Ampere Plus

Ampere Plus Electrical and Electronics Online Store

06/08/2026

Surge Protective Device (SPD) ဆိုတာဘာလဲ?
SPD (Surge Protective Device) ဆိုသည်မှာ Lightning Strike, Utility Switching သို့မဟုတ် Electrical Switching Operation များကြောင့် ဖြစ်ပေါ်လာသော Transient Overvoltage (Voltage Surge) ကို လျှော့ချပေးပြီး Electrical Equipment များကို ကာကွယ်ပေးသော Protective Device ဖြစ်ပါသည်။

SPD သည် Surge Energy ကို Earth သို့ လုံခြုံစွာ လွှဲပြောင်းပေးခြင်း (Divert) သို့မဟုတ် Voltage ကို Limit လုပ်ပေးခြင်းဖြင့် Equipment များ ပျက်စီးခြင်းမှ ကာကွယ်ပေးပါသည်။

---

Transient Overvoltage ဆိုတာဘာလဲ?

Transient Overvoltage ဆိုသည်မှာ ပုံမှန် Voltage (ဥပမာ 230V/400V) ထက် အချိန်တိုအတွင်း Voltage အလွန်မြင့်တက်သွားသော ဖြစ်စဉ် ဖြစ်သည်။

Surge သည် Microsecond (µs) အတွင်းသာ ကြာမြင့်သော်လည်း Sensitive Equipment များကို ပျက်စီးစေနိုင်သည်။

---

Surge ဖြစ်စေသော အကြောင်းရင်းများ

1. Lightning Surge

- မိုးကြိုးပစ်ခြင်း (Direct Strike)
- အနီးအနား မိုးကြိုးပစ်ခြင်း (Indirect Strike)

Voltage Surge အလွန်မြင့်မားနိုင်သည်။

---

2. Switching Surge

Electrical System အတွင်း

- Transformer Switching
- Capacitor Bank Switching
- Large Motor Starting / Stopping
- Utility Grid Switching

တို့ကြောင့်လည်း Surge ဖြစ်နိုင်သည်။

လက်တွေ့တွင် Switching Surge များသည် Lightning ထက် ပိုမိုဖြစ်ပွားလေ့ရှိသည်။

01/08/2026

RCBO ဆိုတာဘာလဲ?

RCBO (Residual Current Circuit Breaker with Overcurrent Protection) ဆိုသည်မှာ MCB နှင့် RCD/RCCB ၏ Function နှစ်မျိုးလုံးကို ပေါင်းစပ်ထားသော Protective Device ဖြစ်သည်။

RCBO တစ်လုံးတည်းဖြင့်—

- Overload Protection
- Short Circuit Protection
- Earth Leakage (Residual Current) Protection

တို့ကို တစ်ပြိုင်တည်း ကာကွယ်ပေးနိုင်ပါသည်။

25/07/2026

RCCB / RCD ဆိုတာဘာလဲ?

RCD နဲ့ RCCB က အတူတူလား?

Electrical လုပ်ငန်းခွင်မှာ RCD နဲ့ RCCB ဆိုတဲ့ စကားလုံးနှစ်ခုကို မကြာခဏ ကြားရပါတယ်။

အမှန်တကယ်တော့ RCD (Residual Current Device) ဆိုတာ လျှပ်စစ်ယိုစိမ့်မှု (Residual Current / Earth Leakage) ကို Detect လုပ်ပြီး Circuit ကို Disconnect လုပ်ပေးတဲ့ Protection Device အားလုံးကို ခေါ်တဲ့ အထွေထွေ (Generic) အမည် ဖြစ်ပါတယ်။

RCCB (Residual Current Circuit Breaker) ကတော့ Overcurrent Protection မပါဝင်တဲ့ RCD အမျိုးအစားတစ်ခု ဖြစ်ပါတယ်။

«အလွယ်မှတ်ရန်

RCD = Generic Name

RCCB = RCD အမျိုးအစားတစ်ခု

23/07/2026

MCCB ဆိုတာဘာလဲ?

Molded Case Circuit Breaker (MCCB) ဆိုသည်မှာ Electrical Installation များတွင် Overload Current နှင့် Short Circuit Current ကြောင့် ဖြစ်ပေါ်လာနိုင်သော အန္တရာယ်များမှ Cable၊ Equipment နှင့် System ကို ကာကွယ်ပေးသော Low Voltage Protective Device ဖြစ်သည်။

IEC 60947-2 အရ MCCB များကို Industrial နှင့် Commercial Electrical Installations များအတွက် အသုံးပြုရန် ဒီဇိုင်းထုတ်ထားပြီး Main Distribution Board, Sub Main Feeder, Motor Feeder နှင့် Large Load Circuit များတွင် အများဆုံးအသုံးပြုကြသည်။

MCB နှင့် မတူဘဲ MCCB များတွင်—

- Current Rating မြင့်မားခြင်း
- Breaking Capacity မြင့်မားခြင်း
- Adjustable Trip Setting ရရှိနိုင်ခြင်း
- Protection Coordination ပြုလုပ်နိုင်ခြင်း

တို့သည် အဓိကအားသာချက်များ ဖြစ်သည်။

19/07/2026

Protective Device များအနက် Miniature Circuit Breaker (MCB) သည် Residential, Commercial နှင့် Light Industrial Electrical Installations များတွင် အသုံးအများဆုံး Overcurrent Protective Device ဖြစ်သည်။

MCB ကို မှန်ကန်စွာ ရွေးချယ်ခြင်းသည် Cable များ၊ Electrical Equipment များနှင့် Installation တစ်ခုလုံး၏ Safety ကို တိုက်ရိုက်သက်ရောက်မှုရှိသောကြောင့် Electrical Engineer များအတွက် မဖြစ်မနေ နားလည်ထားသင့်သော အကြောင်းအရာတစ်ခု ဖြစ်ပါသည်။

13/07/2026

Protective Device ဆိုတာဘာလဲ?

Electrical Installation တစ်ခုကို Design လုပ်တဲ့အခါ Load Calculation, Cable Sizing နဲ့ Voltage Drop Calculation တွေက အရေးကြီးသလို Protective Device Selection ကလည်း Installation တစ်ခုလုံးရဲ့ Safety ကို ဆုံးဖြတ်ပေးတဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။

IEC 60364 နှင့် BS 7671 တို့၏ အဓိကရည်ရွယ်ချက်မှာ—

«Protection of persons, livestock and property against dangers arising from the use of electricity.»

အဓိပ္ပါယ်မှာ လူ၊ တိရစ္ဆာန်နှင့် ပစ္စည်းဥစ္စာများကို လျှပ်စစ်အသုံးပြုမှုကြောင့် ဖြစ်ပေါ်လာနိုင်သော အန္တရာယ်များမှ ကာကွယ်ပေးရန် ဖြစ်သည်။

08/07/2026

Motor Starter ဆိုတာ Star-Delta တစ်မျိုးတည်း မဟုတ်ပါဘူး။

Motor Rating၊ Load Characteristic၊ Starting Torque၊ Energy Efficiency၊ Maintenance Cost နဲ့ Process Requirement တို့အပေါ် မူတည်ပြီး သင့်တော်တဲ့ Starter ကို ရွေးချယ်ရပါတယ်။

Engineering Design ကောင်းတစ်ခုဆိုတာ Motor ကို လည်အောင်လုပ်ပေးနိုင်ရုံမက၊ လုံခြုံရေး (Safety)၊ ယုံကြည်စိတ်ချရမှု (Reliability)၊ စွမ်းအင်ထိရောက်မှု (Energy Efficiency) နဲ့ Equipment Lifetime ကိုပါ တိုးတက်စေဖို့ ဖြစ်ပါတယ်။

30/06/2026

Electrical Cable Wire တွေပေါ်မှာ ရေးထားတဲ့ Code တွေရဲ့ အဓိပ္ပာယ်ကို နားလည်ကြရအောင်

Electrical Installation လုပ်ငန်းတွေမှာ Cable တစ်ချောင်းပေါ်မှာ ရေးထားတဲ့ စာသားတွေဟာ အမှတ်တံဆိပ် (Brand) သာမက Cable ရဲ့ အရည်အသွေး၊ အသုံးပြုနိုင်တဲ့ Voltage၊ Temperature၊ Conductor အမျိုးအစားနဲ့ Standard တွေကို ဖော်ပြထားတဲ့ အရေးကြီးတဲ့ Technical Information တွေဖြစ်ပါတယ်။

25/06/2026

လျှပ်စစ်ဆရာတိုင်းရဲ့ Tool Box ထဲမှာ မရှိမဖြစ်
ဆောင်ထားသင့်တဲ့ ပစ္စည်း
အလုပ်လုပ်တဲ့အခါ ကတ်ကြေး၊ ပလာယာ၊
ဝါယာနွှာတဲ့ကိရိယာတွေ အများကြီး ရှုပ်ပွမနေတော့ဘူး။
ဒီ Multifunction Pliers လေးက လျှပ်စစ်သမားတွေ လိုအပ်သမျှ Function အကုန်နီးပါးကို ဖြည့်ဆည်းပေးထားပါတယ်။
🔸 ကြိုးနွှာ၊ ကြိုးဖြတ်၊ ကြိုးလိမ်၊ ခေါင်းနှိပ်... ဘာပဲလုပ်လုပ်
ဒီတစ်လက်တည်းနဲ့ အလုပ်ပြီးမြောက်စေပါတယ်။
⚙️ Key Functions:
* Clamping (ညှပ်ခြင်း)
* Stripping (ကြိုးနွှာခြင်း)
* Cutting (ဖြတ်တောက်ခြင်း)
* Crimping/Compression (ခေါင်းနှိပ်ခြင်း)
* Winding (ကြိုးလိမ်ခြင်း)
* Branching (ကြိုးခွဲခြင်း)
လက်ကိုင်ကလည်း Rubber အုပ်ထားလို့ လက်မနာ၊ လျှောမထွက်ဘဲ သုံးရတာ အဆင်ပြေစေမှာပါခင်ဗျာ
💵 စျေးနှုန်း - ၂၃,၅၀၀ ကျပ်
မှာယူရန် -
Page CB (သို့) 09 972541133
Safe Delivery ရောက်တဲ့ မြို့တိုင်း အိမ်အရောက်ငွေချေနဲ့ ပို့ပေးနေပါပြီ




23/06/2026

မီတာဘေကို website နှင့် application သုံးပြီး တွက်နည်းကို ပြောပြပေးထားပါတယ်ခင်ဗျာ
#မီတာဘေ

Address

Yangon
Yangon
1121

Website

Alerts

Be the first to know and let us send you an email when Ampere Plus posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share