batch 05 ၂ နှစ်လျှင် တစ်ကြိမ်မျှသာ ဖွင့်လှစ်လေ့ရှိသည့် BIM 4D, Construction Planni...
02/06/2024

for Construction Project Planning @ Batch 05

၂ နှစ်လျှင် တစ်ကြိမ်မျှသာ ဖွင့်လှစ်လေ့ရှိသည့် BIM 4D, Construction Planning အတန်းကို 2021 ခုနှစ်နောက်ပိုင်း အတန်းအသစ်ဖွင့်လှစ်ခြင်းမရှိဘဲ ယခုနှစ် June 2024 တွင် Batch 05 ကို ပြန်လည် ဖွင့်လှစ်လိုက်ပါသည်။

ပုံမှန်အားဖြင့် Planning ကို Project Manager နှင့် Planning Engineer များကရေးဆွဲသော်လည်း နည်းပညာ တိုးတက်လာသည့် အခါ သမားရိုးကျ Construction Planning များကို BIM4D, Model-based Construction Planning များ Artificial Intelligent (AI) ကိုအသုံးပြုသည့် Construction Planning များဖြင့် အစားထိုးလာကြပါသည်။

ဒါအတွက်ကြောင့် ယခုအခါ BIM Coordinator များနှင့် BIM Manager အနေဖြင့်လည်း BIM4D, Construction Planning ကို မဖြစ်မနေ နားလည်တတ်ကျွမ်းသင့်ပါသည်။

BIM 4D, Construction Planning ကိုလေ့လာရန် အနည်းဆုံး BIM Modeling Software တစ်ခုခုကို လေ့လာသင်ယူထားရန်လိုအပ်ပါသည်။ (ဥပမာ Revit Modeling / Other Modeling Tool)

ယခုသင်တန်းတွင် ပါ၀င်မည့် အကြောင်းအရာ (Topic) များ
1. Preconstruction Planning
2. Detail Construction Planning
3. BIM 4D Planning
4. Grantt Chart
5. Line Of Balance
6. Critical Path Method (CPM) & Precedence Diagram
7. Calculation of Construction Duration
8. 4D Task ID
9. Introduction of BIM 8D

ယခုသင်တန်းတွင် ပါမည့် Software/Application/ Platform များ
1. Revit (Part, Phasing)
2. Navisworks Manage/ Simulate
3. Synchro Pro
4. Microsoft Project
5. Primavera P6
6. Power BI (for Planning)
7. Autodesk Construction Cloud (ACC) for Construction Planning
8. Fuzor/ Revizto (Demonstration only)

♥Exam နှင့် သင်တန်း အောင်လက်မှတ်
သင်တန်းကာလ ပြီးဆုံးတဲ့အခါ သတ်မှတ်ထားသော Exercises များအားလုံး ပြုလုပ် ပြီးစီးခြင်းနှင့်၊ Skill Test ဖြေဆို ရပါမည်။ Skill Test စာမေးပွဲ ဖြေဆို အောင်မြင်တဲ့အခါမှာသာ သင်တန်းဆင်း လက်မှတ်ရရှိပါမည်ဖြစ်ပါတယ်။ တကယ်လို့ အကြောင်းကြောင်းကြောင့် စာမေးပွဲမဖြေဖြစ်ခဲ့လျှင်သော်လည်းကောင်း၊ စာမေးပွဲဖြေဆိုသည့်အခါ သတ်မှတ်ထားသော အမှတ်မရရှိခဲ့လျှင်လည်း နောက်ထပ်စာမေးပွဲကို အကန့်သတ်မရှိ (အခမဲ့) ပြန်ဖြေဆိုခွင့်ရှိပါတယ်။

♥သင်တန်းအချိန်
Saturday& Sunday, (June 2024 - September 2024)
08:00 p.m. - 10:30 p.m. (စင်ကာပူ အချိန်)
06:30 p.m. - 09:00 p.m. (မြန်မာ အချိန်)

♥သင်တန်းစတင်ဖွင့်လှစ်မည့်နေ့
22.06.2024 (စနေနေ့)

♥သင်တန်းကြေး
S$ 200

♥Documents (Google Drive) & Zoom Link
သင်တန်းအပ်ပြီးလျှင် သင်တန်းတက်ရောက်မည့်သူမှ သင်တန်းအတွက် ကြိုတင် ပြင်ဆင်ထားနိုင်ရန် သင်တန်းအပ်ပြီးလျှင်
1. သင်တန်းကြေး ပေးသွင်းထားသော Screen Shot
2. သင်တန်းတက်ရောက်မည့်သူ၏ အမည်
3. သင်တန်းတက်ရောက်မည့်သူ၏ Email Address
တို့ကို +65 9109, 7619 (Viber/ WhatsApp) သို့ ပေးပို့ရန်လိုအပ်ပါသည်။ သင်တန်းအတွက် လိုအပ်သော Documents များ Software နှင့် Reference (Video& E Book) များကို ထို Email Address များထံ ပြန်လည် ပေးပို့ထားပါမည်။ သင်တန်းအတွက် Zoom Link ကိုလည်း (Viber/ WhatsApp) များမှ ပြန်လည် ပေးပို့သွားပါမည်။

  Workshop XRAutodask ကလည်း Virtual Reality (VR) အသုံးပြုနိုင်ရန် Application တစ်ခုကိုိုစတင်ပြီး မိတ်ဆက်နေတာတွေ့ ရပါတယ်။...
23/05/2024

Workshop XR

Autodask ကလည်း Virtual Reality (VR) အသုံးပြုနိုင်ရန် Application တစ်ခုကိုိုစတင်ပြီး မိတ်ဆက်နေတာတွေ့ ရပါတယ်။

1. Revit (RVT)
2. Navisworks (NWD)
3. Rhino
4. SketchUp (SKP)
5. FBX
6. OBJ

စသည့် Format များနှင့်လည်း Integration လုပ်လို့ရနိုင်ပါတယ်လို့ လည်း သိရပါတယ်။

BCA, SP နှင့် တခြားကျောင်းများမှ ကျောင်းသားများအနေဖြင့် BIM Projects များတွင် Visualization Tool အဖြစ် စမ်းသပ် အသုံးပြုနိုင်ရန် Trial (30) Days အတွက် အောက်တွင် Link ပေးထားပါတယ်။

Link
https://workshopxr.autodesk.com/free-trial/

  (BIM for Facility Management) မနက်ဖြန် ရုံးပိတ်ရက်မှာ ပြုလုပ်မည့် Webinar (BIM for Facility Management) အတွက် ‌ZOOM Li...
21/05/2024

(BIM for Facility Management)

မနက်ဖြန် ရုံးပိတ်ရက်မှာ ပြုလုပ်မည့် Webinar (BIM for Facility Management) အတွက် ‌ZOOM Link ကို Register လုပ်ထားတဲ့ Email Account သို့ ပေးပို့ထားပါတယ်။ ZOOM Link မရရှိခဲ့လျှင် Webinar မတိုင်ခင် တစ်နာရီနောက်ဆုံးထားပြီး ယခု Post အောက်တွင် လာရောက် အကြောင်းပေးပါ။

Date: 22/05/2024 (Wednesday)
Time: 03:30 p.m. (Myanmar)/ 05:00 p.m. (Singapore)

Related Topics
1. VDC& IDD Requirements
2. Facility Management (F.M)
3. Computer Aided Facility Management (CAFM)
4. Level Of Development/ Detail/ Information (LOD/LOI)
5. Model Content Requirement (MCR)
6. Building Classification Code
7. Construction Operations Building Information Exchange (COBie)
8. QR/ RFID Code
9. As-Built BIM Model
10. Building Management System (BMS) & Digital Twin

To Register
https://forms.gle/oHxTserftNTzcbJt6

  for Facility Management (F.M)University of Newcastle (UON) တွင် BIM for Structure Engineering နှင့် Virtual Design and...
09/05/2024

for Facility Management (F.M)

University of Newcastle (UON) တွင် BIM for Structure Engineering နှင့် Virtual Design and Construction (VDC) ဘာသာရပ်များကို သင်ကြားပေးနေရင်း၊ ကျောင်းမှ BIM for Facility Management (F.M) အတွက် စာသင်ပေးဖို့ ပြောဆိုလာသဖြင့် ‌နောက်ဖွင့်မည့် Semester မှာ BIM for F.M ဘာသာရပ်ကို စတင်သင်ကြားပေးတော့မည်ဖြစ်ပါတယ်။

ဒါကြောင့် 2015 ကတည်း စာတွေ့၊ လက်တွေ့ လုပ်ခဲ့တဲ့ ‌‌လေဆိပ်၊ ဆေးရုံ၊ စက်ရုံ နှင့် Data Center Project များမှ ရရှိခဲ့တဲ့ အတွေ့အကြုံများကို စာသင်မခင် ပြန်နွေးသည့် အနေဖြင့်လည်းကောင်း၊ BIM ကိုလေ့လာနေတဲ့သူများအတွက် အကျိုး တစ်စုံတရာ ရစေရန် အတွက်လည်းကောင်း လာမည့် 22/05/2024 (Wednesday)/ Vesak Day ရုံးပိတ်ရက်တွင် Online Webniar ပြုလုပ်မည် ဖြစ်သောကြောင့် စိတ်၀င်စားသူ မည်သူမဆို ‌အောက်တွင် ဖေါ် ပြထားသော Link တွင် စာရင်းပေးသွင်းနိုင်ပါသည်။

Related Topics
1. VDC& IDD Requirements
2. Facility Management (F.M)
3. Computer Aided Facility Management (CAFM)
4. Level Of Development/ Detail/ Information (LOD/LOI)
5. Model Content Requirement (MCR)
6. Building Classification Code
7. Construction Operations Building Information Exchange (COBie)
8. As-Built BIM Model
9 Building Management System (BMS) & Digital Twin

To Register
https://forms.gle/oHxTserftNTzcbJt6

  19650, IDD Project and Common Data Environment (CDE) Webinar @ 2023 ယနေ့ ပြုလုပ်မည့် Webinar ကို အချိန်အတိုအတွင်း အလျင...
24/12/2023

19650, IDD Project and Common Data Environment (CDE) Webinar @ 2023

ယနေ့ ပြုလုပ်မည့် Webinar ကို အချိန်အတိုအတွင်း အလျင်အမြန် ပြုလုပ်ရသောကြောင့် လေ့လာဆွေးနွေးမည့်သူ ယခင်လို အများအပြား ရှိမည်ဟု မထင်ထားသောလည်း၊ အခုအယောက် 600 ကျော် သောနေကြောင့် Register လုပ်ထားသူများ၏ Email Address သို့ Zoom Link ကို ပေးပို့ထားပါသည်။

အကြောင်းကြောင့် အဆင်မပြေဖြစ်ခဲ့လျှင် ယခုကတည်းက ကြိုတင်တောင်:ပန်ပါတယ်။
ကျေးဇူးပါ ............

Webinar Date: 24/12/2023 (Sunday)
Webinar Time: 08:00 p.m. (Singapore)/ 06:30 p.m. (Myanmar)
Webinar Platform: ZOOM (Only 500 Participants)
Webinar Registration Link: https://forms.gle/AcmXrU2R1SpX978EA
# BIM, VDC, IDD
# Common Data Environment (CDE)
# ISO 19650
# BIM Ex*****on Plan (BEP)

လာရောက် ဆွေးနွေးမည့်သူများမှ Request လုပ်ထားသော အခြားအကြောင်းရာများဖြစ်သည့်

1. Design for Manufacturing and Assembly (DfMA)
2. Digital Delivery Management (DDM) Accreditation
3. Integrated project delivery (IPD)

တို့ကို ထပ်မံဖြည့်စွက်ထားပါတယ်။

အများစုမေးသော BIM Related Job, BIM Staff's Responsibility, School (BCA Vs SP), အပြင် BIM Workflow (Sin Vs JP) တို့ကို အချိန်ပေါ် မူတည်ပြီး ဆွေးနွေးပေးသွားပါမယ်။

Address

Singapore
460201

Website

Alerts

Be the first to know and let us send you an email when Digital World posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share