Mobile, communication with Satellite Expo 2016

Mobile, communication with Satellite Expo 2016 To introduce and promote world's latest mobile, communication and satellite technologies

ရရင်ပြောအုံးနော်
25/07/2017

ရရင်ပြောအုံးနော်

တစ်လုံးတေါ့ ချန်ထါး တယ်နော် ရသွားရင်ပြောပေးပါအုံး
24/07/2017

တစ်လုံးတေါ့ ချန်ထါး တယ်နော်
ရသွားရင်ပြောပေးပါအုံး

24/07/2017

08 5548 2398 0306 1864

12/05/2016
USA made ,  အချစ်စမ်းလို့ ရတယ် ...။  ပွဲ မှာ ရောင်းပါမယ်
22/02/2016

USA made , အချစ်စမ်းလို့ ရတယ် ...။ ပွဲ မှာ ရောင်းပါမယ်

http://www.smartphone7.de - Das CAT B10 hält sogar den stärksten Belastungen (den Betonmischer) stand, aber seht selbst...

22/02/2016

၁၁ ရာစုမှာ နည်းပညာပိုင်းဆိုင်ရာတိုးတက်မှုတွေဟာ အံ့မခန်းပါပဲ။ နည်းပညာတိုးတက် လာတာနဲ့အမျှ လူမှုဘ၀တွေ ပိုမိုအဆင့်အတန်း မြင့်လာပါတယ်။ ဒါပေမယ့် နည်းပညာတွေရဲ့အစကို ဘယ်ကစသလဲဆိုတာကို သိရှိတဲ့သူတွေ နည်းပါးပါတယ်။
နည်းပညာကိုစိတ်ဝင်စားပြီး ပိုမိုလေ့လာသူတွေအတွက် မတ်လ 11 ရက်နေ့မှ 13 ရက်နေ့ထိ တပ်မတော်ခန်းမမှာ့ Mobile Communication with Satellite Expo 2016 ကို ကျင်းပမှာဖြစ်ပါတယ်။ထိုပွဲတွင် နောက်ဆုံးပေါ် နည်းပညာအသစ်များကိုလည်း ပြသပေးသွားမှာဖြစ်ပါတယ်။
Satellites ဘယ်ကစသလဲဆိုတဲ့ မေးခွန်းဟာ ကြက်ဥဘယ်ကစသလဲ ဆိုတဲ့ မေးခွန်းလိုတော့ေ၀၀ါးရှုပ်ထွေးစွာ ပြန်ဖြေဖို့တော့ မလိုပါဘူး။ သိပ္ပံနည်းပညာဟာ လူသားတွေကိုယ်တိုင် တီထွင်ထားတဲ့အတွက် တိကျသေချာတဲ့ သမိုင်းကြောင်းတခု တည်ရှိနေပြီးသား ဖြစ်လို့ပါ။ (ကဲ ဒီလိုတိကျသေချာတဲ့ သမိုင်းကြောင်းတခုကို facebook သုံးရင်း အချိန်ပေးပြီး လေ့လာကြည့်လိုက်ရအောင်)
ဆိုဗီယက်ပြည်ထောင်စုကနေ 1957 , Oct 4 ရက်နေ့မှာ Sputnik-1 လို့ခေါ်တဲ့ basketball အရွယ်အစား ပမာဏလောက်ရှိတဲ့ ကမ္ဘာ့ပထမဆုံှးSatellite နည်းပညာတခုကို စတင်ခဲ့ပါတယ်။ အဲ့ဒီလို လွှင့်တင်ပီး မကြာခင် နောက်ထပ်လေးလအကြာမှာပဲ အမေရိကန်နိုင်ငံကလည်း အားကျမခံ Explorer 1 ဆိုတဲ့ Stallite ကိုလွှင့်တင်ခဲ့ပါတယ်။
ပြင်သစ်ကလည်း ပထမဆုံးလေပူဖောင်းတွေ လွှတ်တင်ပြီး လေထုကနေ ကမ္ဘာမြေပြင်ပေါ်သို့ ဓာတ်ပုံရိုက်ပြနိုင်ခဲ့တယ်။ တခြားသော ကြိုးစားအားထုတ်မှုတခုအနေနဲ့ကတော့ လေတံခွန်တွေနဲ့ ခိုငှက်တွေပေါ်မှာ သေးငယ်တဲ့ ကင်မရာတွေ တပ်ဆင်ပြီး ဝေဟင်ပေါ်ကနေ မြေပြင်ပေါ်သို့ ဓာတ်ပုံရိုက်ကူးနိုင်ဖို့ ကြိုးစားကြပြန်ပါသေးတယ်။
ဒါပေမဲ့ တကယ့်ကိုလေးလေးနက်နက် ကြိုးစားမှုတခုကတော့ 1908 ခုနှစ်မှာ Wilbur Wright ဆိုသူက ခရီးသည်လေယာဉ်တဆင့် ဓာတ်ပုံ၇ိုက်နိုင်ခဲ့တာပါပဲ။ ကမ္ဘာအ၇ပ်၇ပ်ကနေ ခုလိုကြိုးပမ်းမှုပေါင်းစုံနဲ့ လေထုထဲကနေ ကမ္ဘာမြေပြင်ကို စောင့်ကြည့်ဖို့ နည်းမျိုးစုံကြိုးပမ်းခဲ့ကြတဲ့အခါမှာ ၂၀ ရာစု အကုန်မှာတော့ ကမ္ဘာမြေပြင်ပေါ်ကနေ အာကာသထဲကို Satellites ပေါင်း ၂၂၀၀ လွှင့်တင်နိုင့်ခဲ့ပါတယ်။ ကမ္ဘာမြေပြင်ရှိ ဘယ်တုန်းကမှ မပေါ်ပေါက်ဖူးသေးတဲ့ သိပ္ပံနည်းကျ အချက်အလက်တွေကို များစွာပေးပို့နိုင်ခဲ့ပါတယ်။
ဒါကတော့ Satellites ဘယ်လိုဖြစ်လာတာလဲဆိုတဲ့ သမိုင်းကြောင်းပါပဲ။
ကဲဒါဆိုရင် နောက်ထပ်မေးခွန်းတွေမေးစရာ ရှိနေနိုင်ပါသေးတယ်။ Satellites တွေရဲ့ အားသာချက်က ဘာလဲ?
(၁) ထွင်းဖောက်မြင်နိုင်မှုတွေပါ။ အာကာသကနေ ကမ္ဘာ့ မြေပြင်ေ၇ပြင် အနေအထားတွေအပြင် မြေပေါ်မြေအောက် ရေပေါ်ရေအောက် သယံဇာတတွေ၊ ရာသီဥတဲုဖစ်တည်ပြောင်းလဲမှုတွေ ၊ သက်ရှိသတ္တ၀ါတွေရဲ့ နေထိုင်အသက်ရှင်မှုတွေ၊ တောတောင်သစ်ပင်သဘာဝ ပတ်ဝန်းကျင်နေအထား အမျိုးမျိုးတွေကို အဝေးကနေ အာရုံခံနိုင်တဲ့ ကိရိယာအဖြစ် အလုံးစုံသိရှိနိုင်တာပါ။
(၂) ကမ္ဘာပေါ်မှာရှိတဲ့ သာမာန်မျက်စိနဲ့ မမြင်နိုင်တဲ့ အရာအားလုံးကို အာရုံခံသိရှိနိုင်တဲ့ အားသာချက်တွေ ရှိနေရု့တွေမက လူသားအကျိုးပြုဖို့အတွက်လဲ များစွာအထောက်အကူ ပြုနေပါတယ်။ ကမ္ဘာမြေအတွက် လေ့လာရေး၊ ဆက်သွယ်ရေး၊ မြေပုံအညွှန်း၊ ရာသီဥတုလေ့လာရေး၊ လူမှုကယ်ဆယ်ရေး နှင့် ရှာဖွေရေးတွေမှာ အထောက်အကူပြုအသုံးဝင်ပါတယ်။
Satellites ကို (1)လူသားတွေနဲ့ အနီးကပ်တည်ရှိနေတဲ့ Satellites နဲ့ (2) ဂြိုလ်တုပတ်လမ်းပေါ်မှာ တည်ရှိနေတဲ့ Satellites ဆိုပြီး နှစ်မျိုးရှိတာတွေ့ရပါတယ်။
2016 ကိုရောက်ရှိနေတဲ့ အချိန်ကာလမှာတော့ Satellites ပေါင်း ၆၆၀၀ လွှင့်တင်ပြီး ဖြစ်နေပါပီ။ ကမ္ဘာအရပ်ရပ်က ကြိုးစားမှုတွေဟာ ယနေ့မှာတော့ အရာထင်နိုင်ခဲ့ပါပီ။ လွှင့်တင်ပြီးသော Satellites များထဲမှ အရေအတွက် ၃၆၀၀ ဟာဂြိုလ်တုပတ်လမ်းပေါ်မှာ တည်ရှိနေပြီး အရေအတွက် ၁၀၀၀ ကတော့ သူတို့ရဲ့ပုံမှန်အလုပ်တွေကို လုပ်ဆောင်နေပါတယ်။ အေ၇အတွက် ၅၀၀ ကတော့ ကမ္ဘာပတ်လမ်းရဲ့ အနီးဆုံးနေရာမှာ အလုပ်လုပ်နေပါတယ်။ ကမ္ဘာပတ်လမ်း အလယ်က Satellites အရေအတွက် ၅၀ ရှိနေပါတယ်။
ကမ္ဘာ့ပတ်လမ်းအလည်ရဲ့ ကီလိုမီတာ ၂၀၀၀၀ အကွာမှာတော့ နောက်ထပ် Satellites အရေအတွက် 50 တည်ရှိနေပါတယ်။ ကီလိုမီတာ ၃၆၀၀၀ အကွာမှာတော့ ကျန်ရှိနေတဲ့ Satellites တွေဟာ
သူ့လမ်းကြောင်းနဲ့သူ လည်ပတ်နေပါတယ်။
ဂြိုလ်တုထဲ ပစ်လွှတ်လိုက်တဲ့ Satellites တွေဟာ အာကာသထဲက သတင်းအချက်အလက်တွေကို ကမ္ဘာမြေဆီ ပြန်လည်ပို့ဆောင်ပေးပါတယ်။
Satellites တွေကို အာကာသထဲတွင်မကပဲ ရေထုထဲကိုလည်းလွှတ်လို့ ရပါသေးတယ်။ ပင်လယ်ထဲက ရေပြင်ရေအောက်နှင့် ရေလမ်းကြောင်းအခြေအနေတွေကို သိရှိစေဖို့အတွက် ရွေ့လျားနေတဲ့ ရေကြောင်းပြ Satellites တွေ ၊ ရေငုပ်သဘောင်္တွေကို ထားရှိထားတာဖြစ်ပါတယ်။
Satellites တွေဟာ များသောအားဖြင့် computer ရဲ့ ထိန်းချုပ်မှုအောက်မှာမှီခိုနေကြတာ ဖြစ်ပါတယ်။
လူသားတွေကြိုးစားခဲ့ကြတဲ့ အဓိကနည်းပညာထဲမှာ Satellites တွေဟာ အဓိကပါဝင်နေပါတယ်။ နည်းပညာကို အသုံးချပြီး မိမိတို့ဘ၀တိုးတက်အောင် ကြိုးစားနေကြတဲ့ လူတွေအားလုံးဟာ Satellites ဘယ်ကစသလဲဆိုတဲ့ သမိုင်းကြောင်းနဲ့ သူရဲ့အသုံးဝင်ပုံတွေကို သိရှိထားစေနိုင်ဖို့ ယခုဆောင်းပါးကို ဖော်ပြပေးခြင်း ဖြစ်ပါတယ်။
ဒီ Page မှ ဗဟုသုတရစရာ စိတ်ဝင်စားစရာ များကိုလည်း ဆက်လက်တင်ပြ သွားမှာဖြစ်ပါတယ်။ ။

၁၂ နှစ်သားအ၇ွယ်တီထွင်ဖန်တီးရှင်လေး ၏ တီထွင်ဖန်တီးမှုလေးမှ ကမ္ဘာကျော် တီထွင်ဖန်တီးမှုကြီးများသို့Graham bell (ဂရေဟမ်ဘဲလ်) နှ...
22/02/2016

၁၂ နှစ်သားအ၇ွယ်တီထွင်ဖန်တီးရှင်လေး ၏ တီထွင်ဖန်တီးမှုလေးမှ ကမ္ဘာကျော် တီထွင်ဖန်တီးမှုကြီးများသို့
Graham bell (ဂရေဟမ်ဘဲလ်) နှင့် Telephone ၊ Telephone နှင့် Graham bell (ဂရေဟမ်ဘဲလ်) ဟူ၍ ခွဲခြား၍ မရနိုင်အောင် ဟုန်းဟုန်းတောက် ကျော်ကြားခဲ့သူလေးရဲ့ နာမည်အပြည့်အစုံမှာ Alexander Graham bell ဖြစ်ပါတယ်။ Graham bell (ဂရေဟမ်ဘဲလ်) ကို 1847 ခုနှစ် စကော့တလန်မှာ မွေးဖွားခဲ့ပါတယ်။
Graham bell (ဂရေဟမ်ဘဲလ်) ရဲ့ ၁၂ နှစ်သားမှာ အရွယ်နဲ့မလိုက်အောင်ပြောင်မြောက်လှတဲ့ တီထွင်ဖန်တီးမှုကတော့ စုံလည်ခြေနင်းနဲ့ အသုံးပြုရတဲ့ စပါးအခွံချွတ်စက် ဖန်တီးမှုပင်ဖြစ်ပါတယ်။ ၁၆ နှစ်သား အရွယ်မှာတော့ သူ့အဖေကိုယ်စား စာသင်ပေးရင်း အဖေသင်သည့်အတိုင်း စာသင်ပြနိုင်သောကြောင့် အသင်အပြမှာလည်း ကျော်ကြားခဲ့ပြန်ပါသေးတယ်။ သူ့ရဲ့ အမေကတော့ သူ ၁၂ နှစ်သားအရွယ်မှာပင် အကြားအာရုံချို့တဲ့ သွားခဲ့ပါတယ်။ သို့သော် သူ့အမေက Graham bell (ဂရေဟမ်ဘဲလ်) ကို Piano ကျွမ်းကျင်စွာ တီးခတ်နိုင်တဲ့အထိ သင်ကြားပြသပေးနိုင်ခဲ့ပါတယ်။ အဆိုးထဲက အကောင်းဆိုသလိုပင် သူ့အမေနဲ့ ဆက်သွယ်ဖို့အတွက် ကြိုးစားရင်း တီထွင်ဖန်တီးမှုများကို တွေ့ရှိခဲ့ပါတယ်။
1862 ခုနှစ်မှာတော့ အနုပညာမှာသာမက ပညာရေးမှာလည်း ထူးချွန်တဲ့ Graham bell (ဂရေဟမ်ဘဲလ်) ဟာ အဖိုး နာမကျန်းဖြစ်လာတဲ့အတွက် သူ့ရဲ့အဖိုးကို ပြုစုစောင့်ရှောက်ခဲ့ပြီး မိသားစု စီးပွားရေးလုပ်ငန်းကို ဆက်လက်ကြိုးစားခဲ့ပါသေးတယ်။ သူ့ရဲ့ အကိုကြီးနဲ့ ညီငယ်တို့ ဆုံးပါးသွားပြီးချိန်တွင် မိသားစုအားလုံး အမေရိကကို ပြောင်းရွေ့သွားပါတယ်။ 1871 မှာ သူဟာ စွံ့အနားမကြားကျောင်းမှာ စာအသင်အပြကောင်းသူ တစ်ယောက်အဖြစ် နာမည်ရခဲ့ပြန်ပါတယ်။ Graham bell (ဂရေဟမ်ဘဲလ်) ဟာ နည်းပညာသိပ္ပံကို ကျွမ်းကျင်သူဖြစ်တဲ့ အလျှောက် စကားပြောကိရိယာကို တီထွင်ခဲ့ပါတယ်။ 1874 မှာ Tom Watson နဲ့အတူ အသံကိုတနေရာမှတနေရာသို့ ပို့နိုင်သော ကိရိယာကို တီထွင်ခဲ့ပြီး အောင်မြင်မှုကို ရခဲ့ပါတယ်။ 1915 မှာသူတို့ရဲ့ ပထမဆုံးဖုန်းကို တီထွင်နိုင်ခဲ့ပြီး အမေရိကန်နိုင်ငံတွင် စတင် အသုံးပြုနိုင်ခဲ့ပါတယ်။
လူ့အသိုက်အ၀န်းရဲ့ ဆက်သွယ်ရေးကဏ္ဍကို ပြောင်းလဲပေးနိုင်ခဲ့တဲ့ Alexander Graham bell ဟာ 1922 မှာ ကွယ်လွန်ခဲ့ပါတယ်။

Address

Shinsawpu Road, Ahlone Township
Yangon
111112

Website

Alerts

Be the first to know and let us send you an email when Mobile, communication with Satellite Expo 2016 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share