Diamondstar mobile

Diamondstar mobile ဖုန်းများ ၊နာရီများ ၊ acessoriesများကိုစျ?

📢ရပ်စောက်မြို့ ဒိုင်းမွန်းစတာ ဖုန်းဆိုင်တွင်မိန်းကလေးဝန်ထမ်း (၂)ဦး အလိုရှိပါသည်-ကျောင်းကိစ္စကင်းရှင်းသူ၊ - စကားပြောပြေပ...
03/10/2023

📢ရပ်စောက်မြို့ ဒိုင်းမွန်းစတာ ဖုန်းဆိုင်တွင်
မိန်းကလေးဝန်ထမ်း (၂)ဦး အလိုရှိပါသည်
-ကျောင်းကိစ္စကင်းရှင်းသူ၊
- စကားပြောပြေပြစ်ပြီး သွက်လက်ချက်ချာသူ
-အကျင့်စာရိတ္တကောင်းမွန်သူ
-အများနှင့်ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူ
-အဖွဲ့လိုက်စုပေါင်း လုပ်ကိုင်နိုင်သူ
-စည်းကမ်းလိုက်နာနိုင်သူဖြစ်ရမည်
ရေရှည် လုပ်ကိုင်မည့်သူများသာ ဦးစားပေးမည်
ဆက်သွယ်ရန်
၀၉၇၉၉၀၅၅၆၅၀

📢ရပ်စောက်မြို့ ဒိုင်းမွန်းစတာ ဖုန်းဆိုင်တွင်မိန်းကလေးဝန်ထမ်း (၂)ဦး အလိုရှိပါသည်-ကျောင်းကိစ္စကင်းရှင်းသူ၊ - စကားပြောပြေပ...
22/05/2023

📢ရပ်စောက်မြို့ ဒိုင်းမွန်းစတာ ဖုန်းဆိုင်တွင်
မိန်းကလေးဝန်ထမ်း (၂)ဦး အလိုရှိပါသည်
-ကျောင်းကိစ္စကင်းရှင်းသူ၊
- စကားပြောပြေပြစ်ပြီး သွက်လက်ချက်ချာသူ
-အကျင့်စာရိတ္တကောင်းမွန်သူ
-အများနှင့်ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူ
-အဖွဲ့လိုက်စုပေါင်း လုပ်ကိုင်နိုင်သူ
-စည်းကမ်းလိုက်နာနိုင်သူဖြစ်ရမည်
ရေရှည် လုပ်ကိုင်မည့်သူများသာ ဦးစားပေးမည်
Phone-09771117700/095216132

ဒီဇိုင်းအသစ်လေးနဲ့ အသစ်ထွက်ရှိလာတဲ့... Oppo ချစ် ကာကာတွေအတွက် OPPO A17k6.56" Waterdrop ScreenUp to 7GB RAM (3GB+4GB)    ...
16/12/2022

ဒီဇိုင်းအသစ်လေးနဲ့ အသစ်ထွက်ရှိလာတဲ့... Oppo ချစ် ကာကာတွေအတွက်

OPPO A17k

6.56" Waterdrop Screen
Up to 7GB RAM (3GB+4GB)
64Rom
Side Fingerprint Unlock
5000mAh Long Lasting Battery
ColorOs12.1

Price : 339900 ks
Diamond Star Mobile မှာ၀ယ်ယူအားပေးလို့ရနေပါပြီရှင့်

sim မှတ်ပုံတင် မိမိ အမည်နဲ့ ဟုတ်မဟုတ်စစ်ဆေးကြည့်ကြပါ  ပယ်ဖျက်သွားရင်အရမ်းနစ်နာပါတယ်MPT - *601 #Ooredoo - *666 #Telenor -...
21/09/2022

sim မှတ်ပုံတင် မိမိ အမည်နဲ့ ဟုတ်မဟုတ်စစ်ဆေးကြည့်ကြပါ
ပယ်ဖျက်သွားရင်အရမ်းနစ်နာပါတယ်

MPT - *601 #
Ooredoo - *666 #
Telenor - *979*3*3 #
Mytel - *966 # , 6 , 2

Credit

05/06/2022

RAM အကြောင်း သင်ဘာတွေသိထားလဲ 🤔

2022 မှာ ဖုန်းတစ်လုံးဝယ်ဖို့စဉ်းစားတဲ့အခါ RAM အနည်းအများကိုကြည့်ပြီး ရွေးချယ်ဝယ်ယူလာကြပါတယ်။ အချို့က RAM များများပါမှ ဖုန်းပိုသွက်မယ်၊ ဂိမ်းဆော့လို့ပိုကောင်းမယ်လို့ထင်ကြပေမယ့် အချို့က ဒီလိုမဟုတ်ဘူးလို့ပြောကြပြန်ပါတယ်။ ဒီတော့ ဖုန်းတစ်လုံးရဲ့မပါမဖြစ် RAM အကြောင်းကို Knowledge Sharing ကဏ္ဍကနေ ပြောပြပေးချင်ပါတယ်။

>> RAM ဆိုတာဘာလဲ?

RAM ဆိုတာ “Random Access Memory” ကိုအတိုကောက်ခေါ်ဆိုတာဖြစ်ပြီး အလွန်တရာမြန်တဲ့ မှတ်ဉာဏ်တစ်ခုလို့ အကြမ်းဖျင်းမှတ်ယူလို့ရပါတယ်။ ဖုန်းတွေမှာပါဝင်တဲ့ Data တွေသိမ်းဆည်းတဲ့၊ Internal Storage လို့လဲ ခေါ်ကြတဲ့ ROM (Read Only Memory) ထက် အဆပေါင်းများစွာ ပိုမြန်ပါတယ်။

>> ဖုန်းတစ်လုံးမှာ RAM ဘယ်လိုအလုပ်လုပ်လည်း?

ကိုယ့်ရဲ့ဖုန်းကို စဖွင့်လိုက်ပြီး Applications တွေစသုံးတာနဲ့ အဲ့ဒီ Apps တွေနဲ့ သူတို့ရဲ့ Data တွေကို RAM က မှတ်ပေးထားပါတယ်။လက်ရှိ App ကနေ နောက် App တစ်ခုကိုပြောင်းသုံးနေရင်း မူလ App ကိုပြန်သုံးတဲ့အခါ နဂိုအတိုင်းပဲကျန်ရှိနေတာက RAM ကြောင့်ဖြစ်ပါတယ်။

ဖုန်း Hardware တွေ အဆင့်မြင့်လာတာနဲ့အမျှ ဒီ Hardware တွေပေါ်မှာ အသုံးပြုမယ့် Software တွေရဲ့ Size ဟာလည်း တဖြည်းဖြည်းကြီးမားလာကြပါတယ်။ ပုံမှန် Software တစ်ခုရဲ့ RAM အပေါ်မှာ နေရာယူတဲ့ပမာဏဟာ 300 ကနေ 500 MB အထိရှိနိုင်ပါတယ်။ သိပ်မလေးလောက်ဘူးလို့ ထင်ထားကြတဲ့ Facebook နဲ့ Instagram တို့လို Social Media App တွေ၊ Chrome တို့လို Browser တွေဆို သုံးရင်သုံးသလောက်၊ Tab တွေ ဖွင့်ရင်ဖွင့်သလောက် RAM အသုံးပြုမှု ပိုများတတ်ကြတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ Display ပေါ်ရောက်လာသမျှ Image တွေ Data တွေကို အလွယ်တကူပြန်ကြည့်နိုင်ဖို့ သိမ်းထားပေးတဲ့ Cache File လေးတွေက Newsfeed ပွတ်တိုင်း, Web Page တွေ ကြည့်တိုင်းတိုးလာလို့ပါ။ ဆိုလိုတာက Cache File များလေလေ RAM ပြည့်လာလေပါ။

နောက်ပြီး PUBG လို Mobile Game ​တွေဆော့ကြတဲ့အခါ အဲ့ဒီဂိမ်း ရဲ့ Game File တွေထဲက Character ပုံတွေ၊ မြေပုံတွေ၊ သေနတ်တွေစတဲ့ File ​တွေကို ဖုန်းက RAM ထဲမှာခဏဆွဲယူသိမ်းထားလိုက်ပါတယ်။ Game အကြီးအသေးပေါ်မူတည်ပြီး RAM ပေါ်မှာ သူတို့ရဲ့နေရာယူမှုပမာဏက 1GB နဲ့အထက်ရှိတတ်ကြပါတယ်။ ဒီလောက်ဆို ဖုန်းတစ်လုံးမှာပါတဲ့ RAM တွေကို ဘယ်အရာတွေက ဘယ်လောက်ထိ ယူသုံးလဲဆိုတာ အကြမ်းဖျဉ်းသိလောက်ပြီထင်ပါတယ်။

>> RAM 6GB ပါရင် 6GB အပြည့်အဝသုံးလို့ရလား?

ကျွန်တော်တို့ 64GB SD Card တစ်ခုကိုဝယ်ရင် 64 GB အပြည့်မပါသလိုပါပဲ၊ 6GB RAM ပါတယ်ဆိုတဲ့ ဖုန်းတစ်လုံးမှာ တကယ်သုံးလို့ရတဲ့ RAM ပမာဏဟာ 5.5GB ဝန်းကျင်လောက်ပဲ ရှိတတ်ပါတယ်။ အဲဒီမှာမှ ဖုန်းတစ်လုံးကိုမောင်းနှင်းမယ့် OS နဲ့ သက်ဆိုင်ရာ UI အသီးသီးအတွက် မဖြစ်မနေပေးရတဲ့ RAM ပမာဏဟာ 2 to 3 GB အထိရှိပါတယ်။ ဒါကလည်း ဖုန်းကုမ္ပဏီတွေရဲ့ သူတို့ UI တွေမှာ Feature တွေ ဘယ်လောက်ထိ ထည့်ပေးလဲအပေါ် မူတည်ပါတယ်။ ဆိုတော့ 6GB RAM ပါတဲ့ဖုန်းတစ်လုံးမှာ App တွေ Run ဖို့ ကျန်တဲ့ RAM ပမာဏဟာ 2 to 3 GB ဝန်းကျင်ပဲရှိတော့တာဖြစ်ပါတယ်။

အခုနောက်ပိုင်း Entry Level အနိမ့်ပိုင်းဖုန်းတွေကလွဲရင် ကျန်တဲ့ဖုန်းအားလုံးနီးပါးမှာ Memory Extension လုပ်လို့ရတဲ့ RAM Plus နည်းပညာကိုထည့်သွင်းပေးလာပါပြီ။ တကယ်က Phone Storage ကနေယူပြီး RAM လိုလုပ်သုံးလိုက်တာပါ။ နဂို 6GB ကို 2GB ထပ်ပေါင်းပြီး RAM 8GB တောင်သုံးလို့ရသွားပါတယ်။ ဒါပေမယ့် အကျိုးရှိသလားဆိုတော့လည်း သိပ်မရှိပါဘူး။ ဘာလို့လဲဆို Storage ROM ရဲ့ File ရေးနှုန်း ဖတ်နှုန်းက RAM ထက် အများကြီး ပိုနှေးကွေးလို့ပါ။ ဆိုတော့ ပိုတိုးသွားတဲ့ 2GB က လူပိန်လေးကို ဆန်အိတ်ထမ်းခိုင်းသလိုဖြစ်နေမှာမို့ပါ။ ဒါပေမယ့် RAM Extension နည်းပညာပါတာက မပါတာထက်စာရင်တော့ပိုကောင်းတယ်လို့ပြောလို့ရပါတယ်။

>> App များများထည့်ဖို့ RAM များများလိုလား ?

ပထမဆုံး Android Phone ဖြစ်တဲ့ HTC Dream (T-Mobile G1) မှာ RAM 192MB ပဲပါပါတယ်။ ဒီနေ့ခေတ်မှာတော့ သာမန်ဖုန်းတစ်လုံးမှာတောင် RAM 4GB လောက်အထိပါဝင်လာတဲ့အတွက် အရင်ကထက်စာရင် 22 ဆ လောက် RAM ကို ပိုပြီး လိုအပ်လာတာဖြစ်ပါတယ်။ ဒါဟာလဲ အရင်ခေတ်က Android ဖုန်းတစ်လုံးနဲ့ ခုခေတ်ဖုန်းတွေလုပ်ဆောင်နိုင်မှု လုံးဝမတူတော့တာကြောင့်ဖြစ်သလို ကျွန်တော်တို့ နေ့စဥ်သုံးနေတဲ့ Apps နဲ့ Games တွေဟာလဲ ပိုမိုတိုးတက်လာကာ OS ရဲ့ Size တွေလဲ တ​​ဖြည်းဖြည်းကြီးမားလာကြတာကြောင့် ဖြစ်ပါတယ်။

စမ်းသပ်ချက်တွေအရ ယနေ့ခေတ်ရဲ့ သာမန် Apps တွေဖြစ်တဲ့ YouTube, WhatsApp, Candy Crush စတဲ့ ပေါ့ပေါ့ပါးပါး Apps and Games တွေဟာ 130MB ကနေ 400MB RAM ကို အကြမ်းဖျင်း လိုအပ်တယ်လို့ သိရပါတယ်။ Instagram နဲ့ Facebook တို့လို App တွေကတော့ 400MB ကနေ 700MB RAM အထိ လိုအပ်တယ်လို့ သိရပါတယ်။ Games အကြီးစားတွေဖြစ်တဲ့ League of Legends နဲ့ PUBG Mobile တို့လို App တွေကတော့ 800MB ကနေ 1GB RAM အထိ လိုအပ်တယ်လို့ သိရပါတယ်။

>> ဒါဆိုရင် RAM များတာ ကောင်းလား?

ကောင်းလားဆိုရင် ကောင်းပါတယ်။ Apps နဲ့ Games တွေကို အများကြီး ထည့်ထားနိုင်ပြီး အများကြီးကို တစ်ပြိုင်နက်တည်း Run နိုင်၊ Multitasking ကောင်းကောင်းကြီး ပြုလုပ်နိုင်ပါတယ်။

ဒီနေရာမှာ တချို့လွဲမှားနေတဲ့ အသိလေးတစ်ခုရှိပါတယ်။ RAM များရင် ဖုန်းရဲ့ စွမ်းဆောင်ရည်လပိုကောင်းတယ်ဆိုတာပါပဲ။ တကယ်တော့ ဖုန်းရဲ့ စွမ်းဆောင်ရည်ဟာ RAM နဲ့ အနည်းငယ်ပဲ ပတ်သက်ပြီး CPU and GPU နဲ့ပဲ တိုက်ရိုက်အချိုးကျတာဖြစ်ပါတယ်။ ဒါကြောင့် RAM 8GB နဲ့ Midrange CPU ဖုန်းဟာ RAM 6GB ပဲပါတဲ့ Flagship SOC ဖုန်းလောက် Performance မကောင်းတာကိုတွေ့ရမှာပါ။

>> SmartPhone တစ်လုံးမှာ RAM ဘယ်လောက်ဆို အဆင်ပြေမလဲ?

သာမန် အသုံးပြုသူတွေအတွက် 4GB RAM ဆိုရင် လုံလောက်ပါတယ်။ Standard Apps ရှစ်ခုလောက်အထိ ကို တစ်ပြိုက်နက်တည်း ကောင်းကောင်း အသုံးပြုနိုင်ပါတယ်။ ဒါထက်ပိုပြီး Games တွေဆော့မယ်၊ Apps တွေများများ Multitasking လုပ်မယ်ဆိုရင် RAM 6GB ဟာ လုံလောက်တယ် ပြောလို့ရပါတယ်။ Heavy Users တွေနဲ့ Flagship SOC အသုံးပြုချင်တဲ့ သူတွေအတွက်တော့ 8GB RAM ဟာအတိုင်းထက်အလွန်လို့ ပြောလို့ရပါတယ်။

RAM 10GB တို့ 12GB တို့ဆိုတာ Smart Phones တွေအတွက် သိပ်ပြီးမလိုအပ်သေးပေမဲ့ အကောင်းဆုံး အမြင့်ဆုံးဖုန်းကို လိုချင်တဲ့သူတွေကတော့ RAM များများပါတဲ့ဖုန်းတွေကို ဝယ်ယူနိုင်ပါတယ်လို့ပြောရင်း ဒီနေ့ RAM အကြောင်း တစေ့တစောင်းပြောခဲ့တာတွေကို နိဂုံးချုပ်ပါရစေခင်ဗျာ။

13/05/2022

မဂ်လာပါ သဲလေးတိူ့ရေ...........
OPPO Model အစုံနဲ့မိတ်ဆက်ပေးချင်ပါတယ်ရှင့်☺ဖုန်းသစ်ဝယ်လိုတဲ့ချစ်သဲလေးတို့စိတ်ကြိုက်ရွေးချယ်နိုင်ပါပီရှင့်💚💚💚💚💚
(3/32)=269900ks
(4/64) =309900ks
(6+5/128)=479900ks
(4/128) =379900ks
(4/64) =339900ks
(4/64) =329900ks
. (8/128) =629900ks

Oppo ထဲကမှ 3သိန်းအောက်သုံးချင်တဲ့ကာကာတို့အတွက်  Oppo A16k (3/32) 269900OppoA16k(4/64)309900
13/05/2022

Oppo ထဲကမှ 3သိန်းအောက်သုံးချင်တဲ့ကာကာတို့အတွက်



Oppo A16k (3/32) 269900
OppoA16k(4/64)309900

Redmi ကနေ အသစ်ထပ်မံထွက်ရှိထားပြီးတော့ Budget ဖုန်းတစ်လုံးဖြစ်တဲ့ Redmi 10A လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်နော်။ 👩‍🏫👩‍🏫👩‍🏫Redm...
10/05/2022

Redmi ကနေ အသစ်ထပ်မံထွက်ရှိထားပြီးတော့ Budget ဖုန်းတစ်လုံးဖြစ်တဲ့ Redmi 10A လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်နော်။ 👩‍🏫👩‍🏫👩‍🏫

Redmi 10A Specification
------------------------
Display: 6.53 inches, LCD
Resolution: 720×1600pixels
OS: Andriod 11, MIUI 12.5
Chipset: Media Tek Helio G25 (12nm)
Ram: 4GB
Memory: 64GB
Camera: 13MP
Selfie: 5MP
Battery: 5000mAh
Fingerprint: Rear-mounted

စျေးနှုန်း နှစ်သိန်းကျော်ကျော်နဲ့ နောက်ဆုံးထွက် ဖုန်းမော်ဒယ်လ်လေး ကိုင်ချင်ရင်တော့ Diamond Star Mobileကို အပြေးလေးလှမ်းခဲ့လိုက်တော့နော်။🏃🏼🏃🏻‍♀️🏃🏻‍♀️🏃🏻‍♀️🏃🏻‍♀️🏃🏻‍♀️🏃🏻‍♀️

အာမခံလည်းပါ၊စျေး၂သိန်းကျော်လေးသုံးချင်တဲ့အသဲတို့အတွက်မင်မင်ဆိုင်မှာinfinixလေးတွေရှိတယ်
10/05/2022

အာမခံလည်းပါ၊စျေး၂သိန်းကျော်လေးသုံးချင်တဲ့အသဲတို့အတွက်မင်မင်ဆိုင်မှာinfinixလေးတွေရှိတယ်

10/05/2022

ပထမဆုံးဆိုတဲ့ အရာတွေကို ပိုင်ဆိုင်ထားတဲ့ Style သစ်လွင်၊ Selfie ဘုရင် OPPO F21 Pro ရဲ့ စျေးနှုန်းကတော့ 629,900 ကျပ်ပဲဖြစ်ပါတယ်။ မေလ ၁၁ ရက်မှ ၁၅ ရက်အတွင်း နီးစပ်ရာ ဖုန်းဆိုင်တွေမှာ Pre-order ပေးသွင်းနိုင်ပြီဖြစ်သလို Pre-order ပေးသွင်းပြီး ခရီးဆောင်အိတ်ကို အထူးလက်ဆောင်အနေနဲ့ ရယူပိုင်ဆိုင်နိုင်ဦးမှာမို့ အခုပဲ ဖုန်းဆိုင်တွေဆီ အပြေးလေးလှမ်းပြီး ကြိုတင်စာရင်းပေးသွင်းလိုက်တော့နော် ....

စမတ်ဖုန်းလောကရဲ့ ပထမဆုံးသော Fiberglass-Leather ဒီဇိုင်း၊ OPPO နဲ့ SONY တို့ ပူးပေါင်းပြီး သီးသန့်တီထွင်ထားတဲ့ SONY IMX709 Sensor၊ မြန်မာနိုင်ငံရဲ့ ပထမဆုံးသော Microlens၊ 33W SUPERVOOC Flash Charge၊ 8GB RAM၊ 128GB ROM စတဲ့ အလန်းစားလုပ်ဆောင်ချက်တို့နဲ့ OPPO F21 Pro က သင့်အတွက် အကောင်းဆုံးသော ရွေးချယ်မှုဖြစ်စေမှာပါ။

OPPO F21 Pro ထုတ်ကုန်အသေးစိတ် - https://bit.ly/3sq4kwp
Shop.com.mm တွင် တိုက်ရိုက်ဝယ်ယူရန် - https://bit.ly/3w9SveQ

်လွင်_Selfieဘုရင်

F21proကို Diamond Star mobileမှာ pre-order စတင်မှာယူလို့ရပါပြီရှင့် 😻ဆိုင်လိပ်စာဆိုင်(၁) 🏠 မြို့မစျေး​(တောင်ဘက်) သမဝါယမတ...
10/05/2022

F21proကို Diamond Star mobileမှာ pre-order စတင်မှာယူလို့ရပါပြီရှင့် 😻

ဆိုင်လိပ်စာ
ဆိုင်(၁) 🏠 မြို့မစျေး​(တောင်ဘက်) သမဝါယမတိုက်တန်း၊ ရပ်စောက်မြို့ 🏠
ဆိုင်( ၂ )🏠 မင်းလမ်း စျေးတန်းရပ်ကွက် ရပ်စောက်မြို့ 🏠
Phone 📞 095216132 / 09771117700 📞

Wave Money, KBZ Pay များဖြင့် ငွေထုပ်နိုင်ပါပြီKBZ Pay (3)%Wave Money (3)%
15/01/2022

Wave Money, KBZ Pay များဖြင့် ငွေထုပ်နိုင်ပါပြီ

KBZ Pay (3)%
Wave Money (3)%

Address

Yatsauk
06074

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Telephone

+959771117700

Website

Alerts

Be the first to know and let us send you an email when Diamondstar mobile posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share