Best4U - နည္းပညာ

Best4U - နည္းပညာ နည်းပညာဆိုင်ရာများကိုလေ့လာနိုင်ရန?
(436)

 #အာစနီမုန်တိုင်း၏လမ်းကြောင်းနှင့်လေတိုက်နှုန်းကိုအောက်ပါ link ကိုနှိပ်ပြီးကြည့်ရှုနိုင်ပါတယ်https://earth.nullschool.ne...
21/03/2022

#အာစနီမုန်တိုင်း၏လမ်းကြောင်းနှင့်လေတိုက်နှုန်းကိုအောက်ပါ link ကိုနှိပ်ပြီးကြည့်ရှုနိုင်ပါတယ်

https://earth.nullschool.net/ /wind/surface/level/orthographic=-265.27,12.51,1354

https://www.facebook.com/673776276475268/posts/1261493844370172/
01/08/2021

https://www.facebook.com/673776276475268/posts/1261493844370172/

ဘယ်ဆေးကို ဘယ်လိုသောက်ရလဲ၊ ဘာ affect ရှိသလဲ ဆိုတာ တချိန်လုံးသိချင်နေသူတွေအတွက် ဆေးကျမ်း (ဆေးဝါးအဘိဓါန်)
ဆေးကျမ်း App မှာ အနောက်တိုင်း ဆေးဝါးများတွင် ပါဝင်သည့်ပစ္စည်းများ၊ အသုံးပြုပုံနှင့်၊ ကောင်းကျိုးဆိုးကျိုးများ၊ သတိပြုရန် များကို မြန်မာလို ဖော်ပြရေးသားထားသည့် ဆေးပေါင်း 2,000 ဝန်းကျင်နှင့် ဆေးတံဆိပ်ပေါင်းများစွာ သောင်းချီပါဝင်သော App တစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံအတွက် အသုံးပြုရန်အလွယ်ကူဆုံးနှင့် အချက်အလက် အစုံလင်ဆုံး ဖြစ်တဲ့ ဆေးရှာဖွေရေး App တစ်ခုဖြစ်ပါတယ်။
စတင် Develop လုပ်စဉ်က Commercial အနေနဲ့ ဖြန့်ဝေဖို့စီစဉ်ခဲ့ပေမယ့် အခုလက်တလောအခြေအနေများကြောင့် Application ကို လူတိုင်းအခမဲ့အသုံးပြုနိုင်အောင် တင်ပေးလိုက်ပါတယ်။
အချက်အလက်တွေက မပြည့်စုံမှုများ ရှိနိုင်ပါတယ်။
ဆေးများကို ဆရာဝန်များ၏ ညွှန်ကြားချက်ဖြင့်သာ သောက်သုံးသင့်ပါတယ်။
ကြားမှာ ရပ်ရင်ကောင်းမလား ခဏခဏစဉ်းစားပေမယ့် ဆေးအကြောင်းတွေကို သာမာန်လူတွေ သိနိုင်ဖတ်နိုင်ရင် အဆိုးထက်အကျိုးများမှာ ဆိုတဲ့ ယုံကြည်ချက်နဲ့ ဆက်လုပ်ခဲ့တာပါ။
အရင်လို.. Product အသစ်တစ်ခုထုတ်ရင် ပျော်ရွှင် စိတ်လှုပ်ရှားနေတာမျိုးမဟုတ်ပဲနဲ့..
စိတ်မကောင်းခြင်းများစွာနဲ့ပဲ ကျနော်တို့.. Published လုပ်လိုက်ရပါတယ်။
https://play.google.com/store/apps/details?id=com.cmkk.saykyan
If you are using this application and it's useful for you, please buy some coffee for us.
ဒီ Application က ခင်ဗျား အတွက် အသုံးဝင်တယ်ဆိုရင်.. ကျွန်တော်တို့ကို ကော်ဖီတစ်ခွက်လောက် ဝယ်တိုက်နိုင်ပါတယ် 🙂
Menu ထဲမှ Support Us ကိုနှိပ်ပြီး အချက်အလက်များကို ကြည့်ရူနိုင်ပါတယ်

https://www.facebook.com/246812222184086/posts/1753995901465703/
21/07/2021

https://www.facebook.com/246812222184086/posts/1753995901465703/

💊ကိုယ်ခံအားမြှင့်ဖို့ အားဆေးများနှင့် ကိုဗစ်ဝေဒနာ သက်သာဆေး အမျိုးမျိုးတို့ကို ဒီရက်ပိုင်းတွေမှာ Social Media များတွင် ညွှန်းဆိုဖော်ပြနေတာ တွေ့နေရပါတယ်။ ဒါကြောင့်မို့ COVID-19အတွက် အသုံးပြုလေ့ ရှိနေတဲ့ ဆေးတွေရဲ့ အကျိုးဆက်များကို လေ့လာမှတ်သားမိသမျှ မျှဝေပေး လိုပါတယ်ရှင်။

🍋Vitamin C
အနာကျက်နှုန်းမြန်၊ ကိုယ်ခံအား ကောင်းစေ၊ နာလန်ထမြန်စေတဲ့ Vitamin C ဟာ လူတဦး တနေ့တာမှာ 65-90mg သာလိုအပ်ပါတယ်။ ဒါပေမယ့် တန်ဆေးလွန်ဘေး ဆိုသလို တနေ့ကို 1000mg ထက် ပိုသောက်မိရင် ဝမ်းပျက်တာ၊ ဆီးကျောက်တည်တာမျိုး ဖြစ်နိုင်ပါတယ်။

🐟Vitamin D
Vitamin Dကြောင့် ကိုဗစ်ကို ကာကွယ်တယ်/ သက်သာတယ်ဆိုတဲ့ အထောက်အထားများ လုံလောက်စွာ မတွေ့ရသေးပါ။ လူတဦးအတွက် နေ့စဉ်Vitamin D3 800-1000IU လိုပါတယ်။ အကယ်၍ ဖြည့်စွက်ချင်ရင် အရင်ဆုံး ကိုယ်ထဲက Vitamin Dပမာဏကို စစ်ဆေးပြီးမှပဲ သောက်သင့်ပါတယ်။ Vitamin Dလွန်ကဲရင် ခေါင်းကိုက်၊ ပျို့အန်၊ ပါးစပ်ပျက်၊ အိပ်ငိုက်နုန်းချိတဲ့ ဘေးထွက် ဆိုးကျိုးတွေ ရှိပါတယ်။ ဒါတွေက ကိုဗစ်ရဲ့ လက္ခဏာတွေနဲ့လည်း ဆင်တူနေလို့ Vitamin D ကို အလွန်အကျွံ မသောက်ထားဖို့ သတိပြုစေချင်ပါတယ်။

🌿Vitamin K
ဒါလည်း ဆရာဝန်မညွှန်ဘဲ အလွန်အကျွံ မသောက်သင့်ပါ။ လွန်ကဲပါက ဗိုက်နာခြင်း၊ ဝမ်းပျက် ဝမ်းလျှောခြင်းစတဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိပါတယ်။ Vitamin Kအဓိက လိုသူများက သွေးထွက်လွန်သော ရောဂါရှင်များ ဖြစ်ပါတယ်။ သာမန်လူများအတွက် နေ့စဉ်လိုအပ်သော Vitamin Kပမာဏ (90-120mcg) ကို အစိမ်းရင့်ရောင် အသီးအရွက်များများ စားပေးခြင်းဖြင် လုံလောက်စွာ ရနိုင်ပါတယ်။

🐣Zinc
လူတဦး တနေ့တာ လိုအပ်ချက်က 20mgဆို ရပါပြီ။ အဲ့ထက်အများကြီး ပိုသောက်မိရင် အော့အန်ခြင်း၊ ကျောက်ကပ်ထိခိုက်ခြင်း၊ ဖျားနာခြင်းတွေ ဖြစ်စေတတ်ပါတယ်။
**ဗီတာမင်ဆေးတွေကို တနေ့တာ လိုအပ်ချက်ထက် များစွာပိုပြီး သောက်ရင် ကျောက်ကပ်က ဒါတွေကို စစ်ထုတ်ဖို့ အလုပ်ပိုလုပ်ရတော့ ကြာလာရင် ကျောက်ကပ် ထိခိုက်လာတတ်ပါမယ်။ အားဆေးတွေဆိုတာ လုံလောက်အောင် မစားနိုင်သူများ အတွက်သာ အဓိကလိုအပ်တာပါ။ သာမန်လူများအတွက် အစာအာဟာရကိုသာ ကျန်းမာရေးနှင့် ညီညွတ်ပြည့်ဝစွာ စားသုံးပေးနိုင်ရင် လုံလောက်ပါတယ်။**

🎯Antibiotics (eg. Azithromycin, Amoxicillin, Ampicillin)
ဒါတွေက ဘက်တီးရီးယား ပိုးသတ်ဆေးတွေဖြစ်ပြီး ကိုဗစ်က ဗိုင်းရပ်စ်ပိုး ဖြစ်ပါတယ်။ မပြင်းထန်တဲ့ ကိုဗစ်လူနာမှာ ပိုးသတ်ဆေး မလိုပါဘူး။ ဘယ်အချိန်မှ လိုလဲဆိုရင် ကိုဗစ်ရဲ့ နောက်ဆက်တွဲ ဘက်တီးရီးယားပိုးများ ဝင်လာတဲ့ အခြေအနေမျိုး (eg.အဆုတ်ရောင်ခြင်း)ကျမှ ဆရာဝန်က ချင့်ချိန်သုံးရမယ့် ဆေးများဖြစ်ပါတယ်။ ဒါကြောင့်မို့ စဖျားတာနဲ့ Azithromycin အပါအဝင် ပိုးသတ်ဆေးတွေကို ကိုယ့်ဘာကိုယ် ကြိုမသောက်ထားသင့်ပါ။ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နှင့် တိုင်ပင်ပြီး လိုအပ်မှပဲ သောက်ပါ။ ပိုးသတ်ဆေးယဉ်ပါး ပြဿနာက ကြီးပါတယ်။ နောက်ပိုင်းလိုအပ်လို့ ပိုးသတ်ဆေးပေးရင် ဆေးမတိုးတော့တာမျိုး ဖြစ်နိုင်ပါမယ်။

💉Remdesivir
ဗိုင်းရပ်စ်ပိုးသတ်ဆေး တမျိုးဖြစ်တဲ့ ဒီဆေးက ဝေဒနာပြင်းထန်ပြီး အသက်ရှူစက် သုံးနေရတဲ့ ကိုဗစ်လူနာတွေမှာ အနီးကပ် စောင့်ကြည့်ပြီး သွေးကြောထဲ ထိုးပေးရင် အောက်ဆီဂျင်ပြန်တက်ဖို့ အကျိုးပြုပါတယ်။ အတန်အသင့် အောက်ဆီဂျင် ကျဆင်းလူနာများမှာတော့ အကျိုးပြုမှုက ထူးခြားစွာ မတွေ့ရဘူးလို့ ဆိုပါတယ်။ ဆေးရဲ့ဘေးထွက် ဆိုးကျိုးများအဖြစ် သွေးပေါင်ချိန်ကျခြင်း၊ အသည်း၊ ကျောက်ကပ် ထိခိုက်ရောင်ရမ်းခြင်း၊ ဆေးမတည့်ခြင်းများလည်း ရှိနိုင်လို့ လူနာတိုင်းကိုလည်း သွင်းလို့မရပါဘူး။

💊Favipiravir
သာမန်တုပ်ကွေးမှာ သောက်လို့ရတဲ့ ဗိုင်းရပ်စ်သတ်ဆေးဖြစ်ပြီး တုပ်ကွေးဝေဒနာများကို အမြန်သက်သာစေပါတယ်။ သိပ်မဆိုးတဲ့ ကိုဗစ်လူနာများမှာ သုံးတာမျိုးတော့ ရှိပေမယ့် COVID-19 နှင့် ဒီဆေးရဲ့ ဆက်စပ်မှုနဲ့ အာနိသင် ထိရောက်မှုတွေကို သေချာလေ့လာထားတဲ့ ဖော်ပြချက်မျိုးတွေ များစွာမတွေ့ရသေးပါဘူး။

📌Steroids (eg. Dexamethaxone, Prednisolone, Methylprednisolone)
အောက်ဆီဂျင်ကျတဲ့ လူနာများမှာသာ လိုတာပါ။ ဆေးကိုသုံးပြီးရင် တန်းရပ်ဖို့လည်း မသင့်ပါဘူး။ dose ကို တဖြည်းဖြည်း လျှော့ပြီးမှ ရပ်ရပါတယ်။ ဆေးရဲ့ဘေးထွက် ဆိုးကျိုးများက သွေးတွင်းသကြားဓာတ် (Glucose) တက်တတ်ပြီး Potassium ကျတတ်လို့ ဆီးချို၊ ကျောက်ကပ် လူနာများမှာသုံးဖို့ သေချာချိန်ရပါမယ်။ ဒီဓာတ်တွေ အတက်အကျဖြစ်ရင် ဆေးတွေထပ်လိုက်ပြီး ကုရပါတယ်။ Steroids ဆေးများဟာ ကိုယ်တွင်း ရောင်ရမ်းမှုတွေကို လျော့ကျစေသော်လည်း ကိုယ်ခံအားကိုပါ တပြိုင်တည်း ကျသွားစေပါတယ်။ ဒီဆေးတွေကို dose မချိန်တတ်ဘဲ အလွယ်တကူ ဝယ်သောက်နေရင် နောက်ဆက်တွဲ ဆိုးကျိုးကသာ ပိုများစေမှာပါ။

💊COVID-19က ပျောက်တဲ့ဆေးရယ်လို့ မရှိသေးပါဘူး။ ကိုယ်ခံအားတက်ဖို့နဲ့ ဝေဒနာသက်သာဖို့ သုံးနေကြတဲ့ ဆေးတွေဟာလည်း တန်ဆေးလွန်ဘေး ဆိုသလို ချင့်ချိန်သင့်တဲ့ ဆေးဝါးများ ဖြစ်ပါတယ်။ COVID-19 ဆိုတဲ့ ရောဂါဟာ ဆေးတွေကိုချည်း အားကိုးလို့မရဘဲ ကိုယ်ခံအားနှင့် စိတ်ခွန်အားများဖြင့် အဓိက တိုက်ထုတ်ရမယ့် ရောဂါမျိုး ဖြစ်ပါတယ်။ ဒါကြောင့်မို့ မဖြစ်သေးခင်မှာ အစွမ်းကုန် ကာကွယ်မယ်။ အာဟာရ ရှိတာတွေစားပြီး ကိုယ်ခံအားတွေ မြှင့်တင်ထားမယ်။ ဖြစ်လာရင်လည်း စိတ်ဓာတ်ခွန်အားရှိစွာနဲ့ COVID-19 ကို အားမလျှော့စတမ်း ရင်ဆိုင်တိုက်ပြီး အနိုင်ယူကြပါလို့ မေတ္တာဖြင့် မျှဝေပေးအပ်ပါတယ်ရှင်။ 💐

‘ကပ်ရောဂါဘေးမှ အမြန်ဆုံးလွတ်ကင်း ကျန်းမာကြပါစေလို့ အာရှတော်ဝင်ဆေးရုံ မိသားစုမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ရှင်။’

https://www.facebook.com/103655081918529/posts/128551529428884/
18/07/2021

https://www.facebook.com/103655081918529/posts/128551529428884/

မင်္ဂလာပါ။
Covid_19 လူနာများ (သံသယလူနာများ) OSK clinic Viber တွင်အခမဲ့ (အခမဲ့) ဆွေးနွေးပြသနိုင်ပါပြီ။

ဒီရက်ပိုင်းအတွင်း OSK - Online Clinic တွင် လာ‌ရောက်ပြသသူတွေထဲမှာ အများဆုံးက ဖျား၊ အနံ့ပျောက် အောက်ဆီဂျင်ကျတဲ့ လူနာတွေပါ။

☑️☑️ ယခုအခါမှာ‌‌ေတာ့ ဒီလိုလူနာတွေအတွက် OSK - Online Clinic တွင် Viber မှတဆင့် အခမဲ့ (အခမဲ့) ဆွေးနွေးပြသနိုင်ပြီဖြစ်ပါတယ်။

☑️☑️ ဆွေးနွေးပေးမယ့် ဆရာဝန်များကတော့ ပထမလှိုင်း ဒုတိယလှိုင်းများမှာ Covid Centre များမှာ တာဝန်ကျဖူးပြီးသား အထွေထွေရောဂါကုဆရာဝန်များပဲဖြစ်လို့ စိတ်ချလက်ချ‌ေဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

ပြသတဲ့သူတွေများမှာဖြစ်တဲ့အတွက်

⏩ ငွေကြေးအမှန်တကယ်မတတ်နိုင်သူ
⏩ အပြင်မှာမပြထားတဲ့သူတွေ
⏩ တခြား Teleconsultation page တွေမှာ မပြထားတဲ့သူတွေ ‌ဦးစားပေးဆွေးနွေးပေးဖို့ မေတ္တာရပ်ခံပါတယ်။

ဆွေးနွေးလိုပါက

Viber No ( 09975371841) ကို

✏️ အမည်
✏️ အသက်
✏️ ကျား/မ
✏️ ရောဂါအခံရှိမရှိ
✏️ သောက်လက်စဆေးရှိမရှိ
✏️ စွဲသောက်နေရသောဆေးရှိမရှိ
✏️ မတည့်သောဆေးရှိမရှိ
✏️ ဆေးမှတ်တမ်းရှိပါက မှတ်တမ်းမှတ်ရာအပြည့်အစုံ (ဓါတ်ပုံ)
✏️ လက်ရှီခံစာနေရသော လက္ခဏာများ (ဖျား၊ ချောင်းဆို၊ အနံ့ပျောက်စသည်) တို့ကို ရက်နဲ့အတိအကျ သေချာအောင်ရေးပို့ပေးထားဖို့လိုအပ်ပါတယ်။
✏️ အောက်ဆီဂျင် သွေးပေါင် စသည်တို့ပါရင် ပိုကောင်းပါတယ်။
(မစုံလင်ပါက အချိန်ပိုကြာနိုင်သလို မှားယွင်းမှုတွေဖြစ်စေနိုင်လို့ပါခင်ဗျာ။)

Viber call နဲ့ အဆင်ပြေမှာ မဟုတ်လို့ message ပို့ထားနိုင်ပါတယ်။ voice message ပို့ထားနိုင်ပါတယ်။ Video ပို့ထားနိုင်ပါတယ်ခင်ဗျာ။ ❌ကျေးဇူးပြုပြီး ဖုန်းမခေါ်ပါနဲ့။❌

အခမဲ့ ဆွေးနွေးသူများကို မေတ္တာရပ်ခံချင်တာက

🙏 စောင့်ဆိုင်းရပါမယ်။ (လူနာကအရမ်းများလို့ပါ။ အလှညိ့ကျတာနဲ့ဖြေပေးပါတယ်။

🙏 စုံအောင်ရေးပေးပါ။ အချက်အလက်မစုံလင်ရင် ဆရာဝန်တွေကုမရပါဘူး။ (ဒါဖြစ် ဒါသောက်ဆိုပြီး ပေးလို့မရပါဘူး။အကုန်လုံးကိုစဉ်းစားပြီးမှ ဖြေဆိုပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်။

🙏 မစုံလို့ကျော်သွားရတဲ့လူနာလေးတွေရှိလို့ အသိပေးတာပါခင်ဗျာ။

🙏 အခမဲ့ဆွေးနွေးပေးတာက Viber မှာပဲဆွေးနွေးပေးပါတယ်။ messenger မှာက booking ယူဖို့ page admin တစ်ယောက်သာရှိလို့ နားလည်ပေးမယ်မျှော်လင့်ပါတယ်။

🙏 တခြား Teleconsultation တွေမှာပြလာပြီး ဆေးမှန်မမှန် လာ check တာမျိုးကိုတော့ ဝမ်းနည်းစွာ ငြင်းပာ်ပါရစေ

🙏 လူမျိုးဘာသာမရွေး မနက် ၈- ည ၈ ဆွေးနွေးနိုင်ပါပြီ။

🙏 ည ၈ နာရီတိုင်း automated ads message ပို့မိရင် နားလည်ပေးမယ် မျှော်လင့်ပါတယ်ခင်ဗျ။
ပုံမှန် ဆွေးနွေးလိုသူများအနေဖြင့်လည်း messenger မှာ Booking ယူဆွေးနွေးနိင်မှာပဲဖြစ်ပါတယ်။

ကလေး အထူးကုဆရာဝန်
အထွေထွေရောဂါကုဆရာဝန်နှင့်

Booking ယူပြသနိုင်ပါပြီ။

အားလုံးသိအောင် ကူ Share ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ Page လေးကိုလည်း like ထားလို့ရပါတယ်။

အားလုံးကျန်းမာပျော်ရွင်စွာဖြတ်သန်းကြပါမယ်။
ကျန်းကျန်းမာမာနဲ့ပြန်ဆုံကြပါမယ်။
ပြည်သူမှာ ပြည်သူတွေရှိတယ်

လေးစားစွာဖြင့်

OSK - Online Clinic

Viber - 0997537184

Telegram channel - https://t.me/oskclinic

www.oskclinic.xyz

16/07/2021

Day 4 အလှု
၁၇.၇.၂၀၂၁ စ​နေနေ့အတွက်
🍲🍲🍲🍲🍲🍲🍲🍲🍲
Charity ကြက်​ကြာဇံပေါင်း
=======================
မေတ္တာ Charity ကြက်​ကြာဇံပေါင်း ကို
စ​နေနေ့ (၁၇.၇.၂၀၂၁) အတွက် လှုဒါန်းပါ​တော့မယ်။

မြို့နယ်က လမ်းမ​တော် နှင့် တာ​မွေပါ။

​အောက်ပါ ဖုန်းနံပါတ် များကို SMS ပို့​ပေးကြပါ။
စ​နေနေ့ အတွက် ​သောကြာနေ့ ည ၈နာရီ အထိသာ လက်ခံပါမည်။
SMS ​ပေးပို့ရမည့် ph no များမှာ
တာမွေမြို့နယ်အတွက်

09799887808

လမ်းမတော်မြို့နယ်အတွက်

09758506842

=================
ပို့ပေးရမည့် အချက်အလက်
အမည်
Covid ​positive ဦး​ရေ
လိပ်စာ
ဖုန်းနံပါတ်
=================
တတွဲထဲ ​ပေးပို့​ပေးကြပါ။
မှတ်ချက်။ ။​မေတ္တာရပ်ခံချက် ဖုန်းခေါ်ဆိုခြင်းမပြုရန်နှင့် စာတတွဲထဲ​ပေးပို့ ​ပေးကြပါရန် ​လေးစားစွာ ​မေတ္တာရပ်ခံပါသည်။

https://m.facebook.com/story.php?story_fbid=354590172689471&id=100044154743394
13/07/2021

https://m.facebook.com/story.php?story_fbid=354590172689471&id=100044154743394

အနံ့ပျောက်နေရင် ကြက်သွန်နီကို ခြေမွှပြီး လတ်လတ်ဆတ်ဆတ် ရှူပေးပါ။

ကြက်သွန်နီကို ဓားနဲ့ခွဲလိုက်ရင် သူ့မှာပါဝင်တဲ့ ဆေးဖက်ဝင်ဓာတ်ပစ္စည်းဟာ အောက်ဆီဂျင်နဲ့ အင်ဇိုင်းတို့ရဲ့ အကူအညီနဲ့ အော်လီစင် (Allicin) ဓာတ်ပစ္စည်းအဖြစ် ပြောင်းလဲသွားပါတယ်။

အော်လီစင်ဟာ အငွေ့ပျံလွယ်တဲ့ အဆီဖြစ်ပြီး အငွေ့ပျံကာ အသက်ရှူလမ်းကြောင်းမှာရှိတဲ့ ရောဂါပိုးမွှားတွေကို သေစေတယ်၊ အသက်ရှူလမ်းကြောင်းကို ပွင့်စေပြီး အနံ့ပြန်ရစေပါတယ်။

ဒါ့ကြောင့် အနံ့ပျောက်ခဲ့ရင် မိမိအိမ်မှာ အလွယ်တကူရှိတဲ့ ကြက်သွန်နီကို သုံးလို့ရပါတယ်။

ဒေါက်တာခင်မောင်လွင် (FAME)

https://www.facebook.com/100044270294535/posts/359863178832689/
13/07/2021

https://www.facebook.com/100044270294535/posts/359863178832689/

ကိုဗစ်ရောဂါနဲ့ပတ်သက်ပြီး လိုင်းပေါ်ကနေ အခမဲ့ ဆွေးနွေး/ကုသ အကူအညီပေးနေတဲ့ ဆရာဝန်တွေရဲ့ Page တွေကို စုစည်းဖော်ပြပေးပါရစေ ။
ဆရာဝန်တွေရဲ့ စာမျက်နှာတွေဖြစ်တာကြောင့် ယုံကြည်စိတ်ချစွာ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ ။

မိတ်ဆွေတို့ သိတဲ့ Page လေးတွေကိုလည်း comment မှာ ရေးသွားပေးပါ ။ ဖြည့်လို့တဲ့အထိ ဖြည့်ပေးသွားပါမယ် ။

🍀 တယ်လီကျန်းမာ - MoH, NUG of Myanmar
https://m.facebook.com/telehealthmm/

🍀 Yangon Medical Network
https://www.facebook.com/yangonmedicalnetwork/

🍀 MFM_Covid_Telemed
https://t.me/MFM_Covid_Telemed

🍀Healthy Tele Myanmar
https://www.facebook.com/Healthy-Tele-Myanmar-104697665227614/

🍀 Teleclinic Mandalay
https://www.facebook.com/Teleclinic-Mandalay-109108614778764/

🍀 EZ Care
https://www.facebook.com/EZ-Care-101710902113175/

🍀 Charity C19 Call Center

https://www.facebook.com/CharityC19CallCenter/

🍀 ကိုယ်စိတ်ကျန်းမာ

https://www.facebook.com/ကိုယ်စိတ်ကျန်းမာ-354766471877471/

🍀 Online အခမဲ့ ဆေးခန်း

https://www.facebook.com/Online-%E1%80%A1%E1%80%81%E1%80%99%E1%80%B2%E1%80%B7-%E1%80%86%E1%80%B1%E1%80%B8%E1%80%81%E1%80%94%E1%80%BA%E1%80%B8-101495368869803/

🍀 Better Health

https://www.facebook.com/Better-Health-100797408886064/

🍀 အသက်ရှု လေ့ကျင့်ခန်း သင်ပေးဖို့

https://www.facebook.com/thethninmoe.exercisephysiologist/

🍀 OnHealth - မေးလိုရာမေးကျန်းမာရေး
https://www.facebook.com/onhealth21/

🍀 DR.Nay - GP - Home Visit
https://www.facebook.com/Dr-Nay-GP-Home-Visit-105741875089235/

🍀 University of Medicine - 2 12/2007 Alumni
https://www.facebook.com/122007um2socialpunishment/

🍀 O2 Myanmar
ဒါကတော့ အောက်စီဂျင် ကူရှာပေးတဲ့ Page ပါ ။
https://www.facebook.com/O2-Myanmar-104076671957275/

🍀 Online အခမဲ့ဆေးခန်းတွေ စုစည်းမှု
https://m.facebook.com/story.php?story_fbid=260650352087306&id=100044270294535

သွားနှင့်ခံတွင်းရောဂါဝေဒနါများနဲ့ ပတ်သက်ပြီးတော့ ကျွန်တော့်ရဲ့ Page မှာ အခမဲ့ ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ ။
🍀 Your MYOE - Your Dentist
https://www.facebook.com/yourmyoe

ကျွန်တော်တို့ ပြည်သူအချင်းချင်း ကာကွယ်စောင့်ရှောက်ကြမယ် ။
ကျွန်တော်တို့မှာ ကျွန်တော်တို့ပဲရှိတယ် ။
အားလုံး အတူတူ ရင်ဆိုင်ကျော်ဖြတ်ကြမယ် ။

ဒေါက်တာမျိုးမြင့်အောင်

Address

No. 31, 6th Floor, 13th Street
Yangon

Opening Hours

Monday 12:00 - 17:00
Tuesday 12:00 - 17:00
Wednesday 12:00 - 17:00
Thursday 12:00 - 17:00
Friday 12:00 - 17:00
Saturday 12:00 - 17:00
Sunday 12:00 - 17:00

Alerts

Be the first to know and let us send you an email when Best4U - နည်းပညာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Best4U - နည်းပညာ:

Share