InnoVerse

InnoVerse We will offer IT courses such as AI, ML, Web development and Mobile development at a fair price.

12/10/2026

UI/UX Designer ဖြစ်ဖို့ Design ဆွဲတတ်ရုံနဲ့ လုံလောက်ပြီလား? 🎨 UI/UX Career စတင်ချင်သူတိုင်း သိထားသင့်တဲ့ အချက်များ! 🎨
မကြာခင် InnoVerse မှာ လည်း UI/UX Batch-6 လေး ဖွင့်ပါတော့မယ်နော် ❤️





10/10/2026

InnoVerse ရဲ့ One-on-One Class ကို တက်ရောက်ခဲ့တဲ့အတွက် ရရှိခဲ့တဲ့ အသိပညာနဲ့ ကျွမ်းကျင်မှုတွေဟာ လက်ရှိကျောင်းသင်ခန်းစာတွေမှာသာမက အနာဂတ်ပညာရေးခရီးလမ်းအတွက်ပါ အထောက်အကူဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်။

ဒါ့အပြင် အနာဂတ်မှာ Master’s Degree ဆက်လက်တက်ရောက်ဖို့ ရည်မှန်းထားတဲ့အခါ လိုအပ်နိုင်တဲ့ Recommendation Letter တွေနဲ့ ပတ်သက်ပြီးလည်း InnoVerse က တတ်နိုင်သမျှ ပံ့ပိုးကူညီပေးသွားမှာ ဖြစ်ပါတယ်။

ပညာရေးခရီးလမ်းရဲ့ နောက်ထပ်အဆင့်တိုင်းမှာ အောင်မြင်မှုတွေနဲ့ ပြည့်နှက်နေပါစေလို့ InnoVerse က ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ 💙

✨ Unlock Your Potential With InnoVerse!

05/10/2026

Portfolio ကောင်း တခု ဖြစ်အောင် ဘယ်လို ပြင်ဆင်ရမလဲ ? ✨

Python Beginner တွေအတွက် အကြောက်ဆုံး Error က ဘာဖြစ်မလဲ? 😱🐍သင့်အဖြေကို Comment မှာ နံပါတ်နဲ့ ရေးခဲ့ကြည့်နော် ☘️☘️☘️      ...
05/10/2026

Python Beginner တွေအတွက် အကြောက်ဆုံး Error က ဘာဖြစ်မလဲ? 😱🐍

သင့်အဖြေကို Comment မှာ နံပါတ်နဲ့ ရေးခဲ့ကြည့်နော်
☘️☘️☘️

💥 တစ်မူထူးခြားတဲ့ UX/UI Design တွေကို ဖန်တီးနိုင်စေဖို့ InnoVerse ရဲ့ "𝗜𝗻𝘁𝗿𝗼𝗱𝘂𝗰𝘁𝗶𝗼𝗻 𝘁𝗼 𝗨𝗫/𝗨𝗜 𝗖𝗼𝘂𝗿𝘀𝗲 (Batch-6) ကို join လ...
04/10/2026

💥 တစ်မူထူးခြားတဲ့ UX/UI Design တွေကို ဖန်တီးနိုင်စေဖို့ InnoVerse ရဲ့ "𝗜𝗻𝘁𝗿𝗼𝗱𝘂𝗰𝘁𝗶𝗼𝗻 𝘁𝗼 𝗨𝗫/𝗨𝗜 𝗖𝗼𝘂𝗿𝘀𝗲 (Batch-6) ကို join လိုက်ပါ။

📍နေ့စဉ်ဘဝမှာ အသုံးပြုနေတဲ့ Website နဲ့ App တွေလိုမျိုး Digital Product တွေမှာ UX/UI design က အဓိကကျတဲ့ ကဏ္ဍတစ်ခုအနေနဲ့ ပါဝင်ပါတယ်။

ဘာကြောင့်ဒီလိုပြောရလဲဆိုရင် Digital Product တစ်ခုကို အသုံးပြုတဲ့အခါ က‌နဦးအနေနဲ့မြင်ရတဲ့ Interface က အသုံးပြုသူတွေအတွက် အမြင်ဆန်းပြီး ဆွဲဆောင်မှုရှိနေတယ်၊ စမ်းသပ်အသုံးပြုတဲ့အခါမှာလည်း သုံးရလွယ်ကူ‌ပြီးအဆင်ပြေနေတယ်ဆိုရင် ဒီ product ကို user တွေအကြိုက်‌တွေ့ကာ အသုံးများလာမှာဖြစ်ပါတယ်။

🧠 ဒီလိုအရေးပါတဲ့ UX/UI design တွေကို ကိုယ်တိုင်စိတ်ကူးဉာဏ်ကွန့်မြူးကာ ဖန်တီးပြုလုပ်ချင်တယ်၊
👩‍💼 UX/UI Designer တစ်ယောက်အနေနဲ့ ရပ်တည်လိုစိတ်ရှိတယ်ဆိုရင်တော့…
InnoVerse မှာ UX/UI ပိုင်းဆိုင်ရာပညာရပ်တွေကို အခြေခံမှစတင်ကာ လက်တွေ့အသုံးချနိုင်သည်အထိ တတ်ကျွမ်းအောင် လေ့လာနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးပါရစေ။

UX/UI နည်းပညာကိုအခြေခံမှသည် Design Mindset, Color Theory နှင့် Typography အကြောင်း၊ Figma အသုံးပြုပုံ၊ User Research Basic နှင့် Information Architecture, Usability Testing & Iteration များအပြင် အခြားသော UX/UI Designer တစ်ယောက်အတွက် မရှိမဖြစ်သိထားရန်လိုအပ်တဲ့ အသိပညာများကို သင်ကြားပြသပေးသွားမှာဖြစ်ပါတယ်။

👩‍🏫 ယခု Batch 6 မှာ သင်ကြားပေးမယ့် Tr. Naw Shy သည် Harbour.Space Institute မှ Master’s in Interaction Design ဘွဲ့ကို ရရှိထားသူတစ်ဦး ဖြစ်ပါတယ်။ သူမသည် လက်ရှိတွင် Netra Software Company မှာ UI Designer အဖြစ် တာဝန်ယူလုပ်ကိုင်နေဆဲဖြစ်သလို၊ မိမိကိုယ်ပိုင် page ဖြစ်သော Shy's Space မှတစ်ဆင့်လည်း Freelance Project ပေါင်းများစွာကို တက်ကြွစွာ လုပ်ကိုင်နေသူ ဖြစ်ပါတယ်။

Graphic Design နှင့် UI/UX နယ်ပယ်တွင် လုပ်ငန်းအတွေ့အကြုံ (၂) နှစ်ကျော်ရှိပြီး၊ အရှေ့တောင်အာရှနှင့် ပြည်တွင်း Freelance Project များတွင် (၃) နှစ်ထက်မက ကျင်လည်ခဲ့သည့် အတွေ့အကြုံရင့် ကျွမ်းကျင်သူတစ်ဦးဖြစ်သောကြောင့် သင်တန်းသားများအတွက် လက်တွေ့လုပ်ငန်းခွင်အတွေ့အကြုံများကို အကောင်းဆုံး ပြန်လည်မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

လေ့လာသင်ယူလိုတယ်ဆိုရင်တော့ အောက်ပါ register form လေးကို ဖြည့်သွင်းပြီး သင်တန်းအပ်နှံနိုင်ပါပြီနော်။

Register form - https://forms.gle/kub7J4y6uj9tRn3x8

🔔Class Details 🔔

Starting Date 🔹17.10.2026
Class Date 🔹Saturday, Sunday
Time 🔹6:00 PM - 8:00 PM
Duration 🔹2 months
Fee. 🔹100,000 MMK
Teaching platform 🔹Zoom (Live Session)

One on one အတန်းများနှင့် အ‌ ခြားသော AI, IT အတန်းများကိုတက်ရောက်လိုပါကလည်း page messenger မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်နော်။



↗️ Python Class တက်ပြီးရင် ဘာတွေလုပ်လို့ရလဲ?Python ဆိုတာ Programming Language တစ်ခုဆိုတာ သိပေမယ့်...“Python သင်ပြီးရင် ဘ...
03/10/2026

↗️ Python Class တက်ပြီးရင် ဘာတွေလုပ်လို့ရလဲ?

Python ဆိုတာ Programming Language တစ်ခုဆိုတာ သိပေမယ့်...
“Python သင်ပြီးရင် ဘာအလုပ်တွေလုပ်လို့ရမှာလဲ"
“Python သင်တာက တကယ်ပဲ ရှေ့ဆက်အသုံးဝင်ပါ့မလား"
ဆိုပြီးစဉ်းစားမိနေတယ်ဆိုရင် ဒီ Post လေးက သင့်အတွက်ပါ။ 👀

Python မှာ အားသာချက်တစ်ခုရှိပါတယ်။
အဲ့ဒါက အသုံးချလို့ရတဲ့နယ်ပယ် အတော်လေးများပြားတာပါ။ ဘယ်နယ်ပယ်တွေမှာအသုံးချလို့ရလဲဆိုရင်…

1️⃣ Data Analysis 📊

Python နဲ့ Data တွေကို Clean လုပ်၊ Analyze လုပ်ပြီး Chart တွေ၊ Visualization တွေဖန်တီးနိုင်ပါတယ်။
Pandas, NumPy, Matplotlib စတဲ့ Libraries တွေကိုဆက်လေ့လာပြီး Data Analyst / Junior Data Analyst စတဲ့ Role တွေကို သွားနိုင်ပါတယ်။

2️⃣ AI & Machine Learning 🤖

Python က Machine Learning နဲ့ AI လေ့လာတဲ့အခါ အသုံးများတဲ့ Language တစ်ခုပါ။
Python အခြေခံပြီးတာနဲ့ Machine Learning, Deep Learning, Computer Vision စတာတွေကို ဆက်လေ့လာနိုင်ပါတယ်။

Career Path အနေနဲ့ Machine Learning Engineer / AI Engineer / Computer Vision Engineer စတဲ့ Position တွေကို ဆက်သွားနိုင်ပါတယ်။

3️⃣ Backend & Web Development 🌐

Website ရဲ့ နောက်ကွယ်မှာအလုပ်လုပ်‌တဲ့ Backend System တွေကိုလည်း Python နဲ့ တည်ဆောက်နိုင်ပါတယ်။
Django, Flask, FastAPI စတဲ့ Framework တွေကို ဆက်လေ့လာပြီး Web Application နဲ့ API တွေ တည်ဆောက်နိုင်ပါတယ်။

Python Developer / Backend Developer စတဲ့ Role တွေကို ဆက်သွားနိုင်ပါတယ်။

4️⃣ Automation & Scripting ⚙️

နေ့တိုင်း Excel/File တွေ တစ်ခုချင်းစီပြင်နေရတာ၊ Data တွေထပ်ခါထပ်ခါစစ်နေရတာမျိုးတွေကို Python Script တွေနဲ့ အချို့အလုပ်တွေကို Automate လုပ်နိုင်ပါတယ်။

ဒီလို Skill တွေက Developer Role တွေအပြင် Automation နဲ့ IT-related Roles တွေမှာလည်း အသုံးဝင်ပါတယ်။

5️⃣ Data Science 🔎

Data Analysis ထက်ပိုပြီး Data ကနေ Insights ရှာဖွေကာ Predictive Models တည်ဆောက်ချင်တယ်ဆိုရင် Data Science ဘက်ကိုလည်း ဆက်သွားနိုင်ပါတယ်။

Career Path အနေနဲ့ Data Scientist / Junior Data Scientist စတဲ့ Position တွေကို ရည်မှန်းနိုင်ပါတယ်။

6️⃣ ကိုယ်ပိုင် Project တွေ စလုပ်နိုင်မယ်။🛠️

Python ကို တကယ်နားလည်လာတဲ့အခါ Tutorial တွေကိုလိုက်ရေးရုံကနေ ကိုယ်တိုင် Project စဉ်းစားပြီး တည်ဆောက်တဲ့အဆင့်ကိုသွားနိုင်ပါတယ်။

ဥပမာ—
• Expense Tracker
• Data Analysis Dashboard
• Simple AI Application
• File Automation Tool
• Web Application
• Data Processing Tool လိုမျိုး ကိုယ်စိတ်ဝင်စားတဲ့ Project တွေကို စတင်လုပ်နိုင်ပါတယ်။

💡ဒါကြောင့် Python သင်တာက “Python Code ရေးတတ်ဖို့” တစ်ခုတည်းမဟုတ်ပါဘူး။

🔹Problem ကို ဘယ်လိုခွဲခြမ်းစိတ်ဖြာမလဲ၊
🔹Logic ဘယ်လိုစဉ်းစားမလဲ၊
🔹Code နဲ့ ဘယ်လိုဖြေရှင်းမလဲ၊
🔹ကိုယ်သင်ယူထားတာကို Project အဖြစ် ဘယ်လိုအသုံးချမလဲ ဆိုတဲ့ Skill တွေကို တဖြည်းဖြည်း တည်ဆောက်သွားတာပါ။

🚀 ဒါ့အပြင် Python က အသုံးချနိုင်တဲ့နယ်ပယ်များပြားတာကြောင့်…
Data ဘက်သွားချင်တာလား?
AI ဘက်လား? Web Development ဘက်လား? Automation လား? စသဖြင့် ကိုယ်သွားချင်တဲ့ Career Path ပေါ်မူတည်ပြီး Python ကို Foundation အနေနဲ့ ဆက်လက်အသုံးချနိုင်ပါတယ်။

Python ကို အခြေခံကနေစလေ့လာပြီး ကိုယ်တိုင်စဉ်းစား၊ ကိုယ်တိုင် code ရေးရင်း ကိုယ်ပိုင် project တည်ဆောက်နိုင်သည်အထိ လေ့လာချင်သူတွေအတွက် InnoVerse ရဲ့ "Python for AI & Data Science" အတန်းလည်းရှိနေပါတယ်။

အတန်းအသေးစိတ် - https://www.facebook.com/share/p/1DEyTZo5D5/





01/10/2026

📊 Data Analyst Vs Data Scientist

Data Analyst က Data ကို ခွဲခြမ်းစိတ်ဖြာပြီး Insight ရှာတယ်။
Data Scientist က Data ကိုသုံးပြီး Future ကို Predict လုပ်တယ်။ 🤖

29/09/2026

Web App ဆိုတာ ဘာလဲ ❓ဘယ်လို အလုပ် လုပ်သလဲ ❓





🌐 InnoVerse ရဲ့ 'Build & Style Website' အတန်းမှာ ဘာတွေသင်ရမလဲ?Website တစ်ခုကို ဘယ်လို စတင်တည်ဆောက်မလဲ? ဘယ်လို Design ဆွဲ...
28/09/2026

🌐 InnoVerse ရဲ့ 'Build & Style Website' အတန်းမှာ ဘာတွေသင်ရမလဲ?

Website တစ်ခုကို ဘယ်လို စတင်တည်ဆောက်မလဲ? ဘယ်လို Design ဆွဲမလဲ? ဆိုတာကနေ Website ကို Online ပေါ်တင်တဲ့အဆင့်အထိ လေ့လာချင်သူတွေအတွက် InnoVerse ရဲ့ 'Build & Style Website' အတန်းရှိနေပါတယ်။

https://www.facebook.com/share/p/1ErS4awvAp/

ဒီ Class မှာ အဓိကသင်ယူရမှာတွေက —

🔹 1. Website တွေ ဘယ်လိုအလုပ်လုပ်လဲ?

Website တစ်ခု User ရဲ့ Browser ထဲရောက်လာတဲ့အထိ ဘယ်လိုအလုပ်လုပ်သလဲဆိုတဲ့ basic concept တွေကို နားလည်အောင်လေ့လာရမယ်။

🔹 2. HTML – Website ရဲ့ Structure

Website တစ်ခုမှာ Heading, Paragraph, Image, Link, Button စတာတွေကို ဘယ်လိုထည့်ပြီး Website ရဲ့ Structure ကို တည်ဆောက်လဲဆိုတာ သင်ယူရပါမယ်။

🔹 3. Website Styling ပိုင်းအတွက် CSS

HTML နဲ့ Structure တည်ဆောက်ပြီးတဲ့အခါ Website က အနည်းငယ်ရိုးရှင်းနေမှာပါ။ ဒါကြောင့် Website ကို ပိုလှပပြီး User-friendly ဖြစ်စေဖို့
CSS နဲ့ Color, Font, Spacing, Layout စတာတွေကိုပြင်ဆင်ပြီး ကိုယ်လိုချင်တဲ့ Design ပုံစံဖော်နည်းကို ဆက်လက်လေ့လာရပါမယ်။

🔹 4. Responsive Website ဖြစ်ဖို့အတွက် Bootstrap

Device အမျိုးမျိုးမှာ အဆင်ပြေပြေအသုံးပြုနိုင်တဲ့ ‌Responsive Website တွေကို Bootstrap အသုံးပြုပြီး တည်ဆောက်နည်းကိုလည်းလေ့လာရမှာပါ။

🎁 ကိုယ်တိုင် Website တစ်ခုတည်ဆောက်တတ်ရုံနဲ့ မပြီးသေးပါဘူး။ ကိုယ်တိုင်တည်ဆောက်ထားတဲ့ Website ကို အခြားသူတွေဝင်ကြည့်နိုင်စေဖို့ Website Launch လုပ်တဲ့အဆင့်ကိုလည်း Bonus အနေနဲ့ လေ့လာရမှာဖြစ်ပါတယ်။

💡 Website တစ်ခု ဘယ်လိုဖြစ်လာသလဲဆိုတာကို Theory သီးသန့်မဟုတ်ဘဲ ကိုယ်တိုင်တည်ဆောက်ရင်းလေ့လာချင်သူတွေအတွက် အခြေခံကနေ တစ်ဆင့်ချင်းစီလေ့လာဖို့ ဒီ Class ကိုရွေးချယ်နိုင်ပါတယ်။







ပေါ့ပေါ့ပါးပါး မေးခွန်းလေးမလို့ ဖြေသွားကြပါဦးနော် 🧠❓
25/09/2026

ပေါ့ပေါ့ပါးပါး မေးခွန်းလေးမလို့ ဖြေသွားကြပါဦးနော် 🧠❓



Address

Yangon

Website

Alerts

Be the first to know and let us send you an email when InnoVerse posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share