NovaX

NovaX Technology Made Simple 🤖

One Man , Two Life 🎙️ KZH , I am Hip-Hop. Rap Your Day 👟
23/09/2026

One Man , Two Life 🎙️
KZH , I am Hip-Hop. Rap Your Day 👟

𝑶𝒏𝒆 𝑷𝒐𝒓𝒕, 𝑻𝒘𝒐 𝑾𝒐𝒓𝒍𝒅
__________________

Goal တွေဖမ်းရင်း Rap သီချင်းတွေ လုပ်တဲ့ Rapper KZH ရဲ့ One Man, Two Life သီချင်းလေးနားထောင်ရင်း မဆီမဆိုင် အကြောင်းအရာလေး တခုခေါင်းထဲ ရောက်လာတယ်။ ဘာလဲဆိုတော့..

Multi-VLAN Access Ports အကြောင်းလေးပါပဲ။ ချာတိတ်ဘဝ Voice Project လေးတခု စ လုပ်တော့ Switch Port တစ်ခုတည်းမှာ PC ကလာတဲ့ Data Vlan နဲ့ VoIP Phone ကလာတဲ့ Voice Vlan ကို ဘယ်လိုခွဲပြီး Switch တလုံးက ဘယ်လို Intelligence မျိုးနဲ့ နားလည်တာလဲဆိုပီး အတော်လေး စိတ်ဝင်စားခဲ့ဖူးတယ်။ ဆိုတော့ Switch တစ်လုံးရဲ့ Port တခုထဲမှာပဲ PC ရော IP Phone ရော တွဲချိတ်ရတော့မယ်ဆိုရင် Cable နှစ်ချောင်း ဆွဲစရာမလိုဘဲ Port တစ်ခုတည်းနဲ့ အလုပ်ဖြစ်တာပေါ့ခင်ဗျာ။

Tagged vs Untagged
ဒီနေရာမှာ Switch Port တစ်ခု VLAN နှစ်ခု ခွဲသိဖို့အတွက် အဓိက 802.1Q Vlan tagging လို့ခေါ်တဲ့ Key Point လေး တခုရှိတယ်ခင်ဗျ။

Data Taffic:
Data Traffic (PC) ကလာတဲ့ Data တွေက ဘာ Tag မှ မပါဘဲ ' မြန်မာလိုရီး'ဝင်လာတာ။ Switch က ဒါကို မြင်တဲ့အခါ ..သြော်... ဒါကတော့ ငါ့ရဲ့ Native/Access VLAN (Data) ပဲလို့ သတ်မှတ်ပြီး သက်ဆိုင်ရာ VLan ကို ပို့ပေးလိုက်ပါတယ်။

Voice Traffic:
IP Phone ကလာတဲ့ အသံတွေကျတော့ အဲလိုမဟုတ်ဘူးဗျ။ သူက Voice VLAN ID ပါတဲ့ Tagလေး ကပ်လာပါတယ်။ Tag ဆိုတာတော့ တံဆိပ်တုံးလေး ထုလိုက်တဲ့ သဘောပေ့ါဗျာ
Switch က အဲဒီ Tag ကို ကြည့်ပြီး ဒါကတော့ VIP (Voice) ပဲ ဆိုပြီး သီးသန့် လမ်းကြောင်းလေးပေါ် တင်ပေးလိုက်တာပါ။ ရိုးရိုးလေးပါပဲ။

CDP (သို့မဟုတ်)The Secret Messenger
ဟုတ်ပါပီ။ ဒါဆို Cisco Switch တွေမှာ Phone က ဘယ် VLAN Tag ကပ်ရမလဲဆိုတာကို သိဖို့ကို ကျတော့ CDP (Cisco Discovery Protocol) က အလုပ်လုပ်ပေးပါတယ်။ IP Phone လေးကို Port မှာ တပ်လိုက်တာနဲ့ Switch က CDP နဲ့ လှမ်းပြောလိုက်တာပါ။

Hey Guy! မင်း Voice အတွက်ဆို VLAN 200 ကို သုံး၊ Tag ကပ်ပြီး ပို့လိုက်နော် သားရီး ဆိုပြီး ညွှန်ကြားလိုက်တာပါ။ (Cisco မဟုတ်ရင်တော့ LLDP-MED Protocol တွေကို သုံးပါတယ်)

Cisco Switch ရဲ့ Config Portion လေး ထည့်ပေးလိုက်ပါတယ်။ ဥပမာ-

𝘪𝘯𝘵𝘦𝘳𝘧𝘢𝘤𝘦 𝘎𝘪0/1
𝘴𝘸𝘪𝘵𝘤𝘩𝘱𝘰𝘳𝘵 𝘮𝘰𝘥𝘦 𝘢𝘤𝘤𝘦𝘴𝘴
𝘴𝘸𝘪𝘵𝘤𝘩𝘱𝘰𝘳𝘵 𝘢𝘤𝘤𝘦𝘴𝘴 𝘷𝘭𝘢𝘯 100 (𝘗𝘊 အတွက် 𝘜𝘯𝘵𝘢𝘨𝘨𝘦𝘥)
𝘴𝘸𝘪𝘵𝘤𝘩𝘱𝘰𝘳𝘵 𝘷𝘰𝘪𝘤𝘦 𝘷𝘭𝘢𝘯 200 (𝘗𝘩𝘰𝘯𝘦 အတွက် 𝘛𝘢𝘨𝘨𝘦𝘥)

ဘာလို့ Traffic တွေ ခွဲထားဖို့ လိုတာလဲ?

Security အတွက်ရော QoS အတွက်ကြောင့်ပါ။ တကယ်လို့ Data နဲ့ Voice ရောနေရင် Network ကြပ်တဲ့အချိန်မှာ ဖုန်းပြောရင် အသံတွေ တုန်တာ Call Drop တွေ ဖြစ်လာတတ်လို့ပါ။ Voice ကို Tag ကပ်ထားတော့ Switch က "Priority" ပေးပြီး Voice Packcet ကို အရင်လွှတ်ပေးလို့ ရတာပေါ့။ Priority မပေးလို့လည်း မရဘူး Voice Packet လေးတွေက Packet Size သေးသေး လေးတွေ G711 Codec ဆို 64 kbits နဲ့ G729 ဆို 8 Kbits ပဲ ရှိတာ။ ဆိုတော့ PC က Data traffic တွေ ဘယ်လောက် လစ်နေနေ ဖုန်းသံကတော့ Crystal Clear ဖြစ်နေရမယ်.ဒါကိုက Collaboration ရဲ့ အနှစ်သာရမဟုတ်လား ခင်ဗျာ။?

One Port, Two Worlds
ဖတ်ရတာလည်း ပျင်းလောက်ပီဆိုတော့ အနည်းငယ် Summarized လုပ်ရရင် Switch Port တခု ဟာ တစ်ဖက်မှာ PC အတွက် (သာမန်)Access Port လို အလုပ်လုပ်ပေးသလို၊ နောက်တစ်ဖက်မှာလည်း IP Phone နဲ့ ချိတ်တဲ့အခါ Trunk Port အသေးစားလေးလို Tag တွေကို ခံစားပီး အလုပ်လုပ်ပေးနေတာပါ။ Switch တွေ လည်း အများကြီးလျှော့ချန်ိုင်လိုက်တာပေါ့။ ဒီလောက်ဆိုရင်တော့ Voice နဲ့ Data တွေ Port တခုလည်း မှာ ဘယ်လို Traffic တွေခွဲပီး သွားနေလည်း အနည်းငယ် ဗဟုသုတ ရလောက်ပီ ထင်ပါတယ်။

မိုးအေးအေး နဲ့ KZH ရဲ့ One Man, Two Life Rapping စာလေးက နားထဲ ပျံ့လွင့်လာ 🎶

ကျုပ်ဘဝမှာ အတော်ပဲ ကြောက်စရာကောင်းတဲ့ စိတ်ညစ်စရာတွေများစွာရ်ှိတယ်
တချို့လူတွေက ငါ့ကိုဝိုင်းလို့ ဟားကာရိတယ်
ထားလိုက် . ကြိုးစားတဲ့ လူငယ်တိုင်းအတွက် ဘုရားကကြည့်မယ်။

Creation
Innovation
Revolution
That's a Collaboration.

လေးစားစွာဖြင့်
မင်းကို | ATGsys


ATG Systems
📍Head Office
B3, Kan Street, Kan Yeik Mon Housing,
Ward(10), Hlaing Township, Yangon.
✉️ [email protected]
🅦 www.atgsys.com

Hey! ကောင်မလေး နင်ဘယ်သူလဲ?? 🎹သံစဉ်တစ်ပုဒ် 🎶🎹နာမည်လှလှလေးတစ်ခုပြီးတော့… အဖြေမရှိသေးတဲ့ မေးခွန်းတစ်ခု... Für Elise… Elise ...
03/09/2026

Hey! ကောင်မလေး နင်ဘယ်သူလဲ?? 🎹

သံစဉ်တစ်ပုဒ် 🎶🎹
နာမည်လှလှလေးတစ်ခု
ပြီးတော့… အဖြေမရှိသေးတဲ့ မေးခွန်းတစ်ခု...

Für Elise…

Elise က ဘယ်သူလဲ?

စိတ်ဝင်စားဖို့ကောင်းတာတခုက…

Beethoven တယောက်ကွယ်လွန်ပြီး
နှစ်ပေါင်း ၄၀ နီးပါးအကြာမှ
သူ့ရဲ့ လက်ရေးမူကို တွေ့ရှိခဲ့ပြီး
“Für Elise” ဆိုတဲ့ နာမည်နဲ့ ပထမဆုံး ထုတ်ဝေခဲ့တဲ့ သံစဉ်လေးဖြစ်နေခဲ့တာပါပဲ။ မူရင်းလက်ရေးမူလည်း နောက်ပိုင်းမှာ ပျောက်ဆုံးသွားခဲ့ပါပြီ။

တချို့ကတော့ Beethoven ဆီမှာ Piano လာသင်ခဲ့ပြီးသူအသေကြွေခဲ့ရတဲ့ Therese Malfatti ဆိုတဲ့ ကောင်မလေး ဖြစ်နိုင်တယ်လို့ ယူဆကြတယ် ။Beethoven ရဲ့ လက်ရေးက ဖတ်ရခက်လွန်းတာကြောင့် Für Therese ကို “Für Elise” လို့ မှားဖတ်ခဲ့တာများလား ဆိုပြီးတွေးခဲ့ကြတာပေါ့ဗျာ။

တချို့ကလည်း
Beethoven နဲ့ ရင်းနှီးခဲ့တဲ့ သီချင်းဆိုအနုပညာရှင် Elisabeth Röckel ဖြစ်နိုင်တယ်လို့ ထင်ကြပြန်တယ်။ ရပ်ကွက်ထဲက CCTV အန်တီကြီးတွေလည်း မနိုင်ဘူး 🫠

ဒီလိုနဲ့…

Elise ဆိုတာ ဘယ်သူလဲဆိုတဲ့ မေးခွန်းက
ဒီနေ့ချိန်ထိ သေချာတဲ့ အဖြေမရှိသေးပါဘူး။ပေးချင်တဲ့ မက်ဆေ့ကတော့..

တစ်ခါတရံ…

သီချင်းတစ်ပုဒ်ရဲ့ အလှဆုံးအပိုင်းက
ဒီသံစဉ်ကို ဘယ်သူ့အတွက်၊ ဘာအတွက်ကြောင့် ရေးခဲ့တာလဲဆိုတာကျွန်တော်တို့ မသိရခြင်းလည်း ဖြစ်နိုင်တယ် ဆိုတာပါပဲ

ဘာလို့လဲဆိုတော့…

လူတစ်ယောက်ရဲ့ နာမည်က
သမိုင်းစာရွက်ထဲက ပျောက်ကွယ်သွားနိုင်ပေမယ့်
ခံစားချက်တစ်ခု သံစဉ်အဖြစ် ပြောင်းလဲသွားတဲ့အခါ ကမ္ဘာကြီးက ခင်ဗျားရဲ့ ခံစားချက်ကို
မမေ့နိုင်တော့လို့ပါပဲ။ 🎹

မိုကင်း

Beethoven - Für EliseClick the 🔔bell to always be notified on new ...

ကမ္ဘာကြီးလည်တာ လူတိုင်းသိပေမယ့် ISDN အကြောင်းတော့ လူတိုင်းသိမှာမဟုတ်ဘူး 🧶
01/09/2026

ကမ္ဘာကြီးလည်တာ လူတိုင်းသိပေမယ့်
ISDN အကြောင်းတော့ လူတိုင်းသိမှာမဟုတ်ဘူး 🧶

ZTNA - 3rd Edition  🔥📚
31/08/2026

ZTNA - 3rd Edition 🔥📚

တတိယမြောက် စုစည်းမှု။

ZTNA ဆိုတာ Network Engineers တွေ IT Managers တွေနဲ့ Networking ကို စတင်လေ့လာ နေကြသူတွေအတွက် မသိမဖြစ် သိထားသင့်တဲ့ အရာ ဖြစ်လာပါပြီ။ ZTNA ဆိုတာ ဘာလဲ ဆိုတာကို လက်ဖက်ရည်ဆိုင် ထိုင်ရင်း ပုံပြင်တစ်ပုဒ်ကို နားထောင်နေရသလိုမျိုး ရှင်းပြပေးသွားမဲ့ စာစု တစ်ခုဖြစ်ပါတယ်။

Digital Version (PDF) အဖြစ်သာ ဒီလင့်ကနေဝယ်ယူ Download ယူ နိုင်ပါတယ်။
https://payhip.com/b/ZvXt1

International က ဝယ်ချင်သူများအတွက် S$7 (SGD 7) သတ်မှတ်ထားပါတယ်။

မြန်မာနိုင်ငံမှ ဝယ်ယူမည့်သူများအတွက် သက်သာသော လျှော့စျေးဖြင့် (မြန်မာငွေကျပ် ၁၀,၀၀၀) KPay နဲ့ ဝယ်ယူဖို့ရာအတွက် “ZTNA Book order” ဆိုပြီး [email protected] ကို Email နဲ့ မှာပေးနိုင်ပါတယ်။

အင်္ဂလိပ်/မြန်မာ နှစ်ဘာသာဖြင့်။
(AI-assisted translation, reviewed and edited by me)

🎶တိတ်ဆိတ်ခြင်းနဲ့ နှလုံးသားတွေကို ကိုင်လှုပ်ခဲ့သူ 🎻🎹🥁🎺🎷🎶🎵ဂီတသမိုင်းမှာ အလှပဆုံးနဲ့ အမှောင်မိုက်ဆုံး အချိန်တွေကို တပြိုင်...
22/08/2026

🎶တိတ်ဆိတ်ခြင်းနဲ့ နှလုံးသားတွေကို ကိုင်လှုပ်ခဲ့သူ 🎻🎹🥁🎺🎷🎶🎵

ဂီတသမိုင်းမှာ အလှပဆုံးနဲ့ အမှောင်မိုက်ဆုံး အချိန်တွေကို တပြိုင်နက်တည်း ကြုံတွေခဲ့ရတဲ့ ဂီတနတ်ဘုရားတစ်ပါး ရှိခဲ့ဖူးပါတယ်။ Ludwig van Beethoven ဆိုသူပါပဲ။

Beethoven ရဲ့ ငယ်ဘဝဟာ အများထင်သလိုလှပမနေခဲ့ပါဘူး။ အရက်စွဲနေတဲ့ ဖခင်ဖြစ်သူဟာ သူ့ကို Mozart တို့လို ဂီတပါရမီရှင် ကလေးငယ်တစ်ယောက် ဖြစ်စေချင်လွန်းလို့ Piano နဲ့ Violin သင်ခန်းစာတွေကို မနက်မိုးလင်းကနေ ညနက်သန်းခေါင်အထိ မနားတမ်း လေ့ကျင့်ခိုင်းခဲ့ပါတယ်။နေ့စဉ် ဆဲဆိုခံရ ရိုက်နှက်ခံခဲ့ရတဲ့အတွက် ဗီသိုဗင်ဟာ မျက်ရည်စက်လက်နဲ့သာ တူရိယာတွေကို တီးခတ်ခဲ့ရတာပါ။

ဒီလို ဖခင်ရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေ စက်ဆုပ်စရာတွေဒဏ်ရာတွေနဲ့ ငယ်ဘဝကို ..ဂီတနဲ့ ကျော်ဖြတ်ခဲ့ရတာကြောင့် သူ့ အသက် ၃၀ ဝန်းကျင်မှာတော့ ဂီတပညာရှင်တစ်ယောက်အတွက် ဂီတသမားတယောက်ရဲ့ အဆိုးရွားဆုံး ဆိုရမယ့် နားမကြားရတော့ခြင်း (Deafness) နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ တကယ်တော့ဂီတ သမားတယောက်အတွက် အကြားအာရုံ ဆုံးရှုံးရတာဟာ သေသွားတာထက် တောင် ပိုခက်ခဲပါတယ်။

Music သင်တဲ့ အခါ မြင်ရတဲ့ Notes တွေကို ပါးစပ်က ရွတ်ရပါတယ်။ ဒါကို နားက ကြား
င်း ဦးနှောက်က Melody သံစဉ်အဖြစ် လိုက်မှတ်ပါတယ်။ ပြီးတော့မှ fingers တွေက Muscle Memory အနေနဲ့ တူရီယာအပေါ်မှာ သဘာဝကျကျ တီးခတ်ပါတယ်။

💻 Technical အသစ်တခုကို ကျွန်တော်စလေ့လာတဲ့ အခါ မှာလည်း (ပါးစပ်ကအသံထွက်ရွတ်ပြီး) လက်ကချရေးတဲ့ Somatosensory Cortex ပုံစံနည်းလမ်းကိုသုံးပြီး Music ကိုလေ့လာသလိုမျိုး Learning လုပ်ပါတယ်။ဒါက ကျွန်တော့်အတွက် ပို အလုပ်ဖြစ်စေလို့ပါ။

နားမကြားရတော့တဲ့အချိန်မှာ လူအများက ဗီသိုဗင်တယောက် သူ့ဂီတလမ်းကြောင်း ပြီးဆုံးသွားပြီလို့ ထင်ခဲ့ကြပါတယ်. ဒါပေမဲ့ Beethoven ကတော့ ဇွဲမလျှော့ခဲ့ပါဘူး။

သူ့ရဲ့ အမိုက်မှောင်ဆုံးအချိန်တွေမှာပဲ ဂီတသမိုင်းမှာ အကြီးကျယ်ဆုံးလို့ တင်စားကြတဲ့ Symphony 9 ကို ဖန်တီးခဲ့ပါတယ်။

Beethoven ဟာ ဂျာမန် ကဗျာဆရာကြီး Friedrich Schiller ရဲ့ Ode to Joy ကဗျာကို အလွန်နှစ်သက်ခဲ့ပြီး၊ ဒီကဗျာကို ဂီတအဖြစ် အသက်သွင်းဖို့ စိတ်ကူးကိုသူ့ရဲ့ နှလုံးသားတနေရာမှာထဲမှာ သိမ်းထားခဲ့ပါတယ်။ နောက်ဆုံးတော့ အဲဒီအိပ်မက်ကို Symphony No. 9 ရဲ့ တေးသွားထဲမှာ ထည့်ပြီး
Collaborate လုပ်ခဲ့ပါတယ်။

ဂီတသံစဉ် သက်သက်တင်မကဘဲ လူသံ (Choir & Vocal Soloists) တွေကိုပါ ထည့်သွင်းထားပြီး Friedrich Schiller ရဲ့ ကဗျာကို အခြေခံထားတဲ့ Ode to Joy ဆိုတဲ့ သီချင်းသံစဉ်ဟာ ဒီ Symphony ရဲ့ Soul ဖြစ်လာခဲ့ပါတယ်။

အဲ့အချိန်က Orchestra ပွဲက Vocal Soloist တွေမပါသေးဘဲ Instrument Only တွေကိုပဲ တီးခတ်ခဲ့ကြတဲ့ အချိန်ပါ ။ ဒါကြောင့် ဒီတေးသွားဟာ ပုံမှန် Symphony တွေနဲ့ မတူဘဲ ကွဲထွက်ပြီး ဆန်းသစ်နေခဲ့ပါတယ်။

တင်စားပြီးပြောရရင် အသံတွေကိုမကြားရတော့ပေမဲ့ Beethoven ရဲ့ ဦးနှောက်နဲ့ နှလုံးသားထဲမှာတော့ ဂီတနန်းတော်ကြီးတခု ရှိနေခဲ့တာပေါ့ ခင်ဗျာ။

သီချင်းရဲ့ သံစဉ်တိုင်း၊ တူရိယာတစ်ခုချင်းစီရဲ့ ခံစားချက်ကို သူဟာ စိတ်အာရုံကနေခံစားပြီး တီးခတ်ရေးသားခဲ့တာ ဖြစ်ပါတယ်။ Absolutely Genius! ပါပဲ။

၁၈၂၄ ခုနှစ်၊ မေလ ၇ ရက်နေ့၊ ဗီယင်နာမြို့ (Vienna) ရဲ့ Theater am Kärntnertor မှာ Symphony No. 9 ကို ပထမဆုံးအကြိမ် ပရိသတ်ရှေ့ ပွဲထွက်ခဲ့ပါတယ်။

အဲ့ဒီခေတ်က ဗီယင်နာမြို့ဆိုတာ ဒီနေ့ခေတ် IT သမားတွေအတွက် Silicon Valley လိုမျိုး ကမ္ဘာတစ်ဝှမ်းက ထူးချွန်တဲ့ ဂီတပညာရှင်တွေနဲ့ အနုပညာရှင်တွေပြည့်တဲ့ မြို့တစ်မြို့ပေါ့ခင်ဗျာ။

အဲ့ပွဲမှာ Beethoven ကိုယ်တိုင် စင်မြင့်ပေါ်မှာ Orchestra (ဂီတဝိုင်း)ကို ဦးဆောင်ပြီး Conductor လုပ်ပေးခဲ့ပါတယ်။

သီချင်း ပြီးဆုံးသွားချိန်မှာတော့ ပရိသတ်တွေဟာ မတ်တပ်ရပ်၊ လက်ခုပ်သံတွေ မိုးခြိမ်းသလိုအားပေးခဲ့ကြပါတယ်။ ဒါပေမဲ့ နားလုံးဝ မကြားရတော့တဲ့ Beethoven ကတော့ ပရိသတ်ဘက်ကို ကျောခိုင်းထားဆဲ၊ ဂီတရသထဲမှာ နစ်မြောနေဆဲပါပဲ။ စိတ်လှုပ်ရှားနေတာလည်း ပါတာပေါ့။

အဲဒီအချိန်မှာ Caroline Unger ဆိုသူက
က Beethoven ရဲ့ လက်ကို ကိုင်ပြီး ပရိသတ်ဘက်ကို ဖြည်းဖြည်းချင်း လှည့်ပေးခဲ့ပါတယ်။ ပရိသတ်တွေရဲ့ အော်ဟစ်အားပေးမှုတွေ လက်ခုပ်သံတွေကို မျက်စိနဲ့ မြင်လိုက်ရတဲ့ အချိန်မှာတော့... မိမိဖန်တီးထားတဲ့ ဂီတရဲ့ Taste ကို ခံစားလိုက်ရပြီး ဂီတပါရမီရှင် Beethoven ရဲ့ ပါးပြင်ပေါ်မှာ ဝမ်းသာဝမ်းနည်း မျက်ရည်များ စီးကျခဲ့တယ် လို့ဆိုပါတယ်။

ဒ့ါကြောင့် Beethoven ရဲ့ Symphony No. 9 ဟာ ငယ်စဉ်ကတည်းက ရိုက်နှက်ခံခဲ့ရတဲ့ နာကျင်မှု ကံကြမ္မာရဲ့ နှိပ်စက်မှုကို အရှုံးမပေးဘဲ လူသားတို့ရဲ့ စိတ်ဓာတ်ခွန်အား၊ ချစ်ခြင်းမေတ္တာနဲ့ ပျော်ရွှင်ခြင်းတွေကို သီကျူးသွားခဲ့တဲ့ မသေဆုံးနိုင်သော ဂီတလက်ရာတစ်ခုအဖြစ် ကမ္ဘာတည်သရွေ့ကျန်ရစ်နေမှာ ဖြစ်တယ် ဆိုတဲ့အကြောင်းပြောရင်းOde to Joy တေးသွားလေးကို Repeat လုပ်ပီး အကြိမ်ကြိမ်နားထောင်နေမိပါတော့တယ် 🎻

လေးစားစွာဖြင့်
မိုကင်း 🎻

မိုကင်း 🎹

VCF + NetApp 🎁
22/08/2026

VCF + NetApp 🎁

Inside the Modern Private Cloud - VCF 9 + NetAPP ONTAP

VMware by Broadcom က VMware Cloud Foundation (VCF) 9.0 ကို General Availability အဖြစ် Release လုပ်ပြီးနောက် Private Cloud Architecture အပေါ် အာရုံစိုက်မှု ပိုများလာပါတယ်။ VCF 9 ရဲ့ အဓိက Concept ကတော့ VMware Virtualization ကနေ Cloud Operating Model ပါတဲ့ Private Cloud အဖြစ် ပြောင်းလဲပေးဖို့ပါ။
ဒီအတွက် VCF Operations က Infrastructure ကို Centralized Visibility နဲ့ Operations ပေးပြီး VCF Automation ကတော့ Cloud လိုမျိုး Self-Service Provisioning ပြုလုပ်နိုင်အောင် လုပ်ပေးပါတယ်။ Private Cloud တစ်ခုတည်ဆောက်တဲ့အခါ Compute နဲ့ Network တင်မကဘဲ Storage ကလည်း အရေးကြီးပါတယ်။
ဒီနေရာမှာ NetApp ONTAP ကို External Storage အဖြစ် VCF 9 နဲ့ Integrate လုပ်လိုက်ရင် Architecture ရဲ့ Flexible ဖြစ်တဲ့အကြောင်းလေးပြောချင်ပါတယ်။

VCF မှာ Domain ဆိုတာဘာလဲ?
VCF Domain ဆိုတာ Compute, Network နဲ့ Storage Resources တွေကို Logical အရ စုစည်းထားတဲ့ Infrastructure Group တစ်ခုလို့ပြောလို့ရပါတယ်။
Management Domain က VCF Environment ရဲ့ Core Management Infrastructure ဖြစ်ပြီး VCF9 မှာ Mgmt နဲ့ Operation အများစုကို VCF Operation ,vCenter တို့ကနေ Handle လုပ်ပါတယ်။
Workload Domain ကတော့ Database, Application, Web Server, VDI, Kubernetes(Tanzu) စတဲ့ Business Workloads တွေ Run ဖို့ အသုံးပြုပါတယ်။
ဒီလိုခွဲထားတာကြောင့် Management နဲ့ Business Workloads တွေကို သီးခြားစီ Manage လုပ်နိုင်ပါတယ်။

ဒါဆို Storage ကို ဘယ်လို Handle လုပ်မလဲ?
VCF ဆိုရင် vSAN ပဲ သုံးရမယ်လို့ မဟုတ်ပါဘူး။ Client တွေမှာ ရှိပြီးသား SAN ,NAS စတဲ့ Enterprise Storage Infrastructure တွေကိုလည်း External Storage အဖြစ် ဆက်လက်အသုံးပြုနိုင်ပါတယ်။
Domain Create လုပ်တဲ့အချိန်မှာ သတ်မှတ်ထားတဲ့ Primary Storage ကို Principal Storage လို့ခေါ်ပြီး Domain Deployment ပြီးတဲ့နောက် ထပ်ထည့်တဲ့ Storage ကို Supplemental Storage လို့ နားလည်နိုင်ပါတယ်။ ဒါကြောင့် Existing ONTAP Storage ကို လိုအပ်တဲ့ Workload Domain တွေမှာ ထပ်မံအသုံးပြုနိုင်ပါတယ်။

ONTAP ကို ဘာကြောင့် သုံးသင့်တာလဲ?
အဓိကအချက်ကတော့Independent Scaling ပါ။HCI Architecture မှာ Storage တိုးချင်ရင် Compute Node ပါ ထပ်တိုးရတာမျိုး ရှိနိုင်ပါတယ်။ONTAP ကို External Storage အဖြစ် သုံးလိုက်ရင်တော့ Compute လိုရင် Compute တိုး Storage လိုရင် Storage တိုးပြီး Resource တစ်ခုချင်းစီကို သီးခြား Scale လုပ်နိုင်ပါတယ်။ Compute Capacity လုံလောက်နေပြီး Storage Capacity ပဲ မလုံလောက်တော့ရင် Server အသစ်တွေ ထပ်ဝယ်စရာမလိုဘဲ ONTAP Storage ကိုပဲ တိုးချဲ့နိုင်ပါတယ်။ ဒီအချက်က Infrastructure Cost နဲ့ Data Center Footprint ကို ပိုပြီး Control လုပ်နိုင်စေပါတယ်။

နောက်တစ်ချက်က Compute Offload ပါ
Storage-related Operations အချို့ကို ONTAP Storage ဘက်မှာ Handle လုပ်နိုင်တဲ့အတွက် ESXi Host ရဲ့ CPU Resources ကို Application Workloads အတွက် ပိုအသုံးချနိုင်ပါတယ်။ အထူးသဖြင့် Core-based Licensing Environment တွေမှာ Compute Core အရေအတွက်ကို လျှော့ချနိုင်ရင် Licensing Cost ကိုပါ သက်ရောက်နိုင်ပါတယ်။

Backup နဲ့ Disaster Recovery
ONTAP ရဲ့ Snapshot Technology ကို အသုံးပြုပြီး VM Data Protection ကို မြန်မြန်ဆန်ဆန် နဲ့ Efficient ဖြစ်အောင် လုပ်နိုင်ပါတယ်။
SnapCenter Plug-in for VMware vSphere နဲ့ အသုံးပြုတာနဲ့ vCenter Environment ထဲက VM တွေကို Backup, Restore လုပ်နိုင်ပါတယ်။
Traditional Full Backup လို Data အားလုံးကို အမြဲ Copy လုပ်စရာမလိုတာက Snapshot-based Protection ရဲ့ အားသာချက်တစ်ခုပါ။
Disaster Recovery အတွက်လည်း SnapMirror, MetroCluster, BlueXP Disaster Recovery စတဲ့ Technology တွေကို အသုံးပြုနိုင်ပါတယ်။
ဥပမာ SnapMirror နဲ့ Primary Site က Data ကို DR Site ဆီ Replicate လုပ်ထားနိုင်ပါတယ်။
ဒါကြောင့် Primary Site Failure ဖြစ်ခဲ့ရင် Secondary Site မှာ Workload တွေကို ပြန်လည် Run နိုင်ဖို့ Architecture တည်ဆောက်ထားနိုင်ပါတယ်။
VCF + ONTAP Architecture ကို
အကြမ်းဖျင်းအားဖြင့် ဒီလိုမြင်နိုင်ပါတယ်။

Compute > VMware ESXi ,VCF
Network > VMware + Physical Network
Storage > NetApp ONTAP
Management > VCF Management
Operations >VCF Operations
Network Virtualization > NSX

ဒီ Components တွေကို ပေါင်းစပ်လိုက်တဲ့အခါ ရိုးရိုး VMware Cluster တစ်ခုထက် ပိုတဲ့ Private Cloud Platform တစ်ခု ဖြစ်လာပါတယ်။ အနည်းငယ် ပြန်ချုံ့ရရင်
VCF 9 က Private Cloud ရဲ့ Compute, Network, Management နဲ့ Automation ,Operation ကို စုစည်းပေးပီး NetApp ONTAP ကတော့ Enterprise Storage, Data Protection, Backup နဲ့ Disaster Recovery ကို ဖြည့်ဆည်းပေးပါတယ်။

ဒါကြောင့် VMware Cloud Foundation 9 + NetApp ONTAP ဆိုတာ VMware Infrastructure ထက် ပိုပြီး Flexible, Scalable & Resilient Private Cloud Architecture တစ်ခုအဖြစ် စဉ်းစားနိုင်ပါကြောင်း ပြောရင်း ဒီမှာရင်နားပါရစေ ခင်ဗျာ။ ဖတ်ရှုမှု အတွက် ကျေးဇူးတင်ပါတယ်

မင်းကို

ATG SYSTEMS
📍 Head Office
B3, Kan Street, Kan Yeik Mon Housing,
Ward(10), Hlaing Township, Yangon.

📱 +959447701033
📧 [email protected]

⚔️ CLASH of the VMware Titans 🛡️📠 I wrote this article 2 years ago.  🎻 vSphere Standard နေဝင်ချိန် (သို့) Beyond the vSp...
05/08/2026

⚔️ CLASH of the VMware Titans 🛡️

📠 I wrote this article 2 years ago.

🎻 vSphere Standard နေဝင်ချိန် (သို့) Beyond the vSphere Standard

Broadcom ရဲ့ Global Simple Licensing Portfolio ကြောင့် April 10, 2025 က စလို့ ကျွန်တော်တို့ (Asia Pacific နဲ့ Japan) APJ Region တွေမှာ vSphere Standard License ကိုအသစ်အနေနဲ့ Purchasing လုပ်ခွင့်ပေးတော့မှာ မဟုတ်တော့ပါဘူး။ ဒါပေမယ့် Region တချို့မှာတော့ မကြာသေးခင်အချိန်ထိ Still Remains ဖြစ်နေဦးမှာပါ။

🎸 The Dramatic Tuning Point
Nov 22, 2023 မှာ Broadcom က VMware ကို အပြီးသတ် ဝယ်ယူပြီးနောက်ပိုင်း အရင် VMware ရဲ့ Perpetual License Model ကို ဖျက်သိမ်းပြီး Subscription-Based license ပုံစံပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။

🎹 Perpetual vs Subscription

Perpetual License
VMware License ကို တစ်ကြိမ်သာ ဝယ်ယူပြီး အမြဲတမ်းအသုံးပြုနိုင်သော Lifetime License Model တစ်ခုပဲဖြစ်ပါတယ်။သို့သော် “Lifetime” ဖြစ်ပေမယ့် Service & Support (SnS) ကို ဆက်လက်ရရှိဖို့အတွက်တော့ လိုင်စင် သက်တမ်းတိုးခြင်း (Renewal) လုပ်ဖို့ လိုအပ်ပါတယ်။ ယနေ့အချိန်မှာတော့ VMware ကို Broadcom ဝယ်ယူပြီးနောက် SnS Renewal ကို ထပ်မံခွင့်မပြုပဲ ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် Perpetual License အသုံးပြုနေသည့် customer များအနေနဲ့မိမိလုပ်ငန်းလိုအပ်ချက်နှင့် ကိုက်ညီမည့် Subscription-based License အသစ်တစ်ခုခုကို ဝယ်ယူဖို့လိုလာပါတယ်။ (E.g. VMware vSphere Foundation)

🎶 Subscription license
1 year, 3 years, 5 years စသဖြင့် (Yearly) သက်တမ်းအလိုက် ဝယ်ယူရတဲ့ Term-Based Model အမျိုးစားဖြစ်ပါတယ်။ တချို့က Multi-Year Term လို့လည်း သုံးပါတယ်။ license (expired) သက်တမ်းတခုရှိပြီး သက်တမ်းအသစ်တိုးမယ်ဆို License Renewal လုပ်ဖို့လိုပါတယ်။ Subscription license ရဲ့ အားသာချက် တချို့ကတော့ Latest Version , Security Paths နဲ့ အသစ်အသစ်သော Features တွေကို အမြဲရနိုင်ပီး ကိုယ့်ရဲ့ Infra Structure မှာ (Always Up to Date) ဖြစ်နေစေလို့ Industry Security Standards ဖြစ်တဲ့ (PCI-DSS ,ISO etc.) တွေကိုပါ အလွယ်တကူ Compliant ဖြစ်စေတဲ့ အချက်တွေပါပဲ။

🥁 New Magic Number - 72 Core Era
Broadcom ရဲ့ နောက်ထပ် Key Major Changes ကတော့ license အသစ်ဝယ်ယူမှု (သို့) သက်တမ်းတိုး လုပ်ငန်းစဉ်တွေအတွက် Minimum အနည်းဆုံး 72 - Cores based licensing ဝယ်ဖို့ April 10, 2025 နောက်ပိုင်းကစလို့ Policy အသစ်ထုတ်လိုက်တာပါ။
ဒီ Policy ကိုသက်ရောက်တဲ့ Regions တွေကတော့ EMEM (Europe , Middle East , Africa) နဲ့ (APJ) (Asia, Pacific & Japan) Regions တွေဖြစ်ပါတယ်။ ဥရောပလို (EU) နဲ့ EMEA region တွေမှာတော့ Partner တွေနဲ့ Customer တွေရဲ့ Community Backlash ကြောင့် Broadcom ဖက်က 72-Core Rule ကို 16 Core Per CPU နဲ့ Reversed ပြန်လုပ်တယ်လို့တချို့ Blogs တွေမှာတွေ့ရပါတယ်။ ဒါပေမယ့် Broadcom ဖက်က Statement ထုတ်ပြီးအတိအလင်း Public Announce လုပ်တာမျိုးတော့ မတွေ့မိသေးပါဘူး။ (Asia Pacific & Japan) APJ Region တွေမှာတော့ ဒီ Policy က အကြုံးဝင်ဆဲပါ။

🎵 LICENSING REIMAGINED
Company A ဟာ Broadcom မှအသစ်ပြောင်းလဲထားတဲ့ VMware License ကို ပထမဆုံး အကြိမ် ဝယ်ယူချင်တယ် ဆိုကြပါစို့။
ဥပမာ။ ။ Company A ကသူ့ရဲ့ new infrastructure အတွက် CPU 48 Cores လိုချင်ပါတယ်။ သို့သော် Company A သည် New Buyer ဖြစ်သောကြောင့် Minimum 72-Core License ကို မဖြစ်မနေ ဝယ်ရမှာ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ သုံးစွဲမယ့် Core နည်းပေမယ့် Broadcom Policy အရ 72 Cores တိတိကို လိုအပ်တယ်။ နောက်တခုက VMware ကို ခုမှ စသုံးမယ့်သူ New Buyer တော့ မဟုတ်ဘူး ဒါပေမယ့် လက်ရှိသုံးနေတဲ့ Subscription က သက်တမ်းကုန်လို့ ပြန်လည်သက်တမ်းတိုးခြင်း (Renewal Process) ကိုလည်း Broadcom ရဲ့ ပေါ်လစီအသစ်အရ New Buyer လို့သက်မှတ်တဲ့ အတွက် Minimum 72 Cores ဝယ်ယူဖို့ မဖြစ်မနေလိုအပ်ပါတယ်။

Expired License? You’re Not Renewing – You’re a New Buyer.

🪗 STAY ACTIVE , BUY LESS

နောက်တခုက Company A က အရင်က 16 Core Subscription License ကိုဝယ်ယူ အသုံးပြုခဲ့ပြီး Workload အသစ်တိုးလာတာကြောင့် နောက်ထပ် 48 Core ကို ထပ်မံဝယ်ချင်တယ်ဆိုပါစို့။ Broadcom ရဲ့ Policy အသစ်အရ Subscription Contract က Active အခြေအနေမှာ ဆက်လက် အလုပ်လုပ်နေဆဲဖြစ်တယ်ဆိုရင် New Buyer အဖြစ်မသတ်မှတ်ဘဲ Company Aရဲ့ လိုအပ်ချက်ဖြစ်တဲ့ 48 Cores ကို Broadcomရဲ့ 72 Core Minimum Policy နဲ့ ထပ်ဝယ်စရာ မလိုဘဲဝယ်ယူလို့ရမှာဖြစ်ပါတယ်။။ ဒါက Broadcom ရဲ့ ပြောင်းလဲလိုက်တဲ့ Policy ပုံစံအသစ်ကြောင့်ပဲဖြစ်ပါတယ်။

🪕NEW LICENSING PHILOSOPHY
🤘vSphere Cloud Foundation ✅
🤘VMware vSphere Foundation ✅
🤘vSphere Standard (EOS) ❌
🤘vSphere Essentials /Plus (EOS) ❌

VMware Broadcom က သူတို့ရဲ့ ပြောင်းလဲလိုက်တဲ့ license Structure အရ vSphere Standard , vSphere Essentials စတဲ့ traditional edition တွေကို (Officially Discontinued) လုပ်ပြီး Suite-Based Model ပုံစံဖြစ်တဲ့-vSphere Cloud Foundation (VCF)နဲ့ VMware vSphere Foundation (VFF) တို့ကိုသာအဓိက သုံးစွဲဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

🎙️ တခန်းရပ် EPL
Essentials Plus License ကလည်း2024, November 11 ကစပြီး (End of Sale) လို့သတ်မှတ် ပြီးသားဖြစ်ပါတယ်။ လက်ရှိမှာ Essentials Plus သုံးနေတဲ့ Customer တွေကိုတော့ ဒီလိုင်စင်ရဲ့ subscription သက်တမ်းကုန်ချိန်ထိ ဆက်လက်သုံးဖို့ခွင့်ပြုထားပါတယ်။သို့သော် ထပ်မံ core တိုးဖို့ (additional capacity) နဲ့ subscription term ကို renew လုပ်ဖို့တော့ မရနိုင်တော့ပါ။ ထပ်တိုးအသုံးပြုဖို့ လိုတဲ့ Customer တွေအနေနဲ့တော့ VCF (vSphere Cloud Foundation) နဲ့ (VMware vSphere Foundation) ထဲက တစ်ခုခုဝယ်ယူဖို့အကြံပြုထားပါတယ်။


📝 Key Notes : VMware ရဲ့ license အသစ်တွေက Per Core Based တွေဖြစ်တဲ့အတွက် vCloud Director နဲ့ vSANတို့လို အရေတွက် (PerVm)နဲ့ အရွယ်စားအလိုက်(PerTiB) နဲ့ ဝယ်ရတဲ့ Usage-Based Products တွေ ပေါ်မှာတော့ ဒီ Policy က မသက်ရောက်ပါဘူး။

⚔️The Clash of VMware Titans: VCF & VVF
VCF ( VMware Cloud Foundation) VFF ( vSphere Foundation) တွေနဲ့ ဘယ်တွေလုပ်လို့ရလဲ စတဲ့ Products နဲ့ features ပိုင်းတွေကို အနည်းငယ် ဆက်လေ့လာကြည့်ရအောင်ခင်ဗျာ။

🎷V.C.F : VSPHERE CLOUD FOUNDATION (SUITE)
VCF ဆိုတာက VMware ရဲ့ Private Cloud Solutions ဖြစ်ပြီးတော့ Compute , Network Vis , Storage , Security နဲ့ Automation တွေအားလုံးပါဝင်တဲ့ Full Stack license (Suite) Bundle တခုဖြစ်ပါတယ်။ NSX သုံးမယ်ဆို VCF ကိုရွေးချယ်သင့်ပါတယ် ။

🪘Craftsmanship
ခုနောက်ပိုင်းဆို Companies တွေ တော်တော်များများက သူတို့ရဲ့ Applications တွေကို Microservices Architecture ကို အသုံးပြုပြီး Develop လုပ်လာကြပါတယ်။ အဲ့အတွက် K8S ကိုသုံးပြီး Develop & Manage လုပ်ပါတယ်။ ဒီချိန်မှာ K8S Cluster တွေကို ဘယ် Infra အမျိုးစားကိုသုံးပြီး Setup လုပ်မလဲ ဆိုတဲ့ IT Challenging ရှိလာပါတယ်။ အဲ့ အတွက် vSphere with Tanzu ( Tanzu K8s Grid) ကရွေးချယ်စရာအဖြေတခုဖြစ်လာပါတယ်။Tanzu ဆိုတာက ရှိပြီးသား vSphere Infra Structure ပေါ်မှာပဲ K8S (Kubernetes) ကို သုံးပြီး Container Workload တွေ အလွယ်တကူ Built Up လုပ်တဲ့ Product ဖြစ်လို့ပါ။ ဒါကြောင့် (K8S နဲ့ Modern Cloud Native Apps) တွေအတွက် Data Center တခုတည်ဆောက် ချင်တယ်ဆိုရင်လည်း VCF Suite ကအကောင်းဆုံး ဖြေရှင်းချက် ဖြစ်လာပါတယ်။

🪇V.C.F : VSPHERE CLOUD FOUNDATION (SUITE)
နောက် VCF မှာက vSphere , vCenter Management , Advanced Network Virtualization (NSX), Storge Virtualization (vSAN) အပြင် VMware ရဲ့ Reporting & Monitoring System ဖြစ်တဲ့ VMware Aria Operations Suite (formerly vRealize Operation, Logs Insight) စတဲ့ license တွေအားလုံး ပါဝင်ပါတယ်။

🎶V.V.F: VMWARE VSPHERE FOUNDATION (SUITE)

VMware vSphere Foundation ကလည်း Traditional VM Workloads တွေအတွက် သင့်တော်ရုံသာမက Modern Apps Workloads (Kubernetes (Tanzu) ကိုလည်း Built-In Support လုပ်တဲ့အတွက် Flexible ဖြစ်တဲ့ future-Proof Edition တခု ဖြစ်ပါတယ်။ VCF မှာတော့ တချို့ Features တွေအတွက် Add- On license တွေ Optionally ထပ်မံဝယ်ယူရမှာ ဖြစ်ပါတယ်။

🎻ဒီ Article လေးကနေ VMware Broadcom ရဲ့ Modern licensing Structure နဲ့ Subscriptions အကြောင်းနဲ့ သက်ဆိုင်တဲ့ Knowledge တွေရမယ်လို့ မျှော်လင့်ပါရင်း Article လေးကို ဒီမှာတင်နားပါရစေ ခင်ဗျာ။

လေးစားစွာဖြင့်
မင်းကို

THE SYMPHONY Of TANZU 🎻🎹vSphere with Tanzu ဆိုတဲ့ Concert Hall ထဲမှာ Containers, Runtimes, Habor, Kubernetes တွေကို Cond...
28/07/2026

THE SYMPHONY Of TANZU 🎻🎹

vSphere with Tanzu ဆိုတဲ့ Concert Hall ထဲမှာ Containers, Runtimes, Habor, Kubernetes တွေကို Conductor တစ်ယောက်ဦးဆောင်ညှိပေးလိုက်တဲ့အခါ "Beethoven" ရဲ့ " Symphony 9" ဖြစ်တဲ့ "Ode To Joy " 🎶 လို အလွန်တရာလှပတဲ့ Modern Applications တေးသွားသံစဉ်တွေ ထွက်လာမှာပဲ ဖြစ်ပါတယ်

စိတ်ဝင်စားရင် တပုံချင်းထောက်ပြီးဖတ်ပါ 📚

Address

Sanchaung
Yangon
11111

Alerts

Be the first to know and let us send you an email when NovaX posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share