Zaw - Joytel SIM & Top-up Service

Zaw - Joytel SIM & Top-up Service ပင်လယ်ပြင်ထက်က အဆက်အသွယ်မပြတ်တဲ့ ပျော်ရွှင်မှုများ ⚓️❤️🌍

ဘယ်ဆိပ်ကမ်းမှာပဲ ရှိနေနေ... မိသားစုနဲ့ အမြဲ အဆက်အသွယ်ရှိနေဖို့ Joytel ရှိပါတယ် ⚓️🚢🛜​သင်္ဘောပေါ်မှာ Internet အခက်အခဲ မရှိ...
18/03/2026

ဘယ်ဆိပ်ကမ်းမှာပဲ ရှိနေနေ... မိသားစုနဲ့ အမြဲ အဆက်အသွယ်ရှိနေဖို့ Joytel ရှိပါတယ် ⚓️🚢🛜
​သင်္ဘောပေါ်မှာ Internet အခက်အခဲ မရှိစေဖို့နဲ့ ကိုယ့်ဖုန်းအမျိုးအစားပေါ် မူတည်ပြီး အောက်ပါ ဝန်ဆောင်မှုတွေကို စိတ်ချလက်ချ မှာယူနိုင်ပါတယ်-
​✅ Physical SIM Card (ရိုးရိုးကတ်): ဖုန်းအမျိုးအစားမရွေး ထည့်သွင်း အသုံးပြုနိုင်ပါတယ်။
✅ eSIM: SIM ကတ် လဲစရာမလိုဘဲ QR Scan ဖတ်ရုံနဲ့ နိုင်ငံပေါင်း ၁၄၀ ကျော်မှာ အသုံးပြုလို့ ရပါတယ် 👍
✅ Data Plans: သက်သာတဲ့ ဈေးနှုန်းတွေနဲ့ မိသားစုဆီ စိတ်ကြိုက် ဖုန်းခေါ်၊ ဗီဒီယိုကြည့်နိုင်ပါတယ်။
​အသေးစိတ် မေးမြန်းလိုပါက Messenger သို့မဟုတ် အောက်ပါတို့မှတစ်ဆင့်ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ ☺️
​📞 Phone: 09 799 469 493 [Viber, WhatsApp, IMO]
​ကိုကြီးတို့ Seaman အားလုံး ဘေးကင်းပြီး အဆင်ပြေချောမွေ့တဲ့ ခရီးစဉ်တွေ ဖြစ်ကြပါစေဗျ 😊😊😊

06/03/2026

🚨 [အရေးကြီး ကြေညာချက်] အရှေ့အလယ်ပိုင်းသို့ သွားမည့်/ရောက်ရှိနေသော သင်္ဘောသားများအတွက် ITF ၏ စည်းမျဉ်းသစ်များနှင့် အသက်ကယ် အခွင့်အရေးများ 🚨
မတ်လ (၅) ရက်နေ့မှ စတင်၍ နိုင်ငံတကာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (ITF) နှင့် တို့ ပူးပေါင်းပြီး ဟော်မုဇ်ရေလက်ကြား (Strait of Hormuz)၊ အိုမန်ပင်လယ်ကွေ့နှင့် ပါရှန်းပင်လယ်ကွေ့ (Persian Gulf) ရေပြင်များကို အမြင့်ဆုံး အန္တရာယ်ရှိသော "စစ်ဆင်ရေးနယ်မြေ (Warlike Operations Area - WOA)" အဖြစ် တရားဝင် အဆင့်မြှင့်တင် ကြေညာလိုက်ပါပြီ။
ယခု စည်းမျဉ်းသစ်များသည် နိုင်ငံတကာ အလုပ်ရှင်အလုပ်သမား သဘောတူညီချက် (IBF) လက်မှတ်ရေးထိုးထားသော သင်္ဘောများပေါ်ရှိ သင်္ဘောသားများအားလုံးနှင့် အကျုံးဝင်ပြီး၊ အောက်ပါ တရားဝင် အခွင့်အရေးများကို အပြည့်အဝ ရရှိမည် ဖြစ်ပါသည်-
၁။ လစာဆုကြေး (Bonus): မိမိ၏ အခြေခံလစာ (Basic Wage) ၏ ၁၀၀% နှင့် ညီမျှသော အပိုဆုကြေးကို ရရှိပါမည်။ (အနည်းဆုံး ၅ ရက်စာ မဖြစ်မနေ ရမည်ဖြစ်ပြီး၊ ထိုနယ်မြေထဲတွင် ဆက်ရှိနေမည့် ရက်များအတွက်လည်း ဆက်လက်ရရှိမည်)။
၂။ နှစ်ဆ လျော်ကြေး (Doubled Compensation): ထိုနယ်မြေအတွင်း ဖြစ်ပွားသော မတော်တဆမှုများကြောင့် သေဆုံးခြင်း (သို့မဟုတ်) မသန်စွမ်းဖြစ်ခြင်းများအတွက် လျော်ကြေးငွေကို ပုံမှန်ထက် နှစ်ဆ (Doubled) ရရှိပါမည်။
၃။ လုံးဝ ငြင်းဆန်ခွင့်နှင့် လျော်ကြေး (Right to Refuse & Repatriation): အရေးကြီးဆုံး အချက်အနေဖြင့် သင်္ဘောသားများမှာ ထိုစစ်ဇုန်နယ်မြေများသို့ သွားရောက်ရန် "လုံးဝ ငြင်းဆန်ခွင့်" ရှိပါသည်။ ထိုသို့ငြင်းဆန်ပါက ကုမ္ပဏီစရိတ်ဖြင့် နေရပ်ပြန်ခွင့် (Repatriation) ရမည့်အပြင်၊ မိမိ၏ အခြေခံလစာ (၂) လစာ နှင့် ညီမျှသော လျော်ကြေးငွေကိုပါ တောင်းခံပိုင်ခွင့် ရှိပါသည်။
၄။ အမြင့်ဆုံး လုံခြုံရေး အဆင့်: သင်္ဘောကုမ္ပဏီများအနေဖြင့် ရေကြောင်းလုံခြုံရေး အမြင့်ဆုံးအဆင့်ဖြစ်သော ISPS Level 3 နှင့် ညီမျှသော အစီအမံများကို မဖြစ်မနေ လုပ်ဆောင်ထားရမည် ဖြစ်ပါသည်။
မူရင်းpostအားCommentတွင်ကိုယ်တိုင်ကြည့်ရှု့နိုင်ပါပြီခင်ဗျ။
⚠️ [MSSN ၏ အထူးသတိပေးချက်]
လက်ရှိတွင် အဆိုပါဒေသများ၌ နိုင်ငံတကာ လေကြောင်းလိုင်းများ ပိတ်ထားသဖြင့် နေရပ်ပြန်ရန် အခက်အခဲ များစွာရှိနေနိုင်ကြောင်း ITF မှ သတိပေးထားပါသည်။ အခုလို စစ်ရေးတင်းမာနေတဲ့ အချိန်မှာ ကိုယ့်ရဲ့ အသက်အန္တရာယ်ကို ကာကွယ်ဖို့ ဥပဒေက ပေးထားတဲ့ "ငြင်းဆန်ခွင့် (Right to Refuse)" ကို ရဲရဲဝံ့ဝံ့ အသုံးချကြပါ။ သင်္ဘောသားတွေရဲ့ အသက်ကို လောင်းကြေးထပ်ပြီး Visit PV ပတ်စ်ပို့များဖြင့် ခိုးထုတ်နေသော ခေါင်းပုံဖြတ် အေဂျင်စီများကို အထူးသတိထား ရှောင်ကြဉ်ပါ။
အကယ်၍ သင်သည် အဆိုပါ ဒေသများတွင် အကူအညီ လိုအပ်နေသော သင်္ဘောသားတစ်ဦး ဖြစ်ပါက ITF Seafarers' Support (သို့မဟုတ်) ကျွန်ုပ်တို့ MSSN ထံသို့ အမြန်ဆုံး ဆက်သွယ် အကြောင်းကြားနိုင်ပါသည်။ ဤသတင်းအား သင်္ဘောသား ညီအစ်ကိုများနှင့် မိသားစုဝင်များ အားလုံးထံ အမြန်ဆုံး ရောက်ရှိစေရန် ဝိုင်းဝန်း ဖြန့်ဝေပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
"တစ်ဦးကိုတစ်ဦး ကာကွယ်စောင့်ရှောက်စို့"
မြန်မာသင်္ဘောသားများ အထောက်အကူပြု ကွန်ရက် (MSSN)

05/03/2026

ပင်လယ်ပြင်က စစ်မီးလျှံနှင့် ကုန်းပေါ်က လောဘမီး
ဒီကနေ့ ကမ္ဘာ့ရေကြောင်းလောကရဲ့ အခြေအနေတွေဟာ သာမန်လှိုင်းလေကြမ်းတာထက်ကို ပိုဆိုးရွားနေပါတယ်။ မြန်မာသင်္ဘောသားတွေရဲ့ လက်တွေ့ဘဝဟာ ပင်လယ်ပြင်မှာ အသက်အန္တရာယ်ကို ရင်ဆိုင်နေရသလို၊ ကုန်းပေါ်မှာလည်း လောဘတကြီး အမြတ်ထုတ်ချင်နေတဲ့ လူလည်တွေရဲ့ သားကောင်ဖြစ်နေရပါတယ်။
မကြာသေးခင်က သီရိလင်္ကာကမ်းလွန်မှာ အမေရိကန်ရေငုပ်သင်္ဘောကနေ အီရန်ရေတပ်ရဲ့ IRIS Dena စစ်သင်္ဘောကို ပစ်ခတ်နှစ်မြှုပ်ခဲ့တဲ့ ဖြစ်စဉ်ဟာ နိုင်ငံတကာ သတင်းမျက်နှာဖုံးတွေမှာ နေရာယူခဲ့ပါတယ်။ တရားဝင် ထုတ်ပြန်ချက်တွေမှာ အိန္ဒိယကအပြန် တိုက်ခိုက်ခံရတာလို့ ဆိုပေမယ့်၊ မြေပြင်ကနေ ကြားသိရတဲ့ သတင်းတွေအရ တီဟီရန်ကနေ Dena သင်္ဘောဆီကို လျှို့ဝှက်ကြေးနန်းတစ်ခု ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီကြေးနန်းက သီရိလင်္ကာကနေ ဟော်မုဇ်ရေလက်ကြား အတက်လမ်းမှာတွေ့တဲ့ ကုန်တင်သင်္ဘောတွေကို ပစ်ခတ်ဒုက္ခပေးဖို့ အမိန့်ပေးထားတာပါ။ ဒီအစီအစဉ်ကို ကြိုတင်သိရှိသွားတဲ့အတွက် အခုလို ဖြတ်တောက် ရှင်းလင်းခံလိုက်ရတာ ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ ညီအစ်ကိုတွေ ဖြတ်သန်းသွားလာနေရတဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေပေါ်မှာ စစ်ရေးခြိမ်းခြောက်မှုတွေ ဘယ်လောက်တောင် နီးကပ်နေပြီလဲဆိုတာကို မီးမောင်းထိုးပြနေပါတယ်။ အတက်အဆင်း လုပ်မယ့်သူတွေ၊ ဒီလမ်းကြောင်းတွေကို ဖြတ်မယ့်သူတွေ အနေနဲ့ လုံခြုံရေးသတိ အထူးထားဖို့ လိုအပ်နေပါပြီ။
တစ်ဖက်မှာလည်း ပြည်တွင်းက အခြေအနေက ရင်လေးစရာပါ။ နိုင်ငံတကာမှာ လေကြောင်းလိုင်းတွေ၊ အတက်အဆင်းကိစ္စတွေ ရှုပ်ထွေးခက်ခဲနေချိန်မှာ ဒီအကျပ်အတည်းကို အခွင့်ကောင်းယူပြီး ရန်ကုန်က (အထူးသဖြင့် ဒေါပုံဘက်က) အေးဂျင့်ယောင်ယောင်၊ ပွဲစားယောင်ယောင် လူလည်တွေဟာ သင်္ဘောသားတွေဆီကနေ ငွေလိမ်စားဖို့ ချောင်းနေကြပါတယ်။ လက်ရှိမှာဆိုရင် ဒီလို လိမ်လည်တဲ့ ပွဲစားတွေကြောင့် သင်္ဘောသား ၅၀ ကျော်လောက် ငွေကြေးနဲ့ အချိန်တွေ နစ်နာဆုံးရှုံးခဲ့ရပြီး အမှုဖွင့်တရားစွဲဆိုနိုင်ဖို့ သက်သေအထောက်အထားတွေ၊ အသံဖိုင်တွေနဲ့ စာရွက်စာတမ်းတွေ စုဆောင်းနေရတဲ့အထိ မြေပြင်မှာ အခြေအနေတွေ ဆိုးရွားနေပါတယ်။
ပင်လယ်ထဲမှာ အသက်စွန့်ပြီး ရှာဖွေထားတဲ့ ချွေးနှဲစာတွေကို ကုန်းပေါ်က လောဘမီးလောင်နေသူတွေဆီမှာ အလွယ်တကူ အဆုံးရှုံး မခံပါနဲ့။ အလုပ်ကိစ္စနဲ့ ပတ်သက်လာရင် တရားဝင် အေဂျင်စီတွေ ဟုတ်မဟုတ် သေချာစုံစမ်းပါ။ မသင်္ကာစရာရှိရင် အချင်းချင်း သတင်းမျှဝေပါ။
စစ်မီးပတ်လည်ဝိုင်းနေတဲ့ ပင်လယ်ပြင်မှာ တာဝန်ထမ်းဆောင်နေရတဲ့ ညီအစ်ကိုတွေရော၊ ကုန်းပေါ်မှာ အလုပ်ရှာဖွေနေတဲ့ ညီအစ်ကိုတွေပါ အန္တရာယ်အသွယ်သွယ်ကနေ ကင်းဝေးကြပါစေ။
"တစ်ဦးကိုတစ်ဦး ကာကွယ်စောင့်ရှောက်စို့"
မြန်မာသင်္ဘောသားတို့အသံ

Safe Voyage, Brothers. Your family is waiting. ⚓️❤️​​
05/03/2026

Safe Voyage, Brothers. Your family is waiting. ⚓️❤️

" ရောင်းချင်လို့တော့ မဟုတ်ပါ အိမ်ကမိန်းမ ရောင်းခိုင်းတာပါ ဗျာ 😄 "            ​ကျွန်တော်ကတော့ ရောင်းချင်တာမဟုတ်ပါဘူး၊ အိမ...
25/02/2026

" ရောင်းချင်လို့တော့ မဟုတ်ပါ အိမ်ကမိန်းမ ရောင်းခိုင်းတာပါ ဗျာ 😄 "
​ကျွန်တော်ကတော့ ရောင်းချင်တာမဟုတ်ပါဘူး၊ အိမ်က မိန်းမ ကြောင့်သာ လိုင်းပေါ်တက်လာခဲ့ရတာပါ... 😎⚓️ ကြောက်လို့တော့ မဟုတ်ဘူးနော်..
​ပင်လယ်ပြင်ထွက်မယ့် ကိုယ့်ညီအစ်ကိုတွေအတွက် -
​✅ Physical SIM Card လည်း အသင့်ရှိတယ်
✅ ဖုန်းထဲ တန်းထည့်သုံးရုံ eSIM လည်း ရတယ်
✅ Data Plan တွေလည်း စိတ်ကြိုက် ဖြည့်လို့ရတယ်
​ဆက်သွယ်ချင်တယ်ဆိုရင်တော့ -
📞 Ph: 09799469493
💬 Viber, IMO, WhatsApp တို့ကနေလည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ် ဗျ 🤗🤗
​အိမ်ကမိန်းမ ဆူတာ မခံရအောင် ကျွန်တော့်ဆီအားပေးသွားကြပါဦး ညီအစ်ကိုတို့ရေ! 🚢📱

20/02/2026

ပင်လယ်ပြင်ကြီးက ဘယ်လောက်ပဲ ကျယ်ပြောပါစေ... မိသားစုနဲ့ အမြဲအနီးနားမှာ ရှိဖို့ Joytel ရှိတယ်! 🚢🌊

"NEW WAVES , CHINESE NEW YEAR ,  JOYTEL CONNECTION" ⚓️❤️🌍​📞 Order Now: 09 799 469 493       [viber / IMO / WhatsApp]​   ...
14/02/2026

"NEW WAVES , CHINESE NEW YEAR , JOYTEL CONNECTION" ⚓️❤️🌍
​📞 Order Now: 09 799 469 493
[viber / IMO / WhatsApp]

"Joytel: Bridging Oceans, Connecting Hearts." ⚓️❤️🌍​📞 Order Now: 09 799 469 493       [viber / IMO ]​
03/02/2026

"Joytel: Bridging Oceans, Connecting Hearts." ⚓️❤️🌍
​📞 Order Now: 09 799 469 493
[viber / IMO ]

အကွာအဝေးဆိုတာ Joytel နဲ့ဆိုရင် စာလုံးပေါင်းတစ်ခုပဲ... 🌊⚓️"​မိသားစုနဲ့ အဝေးတစ်နေရာမှာ တာဝန်ထမ်းဆောင်နေရတဲ့ Seaman ညီအစ်ကိ...
23/01/2026

အကွာအဝေးဆိုတာ Joytel နဲ့ဆိုရင် စာလုံးပေါင်းတစ်ခုပဲ... 🌊⚓️"
​မိသားစုနဲ့ အဝေးတစ်နေရာမှာ တာဝန်ထမ်းဆောင်နေရတဲ့ Seaman ညီအစ်ကိုတို့ရေ...
ချစ်ရတဲ့သူတွေရဲ့ အသံကိုကြားရဖို့၊ မျက်နှာလေးတွေကို မြင်ရဖို့အတွက် အင်တာနက်လိုင်းအခက်အခဲက အတားအဆီး မဖြစ်ပါစေနဲ့တော့။
Physical SIM ဖုန်းထဲတန်းထည့်သုံးရုံပဲအပြင် eSIM ပါ စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ် 🤗
​⚠️ သတိပေးချက်လေးတစ်ခု:
လက်ရှိ ငွေလဲနှုန်း အပြောင်းအလဲရှိတာကြောင့် Data Plan ဈေးနှုန်းလေးတွေ အနည်းငယ် အတက်အကျ ရှိသွားပါတယ်ခင်ဗျာ။ ဒါကြောင့် ဈေးနှုန်းအသစ်လေးတွေကို Messenger ကနေ တစ်ချက်လောက် ပြန်မေးပေးဖို့ မေတ္တာရပ်ခံပါတယ်
​သင်္ဘောပေါ်မှာ အဆက်အသွယ်မပြတ်ဖို့ Joytel ကိုသာ အခုပဲ မှာယူလိုက်ပါ။ 👇
​📩 အသေးစိတ်စုံစမ်းရန်: Messenger (သို့မဟုတ်)
📞 ဖုန်း: 09 799 469 493 viber

❤️ Distance isn’t a problem,when Joytel connects us.📱 Joytel SIM Card Available🌍 Stay connected📩 Inbox to order
17/01/2026

❤️ Distance isn’t a problem,
when Joytel connects us.

📱 Joytel SIM Card Available
🌍 Stay connected
📩 Inbox to order

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Zaw - Joytel SIM & Top-up Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share