Apex - Design Academy

Apex - Design Academy Design Agency

From concept to interface ✦Exploring ideas, layouts, visual systems and user experiences through my UI/UX Design project...
30/09/2026

From concept to interface ✦
Exploring ideas, layouts, visual systems and user experiences through my UI/UX Design projects.

Design with purpose & intention.
Let’s connect with Apex for your business growth.

💭 UI DESIGN SPECIAL COURSE ( Design Fundamentals to Professional UI )User Interface Design ကို အခြေခံကနေ စပြီး Professio...
28/09/2026

💭 UI DESIGN SPECIAL COURSE ( Design Fundamentals to Professional UI )

User Interface Design ကို အခြေခံကနေ စပြီး Professional Level အထိ စနစ်တကျ လေ့လာချင်သူတွေအတွက် အထူးဖန်တီးထားတဲ့ Course ဖြစ်ပါတယ်။

ဒီ Course မှာ Screen တွေကို လှအောင်ဆွဲတတ်ရုံသာမက Visual Hierarchy, Typography, Color, Layout, Spacing နဲ့ Design System တွေကို နားလည်ပြီး Professional UI Design တစ်ခုကို ကိုယ်တိုင်တည်ဆောက်နိုင်အောင် လေ့လာသွားရမှာပါ။

📚 Course မှာ ဘာတွေလေ့လာရမလဲ?

01 — Design Fundamentals
Typography • Color • Layout • Spacing • Visual Hierarchy

02 — UI Design Principles
Consistency • Alignment • Contrast • Balance • Usability

03 — Figma for UI Design
Components • Variants • Auto Layout • Responsive Design

04 — Design System
Color System • Typography System • Components • Styles

05 — Real-World UI Projects
Mobile App • Web Application • Dashboard

06 — Professional UI Workflow
From Wireframe → UI Design → Prototype → Final Design

💡ဒီ course ကို ဘယ်သူတွေတတ်သင့်လဲ?

• UI Design ကို စနစ်တကျ လေ့လာချင်သူ
• Figma ကို Professional Level အထိ အသုံးပြုချင်သူ
• Design Fundamentals အားနည်းနေသူ
• Mobile App / Website UI Design လုပ်ချင်သူ
• Portfolio အတွက် Real-World Projects တည်ဆောက်ချင်သူ
• UI Designer Career စတင်ချင်သူ

📕 သင်တန်း အသေးစိတ်

▪️သင်တန်းကြေး - တစ်သိန်းကျပ်
▪️သင်တန်းကာလ - တစ်လ
▪️သင်မည့်ရက် - စနေ၊ တနင်္ဂနွေ
▪️ကြာချိန် - တစ်နာရီခွဲ
(Group Class, One to One Available ပါ)

📩 Course Details အတွက် Page Messenger မှာ အသေးစိတ် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။








📱ဒီနေ့ခေတ်မှာ Customer တွေဟာ Business တစ်ခုနဲ့ ဆက်သွယ်တဲ့အခါ မြန်ဆန်ပြီး အဆင်ပြေတဲ့ Mobile Experience ကို ပိုမိုလိုချင်လ...
24/09/2026

📱ဒီနေ့ခေတ်မှာ Customer တွေဟာ Business တစ်ခုနဲ့ ဆက်သွယ်တဲ့အခါ မြန်ဆန်ပြီး အဆင်ပြေတဲ့ Mobile Experience ကို ပိုမိုလိုချင်လာကြပါတယ်။

Mobile App တစ်ခုရှိခြင်းက—

✨ Build Brand Awareness
Customer တွေရဲ့ Mobile Device ထဲမှာ သင့် Brand ကို ပိုမိုမြင်တွေ့မှတ်မိစေပါတယ်။

👥 Reach More Customers
သင့် Business ရဲ့ Products & Services တွေကို Customer တွေဆီ ပိုမိုလွယ်ကူစွာ ရောက်ရှိစေနိုင်ပါတယ်။

🕐 Be Available 24/7
Customer တွေက အချိန်မရွေး App ထဲဝင်ပြီး Products, Services, Orders စတာတွေကို အသုံးပြုနိုင်ပါတယ်။

📈 Increase Sales
ကောင်းမွန်တဲ့ User Experience နဲ့ Customer တွေကို Purchase ပြုလုပ်ဖို့ ပိုမိုလွယ်ကူစေနိုင်ပါတယ်။

⭐ Stay Ahead of Competitors
Business နဲ့ Customer ကြား Digital Experience ကောင်းတစ်ခုတည်ဆောက်ပြီး Brand ကို ပိုမိုတိုးတက်စေနိုင်ပါတယ်။

ဒါပေမယ့် Mobile App ရှိရုံနဲ့ မလုံလောက်ပါဘူး။

App တစ်ခုကို Customer တွေ လွယ်လွယ်ကူကူ နားလည်အသုံးပြုနိုင်ဖို့၊ သက်တောင့်သက်သာရှိဖို့နဲ့ Business Goal ကို အထောက်အကူပြုဖို့ ကောင်းမွန်တဲ့ UI/UX Design လိုအပ်ပါတယ်။ 🎨

📩 Need a Mobile App UI/UX Design?
သင့် Business အတွက် Modern • User-Friendly • Professional Mobile App UI/UX Design ကို အပ်နှံနိုင်ပါတယ်။

Better Design / Better Business

⭐️ UI/UX DESIGN CASE STUDY - 💄 MAKEUP ECOMMERCE APPဒီတစ်ခါမှာတော့ Apex Design Academy မှာ UI/UX Design လေ့လာနေတဲ့ သင်တန်...
22/09/2026

⭐️ UI/UX DESIGN CASE STUDY - 💄 MAKEUP ECOMMERCE APP

ဒီတစ်ခါမှာတော့ Apex Design Academy မှာ UI/UX Design လေ့လာနေတဲ့ သင်တန်းသူတစ်ဦးရဲ့ Makeup Product E-commerce Mobile App Design ကို Case Study အနေနဲ့ မျှဝေပေးလိုက်ပါတယ်။ ✨

ဒီ Project မှာ Makeup Products တွေကို လွယ်ကူစွာရှာဖွေ၊ Product Details တွေကြည့်ရှု၊ Cart ထဲထည့်ပြီး Order တင်နိုင်အောင် User-Friendly Shopping Experience ကို အဓိကထားပြီး Design လုပ်ထားပါတယ်။

📌 Project Highlights
• User Research & User Needs
• Information Architecture
• User Flow
• Wireframing
• UI Design
• Product Browsing Experience
• Product Details & Reviews
• Shopping Cart & Checkout Flow
• Mobile App Prototype

🎨 Design Goal
Makeup Products တွေကို ရှာဖွေဝယ်ယူတဲ့ User တွေအတွက် Simple, Clean & Easy-to-Use Shopping Experience ရရှိစေရန် ရည်ရွယ်ပြီး Design လုပ်ထားပါတယ်။

💡Process တစ်ခုလုံးကို နားလည်ပြီး Real-World Project တွေကို ကိုယ်တိုင်ဖန်တီးနိုင်ဖို့ အရေးကြီးပါတယ်။

Apex Design Academy မှာ UI/UX Design ကို Beginner Level ကနေ Professional Level အထိ လက်တွေ့ Project တွေနဲ့ လေ့လာနိုင်ပါတယ် ဒါ့အပြင် UI ကို သီးသန့်လေ့လာချင်တဲ့သူတွေအတွက် UI Special Class နဲ့ UX ကို သီးသန့်လေ့လာချင်သူတွေအတွက် UX Special Class ဆိုပီး ထပ်ဖွင့်ပေးသွားဦးမှာမို့ follow for more ပါရှင့်။

📩 UI/UX Design သင်တန်းအကြောင်း သိချင်ရင် Page Messenger မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

🌐 စီးပွားရေးတစ်ခု စတင်တော့မယ်ဆိုရင် Website ရှိသင့်တာ ဘာကြောင့်လဲ?ဒီနေ့ခေတ်မှာ Business တစ်ခုအတွက် Website ဆိုတာအချက်အလက...
21/09/2026

🌐 စီးပွားရေးတစ်ခု စတင်တော့မယ်ဆိုရင် Website ရှိသင့်တာ ဘာကြောင့်လဲ?

ဒီနေ့ခေတ်မှာ Business တစ်ခုအတွက် Website ဆိုတာ
အချက်အလက်တွေတင်ထားတဲ့ Online Page တစ်ခုထက်ပိုပါတယ်။

သင့် Business ကို Online မှာ ဘယ်လိုမြင်ရမလဲ၊ ဘယ်လိုယုံကြည်လာမလဲ၊ Customer တွေ ဘယ်လိုဆက်သွယ်မလဲ ဆိုတာကို အထောက်အကူပြုပေးနိုင်တဲ့ Digital Presence တစ်ခုပါ။

💼 Business တစ်ခုအတွက် Website ရှိသင့်တဲ့အကြောင်းရင်းများ

01 — Build Trust & Credibility
Professional Website တစ်ခုက Business ရဲ့ ယုံကြည်စိတ်ချရမှုကို ပိုမိုကောင်းမွန်စွာ ဖော်ပြနိုင်ပါတယ်။

02 — Be Available 24/7
Customer တွေက Business Information, Services, Products နဲ့ Contact Information တွေကို အချိန်မရွေး ကြည့်နိုင်ပါတယ်။

03 — Showcase Your Products & Services
ကိုယ့်ရဲ့ Product / Service တွေကို စနစ်တကျ ပြသပြီး Potential Customers တွေဆီ ရောက်ရှိစေနိုင်ပါတယ်။

04 — Reach More Customers
Social Media တစ်ခုတည်းကို မှီခိုစရာမလိုဘဲ Search Engine ကနေပါ Customer အသစ်တွေ ရှာဖွေတွေ့ရှိနိုင်တဲ့ အခွင့်အရေးရနိုင်ပါတယ်။

05 — Create a Professional Brand Presence
Business ရဲ့ Brand Identity, Story, Services နဲ့ Values တွေကို ကိုယ်ပိုင် Website မှာ စနစ်တကျ ဖော်ပြနိုင်ပါတယ်။

⚠️ ဒါပေမယ့် Website ရှိရုံနဲ့ မလုံလောက်ပါဘူး…
Website တစ်ခုကို ဖန်တီးတဲ့အခါ “လှတယ်” ဆိုတာတစ်ခုတည်းနဲ့ မပြီးပါဘူး။

Customer တစ်ယောက် Website ထဲဝင်လာတဲ့အခါ

❌ ဘာကိုနှိပ်ရမလဲ မသိဘူး
❌ Information ရှာမတွေ့ဘူး
❌ Navigation ရှုပ်ထွေးတယ်
❌ Mobile မှာ အသုံးပြုရခက်တယ်
❌ Form ဖြည့်ရတာ အဆင်မပြေဘူး

ဆိုရင် Website က Business အတွက် အခွင့်အရေးတစ်ခုဖြစ်မယ့်အစား Customer Experience ပြဿနာတစ်ခု ဖြစ်လာနိုင်ပါတယ်။
🎯 ဒါကြောင့် UI/UX Design က အရေးကြီးပါတယ်။

UX Design က
Customer တွေ ဘာလိုချင်လဲ၊ ဘာကိုရှာနေလဲ၊ ဘယ်လိုအသုံးပြုမလဲဆိုတာကို နားလည်ပြီး Website Experience ကို စနစ်တကျ တည်ဆောက်ပေးပါတယ်။

UI Design က
အဲ့ဒီ Experience ကို Clear, Consistent & Professional ဖြစ်အောင် Visual Interface အဖြစ် ဖန်တီးပေးပါတယ်။

Business စတင်မယ့်သူဖြစ်ဖြစ်၊
လက်ရှိ Business အတွက် Website ပြန်တည်ဆောက်မယ့်သူဖြစ်ဖြစ်—

Website တစ်ခုကို “ရှိဖို့” မဟုတ်ဘဲ
Customer တွေအတွက် “အသုံးဝင်ဖို့” တည်ဆောက်ပါ။

💙 Your Business Deserves a Website Designed for Your Customers.

📩 Website / Mobile App / UI/UX Design Service အတွက်
Apex Design Academy ကို လာရောက်ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

လူတွေက Website ဆိုတာကို သိပင်မဲ့ Website တစ်ခုက ဘယ်လိုအလုပ်လုပ်လဲကိုရော သိပြီးကြပြီလား?Website တစ်ခုကို ဖွင့်လိုက်တာနဲ့ ...
18/09/2026

လူတွေက Website ဆိုတာကို သိပင်မဲ့ Website တစ်ခုက ဘယ်လိုအလုပ်လုပ်လဲကိုရော သိပြီးကြပြီလား?

Website တစ်ခုကို ဖွင့်လိုက်တာနဲ့ Screen ပေါ်မှာ စာတွေ၊ ပုံတွေ၊ Buttons တွေ ပေါ်လာတာပဲ မြင်ရပေမယ့် နောက်ကွယ်မှာ HTML, CSS, JavaScript တို့က အလုပ်လုပ်နေပါတယ်။

HTML → Structure
Website မှာ ဘာတွေပါမလဲဆိုတာ တည်ဆောက်ပေးပါတယ်။
ဥပမာ — Heading, Image, Button, Form စတာတွေ

CSS → Style
Website ကို ဘယ်လိုမြင်ရမလဲဆိုတာ သတ်မှတ်ပေးပါတယ်။
ဥပမာ — Color, Font, Spacing, Layout, Animation စတာတွေ

JavaScript → Interaction
User က Website နဲ့ ဘယ်လို Interaction လုပ်နိုင်မလဲဆိုတာ ထိန်းချုပ်ပေးပါတယ်။
ဥပမာ — Button နှိပ်ခြင်း၊ Menu ဖွင့်ခြင်း၊ Form Validation စတာတွေ

🔄 အလွယ်ပြောရရင်

HTML = Structure 🧱
CSS = Design 🎨
JavaScript = Interaction ⚡

ဒီ ၃ ခုကို ပေါင်းစပ်ပြီး User တွေ အသုံးပြုနိုင်တဲ့ Interactive & Responsive Website တစ်ခုကို တည်ဆောက်နိုင်ပါတယ်။

Web Design လေ့လာမယ်ဆိုရင် Website ကို “လှအောင်ဆွဲတတ်ရုံ” မဟုတ်ဘဲ ဘယ်လိုတည်ဆောက်ပြီး ဘယ်လိုအလုပ်လုပ်သလဲ ဆိုတာကိုပါ နားလည်ထားဖို့ အရေးကြီးပါတယ်။

Learn → Design → Code → Build 💻

Video ကြည့်ပြီး သိရုံနဲ့ မပြီးပါဘူး။ကိုယ်တိုင် လုပ်ကြည့်၊ လေ့ကျင့်ကြည့်၊ ပြန်ပြင်ကြည့် မှသာ Skill တစ်ခုက တကယ်တိုးတက်လာမှ...
16/09/2026

Video ကြည့်ပြီး သိရုံနဲ့ မပြီးပါဘူး။
ကိုယ်တိုင် လုပ်ကြည့်၊ လေ့ကျင့်ကြည့်၊ ပြန်ပြင်ကြည့် မှသာ Skill တစ်ခုက တကယ်တိုးတက်လာမှာပါ။ ✨

Apex က Course တွေမှာ သင်ခန်းစာတွေကို လေ့လာရုံသာမက သင်ယူထားတဲ့ Knowledge တွေကို လက်တွေ့အသုံးချပြီး ကိုယ်တိုင် Project တွေ ဖန်တီးနိုင်အောင် လေ့ကျင့်ပေးပါတယ်။

📚 Learn — လိုအပ်တဲ့ Knowledge & Techniques တွေကို လေ့လာမယ်
💻 Practice — သင်ယူထားတာတွေကို ကိုယ်တိုင် လက်တွေ့လုပ်ကြည့်မယ်
🚀 Build — Real-World Project တစ်ခုကို ကိုယ်တိုင်တည်ဆောက်မယ်
✨ Improve — Feedback ရယူပြီး ကိုယ့် Skill ကို ဆက်လက်တိုးတက်အောင် ပြင်ဆင်မယ်

သင်တန်းပြီးသွားတဲ့အခါ
“သိတယ်” ဆိုတာထက် “ကိုယ်တိုင်လုပ်တတ်တယ်” ဆိုတဲ့ Skill ရှိလာဖို့က ပိုအရေးကြီးပါတယ်။

🎯 Learn the skills. Build real projects. Grow with confidence.

💙
13/09/2026

💙

လက်ရှိ UI/UX သင်တန်းမှာ သင်ကြားပေးနေတဲ့ Design Layout ချပုံချနည်းတွေ၊ Page တွေမှာ Auto-Layoutကို ဘယ်လိုဆရာကျ”သုံးရမလဲတွေ...
13/09/2026

လက်ရှိ UI/UX သင်တန်းမှာ သင်ကြားပေးနေတဲ့ Design Layout ချပုံချနည်းတွေ၊ Page တွေမှာ Auto-Layoutကို ဘယ်လိုဆရာကျ”သုံးရမလဲတွေကို

❌ အပြောနဲ့တင်မဟုတ်ပဲ
✔️ တကယ့် လက်တွေ့ instructorအတူ လိုက်လုပ်ရမှာပါရှင့်
စာနားမလည်ရင်လည်း အချိန်မရွေးမေးလို့ရတဲ့အပြင် recording video တွေပါပေးမှာမို့ စိတ်ချလက်ချ သင်ယူလို့ရပါတယ်

Follow For More 💙

📢 တစ်နေ့ကို အချိန်အများကြီး မပေးနိုင်တဲ့သူတွေ ရှိကြလားနော် ?ဒါဆို အချိန်အများကြီးပေးစရာမလိုပဲ တစ်ပတ်ကို 2ရက်သာ အချိန်ပေး...
13/09/2026

📢 တစ်နေ့ကို အချိန်အများကြီး မပေးနိုင်တဲ့သူတွေ ရှိကြလားနော် ?

ဒါဆို အချိန်အများကြီးပေးစရာမလိုပဲ တစ်ပတ်ကို 2ရက်သာ အချိန်ပေးပြီး Web Design Courseကို စနစ်တကျလေ့လာလို့ရနေပါပီ
Instructor ကိုယ်တိုင် Web Designer အနေနဲ့ 2နှစ်တာ ကာလမှာ ရရှိခဲ့တဲ့ ပညာတွေကို ထည့်ပီးသင်ကြားပေးသွားမှာပါ

✅ 3 Months
✅ 2 Days / Week
✅ Beginner to Professional
✅ Included Real-World Project

သင်တန်းအကြောင်း အသေးစိတ်​သိရှိလိုပါက Page Chatboxမှ တစ်ဆင့်စုံစမ်းမေးမြန်းနိုင်ပါတယ်🤍

⚡️ အချိန်တွေကို ကိုယ့် Career လမ်းကြောင်းအတွက် ရင်းနှီးမြှုပ်နှံလိုက်ပါ

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Apex - Design Academy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share