Future Myanmar Online Shop

Future Myanmar Online Shop Shopping center trade services and information

YGN to BKK🚛 Cargo 🚚1KG - 190baht 💸ဘန်ကောက်မှရန်ကုန်သို့ 220kg ပို့ဆောင်ခြင်း 😍မင်မင်တို့ဆီ Cargo လေးတွေအပ်လို့ရပြီရှင့်ခ...
13/01/2026

YGN to BKK
🚛 Cargo 🚚
1KG - 190baht 💸

ဘန်ကောက်မှရန်ကုန်သို့
220kg ပို့ဆောင်ခြင်း 😍

မင်မင်တို့ဆီ Cargo လေးတွေအပ်လို့ရပြီရှင့်
ချစ်သော ကာကာတို့ရေ 😍

Miss Tourism အလှမယ် ရုပ်အလောင်း Sky Villa အပျက်အစီးများကြားမှဖော်ယူရရှိငလျင်ကြောင့် မန္တလေးမြို့တွင် ပြိုကျသွားသည့် Sky ...
02/04/2025

Miss Tourism အလှမယ် ရုပ်အလောင်း
Sky Villa အပျက်အစီးများကြားမှဖော်ယူရရှိ

ငလျင်ကြောင့် မန္တလေးမြို့တွင် ပြိုကျသွားသည့် Sky Villa Condo အဆောက်အဦအပျက်အစီးများကို ရှင်းလင်းလျက်ရှိရာ ယနေ့(ဧပြီ ၂ ရက်) တွင် Miss Tourism အလှမယ်တစ်ဦး၏ ရုပ်အလောင်းကို ဖော်ယူရရှိခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့များ ထံမှ သိရသည်။
အဆိုပါ Sky Villa ရှိ တောင်ဘက်အခြမ်း Block B အင်္ကျီအဖြူရောင် ဘောင်းဘီအရှည်ဖြင့် ပိုက်ဆံအိတ်လွယ်ထားသည့် အမျိုးသမီးတစ်ဦး ရုပ်အလောင်းကို ဖော်ယူရရှိခဲ့ရာ ၎င်းမှာ Miss Tourism Myanmar 2018 အလှမယ် ဆီလီမီး ဖြစ်သည်ဟု အတည်ပြုထားကြခြင်းလည်းဖြစ်သည်။
၎င်းသည် Blessed Entertainment မှ ရွေးချယ်စေလွှတ်သည့် Miss Tourism World 2018 ပြိုင်ပွဲကြီးတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှ 1st Miss Tourism Myanmar (Miss Tourism Myanmar 2018) ဆုကို ရရှိခဲ့သူလည်းဖြစ်ကြောင်း၊ Miss Tourism Myanmar မှလည်း အထူးဝမ်းနည်းကြေကွဲကြောင်းကို လူမှုကွန်ရက်မှ အသိပေးဖော်ပြထားခဲ့သည်။
ထိုအဆောက်အဦအတွင်းမှ သေဆုံးနေသော ရုပ်အလောင်းနှစ်ခုကို ယနေ့နံနက်က ထုတ်ယူရရှိရာတွင် တစ်ဦးမှာ ၎င်းဖြစ်သည်ဟု အတည်ပြုထားခဲ့ကြောင်း၊ လက်ရှိတွင် ကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေတူးဖော်မှုများကို လုပ်ဆောင်နေလျက်ရှိကြောင်း သိရသည်။

Photo – Miss Tourism

02/04/2025

စံရိပ်ငြိမ်ဂမုန်းပွင့်မျက်စောင်းထိုးဆီစက်လမ်းထိပ်
စပါးတွဲရောင်းနေပေမဲ့ အထက်တန်းစားစိတ်ဓာတ်နဲ့
ကလေးငယ်လေးရဲ့ အလှုု 🙏😍

#လေးစားဖွယ်ရာစိတ်ဓာတ်များ

01/04/2025

မြန်မာနိုင်ငံမှာကြုံတွေ့နေရတဲ့ ငလျင်ဘေးအတွက်
Osaka ရောက်မြန်မာလူမျိုးများ Japan & Chinese
လူမျိူးများ အလှုုခံနေသော လေးစားဂုဏ်ယူဖွယ်ရာ
ပုံရိပ်လေးများပါရှင်

#လေးစားဖွယ်ရာစိတ်ဓာတ်များ

01/04/2025

မန္တလေး Sky Villa စတင်ပြိုကျခဲ့သည်ဖြစ်စဉ်

မန္တလေးမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် မန္တလေးမြို့က Sky Villa အဆောက်အဦ စတင်ပြိုကျခဲ့စဉ်က ရိုက်ကူးခဲ့တဲ့ ရုပ်သံမှတ်တမ်းကို လူမှုကွန်ရက်စာမျက်နှာပေါ် မျှဝေလာတာဖြစ်ပါတယ်။

မတ်လ ၂၈ ရက်နေ့က လှုတ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ၁၁ ထပ်ရှိတဲ့ Sky Villa အဆောက်အဦဟာ မြေကြီးထဲကို ကျွံဝင်သွားခဲ့တာဖြစ်ပြီး လူပေါင်းများစွာ ပိတ်မိနေတာကို အခုချိန်ထိ ကယ်ဆယ်ရေးတွေ လုပ်နေရဆဲဖြစ်ပါတယ်။

မူရင်းတင်သူအား Crd ပေးပါတယ်ရှင် 🙏🙏🙏

နာရေး ရှိလျှင်သာရေးက နှုတ်ဆိတ်ပေးရတဲ့ယဉ်ကျေးမှု့လေးတော့ကျွန်တော်တို့ နိုင်ငံမှာရေပန်းစားစေချင်မိတယ်
01/04/2025

နာရေး ရှိလျှင်

သာရေးက

နှုတ်ဆိတ်ပေးရတဲ့

ယဉ်ကျေးမှု့လေးတော့

ကျွန်တော်တို့ နိုင်ငံမှာ

ရေပန်းစားစေချင်မိတယ်

31/03/2025

မအိပ်သေးရင် ကျတော့်ကိုရှဲကူပေးဖို့တောင်းဆိုပါတယ်

🙏,ကယ်ဆယ်ရေးများမြင်အောင်ကူရှဲပေးကြပါ🙏
Sky vila G4 အလယ်မှာဆရာ အာကာကျော်အသ က်ရှင်နေပါသေးတယ်မနေ့ကထိရေတိုက်လို့ရသေးတယ်လို့သူ့အဖေကပြောပါတယ်
ခုထိ ဆရာအာကာကြောျရှိတဲ့နရောကိုမကယျကွသေးပါဘူး၀ိုငျးကူညီပေးကွပါလို့ အမေဖြစ်သူကတောင်းပန်နေပါတယ်ရှင်အမေဖြစ်သူကယခုလက်ရှိခြေထောက်ကျိ ု းနေပါတယ်
မန်းလေးကိုလိုက်မသွားနိုင်ပါ
ကယ်ဆယ်ရေးရပ်နားလိုက်တယ်သတင်းတက်နေလို့ပါ
ကျေးဇူးများဆပ်ပါမည့်အကြောင်းထပ်ခါထပ်ခါပြောရင်း ငို ကြွေးနေသောသူ့အမေကိုမကြည့်ရက်နိုင်တော့လို့ ပို့စ်တင်ရခြင်းဖြစ်ပါတယ်
ကယ်ပေးကြပါရှင့်🙏🙏🙏

အမည် - ကိုအာကာကျော်

တည်နေရာ coordinate အတိအကျ- အလယ်ဆောင် 4 လွှာ ညာဘက်ခြမ်း ရှေ့ဆုံးအခန်း G4

ဖြစ်စဉ်အကြောင်းအရာ - ကျော်ဖြတ်ရမယ့်ထုထည်ကကြီးမားတယ်လို့ပြောပါတယ် ၄ လွှာအလယ်ဆောင်မှာပိ တ်မိနေပြီး စနေ့နေ့မနက်ထဲကဘယ်ချိန်လာကယ်မှာလဲမေးနေတာပါ ကယ်ဆယ်ရေးသမားတွေနဲ့ခဏခဏတွေ့ခဲ့ပေမယ့် ခုချိန်ထိအကယ်မခံရသေးပါ တစ်ချို့ကလည်းခြေထောက်မှာကျောက်တုံးပိနေတယ်ပြောပါတယ် မနေ့ညကထိ response ရှိပါသေးတယ် ၃လွှာကဗိုက်ကြီးသည်ကိုကယ်တဲ့ကာ်ဆယ်ရေးသမားနဲ့တွေ့ခဲ့ပြီး ရေဘူးတောင်းတယ်လို့ပြောပါတယ်

ယခုစာရေးသည့်အချိန်- 12:12 am

ဆက်သွယ်ရမယ့် ဖုန်းနံပါတ်- 09450016758, 092011326

တခြားပြောပြလိုသည်များ-(အသက်-၃၃ နှစ်အရွယ်၊ ပုံစံ- အသားဖြူဖြူ ပြည့်ပြည့် အရပ်ရှည်ရှည် ဆံပင်အမဲ)
crd

29/03/2025

အရေးပေါ်ဆက်သွယ်ရမည့် ကူညီကယ်ဆယ်ရေးဖုန်းနံပါတ်များ ပေးပို့လာလို့ ပြန်လည်မျှဝေ လိုက်ပါတယ်
အားလုံး ဘေးအန္တရာယ်ကင်းကြပါစေ 🙏🙏

🔴အရေးပေါ် ကူညီကယ်ဆယ်ရေး နံပတ်များ🔴

🚨မန္တလေး
09402600033 ( မဟာ - လူမှုကယ်ဆယ်ရေး မန္တလေး )
အမရပူရမြိုနယ် ☎️02-4070713,02-4070996
ပြည်ကြီးတံခွန်မြိုနယ် ☎️02-5154974
ပုသိမ်ကြီးမြိုနယ် ☎️02-4058056
ချမ်းမြသာစည်မြိုနယ် ☎️02-4021087,02-4062718
မဟာအောင်မြေမြိုနယ် ☎️02-4076362
အောင်မြေသာစံမြိုနယ်☎️02-4060200
ချမ်းအေးသာစံမြိုနယ်☎️02-4060738

🚨အမရပူရမြိုနယ်
ဦးထွန်းနေနွယ်(ဒု ဦးစီး)☎️09404080191 အမရပူရမြိုနယ် မီးသတ်စခန်း
ဦးကျော်နိုင်ဝင်း(စခန်းမှုး) ☎️0429551689 မြစ်ငယ်နယ်မြေခံမီးသတ်စခန်း
ဦးဇော်မင်းဦး (တပ်ကြပ်ကြီး)☎️09444032583 အမရပူရမြိုနယ် မီးသတ်စခန်း
ဦးအောင်မျိုးကျော် (တပ်ကြပ်ကြီး)☎️09449637974 အမရပူရမြိုနယ် မီးသတ်စခန်း
ဦးဖြိုးဇင်(တပ်ကြပ်ကြီး)☎️09783299191 မြစ်ငယ်မီးသတ်စခန်း
ဦးစည်သူဇော် ☎️09-959984191 အမရပူရ အရှေ့ခြမ်း စွယ်တော်
ဦးသဲဦး ☎️09-402574094 အမရပူရ အရှေ့ခြမ်း ဖျောက်ဆိပ်ကုန်း
ဦးစံသိန်း ☎️09448197750 အမရပူရ အရှေ့ခြမ်း နတ်ရေကန်အရန်မီးသတ်စခန်း တာဝန်ခံ
ဦးစည်သူအောင် ☎️09445765287 အမရပူရ အရှေ့ခြမ်း နတ်ရေကန်အရန်မီးသတ်စခန်း
ဦးဇင်ကို ☎️09451801862 အမရပူရ အနောက်ခြမ်း ရှမ်းကလေးကျွန်း
09-767119119 (အမပူရမြိုနယ် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ)
09-787119119 (အမပူရမြိုနယ် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ)
09-440119119 (အမပူရမြိုနယ် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ)
09988144119(Myanmar Rescue Amarapura ကိုဥက္ကာကျော် )

🚨နေပြည်တော် #နေပြည်တော်သီးသန့်
09420722222 (ရွှေပြည်တော်သို့ဆုံမှတ်ပရဟိတအသင်း)
09423671702 (ရွှေပြည်တော်သို့ဆုံမှတ်ပရဟိတအသင်း)
0673404666(လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန)
0673404777 (လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန)
09972755311
09420771405 (မိုးစေတနာ)
09404590001 (မိုးစေတနာ)
09677080162 (တပ်ကုန်းမီးသတ်)
09677080126 (တပ်ကုန်းမီးသတ်)

လူမှုကရုဏာရှင်အဖွဲ့
09681000095
09797604667
09775207713
09972755311
0943106850(တပ်ကုန်းရေဘေး)
095044564(ပုဗ္ဗတွဲလက်များ)
09448535275 (နေပြည်တော်ကြက်ခြေနီသူနာပြုတပ်ဖွဲ့)
09420714432 (နေပြည်တော်ကြက်ခြေနီသူနာပြုတပ်ဖွဲ့)
09404050511 (မြတ်ပါရမီလူမှုကူညီရေးအသင်း)
09429319960 (မြတ်ပါရမီလူမှုကူညီရေးအသင်း)
09420104504 (စိုးမိုးသူလူမှုကူညီရေးအသင်း)
09253095834 (စိုးမိုးသူလူမှုကူညီရေးအသင်း)
09254080946 (စိုးမိုးသူလူမှုကူညီရေးအသင်း)
09445599676 (ပုညကာရီလူမှုကယ်ဆယ်ရေး)
095402616 (ပုညကာရီလူမှုကယ်ဆယ်ရေး)
09771151505 (စေတနာလူမှုကူညီရေးအသင်း)
09420720713 (စေတနာလူမှုကူညီရေးအသင်း)
09797905232 (စေတနာလူမှုကူညီရေးအသင်း)
09797712335 (ကရုဏာရှင်ပရဟိတအသင်း)
09786545509 (ကရုဏာရှင်ပရဟိတအသင်း)
09254448800 (ကရုဏာရှင်ပရဟိတအသင်း)
09420942455 (သုခဒါနပရဟိတအသင်း)
09773592699 (သုခဒါနပရဟိတအသင်း)
09779905443 (ဇမ္ဗူတလူ ပရဟိတာအသင်း)

ညောင်ရွှေမြို့ ရေဘေးကယ်ဆယ်ရေး
09428310586 ( ကိုစိုးမင်းလတ် )
09261932939 ( ကိုသက်ပိုင်စိုး )
09428311563 ( ကိုတိုးအောင်ရွှေ )

🚨(နေပြည်တော် တပ်ကုန်း ဆွာ တောင်ငူ ကယ်ဆယ်ရေး)
0943106850
ဒို့လယ်ဝေးပရဟိတလူငယ်များ အဖွဲ့
09681000095
09797604667
09775207713
09 972755311
09 420771405 (မိုးစေတနာ)
09 404590001 (မိုးစေတနာ)
09 677080162 (တပ်ကုန်းမီးသတ်)
09 677080126 (တပ်ကုန်းမီးသတ်)
095044564 (ပုဗ္ဗတွဲလက်များ လူမှု ကူညီရေးအသင်း)
09420085147 (ဟန်းရာဇာ)

🚨(ကျောက်ဆည်ကယ်ဆယ်ရေး)
KYAUKSE RESCUE
09256006355
09258444414
09787900929 ( ကျောက်ဆည်ကြက်ခြေနီ )
09402526768 ( ကျောက်ဆည်ကြက်ခြေနီ )

🚨မြစ်သား
09251156006 ( မြစ်သားကြက်ခြေနီ )

🚨စဉ့်ကိုင်
09788743559 ( စဉ့်ကိုင်ကြက်ခြေနီ )

🚨(ဝမ်းတွင်းကယ်ဆယ်ရေး)
ဝမ်းတွင်းမြို့နယ်လုံးဆိုင်ရာ ပရဟိတ ကွန်ယက်
092165003
09444484129
09444484128

🚨(ပျော်ဘွယ်ကယ်ဆယ်ရေး )
09449988191
092228214
0943020516
09459975496
092049021
09449988191 မီးသတ်ဦးစီးမှူး
092228214 ကိုကျော်ကျော်ဝင်း
0943020516 ကိုအောင်ဇော်မိုး
09459975496 ကိုရဲမင်းထွန်း

🚨(ရမည်းသင်း ကယ်ဆယ်ရေး)
09404590001(မိုးစေတနာ)
064-4007(ရမည်းသင်းမီးသတ်)
064-40787- ရမည်းသင်း

🚨(တောင်ငူ ကယ်ဆယ်ရေး)
09443555502 (T.E.R.Tအသင်း)
09791232000 (T.Rescueအသင်း)
09428155773 (မေတ္တာရှင်အသင်း)
09687635151 (အာယုပါလအသင်း)
09770313323 (ရှင်စောပုအသင်း)
09973775151 (၆ရပ်ကွက်အသင်း)

🚨(မိတ္ထီလာ ကယ်ဆယ်ရေး )
မိတ္ထီလာမြို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး
အဖွဲ့ မျိုးဆက်သစ်မြတ်ပါရမီအသင်း
09402684996
09696860666

29/03/2025

ဆရာဒေါက်တာဦးထွန်းလွင် မကွယ်လွန်ခင်
ကလည်း ဒီငလျင်ကိစ္စကို ခဏခဏသတ်ိ
ပေးနေတာကို သတိထားမိတယ် 🙏🙏🙏

မူရင်းရေးသားသူ Crd ပေးပါတယ် 🙏

ခုတလော ငလျင်တွေ ခဏ ခဏ လှုပ်လာတာတွေ့တော့ အိပ်ပျော်နေတဲ့ စစ်ကိုင်းပြတ်ရွေ့ကြီး အသက်ဝင်နိုးလာပြီးလားလို့စိုးရိမ်နေမိတယ် human made တွေကြောင့်မဟုတ်တဲ့ သဘာဝငလျင်တွေဖြစ်လာမှုကို ပြန်ကြည့်ရင် ကမ္ဘာတိုက်ကြီးတွေဟာရွေ့လျားနေကြတဲ့ plate လိုခေါ်တဲ့ ကျောက်လွှာထု ကြီးတွေနဲ့ ဖွဲ့စည်းထားကြပါတယ် ဒီကျောက်လွှာကြီးတွေ ထိဆက်ထားတဲ့ join နေရာတွေဟာ fault လိုခေါ်တဲ့ ပြတ်ရွေ့ကြီးတွေ ဖြစ်လာကြပါတယ် ဒီ fault တွေ ပုံမှန်ရွေ့နေရာကနေ ရပ်ဆိုင်းခဲ့ရင်ဖြစ်ဖြစ် ပုံမှန် မရွေ့တော့ရင်ဖြစ်ဖြစ် တကြိမ်မှာ ပြင်ထန်စွာ ကျောက်လွှာအံချော် slip ဖြစ်ကြပါတယ် အဲ့အခါမှာ ပြင်ထန်တဲ့ ငလျင်ကြီးတွေဖြစ်လာကြပါတယ်
မြန်မာ နိုင်ငံဟာ india plate နဲ့ eurasian plate နှစ်ခုတေ့ဆက်ထာရာ ပေါ်မှာ ဖြစ်တည်နေတာပါ ဒီကျောက်လွှာထု plate ကြီး နှစ်ခု တေ့ဆက်ထားခြင်းကြောင့် စစ်ကိုင်း fault လို့ခေါ်တဲ့ ပြတ်ရွေ့ကြီး ဖြစ်ပေါ်လာပါတယ် မြန်မာပြည်မှာ အဓိကအားဖြစ် စစ်ကိုင်းပြတ်ရွေ့ ကျောက်ကြမ်းပြတ်ရွေ့ကဘော်ပြတ်ရွေ့ ရွှေတြိဂံပြတ်ရွေ့ မိုးမိတ်ပြတ်ရွေ့ ချင်းတွင်းပြတ်ရွေ့ ဒေးဒရဲပြတ်ရွေ့ စတဲ့ ပြတ်ရွေ့ တွေရှိတဲ့ အထဲမှာမှ စစ်ကိုင်းပြတ်ရွေ့ဟာ မြန်မာမှာသာမက ကမ္ဘာမှာပါ ထင်ရှားပါတယ် ဒီပြတ်ရွေ့ကို ၁၉၆၀ လောက်က စစ်ကိုင်းမှာပဲ ပညာရှင်တွေစတင်လေ့လာချိန်မှာ သာမန် fault အသေးလေးဖြစ်နိုင်တယ်လို့ စတင်ခန့်မှန်ခဲ့ပြီးမှ ၁၉၆၉ လောက်မှာ အမေရိကန်က ဘူမိဗေဒနဲ့ ဒေါက်တာဘွဲ့ရယူလာတဲ့ ဒေါက်တာ ဦးဝင်းဆွေတို့သေချာ သုသေတန ပြုပြီးတဲ့ အချိန်မှာ ဒီစစ်ကိုင်းပြတ်ရွေ့ဟာ ကီလိုမီတာ ၁၀၀၀ ကျော်ရှည်လျားပြီး မြန်မာ နိုင်ငံကို တောင်နဲ့မြောက် လားရာအတိုင်း အလယ်က ပိုင်းထားပြီး မြောက်ဘက် တိဘက် ကုန်းမြင့် ဟူးကောင်းချိုင့်ထဲဝင်ပြီးအိန္ဒိယထိရှည်လျားကာ မြန်မာနိုင်ငံထဲ ထောင့်လျောက်ဝင်လာပြီး မိုးကောင်း မိုးမိတ် စစ်ကိုင်း အင်းဝ မန္တလေး ပျော်ဘွယ် မိတ္တိလာ မြစ်သား တောင်ငူ ပဲခူး သုံးခွ စတဲ့ မြို့ကြီးတွေကိုဖြတ်ပြီး မြစ်ဝကျွန်းပေါ်ကနေ တောင်ဘက် ကပ္ပလီပင်လယ် အိန္ဒိယ သမုဒ္ဒရာထဲ စိုက်ဝင်သွားပါတဲ့ တနှစ်ပျမ်းမျှ ၁၈.၅ မီလီမီတာ ရွေ့လျားနေတဲ့ ကြီးမားလှတဲ့ သက်ရှိပြက်ရွေ့ကြီးဖြစ်နေတာကို သိရပါတော့တယ် (မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ ကြီးမားလှတဲ့ ပုဂံငလျင် အင်းဝငလျင် ပဲခူးငလျင် စတဲ့ ငလျင်ကြီးအားလုံးဟာ ဒီစစ်ကိုင်းပြတ်ရွေ့ကြောင့်ပဲဆိုတာပါသိခဲ့ရပါတယ်) ဒီလားရာဟာ တနည်းအားဖြစ်ဆိုရရင် မြန်မာနိုင်ငံဟာတောင်ဘက်ကို အမြဲရွေ့လျားနေတဲ့ India plate နဲ့မြောက်ဘက်လားရာအတိုင်းရွေ့လျားနေတဲ့ eurasian plate ကျောက်လွှာချပ်ကြီး နှစ်ခု ကို ဘေးချင်းကပ်ထားတာနဲ့တူပါတယ် ( နောက်နှစ်သန်းပေါင်းတချို့မှာ မြန်မာနိုင်ငံဟာတောင်မြောက်လားရာအတိုင်းနှစ်ခြမ်းကွဲသွားမယ်လို့ ပညာရှင်တွေခန့်မှန်းထားကြပါတယ် ၂၀၀၄ က ဖြစ်သွားကမ္ဘာကျော်ဆူနာမီ ဟာ ပင်လယ်ပြင်အောက်ထိဆက်နေတဲ့ ပျော့တဲ့ india plate ဟာမာတဲ့ eurasian plate အောက်စိုက်ဝင်သွားရာကနေဖြစ်လာတာပါ )ဒီကျောက်လွှာကြီးနှစ်ချပ်ဟာ တေ့ဆက်ထားရာကနေ ပုံမှန်မဟုတ်ပဲ တခုကတောင်ဘက်ကိုရွေ့ တခုက မြောက်ဘက်ကိုရွေ့တဲ့အခါကျောက်လွှာအံချော်မှု slip ဖြစ်ပါတယ် ဒီအခါမှာ မြန်မာနိုင်ငံမှာ ငလျင်ကြီးတွေဖြစ်လာပါတယ် (ကျောက်လွှာကြီးတွေအံချော် slip ဖြစ်မှုကြီးရင်ကြီးသလို ဖြစ်ပွားရာ မြေတွင်းအနက် တိမ်ရင်တိမ်သလို ငလျင်တွေ ပိုပြင်းထန်ကြပါတယ်) စစ်ကိုင်း faultဟာနှစ် ရှစ်ဆယ်က နေတစ်ရာကြားပြည့်တိုင်းမှာအမြဲ ပြင်ထန်တဲ့ slipဖြစ်မှုနဲ့ အတူ ငလျင်ကြီးတွေ တကြိမ်ဖြစ်တတ်ပါတယ် သဘောက နှစ်တစ်ရာပြည့်တိုင်း ပြင်ထန်တဲ့ ငလျင် တကြိမ်ဖြစ်တတ်ပါတယ် သာဓကဆိုရလျှင် အထောက်အထားတွေအရ 1830 မှာ ဒီစစ်ကိုင်းပြတ်ရွေ့ကြောင့် ပဲခူးမှာ ငလျင်အကြီးကြီးလှုပ်ပြီးနောက် 1930 ပဲရွှေမော်ဓော စေတီကြီး စိန်ဖူးတော်မြေခတဲ့ ငလျင်ကြီးထပ်လှုပ်ပါတယ် ခုဆို ဒီပြတ်ရွေ့မှာ ငလျင်ကြီး မလှုပ်တာ နှစ် ၈၀ နဲ့ ၉၀ ကြားရှိခဲ့ပါပြီး ဒါကြောင့် ဒီပြတ်ရွေ့ဟာ နောက်တခါ ငလျင်ကြီးတွေထပ်လှုပ်လာနိုင်ပါတယ် (ငလျင် သဘောကလဲ ပြင်းထန်တဲ့ ငလျင်ကြီးတွေ မလာခင် နဲ့ လာပြီးချိန်တွေမှာငလျင်သေး၂လေးတွေ ရာထောင်ချီ အရင်လှုပ်ပါတယ် သမန်အတိုင်းဆို တုန်ခါမှုကို မသိနိုင်ပါဘူး ငလျင်တိုင်းစက်နဲ့ဆိုတော့သိပါတယ်ခု သူ ငြိမ်နေတာ နှစ် ကိုးဆယ်ထဲ ဝင်လာပြီး ခဏ ခဏ လဲ လှုပ်လာပြီး အားလုံး သတိရှိနေစေချင်မိတယ်ရှင့်
ကမ္ဘာ့နိုင်ငံတွေဟာ သဘာဝဘေး အန္တရယ်နဲ့ပတ်သတ်လာရင် ကာကွယ်ချင်းသည်ကုသခြင်းထက်ပိုကောင်းသည် ဆိုတဲ့ စကားအတိုင်း မဖြစ်ခင်ကြိုတင်ကာကွယ်ကြပါတယ် ဒါအပြင်ဖြစ်ပြီးတဲ့အခါမှာလဲ ဘယ်လို ပြန်တည်ထောင်ရမလဲ ဘယ်လိုပြန်ကုသရမလဲ စတဲ့ safe ဖြစ်မဲ့ plan တွေကို ကလေးလေးကနေ အဖိုးအဖွား တွေအထိ လက်တွေ့စာတွေ့သင်ကြားပေးသလို သက်ဆိုင်ရာ အဖွဲ့အစည်းတွေ
ဟာလည်း စီမံခန့်ခွဲမှုက စလို ထောင့်ပေါင်းစုံက ကျင့်သားပြည့်ဝနေအောင် အမျိုးမျိုးကြိုးစားကြံဆောင်နေတဲ့ သူတွေကြီးပါပဲ ဂျပန်နိုင်ငံဟာ အကောင်းဆုံး ဥပမာပါရှင့် မြန်မာပြည်မှတော့ အထူးသဖြင့် သဘာဝဘေးအန္တရယ်နဲ့ ပတ်သတ်လာရင် ကာကွယ်ဖို့ ထက်ဖြစ်ပွားပြီးမှ သာ ရှင်းနေရတဲ့ စနစ်ထဲက နေမရုန်းထွက်နိုင်သေးပါဘူး ဒါကြောင့် ခုလို ငလျင် ငယ်လေးတွေ ခဏခဏ လှုပ်နေတာကြောင့် အကြီးအကျယ် မလှုပ်ပဲငြိမ်သက်နေတဲ့နှစ်တစ်ရာပြည့်ခါနီး စစ်ကိုင်းပြတ်ရွေ့ကြီးဟာ နောက်ထပ် ငလျင် ကြီး တခု လှုပ်ဖို့ သွေးတိုးစမ်း အားစုနေပြီးလားလို့စိတ်ပူမိပါတယ်ရှင့် (1930 လှုပ်ချိန်က ပဲခူး ရန်ကုန် မန္တလေးစတဲ့ မြို့ကြီးတွေဟာ ဒီအချိန်လောက် မဖွံ့ဖြိုးသေးပါဘူး ခုချိန်လှုပ်ခဲ့ရင်မတွေးရဲပါ) ဒါပြင် သဘာဝဘေး အကြီးအကျယ်ကြုံခဲ့တဲ့ ၂၀၀၈ နာဂစ် ပြီးနောက်
မြန်မာနိုင်ငံ အတွက် အထူးသဖြင့် မြန်မာနိုင်ငံသဘာဝဘေးအန္တရယ်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ကြီးအတွက် နောက်ထပ် စိန်ခေါ်လာတဲ့ သဘာဝဘေးအန္တရယ် တစ်ခုလားလို့ တွေးနေမိပါတယ် ..…

ပန်းနုနွယ်(မူရင်းပိုစ့်ပိုင်ရှင်)

💖💞

28/03/2025

#ငလျင်သတင်းများစုစည်းမှူ
#မြန်မာပြည်မှာတိုက်ပြိုကျ

https://www.facebook.com/share/r/18r2sdyWkm/

မန္တလေးကျုံး
https://www.facebook.com/share/p/19fK2YTtZ5/?mibextid=wwXIfr

အောင်ပန်း
https://www.facebook.com/share/p/16BExVGhvD/

ဘန်ကောက် လူစုလူဝေးဖြစ်
https://www.facebook.com/share/v/1BZ2s2z5g7/

စစ်ကိုင်းတံတားဟောင်းပြိုကျ
https://www.facebook.com/share/p/1DBju9Ewzm/

ထိုင်းမှာ ဆောက်လက်စတိုက်ပြိုကျ
https://www.facebook.com/share/r/165QukUne4/

ကွန်ဒိုတွေဆက်တိုက်ပြိုကျ
https://www.facebook.com/share/v/1A5xCLcfPQ/?mibextid=wwXIfr

https://www.facebook.com/share/v/1ATQbpmbYD/?mibextid=wwXIfr

မကွေးမှာလည်း အိမ်တွေပြို
https://www.facebook.com/share/v/154axb3iEr/

မန္တလေးကျုံး ပြိုကျ
https://www.facebook.com/share/p/16GYAk4LkJ/

MDY ဂရိတ်ဝေါဟိုတယ် အခြေအနေ
https://www.facebook.com/share/v/1ATCwmtJv3/

https://www.facebook.com/share/p/1HcCFuQx6k/

မန္တလေးလေဆိပ်အခြေအနေ
https://www.facebook.com/share/1612JeRmwL/

အင်းလေး
https://www.facebook.com/share/p/164B28P1qf/

တောင်ငူ
https://www.facebook.com/share/1A6c218pgh/?mibextid=wwXIfr

အမြန်လမ်း
https://www.facebook.com/share/p/1B3SdZUSqL/?mibextid=wwXIfr

အမြန်လမ်း
https://www.facebook.com/share/p/1B3SdZUSqL/?mibextid=wwXIfr

တောင်ငူကန်တော်ဗလီ
https://www.facebook.com/share/19JomW1Z4G/?mibextid=wwXIfr

မန္တလေး မစိုးရိမ်ကျောင်း
https://www.facebook.com/share/v/167oSC45rQ/?mibextid=wwXIfr

ဘန်ကောက် BTS ရထား
https://www.facebook.com/share/v/1RXbCqgx82/?mibextid=wwXIfr

ဘန်ကောက်အထပ်မြင့်တိုက်
https://www.facebook.com/share/v/15dKLKpg5X/?mibextid=wwXIfr

ဘန်ကောက်ဆောက်လက်စတိုက်
https://www.facebook.com/share/v/1C9doN1EKL/?mibextid=wwXIfr

မိုးလေဝသ ပညာရှင်
https://www.facebook.com/share/p/16Er4MQG38/?mibextid=wwXIfr

ဘန်ကောက် ကွန်ဒိုက မြန်မာအလုပ်သမားများ
https://www.facebook.com/share/p/15aDSgCLj3/?mibextid=wwXIfr

မန််းလေး လေဆိပ်
https://www.facebook.com/share/v/1AGHojkDQ1/?mibextid=wwXIfr

အင်းဝ
https://www.facebook.com/share/18M5b46M2g/?mibextid=wwXIfr

မိတ်ထီလာ
https://www.facebook.com/share/18M5b46M2g/?mibextid=wwXIfr

#ငလျင်
#မြန်မာငလျင်
#စစ်ကိုင်းငလျင်



#ငလျင်လှုပ်
#ဘန်ကောက်ငလျင်

Address

Yangon

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 18:00
Sunday 09:00 - 17:00

Telephone

09431*****

Website

Alerts

Be the first to know and let us send you an email when Future Myanmar Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Future Myanmar Online Shop:

Share

Category