NovaX

NovaX Technology Made Simple 🤖

ကျွန်တော်နဲ့ UC နေ့စွဲများ ☎️ (3)Goal တွေဖမ်းရင်း Rap သီချင်းတွေ လုပ်တတ်တဲ့ Rapper - KZH ရဲ့ One Man, Two Life သီချင်းလေ...
13/05/2026

ကျွန်တော်နဲ့ UC နေ့စွဲများ ☎️ (3)

Goal တွေဖမ်းရင်း Rap သီချင်းတွေ လုပ်တတ်တဲ့ Rapper - KZH ရဲ့ One Man, Two Life သီချင်းလေးနားထောင်ရင်း မဆီမဆိုင် အကြောင်းအရာလေး တခုခေါင်းထဲ ရောက်လာတယ်။ ဘာလဲဆိုတော့

Multi-VLAN Access Port အကြောင်းလေးပါပဲ။ Voice Project လေးတခု စ လုပ်တော့ Switch Port တစ်ခုတည်းမှာ PC ကလာတဲ့ Data နဲ့ Phone ကလာတဲ့ Voice ကို ဘယ်လိုခွဲပြီး Switch တလုံးက ဘယ်လို Intelligence မျိုးနဲ့ နားလည်တာလဲဆိုပီး အတော်လေး စိတ်ဝင်စားခဲ့ဖူးတယ်။ ဆိုတော့ Switch တစ်လုံးရဲ့ Port တခုထဲမှာပဲ PC ရော IP Phone ရော တွဲချိတ်ရတော့မယ်ဆိုရင် Cable နှစ်ချောင်း ဆွဲစရာမလိုဘဲ Port တစ်ခုတည်းနဲ့ အလုပ်ဖြစ်တာပေါ့ခင်ဗျာ။

Tagged vs Untagged

ဒီနေရာမှာ Switch Port တစ်ခု VLAN နှစ်ခု ခွဲသိဖို့အတွက် အဓိက 802.1Q Vlan tagging လို့ခေါ်တဲ့ Key Point လေး တခုရှိတယ်ဗျ။

Data Traffic PC ကလာတဲ့ Data တွေက ဘာ Tag မှ မပါဘဲ ဗလာလိုရီး ဝင်လာတာ။ Switch က ဒါကို မြင်တဲ့အခါ ..သြော်... ဒါကတော့ ငါ့ရဲ့ Native/Access VLAN (Data) ပဲလို့ သတ်မှတ်ပြီး သက်ဆိုင်ရာ VLan ကို ပို့ပေးလိုက်ပါတယ်။

Voice Traffic:
IP Phone ကလာတဲ့ အသံတွေကျတော့ အဲလိုမဟုတ်ဘူးဗျ။ သူက Voice VLAN ID ပါတဲ့ Tagလေး ကပ်လာပါတယ်။ Tag ဆိုတာတော့ တံဆိပ်တုံးလေး ထုလိုက်တဲ့ သဘောပေ့ါဗျာ
Switch က အဲဒီ Tag ကို ကြည့်ပြီး ဒါကတော့ VIP (Voice) ပဲ ဆိုပြီး သီးသန့် လမ်းကြောင်းလေးပေါ် တင်ပေးလိုက်တာပါ။ ရိုးရိုးလေးပါပဲ။ မျိုးကြီးရဲ့ ရိုးရှင်းလွန်းတဲ့ ဘဝအကောင်းဆုံးမို့ ဆိုသလိုတောင်ဖြစ်နေပီ။

CDP သို့မဟုတ် The Secret Messenger

OK , Cisco Switch တွေမှာ Phone က ဘယ် VLAN Tag ကပ်ရမလဲဆိုတာကို သိဖို့ကို ကျတော့ CDP (Cisco Discovery Protocol) က အလုပ်လုပ်ပေးပါတယ်။ IP Phone လေးကို Port မှာ တပ်လိုက်တာနဲ့ Switch က CDP နဲ့ လှမ်းပြောလိုက်တာပါ။

Hey Man! မင်း Voice အတွက်ဆို VLAN 10 ကို သုံး၊ Tag ကပ်ပြီး ပို့နော် သားရီး ဆိုပြီး ညွှန်ကြားလိုက်တာပါ။ (Cisco မဟုတ်ရင်တော့ LLDP-MED Protocol တွေကို သုံးပါတယ်)

Cisco Switch ရဲ့ Config Portion လေး ထည့်ပေးလိုက်ပါတယ်။ ဥပမာ-

interface Gi0/1
switchport mode access
switchport access vlan 100 (PC အတွက် Untagged)
switchport voice vlan 200 (Phone အတွက် Tagged)

ဘာလို့ Traffic တွေ ခွဲထားဖို့ လိုတာလဲ?

Security အတွက်ရော QoS အတွက်ကြောင့်ပါ။ တကယ်လို့ Data နဲ့ Voice ရောနေရင် Network ကြပ်တဲ့အချိန်မှာ ဖုန်းပြောရင် အသံတွေ တုန်တာ Call Drop တွေ ဖြစ်လာတတ်လို့ပါ။ Voice ကို Tag ကပ်ထားတော့ Switch က "Priority" ပေးပြီး Voice Packcet ကို အရင်လွှတ်ပေးလို့ ရတာပေါ့။ Priority မပေးလို့လည်း မရဘူး Voice Packet လေးတွေက Size သေးသေး လေးတွေ G711 ဆို 64 kbits နဲ့ G729 ဆို 8 Kbits ပဲ ရှိတာ။ ဆိုတော့ PC က Data တွေ ဘယ်လောက် လစ်နေနေ ဖုန်းသံကတော့ Crystal Clear ဖြစ်နေရမယ်.ဒါကိုက Collaboration ရဲ့ အနှစ်သာရမဟုတ်လား?

One Port, Two Worlds
ဖတ်ရတာလည်း ပျင်းလောက်ပီဆိုတော့ အနည်းငယ် Summarized လုပ်ရရင် Switch Port တခု ဟာ တစ်ဖက်မှာ PC အတွက် (သာမန်)Access Port လို အလုပ်လုပ်ပေးသလို၊ နောက်တစ်ဖက်မှာလည်း IP Phone နဲ့ ချိတ်တဲ့အခါ Trunk Port အသေးစားလေးလို Tag တွေကို ခံစားပီး အလုပ်လုပ်ပေးနေတာပါ။ Switch တွေ လည်း အများကြီးလျှော့ချန်ိုင်လိုက်တာပေါ့။ ဒီလောက်ဆို Voice နဲ့ Data တွေ Port တခုလည်း မှာ ဘယ်လို Traffic တွေခွဲပီး သွားနေလည်း အနည်းငယ် ဗဟုသုတ ရလောက်ပီ ထင်ပါတယ်။

မိုးအေးအေး နဲ့ 🥃 လေးသောက်ရင်း KZH ရဲ့ Rapping လေးက နားထဲ ပျံ့လွင့်လာ..

' တချို့လူတွေက ငါ့ကိုဝိုင်းလို့ ဟားကာရိတယ်
ထားလိုက် . ကြိုးစားတဲ့ လူငယ်တိုင်းအတွက် ဘုရားကကြည့်မယ်။ '

UC ပညာရပ်များကို သင်ကြားပေးခဲ့သော Senior အကို BoBo Aung အား လေးစားချစ်ခင်လျှက် 🙏

လေးစားစွာဖြင့်
မင်းကို | ATGsys

အသံတွေကို မြင်ပြီး အရောင်တွေက်ို ကြားရလား? လုပ်ခဲ့သမျှ အကျေနပ်ဆုံးဆိုလို့  ဒီ Content ၂ ခု ပဲ ရှိတယ်။ ခုတော့ ဒီ ၂ ခု ကို...
11/05/2026

အသံတွေကို မြင်ပြီး အရောင်တွေက်ို ကြားရလား?

လုပ်ခဲ့သမျှ အကျေနပ်ဆုံးဆိုလို့ ဒီ Content ၂ ခု ပဲ ရှိတယ်။ ခုတော့ ဒီ ၂ ခု ကို Bridge လုပ်ပီး Post တခု အနေနဲ့ ပြန်တင်လိုက်ပါတယ် ခင်ဗျာ။ 🤘

Can You See Me ~ အသံတွေကို မြင်ရလား?

ကျွန်တော့်ရဲ့ 1st Review လည်းဖြစ် Conceptual Music Video တပုဒ်လည်းဖြစ်တဲ့ Lil'Z ရဲ့ Can You See Me သီချင်းလေးကို Review လေး နည်းနည်းရေးမှာဖြစ်ပါတယ်။

ပထမဆုံး ဝန်ခံချင်တာက ODDS ရဲ့ ဒီသီချင်းတပုဒ်ပဲပါတဲ့ Single Release Merchandise Box တုန်းက ဝယ်နားမထောင်ဖြစ်ခဲ့ဘူး။YouTube မှာ Offical Release လုပ်မှ ကျွန်တော် နားထောင်ဖြစ်တယ်ဆိုတာပါပဲ။

ဆိုတော့ဗျာ ဒီ Merchandise (Bundle) Box က ဘာလဲ? Box ထဲမှာရော ဘာတွေပါလဲ စပ်စုချင်တဲ့ သူတွေအတွက် ကျွန်တော် Unboxing link ချပေးထားတယ်။

https://www.youtube.com/watch?v=14917MgmWic

သီချင်းအကြောင်းစပြောရရင် Intro မှာ Piano သံလေးနဲ့ တလုံးချင်း 🎹 စဝင်တယ်။ Chrous မှာက Can You See Me စာသားရယ် နောက် Pre-Chrous မှာဆို Your Expection - My Reality စာသားက ဒါလေးပဲ။ ဆိုတော့ ဒီစာ သားတွေက ဘာကို ပြောချင်တာလဲပေ့ါ?

သီချင်းတပုဒ်လုံးမှာ Lil'Z ပြောချင်တဲ့ Can You See Me ? ဆိုတာက " မင်းတ်ို့ ငါ့စိတ်ကို တကယ်ရော မြင်လို့ သိလို့ပြောနေကြတာလား"? But, I Can See You! မင်းတို့ ပြောနေတဲ့အသံတွေကိုတော့" ငါသိတယ် ငါမြင်တယ်လို့ ဒီ Rapper ကဆိုလိုချင်တာ။

နောက် Pre Chrous ရဲ့ " Your Exception (နဲ့) မင်းတ်ို့မျှော်လင့်ထားတာနဲ့ ငါ့ တကယ့်လက်ရှိ Relality နဲ့ကတော့ တထပ်ထဲ ကျချင်မှကျမယ်ဆိုတာမျိုးဆိုလိုတာ။ ဘာလာလာပြောသလို ပေးချင်တဲ့ မက်ဆေ့က ဒါပဲ။ ဒါကို Lil'Z ရဲ့ Interview မှာလည်း အတိအကျပြောထားတယ်။ တခြား reaction ဆရာတွေ အဓိပ္ပါယ်တွေတလွဲတွေပြောနေတာတော့ သူ့တို့အကြောင်းပဲ။

မျှော်လင့်ထားတဲ့ အဖြဲ ~Lil'Z ပုံစံမဟုတ်ပေမယ့် ဒီသီချင်းမှာ စာသားရော Melody ပါရိုးရိုးလေးနဲ့ Deep ဖြစ်ပီး Emotional ဆန်ဆန် Mood လေးကောင်းကောင်းရတယ်။

Rap စာသားတခုခြင်းစီရဲ့ အဓိပ္ပါယ်တွေတော့ 1st Verse မှာဆို (Social) Blamer တွေ ရဲ့Personal Attack လုပ်ခံရတာတွေ| သူ့ဘော်ဒါတွေနဲ့ fan တွေကပါ Lil'Z (နေဦးလင်း) သီချင်းတွေဆက်တိုက်မလုပ်တဲ့အပေါ် အားမလို အားမရ နဲ့ တိုက်တွန်းစကားတွေ ပြစ်တင်တာတွေကို တခြားသူတွေက ပြောနေတဲ့ပုံစံဖက်ရောက်အောင် Music MV နဲ့ သေချာလေးပုံဖော်သွားတယ်။

ကျန်တဲ့ Rap အပိုဒ်ကတော့ Talent ထက် Client Chase တာတွေရယ်သူ့ Sor က နေဦးလင်းကို ပြောနေတဲ့ Personal Case ဆန်ဆန် လေးတွေ ထည့်သုံးသွားတယ်။

နောက်ထပ်ပြောရမှာက Lil'Z နဲ့ Mary တို့ Collab လုပ်ထားတဲ့ MJN ကစာခြောက်ရုပ် ရဲ့"မငိုပါတော့ သီချင်း" ကို ပြန်အသုံးချတယ်ဆိုတဲ့ ဝေဖန်ခံရမှုတွေ ၊ သူ့ဘော်ဒါ စာကြီးဆုံးတော့ Lil'Z နာရေးမသွားဘူးဆိုတဲ့ Case မှာ သူ့အနေနဲ့ တော်တော်လေး ဝေဖန်ခံခဲ့ရတဲ့ အပေါ် Mention လုပ်ထားထားတွေ့ရတယ်။ Shock ပါပဲ။

နောက် ဒီသီချင်းမှာ facebook မှာ ment တွေ Noti တက်တဲ့ အသံလေးတွေ Typing ရိုက်သံလေး​ေတွထည့်ထားတဲ့ (Sound Effects SFX) Idea လေးက အတော်လေး မိုက်တယ်။အသေချာလေး လုပ်ထားတာတွေ့ရတယ်။ ရှင်ထွေးအိမ်ရဲ့ Idea လို့တော့သိရတယ်။သီချင်းတွေဖန်တီးတိုင်းဖြစ်ကတတ်ဆန်း မလုပ်တာကိုတကယ် Appreciate လုပ်ချင်ပါတယ်။

ဆိုတော့ သီချင်းတွက်တော့ ဒီလောက်ပါပဲ။အသေးစိတ်တွေရေးနေရင် စာပိုရှည်သွားမယ်။ Rap စာသားတခုချင်းစီကို သိချင်ရင်တော့ Youtubers တွေ Reaction လုပ်ထားတာရှာပြီး နားထောင်ကြည့်လိုက်ပါ။

တကယ် ပြောချင်တဲ့ အပိုင်းက အခုမှ လာတယ်။ကျွန်တော် သဘောကျတဲ့ အပိုင်းက သီချင်းဆိုတာထက် Music Video မှာရယ် Merchandize Box ထဲမှာပါတဲ့ Trick Card တွေအဲ့ Card တွေမှာသုံးထားတဲ့ Cyamtics တွေပါပဲ။အသံတွေကို မြင်လို့ရနိုင်တယ်ဆိုတာကို သက်သေပြသွားတာမျိုး။ဆိုတော့

🎧 အသံတွေကို မြင်ရတယ် ။ အရောင်တွေကို ကြားရတယ်။ ဖြစ်နိုင်လား?

ဖြစ်နိုင်၏ မဖြစ်နိုင်၏မပြောခင် Cymaticsဆိုတာကို အရင်ရှင်းပြပါမယ်။ Cymatics ဆိုတာက အသံလှိုင်း (Sound Wave) တွေကနေဖန်တီးထားတဲ့အပေါ်မှာ ပတ်ဝန်းကျင်ရဲ့ ပစ္စည်းတွေအနေနဲ့ ဘယ်လိုပုံစံ Visual Pattern တွေထွက်မလဲဆိုတာကိုလေ့လာတဲ့ ဘာသာရပ်ပဲဖြစ်တယ်။

ဒီသီချင်းမှာ "Can" "You" "See" "Me" * ၄ လုံးရဲ့ အသံလေးတွေရဲ့ Frequency ကို သုံးပြီး ရလာတဲ့ Visual Pattern ပုံတွေကို lil'Z က Cymatics ပုံစံထည့်သွင်းဖန်တီးထားတယ်။ ဒါကို Merchandizes Box ထဲက Card Trick တွေပေါ်မှာထည့်ပေးထားသလို Music Video မှာလည်း အထင်းသား မြင်ရတယ်။ ဒါပေမယ့် တော်ရုံ သတိထားမိကြမှာမဟုတ်ဘူး။

ဒါကို စမ်းသပ်ဖို့ဆိုရင် - Speaker တခု နဲ့တိကျတဲ့ Frequency ပေးနိုင်တဲ့ Generator တခု၊ Chladni Plate ပြားတခုလိုတယ်။ နောက်ဆုံးတခုက သဲမှုန့် (dry sand) သို့မဟုတ် ရေ 💧 ။ ဒါတွေနဲ့ ဆို အသံတွေကို မြင်ရအောင်Testလုပ်လို့ရပြီ။ 🎶

သဲ နဲ့ စမ်းမယ်ဆို Plate အပေါ်မှာ သဲမှုန့်လေးတွေချမာယ် ။Piano 🎹 (သို့) Violin 🎻 တခု နဲ့ ကြိမ်နှုန်း (Hz) တခုနဲ့ Friction ပေးပြီး Vibration တွေဖန်တီးမယ်။ အသံလှိုင်းနဲ့ ဖန်တီးထားတဲ့ တုန်ခါမှုကြော်င့် သံပြားပေါ်က Vibration မရှိတဲ့နေရာတွေမှာ သဲမှုန့်လေးတွေ စုလာပြီး Chladni Visual Pattern (ပုံသဏ္ဌာန်) တွေဖြစ်လာတယ်။

ဥပမာ - 88 Keys Grand Piano 🎹 တလုံးမှာ ရှိတဲ့ Middle Octove ရဲ့ F sharp (F #) Key တလုံးမှာဆို Frequency က 370 Hz ကြိမ်နှုန်း ရှိတယ်။ frequency ပိုမြင့်ရင် ထွက်လာတဲ့ Chalni Pattern ပုံတွေပိုရှုပ်မယ်။ frequency နည်းရင် ပိုပီးရိုးရှင်းတဲ့ ပုံသဏ္ဌာန်တွေ ထွက်လာမယ်ပေါ့ဗျာ။ သဲနဲ့မဟုတ်ဘဲ ရေ 💧 ကို သုံးပြီးတော့လည်း အသံတွေက်ို မြင်အောင် ကြည့်န်ိုင်တယ်။ ရေမှာကျ Base line တွေဆို အကွင်းတွေပိုကြီးတယ် ။အမိုက်စား Cymatics Video တပုဒ်ကို link ချပေးထားတယ်။ 👇

https://youtu.be/tFAcYruShow?si=KbfLx1pmxgKGocbO

အောက်က 👇 Lil'Z ရဲ့ က်ိုယ်ပေါ်မှာတွေ့နေရတာ က CAN YOU SEE ME ရဲ့ အသံပုံသဏ္ဌာန်တွေပါပဲ။ ဒါတွေကိုတော့ Music School တခုရဲ့ Website ကနေ ထုတ်ထားတဲ့ Pattern ပုံတွေလို့သိရတယ်။ ဒါကြောင့် Design တခုအနေနဲ့ လောက်ပဲ ဖြစ်နေမလား တကယ့် Pattern အမှန်တွေ ဖြစ်မလား ဆိုတာ ကို စမ်းချင်စမ်းကြည့်ပေါ့ကြပေါ့ဗျာ။

ကဲ .. အတော်လည်း ညောင်းသွားပြီဆိုတော့ အသံတွေကို မြင်ရဖို့တကယ် ဖြစ်နိုင်တယ်ဆိုတာ ပြောရင်း - အရောင်တွေက်ို ဘယ်လိုကြားရမလဲ ဆိုတာ စိတ်ဝင်စားရင် Part 2 မှာ ပြန်တွေ့ကြတာပေါ့။ ဖတ်ရှူမှုအတွက်ကျေးဇူးပါ။ 🖖

I C A N S E E Y O U | M I N K O

Min Ko မိုကင်း | ☝️~

အရောင်တွေက်ို တကယ် ကြားရလား?? 🤘 🎻

Abstract Art ပန်းချီကားတချပ်မှာ မြင်ရတဲ့ အဝါရောင်ရင့်ရင့် (Deep Yellow Color) 🟡 ကို ကြည့်ပြီး သင် ဘာသံကြားရသလဲ?

ဒီမေးခွန်းကို Wassily Kandansky ဆိုတဲ့ Abstract Artist သွားကိုမေးရင်တော့ ဒီ အဝါရင့်ရောင်ကို မြင်လိုက်တာနဲ့ ကျယ်လောင်ပြီးတော့ စူးရှတဲ့ Trumpet 🎺 တူရိယာတလုံးက ထွက်တဲ့ (High-Pitched) အသံလို့ တထစ်ချပြောပါလိမ့်မယ်။ သူ့ရဲ့ Theory အရ တခြားအရောင်တွေကလည်း Instruments လို့ခေါ်တဲ့ တူရိယာသံတွေ ထွက်ပါတယ်။ ဥပမာ -အပြာရောင် (Blue) ဆိုရင်နက်ရှိုင်းတဲ့ အပြာဆိုရင် Cello သံ၊ ပိုပြီးနက်သွားရင် Double Bass သံ၊ အပြာနု ဆိုရင်တော့ Flute (ပုလွေ) သံလို့ သူက ခံစားရပါတယ်။ဟုတ်ပါတယ် Kandansky ပါ။ဒီပုဂ္ဂိုလ်က Synesthesia လို့ခေါ်တဲ့ အရောင်ကို မြင်ရင် အသံကြားရတဲ့ ပါရမီနဲ့ ဂီတ နဲ့ ပန်းချီကိုပေါင်းစပ်ပြီး Abstact Art ကို ကိုင်လှုပ်ခဲ့တဲ့ ဂုရုကြီးဖြစ်ပါတယ်။🎨

https://en.wikipedia.org/wiki/Wassily_Kandinsky

Wassily Kandensky ဆိုတာက ကတော့ အရောင်တွေကို သူ့မျက်လုံးက မမြင်ခင် ကျွန်တော့်ရဲ့ စိတ်ဝိညာဉ် (Soul) က အရင်မြင်တယ် လို့ဆိုတယ်။ နောက် အသံတသံကြားရင် အရောင်တရောင် မြင်ရပီး အရောင်တခုကို ကို မြင်ရင် အသံတသံကို ကြားရတယ်လို့ ဆိုခဲ့ပါတယ်။ ကျွတ်ဆင်ကြီး 👽

ဆိုတော့ သူ ဘယ်လို မြင်ရ ကြားရတာလဲ အတော်စိတ်ဝင်စားဖို့ကောင်းတယ်ဗျ။ မိတ်ဆွေတို့ကော ဒါဟာ တကယ်ဖြစ်နိုင်တယ်လို့ ထင်လားဗျ? ဖြစ်န်ိုင်၏ မဖြစ်နိုင်၏ကို ကျွန်တော်တို့ မပြောခင် အရောင် တွေနဲ့ အသံနဲ့ ဆက်စပ်တဲ့ logic လေးတခု ကျွန်တော်ပြောပြမယ်။

Colors 🔴🔵🟢🟡⚫
အရောင် (Color) တွေဆိုတာက အလင်းရောင်က စတယ်။ အလင်းရောင်ကလှိုင်း (Wave) ပုံစံဖြင့် သွားလာပြီး သူ့မှာ Frequency လို့ခေါ်တဲ့ ကြိမ်နှုန်း) တွေရှိတယ်။ ကျွန်တော် တို့ မြင်ရတဲ့ အရောင်တစ်ခုချင်းစီဟာ မတူညီတဲ့ လှိုင်းအလျား (Wavelength) များသာဖြစ်တယ်။ ဥပမာ- အနီရောင်မှာ လှိုင်းအလျား ရှည်ပြီး Frequency နိမ့်သလို၊ အပြာရောင်မှာကျတော့ လှိုင်းအလျား တိုပြီး Frequency မြင့်တယ်။ ဒါ့ကြောင့် အရောင်ဆိုသည်မှာ မျက်စိက ဖမ်းယူရရှိသော အလင်းရဲ့တုန်ခါမှု ပဲဖြစ်တယ်။

Voice 🎻🪕🎹🎧🥁
အသံဆိုတာကတော့ အရာဝတ္ထုတွေရဲ့ တုန်ခါမှု (Mechanical Vibration) ကြောင့်ဖြစ်တယ်။
ဥပမာ- တယောတလက် ကို တီးခတ်လိုက်တယ်ဆိုပါစို့.. 🎻 Bow တံ ရဲ့ကြိုး နဲ့ တယောကြိုး (String) တို့ ပွတ်တိုက်မိမှု (Friction) ကြောင့် တယောကြိုးဟာ တစ်စက္ကန့်အတွင်း အကြိမ်ပေါင်းများစွာ တုန်ခါသွားတယ်။အဲ့ဒီက တဆင့် တယောရဲ့ body ပါ တုန်ခါသွားပြီး ဒီတုန်ခါမှုတွေက တဆင့် လေထုထဲရှိ မော်လီကျူးများကို တွန်းကန်လိုက်သောအခါ Longitudinal Waves အဖြစ် ပြောင်းလဲသွားပြီး ကျွန်ုပ်တို့၏ နားစည်ဆီသို့ အသံ တခု 🔉 ရောက်ရှိလာခြင်း ဖြစ်တယ်။

Prism Theory 💎
အိုင်းဆက်နယူတန်ရဲ့ Prism Theory မှာ အလင်းက ၃ မြှောင့် ဖန်တုံး တခုကို အလင်း ဖြတ်ပြီးတဲ့ အခါမှာ အရောင် ၇ ရောင်အဖြစ် ခွဲထွက်လာပါတယ်။ ဂီတ 🎶 Theory မှာလည်းမူလ အခြေခံအားဖြင့် (Do Re Mi Far So La Ti ) ဆိုတဲ့ (Melody)၇ သံရှိတယ်။ ကျွန်တော်တို့ ကမ္ဘာကြီးမှာ မြင်ရတာနဲ့ ကြားရတာ မတူပေမယ့် အခြေခံတစ်ခုတည်းနဲ့ ချိတ်ဆက်နေသလိုပါပဲ။တခါတလေ အရောင်တွေက အသံလို ခံစားရတယ် အသံတွေကလည်း အရောင်လို မြင်လာတတ်တယ်။ Abstract Art ဆိုတာမြင်တာနဲ့ ကြားတာကို စိတ်ထဲမှာ တစ်ခုတည်းဖြစ်အောင် လုပ်ပေးနိုင်တဲ့ အနုပညာ တစ်ခုပါ။
တိကျတဲ့ စစ်တမ်းမရှိပေမယ့် ကမ္ဘာကြီးမှာရှိတဲ့ (4 % သောလူတွေကသာ ဒါမျိုးကို ဖြစ်နိူင်တယ်လို့ဆိုတယ်။

ကန်ဒေးစကီး အကြောင်း အနည်းငယ်ပြန် ပြောရရင် သူဟာ ရုရှား လူမျိုး ဂီတ နဲ့ ပန်းချီကို ပေါင်းစပ်ဖန်တီးခဲ့တဲ့ Abstract Art ပညာရှင်ကြီး ဖြစ်ပါတယ်။ 1866 ခုနှစ် Russia 🇷🇺 နိုင်ငံ Moscow မှာ မွေးဖွားခဲ့တယ်။ သူဟာ ငယ်စဉ်ကတည်းက Violin နဲ့ Piano စတဲ့ တူရိယာတွေကို ကျွမ်းကျင်စွာတီးခတ်နိုင်ဖြစ်လို့ သူ့ရဲ့ပန်းချီကားတွေမှာ "ဂီတသံစဉ်တွေကို အရောင်နဲ့ ပုံဖော်တာ" ဟာ အလွန် သဘာဝကျနေတာ ဖြစ်ပါတယ် နောက်တခု ထူးခြားတာက သူက မိုးဇက်တို့ ဗီသိုဗင် တို့လို ဂီတပညာရှင် မဟုတ်ဘဲ ဥပဒေ ပညာရှင်တယောက်ဖြစ်တယ်ဆိုတာပါပဲ။

🎓 Proof Of Concept (POC)
အောက်မှာပြထားတဲ့ (Color Theory)ပုံမှာဆို အရောင်တွေကို Key တွေနဲ့ ဖော်ပြပေးထားတယ်။ ဒီထဲမှာ Primary အရောင်တွေ ထဲက Yellow + Blue + Red Color ၃ ခု ကို Piano 🎹 ပေါ်မှာတပြိုင်တည်း နှိပ်လိုက်မယ်ဆိုရင် C E G ( Do Mi So) ဆိုတဲ့ C (ဒို) သံကို ကြားရမှာဖြစ်တယ်။ ဒါဟာ အသံ နဲ့ အရောင်တွေ ရဲ့ အလွန် ထူးခြားတဲ့ဆက်စပ်မှုပဲ ဖြစ်တယ်။ ဒါကြောင့် Kandinsky က အရောင်တွေကို မြင်တာနဲ့ အသံတွေ တန်းပြောနိူင်တာဖြစ်တယ်။ အဲ့ဒီအချက် မှန် မမှန်ဆိုတာ အတိကျ သိချင်ရင် 👇အောက်က Link ကနေတဆင့် လေ့လာကြည့်လိုရတယ်။

https://artsandculture.google.com/experiment/sgF5ivv105ukhA

Google ရဲ့ AI နည်းပညာနဲ့ Kandinsky ရဲ့ အနုပညာကမ္ဘာကို လေ့လာခြင်း (သို့) Google Arts & Culture:

Abstract Art ရဲ့ ဖခင်ကြီးလို့ တင်စားကြတဲ့ Kandinsky ဟာ အရောင်တွေကို ဂီတသံစဉ်တွေအဖြစ် မြင်ယောင်ဖန်တီးခဲ့တာ တွေက်ိ တကယ် ဟုတ် မဟုတ် သိချင်ရင်တေယ့ Google Arts & Culture ရဲ့ ဒီ Web Page မှာ

1. The Theory: အရောင်နဲ့ အသံ ဘယ်လိုဆက်စပ်လဲဆိုတာကို တရောင်ချင်း စီမှာ ဘာ အသံတွေရှိလဲ Interactive ထောက်ကြည့်လိုရတယ်။

2. The Experiment: ပန်းချီကားတစ်ချပ်ကို Play လုပ်ကြည့်ရုံနဲ့ စာဖတ်သူရဲ့ Emotion တွေကို အနုပညာအဖြစ် ပြောင်းလဲနိုင်တယ်။

3. Museum - ကမ္ဘာ့ပြတိုက်ကြီးတွေကို အိမ်ကနေ ဖုန်းတစ်လုံးနဲ့ လည်ပတ်နိုင်သလို၊ အနုပညာရှင်တစ်ယောက်ရဲ့ Vision ကိုပါ AI နဲ့ ပုံဖော်ထားတာ ဖြစ်ပါတယ်။

နောက်ဆုံးမှာတော့ Google ရဲ့ ထူးခြားတဲ့ဒီ Web Page လေးဟာ ကျောင်းသားတွေနဲ့ လူငယ်လူရွယ်တွေသာမက အနုပညာဝါသနာရှင်တွေအားလုံး အတွက် Experiential Learning (လက်တွေ့ခံစားသင်ယူမှု) အကောင်းဆုံးပေးနိုင်မယ့် Platform တစ်ခု ဖြစ်တယ်ဆိုတာ ပြောရင်း အရောင်တွေက်ို တကယ်ကြားရတဲ့ အကြောင်းလေး ကို ကိုငှက်ရဲ့ ဗင်းဆင့်ဗန်ဂိုး တမ်းချင်းလေး နဲ့ နိဂုံးချုပ်ပါမယ်။

ကြယ်တွေ စုံ ပြီလား
ဗင်းဆင့် အနားကို လာကြတယ်
မျက် စိ က နေ ... ငါ ကြား တယ် 👀 👂

https://youtu.be/BGmuMSKMo0Q?si=4gaBNFFugRC4OEWV

လေးစားစွာဖြင့်
မင်းကို

Webex Live Streaming 🎬💿 Webex Meeting မှတစ်ဆင့် Facebook ပေါ်တွင် Live လွှင့်နိုင်သည့်ဝန်ဆောင်မှုကို Webex Version 33 (2...
03/01/2026

Webex Live Streaming 🎬💿

Webex Meeting မှတစ်ဆင့် Facebook ပေါ်တွင် Live လွှင့်နိုင်သည့်ဝန်ဆောင်မှုကို Webex Version 33 (2018 -2019) လောက်တုန်းက အရင်ရုံးက (AWS) Cloud Event တွေမှာ အသုံးပြုန်ိုင်အောင် Set Up လုပ်ပေးခဲ့ဖူးပါတယ်။

ယနေ့အချိန်မှာတော့ Facebook အပြင် YouTube, X (Twitter), Workplace by Meta, Vbrick Rev နှင့် IBM Video Streaming စသည့် Third-Party Platform ပေါင်းစုံမှာ Live Streaming ပြုလုပ်နိုင်ပြီဖြစ်ကြောင်း Cisco က ကြေညာထားပါတယ်။ ပုံမှန်အားဖြင့် RTMP နှင့် RTMPs Protocol ကို အသုံးပြုထားသည့် မည်သည့် Live Stream Service ကိုမဆို Webex က ကောင်းမွန်စွာ Support လုပ်ပေးနိုင်နေပြီ ဖြစ်ပါတယ်။

အသုံးပြုပုံ အဆင့်ဆင့် -
• Admin Control: ဦးစွာ Webex Control Hub ရှိ Administrator က မိမိတို့အသုံးပြုမည့် Streaming Service ကို ရွေးချယ်သတ်မှတ်ပေးရပါမယ်။

• Account Binding: ဥပမာ - Facebook နှင့် Live လွှင့်မည်ဆိုပါက Webex Administration Portal မှတဆင့် ..မိမိ၏ FB Account နှင့် ချိတ်ဆက် (Binding) လုပ်ထားရုံဖြင့် Webex Host Account တွင် Live Streaming Feature ပေါ်လာမည်ဖြစ်ကာ Topic ရွေးချယ်ခြင်းနှင့် Privacy (Friends/Public) သတ်မှတ်ခြင်းတို့ကို တိုက်ရိုက်လုပ်ဆောင်နိုင်မှာပါ။

• Interaction: Webex Meeting စတင်သည်နှင့် Facebook ပေါ်တွင် Live ပြသနေမှာဖြစ်ပြီး ကြည့်ရှုသူများအနေဖြင့် Like, Comment နှင့် Share တို့ကို ပုံမှန်အတိုင်း facebook မှာ ပြုလုပ်နိုင်ပါတယ်။

သတိပြုရန်အချက်များ -

Live Stream ပြုလုပ်နေစဉ်အတွင်း Security, Privacy နှင့် Content Retention တို့ကို သက်ဆိုင်ရာ Streaming Platform က ထိန်းချုပ်ပေးမည်ဖြစ်ပြီး၊ လက်ရှိတွင် Webex Paid Account နှင့် Enterprise Trial Account အသုံးပြုသူများသာ ဤဝန်ဆောင်မှုကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ယခုအခါ Webex Meeting တွင်သာမက Webex Events တွင်ပါအသုံးပြုနိုင်နေပြီ ဖြစ်ပါတယ်။

Live Streaming Service ကြောင့် ယခင်ကအကန့်အသတ် (Limited Participants) နဲ့သာ Join လုပ်နိုင်တဲ့ Virtual Meetings တွေ တဖြည်းဖြည်း လျော့နည်းသွားမှာဖြစ်ပြီး Public Service Announcements, Webinars, Virtual Conferences, Education စတဲ့ Communities တွေမှာ သုံးဖို့အတွက် တကယ်ကောင်းမွန်တဲ့ ဝန်ဆောင်မှုတခုဖြစ်လာပါတယ်။

Steve Jobs ပြောခဲ့ဖူးတဲ့ "That’s Limitless” ဆိုတာ ဒါမျိုးကို ဆိုလိုတာနေမှာပါ... 🤘

Author- Min Ko

VC ကမ္ဘာကို စနစ်တကျ ချဉ်းကပ်ခြင်းCOVID-19 နောက်ပိုင်း ပြောင်းလဲလာတဲ့ အလုပ်လုပ်ပုံစနစ်သစ်တွေကြောင့် Video Conferencing ဟာ...
03/01/2026

VC ကမ္ဘာကို စနစ်တကျ ချဉ်းကပ်ခြင်း

COVID-19 နောက်ပိုင်း ပြောင်းလဲလာတဲ့ အလုပ်လုပ်ပုံစနစ်သစ်တွေကြောင့် Video Conferencing ဟာ လုပ်ငန်းခွင်တိုင်းအတွက် မရှိမဖြစ် လိုအပ်ချက်တစ်ခု ဖြစ်လာပါတယ်။ အရင်က ဒီနည်းပညာကို သုံးဖို့ တွန့်ဆုတ်နေခဲ့တဲ့ အဖွဲ့အစည်းတွေဟာ အခုအခါမှာတော့ Video Conferencing ရဲ့ အကျိုးကျေးဇူးကို သိရှိပြီး အလေးထား အသုံးပြုလာကြပါတယ်။"

အဲ့တော့ ကိုယ့်ရဲ့ organization ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ VC product တွေကို ဘယ်လိုရွေးချယ်မလဲ ဆိုတာကို share ပေးချင်ပါတယ်။

Types of Video Conferencing
အခြေခံအားဖြင့်တော့ VC product က နှစ်မျိုးပဲရှိပါတယ်။Hardware (Appliance) based နဲ့ Software (Application) based ဆိုပြီးရှိပါတယ်။
အဲ့ဒီ နှစ်မျိုးလုံးက on-premises infrastructure ကို ချိတ်ဆက်အသုံးပြုတာ ဖြစ်နိုင်သလို cloud infrastructure နဲ့ ချိတ်ဆက်ပြီး အသုံးပြုတာလည်း ဖြစ်နိုင်ပါတယ်။

ဒီနေရာမှာ on-premises နဲ့ ချိတ်ဆက်အသုံးပြုပုံကိုတော့ မပြောတော့ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ အချိန်ယူပြီး တည်ဆောက်ဖို့လိုတာရယ်၊ initial cost အနေနဲ့ စျေးများတာကြောင့်ပါ။

UCaaS
အဲ့တော့ initial cost အနေနဲ့လည်း သိပ်မများပဲ လျင်လျင်မြန်မြန်နဲ့ အသုံးပြုလို့ရမဲ့ ခုအချိန်မှာ popular ဖြစ်နေတဲ့ enterprise platform တွေဖြစ်တဲ့ Cisco Webex, Zoom, Microsoft Teams တို့လို cloud-based application တွေက်ို သုံးလို့ရပါတယ်။

Huddle Space
Video Conference ကို room system အနေနဲ့ သုံးချင်ရင် hardware device လိုပါတယ်။
Hardware device ကို ရွေးတဲ့နေရာမှာလည်း ကိုအသုံးပြုချင်တဲ့ meeting room ရဲ့ size, meeting room ထဲက total number of seats ကို အခြေခံပြီး ရွေးဖို့လိုပါတယ်။

Video Conferencing product ထုတ်တဲ့ manufacturer တိုင်းလိုလိုကHuddle, Small Room, Medium Room, Large Room အတွက်ဆိုပြီး VC hardware device တွေ ထုတ်ထားလေ့ရှိပါတယ်။

Huddle space အတွက် ထုတ်ထားတဲ့ device အများစုက (microphone, camera, codec, speaker) တွေကို integrated လုပ်ထားတာများပါတယ်။လူ ၄–၅ ယောက်စာ meeting room လောက်ပဲ အဆင်ပြေပါတယ်။အဲ့ဒီလို device မျိုးကို လူ ၁၀ ယောက်လောက် ထိုင်တဲ့ meeting room မှာ သွားသုံးမယ်ဆိုရင် အဆင်မပြေပါဘူး။

Multi Conferencing Unit (MCU)
Meeting ကို point-to-point ပဲလုပ်မှာလား၊ multi-point လုပ်မှာလား၊multi-point ဆိုရင်လည်း ကိုယ်က host လုပ်မှာလား၊ သူများ host လုပ်တာကို join လုပ်မှာလား ဆိုတာတွေကိုလည်း စဉ်းစားဖို့လိုပါတယ်။

Video device တွေထဲမှာ built-in multi-site ကို support လုပ်တဲ့ device တွေလည်းရှိပါတယ်။
ပုံမှန် ၄–၅ site လောက်နဲ့ပဲ multi-point video conferencing လုပ်ဖို့လိုတယ်ဆိုရင်host လုပ်မဲ့ video conference system မှာ built-in multi-site function ကို support လုပ်တဲ့ device ကို အသုံးပြုလိုက်ရုံပါပဲ။Participants အများကြီးနဲ့ meeting လုပ်ဖို့လိုအပ်ရင်တော့Webex, Zoom, BlueJeans တို့လို cloud-based web conferencing တွေကို သုံးဖို့လိုပါတယ်။

NAT ပြဿနာ
Video Conference ရဲ့ standard protocol တွေဖြစ်တဲ့ H.323, SIP ကိုပဲ support လုပ်တဲ့ room-based video conference system တွေကို အသုံးပြုမယ်ဆိုရင် public IP လိုအပ်နိုင်ပါတယ်။
ဒါကလည်း ကိုသုံးတဲ့ Internet Provider ပေါ်မူတည်ပါတယ်။

ရိုးရိုး Internet line တွေရဲ့ IP တွေက local IP တွေဖြစ်ပြီး provider ဘက်မှာ NAT ခံထားပါတယ်။
ရိုးရိုး Internet line ကို Video Conference အတွက် သုံးရင် one-way video/audio issue ဖြစ်တတ်ပါတယ်။

Call က connected ဖြစ်ပြီး တစ်ဖက်ကပဲ အသံနဲ့ ရုပ်ကို မြင်ရကြားရပြီး တစ်ဖက်က မမြင်မကြားရတာပါ။ဒါက ကိုယ်နဲ့ video conference လုပ်မဲ့သူက different provider ရဲ့ Internet ကို သုံးထားတဲ့အချိန်တွေမှာ ဖြစ်တတ်ပါတယ်။
ဒီပြဿနာက NAT ကြောင့် ဖြစ်တာပါ။

နောက်တစ်ခုက standard video conference device တွေက H.323, SIP protocol ကိုပဲ support လုပ်တဲ့အတွက် Microsoft Teams meeting ကို တိုက်ရိုက် join လို့ မရပါဘူး။

Third-Party Video Conferencing Cam
Hardware video conference device ဆိုရင် H.323, SIP ကို support လုပ်တဲ့ room-based device တွေလည်းရှိသလို PC နဲ့ ချိတ်ပြီး VC room system အနေနဲ့ သုံးလို့ရတဲ့ hardware device တွေလည်းရှိပါတယ်။

ဥပမာ Logitech က ထုတ်တဲ့ we**am, conference cam တွေကို PC နဲ့ ချိတ်ပြီး meeting room တစ်ခန်းကို video conference room အဖြစ် ပြောင်းလဲအသုံးပြုနိုင်ပါတယ်။Camera, mic, speaker ပဲ ဝယ်ထားရုံနဲ့ မရပါဘူး။ PC နဲ့ USB cable နဲ့ ချိတ်ဖို့လိုပါတယ်။PC ရဲ့ built-in we**am, mic, speaker တွေက လူတစ်ယောက်အတွက်ပဲ လုံလောက်ပါတယ်။ လူ ၄–၅ ယောက်က တစ်နေရာထဲကနေ video conference လုပ်ချင်ရင်တော့ Logitech conference cam လို device တွေ လိုအပ်လာပါတယ်။

Logitech မှာ mini PC ပါ ပါတဲ့ solution တွေလည်းရှိပြီး အဲ့ဒီ mini PC က video conference အတွက် dedicated PC လို့ ပြောလို့ရပါတယ်။

အဲ့ဒီ solution တွေနဲ့ Webex, Zoom, Microsoft Teams, Skype for Business, GoToMeeting, BlueJeans စတဲ့ cloud-based application တွေကို install လုပ်ပြီး အသုံးပြုနိုင်ပါတယ်။
Screen ကြီးကြီးနဲ့ ကြည့်ချင်ရင် TV ကို HDMI cable နဲ့ ချိတ်နိုင်ပါတယ်။

ဒီ solution တွေက ရိုးရိုး Internet နဲ့ သုံးလို့ရပြီး public IP မလိုတော့ပါဘူး။

Room Room Bar
Cisco မှာလည်း Logitech တို့လို PC နဲ့ ချိတ်ပြီး သုံးလို့ရတဲ့ video conference device ရှိပါတယ်။ Cisco Room Bar ပါ။လူ ၇–၈ ယောက်စာ meeting room အတွက် အဆင်ပြေပြီး quality လည်း ကောင်းပါတယ်။

Budget အဆင်ပြေရင်တော့ Cisco TelePresence solution တွေကို သုံးကြည့်ဖို့ အကြံပြုရင်း Article လေးကို ဒီမှာပဲ နားပါရစေ။

Author - Ko Bo Bo Aung 🤘

ပုံက ရူပါဒါန ပါ😄

What is VoIP?  ~ ☎️ 📞VoIP ဆိုတာကတော့ Telecommunication ကို Traditional circuit-switched ပေါ်မှမဟုတ်ပဲ Internet protocol ...
15/09/2025

What is VoIP? ~ ☎️

📞VoIP ဆိုတာကတော့ Telecommunication ကို Traditional circuit-switched ပေါ်မှမဟုတ်ပဲ Internet protocol (IP) ဖြစ်တဲ့ packet-switched network ပေါ်ကနေ voice data တွေကို transmission လုပ်ပေးတဲ့ technology တစ်ခုပါ။

☎️VoIP ကို စတင်အသုံးပြုခဲ့တာတော့တော်တော်လေးကြာပါပြီ။ ကျွန်တော်တို့နိုင်ငံက တော်တော်လေး နောက်ကျကျန်နေခဲ့တာပါ။ (နောက်ကျကျန်တာကောင်းတာတစ်ခုကတော့ နောက်ဆုံးပေါ် technologies တွေကနစတင်အသုံးပြုခွင့်ရတာပါ။) ခုတော့ ဒီမှာလဲ VoIP ကိုစတင်အသုံးပြုလာကြပြီး business တော်တော်များများကလဲ အသုံးပြုဖို့ တော်တော်လေး စိတ်ဝင်စားလာနေကြပါပြီ။

🔹ဒီတော့ VoIP ကို setup လုပ်ဖို့ ဘာတွေလိုလဲဆိုတာသိဖို့ လိုပါတယ်

◾️IP PBX (Internet Protocol Private Branch Exchange) လိုပါမယ်။ IP PBX က software ဖြစ်နိုင်သလို appliance လည်း ဖြစ်နိုင်ပါတယ်။

▪️IP PBX ကို IP phone တွေ register လုပ်ဖို့၊ phone တစ်လုံးနဲ့ တစ်လုံးခေါ်ဆိုရာမှာလိုအပ်တဲ့ call processing / call control လုပ်ဖို့ အတွက်အသုံးပြုပါတယ်။ manufacturer ပေါ်မူတည်ပြီး IP PBX ရဲ့ လုပ်နိုင်တဲ့ functions တွေ features တွေဟာ ကွဲလဲနိုင်ပါတယ်။

▪️IP Network (VoIP သုံးဖို့ office ရဲ့ existing network ပေါ်မှာ အသုံးပြုလို့ရတဲ့အတွက် သီးသန့်လိုအပ်ချက် သိပ်မရှိပါဘူး။ Traditional phone မှာတော့ လိုအပ်တဲ့ power ကို exchange ရပါတယ်။ IP phone ကိုတော့ PoE (Power over Ethernet) Switch ကိုသုံးပြီး power ပေးလို့ရသလို power adaptor ကနေ တိုက်ရိုက်လည်း power ပေးလို့ရပါတယ်။ Office မှာ ရှိပြီးသား switch တွေက PoE switch မဟုတ်ဘူးဆိုရင်တော့ IP phone တွေအတွက် power adapter တွေလိုပါမယ်။

◾️User တွေရဲ့ PC တွေက cable ကိုသုံးပြီး network ကို ချိတ်ဆက်ထားတာဆိုရင်တော့ IP phone တွေသုံးဖို့ network cables တွေထပ်ဆွဲစရာမလိုသလို switch ports တွေလည်း နောက်ထပ်မလိုအပ်ပါ။ Existing PC မှာ ချိတ်ထားတဲ့ cable ကို IP Phone မှာတပ်ပြီး IP Phone ရဲ့ PC port မှာ computer ကိုတပ်နိုင်ပါတယ်။ Switch ဘက်မှာလည်း same switch port ကို voice VLAN, data VLAN ခွဲပြီး different IP ပေးပြီး အသုံးပြုလို့ရပါတယ်။ Data VLAN ရော Voice VLAN ကိုရော same port မှာ configure လုပ်လို့ရတဲ့ switch ဖြစ်ဖို့လိုပါတယ်။

☎️ IP Phones (IP phone အမျိုးအစားတွေကတော့ အသုံးပြုမဲ့ function ပေါ်မူတည်ပြီး ကွဲလဲနိုင်ပါတယ်။ ဥပမာ reception desk မှာ အသုံးပြုမဲ့ phone အမျိုးအစားက multi-line support လုပ်တဲ့ phone မျိုးဖြစ်ပြီး lobby နေရာမျိုးမှာ သုံးတဲ့ ဖုန်းအမျိုးအစားက Basic IP Phone မျိုးကို သုံးလို့ရပါတယ်။ Desk phone တွေသာမက PC တွေ Mobile တွေပေါ်ကနေပါ အသုံးပြုလို့ရတဲ့ Softphone အမျိုးအစားတွေလည်း ရနိုင်ပါတယ်။

Author ~ Ko Bo Bo Aung (UC Specialist)

SIP Trunking ~ ☎️ ဘာလိုလို နဲ့ ၆ နှစ်ကြာခဲ့ပြီ ။ Author ~ အကို Bo Bo Aung  (UC Specialist) 🙏
14/09/2025

SIP Trunking ~ ☎️
ဘာလိုလို နဲ့ ၆ နှစ်ကြာခဲ့ပြီ ။

Author ~ အကို Bo Bo Aung (UC Specialist) 🙏

Address

Sanchaung
Yangon
11111

Alerts

Be the first to know and let us send you an email when NovaX posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share