ဖန်တီး - PHAN TEE TypeLab.

ဖန်တီး - PHAN TEE TypeLab. Myanmar Unicode Typeface Studio
🎨ဖန်တီးသူတို့အတွက် ဖန်တီး TypeLab. 🎨
Channels- https://linktr.ee/phanteetypelab

"ရန်ဂွန်းဖောင့် ကံထူးသူများ"🍀page chatbox မှာ လာရောက်ထုတ်ယူနိုင်ပါပြီ...😊👉 Join Channel: [https://t.me/phanteetypelab]"ဖ...
08/10/2026

"ရန်ဂွန်းဖောင့် ကံထူးသူများ"🍀
page chatbox မှာ လာရောက်ထုတ်ယူနိုင်ပါပြီ...😊

👉 Join Channel: [https://t.me/phanteetypelab]

"ဖန်တီးသူတိုအတွက် ဖန်တီး TypeLab."

07/10/2026

"၇၅၀၀ကျပ်"
ယနေ့ည(၉)နာရီအထိသာ
"

တွေးမိဖူးလား... "ဖောင့် ဝယ်ရတာ တကယ်ရော တန်ရဲ့လား" 🤔ဒီဇိုင်းစဆွဲခါစ အချိန်တွေတုန်းက ဒီလိုတွေးမိတတ်ကြတာ သဘာဝပါ။ "Free ရနေတ...
06/10/2026

တွေးမိဖူးလား...
"ဖောင့် ဝယ်ရတာ တကယ်ရော တန်ရဲ့လား" 🤔

ဒီဇိုင်းစဆွဲခါစ အချိန်တွေတုန်းက ဒီလိုတွေးမိတတ်ကြတာ သဘာဝပါ။
"Free ရနေတဲ့ ဖောင့်တွေ အများကြီးရှိတာပဲ၊
ဘာလို့ ပိုက်ဆံပေးဝယ်နေရဦးမလဲ" ဆိုပြီးတော့ပေါ့။
ဒါပေမဲ့ တကယ့် ပရောဂျက်ကြီးတွေ၊ Client အလုပ်တွေ
လုပ်လာရတဲ့အခါမှာတော့ Free ဖောင့်တွေရဲ့ အားနည်းချက်တွေက
စတင်ဒုက္ခပေးလာပါတော့တယ်။

စာလုံးတွေ ကွဲတာ၊ အောက်ကမြစ်တွေ လွဲနေတာ၊
စာကြောင်း အချိုးအစား မညီတာတွေကြောင့် ဖောင့်တစ်ခုကို
အချိန်တွေ အများကြီးပေးပြီး လိုက်ပြင်နေရဖူးလား?

တကယ်တော့ ၅ ထောင်၊ ၁ သောင်းဆိုတာ
"စာလုံး" လေးတွေကို ဝယ်လိုက်တာ မဟုတ်ပါဘူး။
ဒီဇိုင်နာတစ်ယောက်အတွက် အရေးအကြီးဆုံးဖြစ်တဲh
အောက်ပါ (၃) ချက်ကို ရင်းနှီးမြှုပ်နှံလိုက်တာပါ -

⏳ ၁။ အချိန် (Time Saver)
စာလုံးတွေ ကွဲလို့၊ လွဲလို့ တစ်လုံးချင်းစီ Outline ဖြည်ပြီး လိုက်ပြင်နေရတဲ့ အချိန်တွေကို ဝယ်လိုက်တာပါ။ Premium ဖောင့်တစ်ခုက ရိုက်လိုက်တာနဲ့ အချိုးအစားကျကျ သပ်ရပ်နေပြီးသားမို့ သင့်ရဲ့ Design Workflow ကို အများကြီး မြန်ဆန်သွားစေပါတယ်။

💎 ၂။ ပရော်ဖက်ရှင်နယ်ကျမှု (Professional Value)
လူတိုင်းသုံးနေတဲ့ Free ဖောင့်တွေနဲ့ မတူဘဲ၊ ကိုယ့်ရဲ့ Design က Premium ဆန်ပြီး သီးသန့် (Unique) ဖြစ်နေတဲ့အခါ Client ဆီကနေ Design ကြေး ပိုတောင်းနိုင်ပါတယ်။ ၅ ထောင်၊ ၁ သောင်းတန် ဖောင့်တစ်ခုက သင့်အတွက် သောင်းဂဏန်း၊ သိန်းဂဏန်းတန်တဲ့ ပရောဂျက်တွေကို ယူဆောင်လာပေးနိုင်ပါတယ်။

🛠️ ၃။ ရေရှည်ခံတဲ့ လက်နက် (Lifetime Asset)
ဖောင့်ဆိုတာ တစ်ခါဝယ်ထားပြီးရင် ပရောဂျက်ပေါင်း ထောင်ချီ၊ နှစ်ပေါင်းများစွာ ပြန်သုံးလို့ရတဲ့ ဒစ်ဂျစ်တယ် လက်နက်တစ်ခုပါ။ မြန်မာယူနီကုဒ်ဖောင့်တစ်ခု အမှားအယွင်းမရှိ ထွက်လာဖို့ဆိုတာ စာလုံးပေါင်း ထောင်ချီကို တစ်လုံးချင်းစီ ရေးဆွဲပြီး Software မျိုးစုံမှာ အဆင်ပြေအောင် လနဲ့ချီ အချိန်ပေး ဖန်တီးထားရတာပါ။ဒါ့အပြင်
တစ်ခါဝယ်ပြီးတာနဲ့ ဖန်တီးကပေးတဲ့ update version တွေကို "free" ထပ်ရအုံးမှာပါ။

ဒါကြောင့် ကော်ဖီ ၁ ခွက်၊ ၂ ခွက်စာလောက်ပဲရှိတဲ့ ငွေပမာဏကို မိမိရဲ့ Skill နဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံရတာဟာ "ရာခိုင်နှုန်းပြည့် တန်တဲ့ ကိစ္စ" တစ်ခုဖြစ်ပါတယ်။

💡 သင့်ရဲ့ ဒီဇိုင်းတွေကို နောက်တစ်ဆင့် (Next Level) ကို မြှင့်တင်ဖို့ အဆင်သင့်ဖြစ်ပြီဆိုရင်တော့ ဖန်တီး TypeLab ကနေ သေသပ်လှပပြီး အထာကျတဲ့ Premium ဖောင့်တွေကို ယုံကြည်စိတ်ချစွာ ရွေးချယ်နိုင်ပါပြီ။

(တစ်ခုချင်းစီ ဝယ်ရတာထက် ပိုသက်သာချင်တယ် ဆိုရင်တော့ ဖန်တီးရဲ့ Bundle တွေက အတန်ဆုံးပါပဲခင်ဗျာ 📦✨)
အခုချိန် အတန်ဆုံးကတော့ ရန်ဂွန်းဖောင့်ကို ၇၅၀၀ ကျပ်နဲ့ ရရှိအုံးမှာပါ။
*** ဒီနေ့နဲ့ မနက်ဖြန် (၂)ရက်သာကျန်****

"ဖန်တီးသူတို့အတွက် ဖန်တီး TypeLab."

"ကျွန်တော် နှင့်ဖောင့် စတင်ခြင်း"ကျွန်တော် တက္ကသိုလ် ကနေ ကျောင်းပြီးတော့COVID တွေလည်း စဖြစ်တဲ့ အချိန်အပြင်မထွက်ရတော့ ပျင...
04/10/2026

"ကျွန်တော် နှင့်ဖောင့် စတင်ခြင်း"

ကျွန်တော် တက္ကသိုလ် ကနေ ကျောင်းပြီးတော့
COVID တွေလည်း စဖြစ်တဲ့ အချိန်
အပြင်မထွက်ရတော့ ပျင်းနေတာနဲ့
digital art လေးတွေ ဆွဲနေကြတာမြင်တော့
ဆွဲတတ်ချင်တာနဲ့ MIGT မှာ Illustrator (AI) အတန်းလေး
စတက်ဖြစ်ခဲ့တယ်။ တကယ်တော့ ကိုယ်က ပုံတွေ logo တွေ ဆွဲတတ်ချင်ခဲ့တာ
ဆရာက ပုံဆွဲတာပဲ မဟုတ်ပဲ ဒီဇိုင်းအကြောင်းတွေပါ
ထည့်ထည့်ပြောသွားတော့
Photoshop နဲ့ Graphic Design တွေပါ
လေ့လာဖြစ်သွားပြီး ဒီဇိုင်နာ ပေါက်စလေး စဖြစ်လာတယ်
ဆိုပါတော့.....

အဲ့နောက်
ဒီဇိုင်းနာပေါက်စက ဘာလုပ်လဲဆို‌တော့
pageလေးထောင်ပြီး
ဒီဇိုင်းလေးတွေတင် clientစရှာပါလေရော...
အဲ့တုန်းက Branding တွေ Marketing တွေလည်းမသိ
Target Audience ဆိုတာလဲမသိ Page လေးကို
like များအောင် ဆိုပြီး သူများpage တွေ
တင်သလို လိုက်လုပ်တဲ့ အချိန်လေးပေါ့...
တစ်ရက်မှာ ကိုယ့်အခက်အခဲက ဖောင့်ရှာရမလွယ်တာ
အဲ့တာနဲ့ ငါလဲ တခြားသူတေွ အဆင်ပြေအောင်
Share ပေးအုန်းမယ်ဆိုပြီး Post တင်လိုက်တာ
ကိုဇင်ဘို က လာမန့်တယ်
ညီလေးရေး ဖောင့်တွေကို အဲ့လို Publicမှာ shareလို့မရဘူး
ဖောင့်ဖန်တီးသူတွေ ရှိတယ်ပေါ့
ကိုဇင်ဘိုတို့ပြောမှာ
ဖောင့်ဆိုတာကို စိတ်ဝင်စားလာခဲ့တာ..
အဲ့တုန်းက ကိုဇင်ဘိုတို့က
ယူနီကုတ်ဖောင့်တွေကို အားသွန်ခွန်စိုက်
လုပ်နေတဲ့အချိန်၊ "ဦးမိုး"ဖောင့်ကိုလည်း
စတင်အသုံးပြုခွင့် ရခဲ့တဲ့အချိန်လေး
အဲ့တုန်းက မှတ်မိသေးတယ်
အဲ့ဖောင့်ကို ဈေးမသတ်မှတ်ထားဘူး
ကော်ဖီဖိုးလေးတွေ စေတနာ ရှိသလောက် လွှဲလို့ရတယ်..
နောက်ပိုင်းမှာ ဖောင့်-၁မျိုးကို (၃၀၀၀,၅၀၀၀,..) စသဖြင့်
ရောင်းကြတယ်...
အဲ့တုန်းက ကိုယ်တွေကတော့
ပျော်ပြီးတော့ကို ဝယ်ခဲ့တာ...
ဘာဖြစ်လို့လဲ ဆို‌တော့ ဖောင့်တစ်ခုဖြစ်လာဖို့
မလွယ်ကူဘူးဆိုတာ စတင်သိခဲ့ရလို့...
ကိုယ့်ဆရာ ကိုမိုးဇက်ဆိုလဲ အဲ့တုန်းက
ဖောင့်ဖန်တီးတဲ့ အကြောင်းတွေ စာတေွ၊ video တွေ နဲ့
သေချာကို ရှင်းပြခဲ့တာ...
အဲ့နောက်မှာ မသိမသာ ဖောင့်ဝါသနာ(ပိုး)‌လေး ဝင်သွားခဲ့တယ်

ဒါကတော့ ကျွန်‌တော်
ဖောင့်ဆိုတာကို စတင်ထိတွေ့ခဲ့ခြင်းပဲ ဖြစ်ပါတယ်။

ဖောင့်ဆိုတာ ဝယ်ရကောင်းမှန်းလည်းမသိ
ရောင်းတယ်ဆိုတာလည်း တခါမှ မကြားဖူးတဲ့ ကျွန်တော်...
ဘာလိုလို အင်တာနက်ကနေရှာပြီး
downလို့ရတယ်ပဲ ထင်နေခဲ့မိတာ...

အဲ့နောက်မှာတော့
ဖောင့်ဝယ်ပြီး သုံးရတာကို လိပ်ပြာသန့်တယ်လို့ ခံစားမိလာတယ်...ပျော်လာတယ်...
ဘာလို့ပျော်လဲဆိုတော့ အဲ့ဖောင့်လှလှလေးနဲ့ စာရိုက်ရတဲ့ feelling ကို ကြိုက်လို့
ဖောင့်တစ်ခု(၅ထောင်/၁သောင်း)က ကိုယ့်အတွက် ကော်ဖီဖိုးသာသာဖြစ်နေပေမဲ့
တခြားတစ်ဖက်မှာ စားဝတ်နေရေးတစ်ခု ဖြစ်နေနိုင်တယ်ဆိုတာ သိခဲ့ရတယ်...

အခုက ဖောင့်ဒီဇိုင်းနာပါ လုပ်နေတော့ ပိုလို့တောင် သိနေပြီ

ကျွန်တော်တို့ လူမျိုးတွေက မေတ္တာတရားကြီးမားကြတယ်...
တခြားသူ လိုအပ်နေတာကို ဖြည့်ပေးချင် Share ပေးချင်ကြတယ်...
သို့သော်
တခြားတဖက်မှာ ဝမ်းရေးခက်သွားမှာကို မတွေးမိခဲ့ကြဘူး...
အဲ့တာကြောင့်မလို့
⚠️ကျေ‌းဇူးပြုပြီးတော့
ကျွန်တော်တို့(ဖောင့်Creator အားလုံး)ရဲ့ Paidဖောင့်တွေကို Page တွေ, Channel တွေမှာ
မShare ကြဖို့နဲ့ Shareခဲ့တယ်ဆိုရင်လည်း မလုပ်သင့်ကြောင်း
ပြေပြေလည်လည် ပြောကြဖို့
ကျွန်တော်တို့ကို Support ပေးချင်တယ် ဆိုရင်
မူရင်း ဖန်တီးသူတွေဆီ (ဝယ်ယူပေးကြဖို့)
ညွှန်းပေးကြဖို့ အထူးမေတ္တာရပ်ခံအပ်ပါသည်....
ကျေးဇူးလည်းတင်ပါတယ်...

free ဖောင့်တွေလည်း ထွက်နိုင်အောင်
ကြိုးစားပေးသွားပါ့မယ်....😊

Support မလုပ်လဲ စိတ်မဆိုးပါဘူးဗျာ...😁

အားလုံးပဲ သာယာပျော်ရွှင်သော နေ့လေးပိုင်ဆိုင်နိုင်ကြပါစေ...😊

🚀"ရန်ဂွန်းဖောင့်"လေး ထွက်ပါပြီ..(PT23_Rangoon)လက်ရေးဟန် မျှော်နေကြတဲ့သူတွေအတွက်စာလုံးပုံစံ မထူမပါး စတိုင်နဲ့"ရန်ဂွန်းဖော...
01/10/2026

🚀"ရန်ဂွန်းဖောင့်"လေး ထွက်ပါပြီ..
(PT23_Rangoon)

လက်ရေးဟန် မျှော်နေကြတဲ့သူတွေအတွက်
စာလုံးပုံစံ မထူမပါး စတိုင်နဲ့
"ရန်ဂွန်းဖောင့်"ကို ဝယ်ယူအားပေးနိုင်ပါပြီ...
ရှမ်း-ပအိုဝ်း-မြန်မာယူနီကုတ်ဖောင့်လေးဖြစ်ပါတယ်

🎁 Special Launch Promotion ရှိပါတယ်✨🤩
💥 Promotion Price - [7,500]ကျပ်🍀
⏳ Duration: (၇) ရက်အတွင်းသာ!(1 Oct-7 Oct)
💢 Normal Price:[10,000]ကျပ်

✨Font အသစ်ထွက်ရှိခြင်း အထိမ်းအမှတ်အနေနဲ့
Giveawayလေးရှိပါတယ်။😍

Giveaway မှာပါဝင်လိုပါက-
👉ယခုpostလေးကို public နဲ့ share ၊
👉Comment မှာ စကားလက်ဆောင်လေး ရေးပေးပြီး
ပါဝင်နိုင်ပါတယ်ခင်ဗျာ...
အောက်တိုဘာ(၈)ရက်နေ့ညမှာ ကံထူးရှင် (၇)ဦးကို
ကြေညာပေးသွားပါမယ်

👉 Join Channel: [https://t.me/phanteetypelab]
👉 Contact Admin:[https://t.me/phanteetype]

"ဖန်တီးသူတိုအတွက် ဖန်တီး TypeLab."

လက်ရေးစာလုံးဆိုတာ....လွယ်မလိုနဲ့ ခက်တဲ့ စာလုံးပုံစံဖြစ်တယ်။စာအုပ်ပေါ်ချရေးတော့တာ လွယ်ကူမလိုနဲ့ဒစ်ဂျစ်တယ်စာလုံးအဖြစ်ပြောင...
25/09/2026

လက်ရေးစာလုံးဆိုတာ....
လွယ်မလိုနဲ့ ခက်တဲ့ စာလုံးပုံစံဖြစ်တယ်။
စာအုပ်ပေါ်ချရေးတော့တာ လွယ်ကူမလိုနဲ့
ဒစ်ဂျစ်တယ်စာလုံးအဖြစ်ပြောင်းတဲ့အခါ
မကြုံဖူးတဲ့ အတွေ့အကြုံတွေလည်းရတယ်။
ချိန်ညှိရတဲ့အပိုင်းမှာလည်း
တခြားဖောင့်တွေထက် ပိုပြီးလက်ဝင်စေတယ်။

လက်ရေးဖောင့်မှာ စာလုံးတွေကိုလည်း
ကိုယ့်စိတ်ကူးရှိသလို
အမျိုးမျိုးကစားလို့ရတာကြောင့်
ပျော်ဖို့လဲကောင်းသလို
ဦးနှောက်လဲ ခြောက်ပါတယ်။ 😅

ဒီဖောင့်လေးမှာ English စာလုံးနဲ့ ရှမ်းစာလုံးတွေထည့်ပြီးရင်တော့ ပြီးပါပြီ....🥵

စောင့်မျှော်ပေးကြပါအုံး‌ဗျို့ 😊

#ဖန်တီး

စာလုံးလေးနဲနဲစောင်းပြီး‌ရေးလိုက်တာခါးကို ညောင်းလို 😖(ု ,ူ) တွေပါ ကိုယ်လိုချင်တဲ့ပုံစံရအောင်ပြောင်းထားတော့ စာလုံးလိုက်ညှိ...
22/09/2026

စာလုံးလေးနဲနဲစောင်းပြီး‌
ရေးလိုက်တာ
ခါးကို ညောင်းလို 😖
(ု ,ူ) တွေပါ ကိုယ်လိုချင်တဲ့ပုံစံရအောင်
ပြောင်းထားတော့ စာလုံးလိုက်ညှိရတာ
မျက်စိပါ မွဲတော့မယ် 😮‍💨

ကွန့်ချင်အုံး ဟဲ့...😏

မြန်မာစကားလုံး၊ မြန်မာဖောင့်တွေမှာEnglish ဖောင့်တွေနဲ့ မတူတဲ့ထူးခြားချက်တွေရှိတယ်English စာလုံးတွေမှာအခြေခံစာလုံးတွေဖြစ်...
20/09/2026

မြန်မာစကားလုံး၊ မြန်မာဖောင့်တွေမှာ
English ဖောင့်တွေနဲ့ မတူတဲ့
ထူးခြားချက်တွေရှိတယ်

English စာလုံးတွေမှာ
အခြေခံစာလုံးတွေဖြစ်တဲ့ (A-Z)ကို မြင်လိုက်ရတာနဲ့
ဒီဖောင့်က လှမလှ ခန့်မှန်းလို့ရနိုင်တယ်
မြန်မာစာလုံးတွေမှာ အဲ့ဒီလိုမဟုတ်ဘူး
(က-အ)ကြည့်ရုံနဲ့ ဖောင့်တစ်ခုရဲ့ ပုံစံကို
တန်းပြီးမသိနိုင် မမြင်နိုင်ဘူး

ဗျည်းနဲ့သရပေါင်းစပ်လိုက်မှသာ
ဖောင့်တစ်ခုရဲ့ ပြည့်စုံတဲ့အလှကို တွေ့မြင်နိုင်တယ်
ယ(ပင့်၊ရစ်၊ဆွဲ၊ထိုး)တွေ ပြောင်းသွားရုံနဲ့လည်း
ဖောင့်ပုံစံက နောက်တစ်မျိုးပြောင်းသွားနိုင်ပါတယ်။

ဒါကတော့
ကျွန်တော့အမြင်သက်သက်ဖြစ်ပါတယ်

အခုရေးနေတဲ့ဖောင့်ရဲ့
ဗျည်တွေကြည့်ပြီး
ကိုယ့်အမြင်လေးတွေကိုလည်း
ပြောခဲ့နိုင်ပါတယ်....😅

⚡️ ဖန်တီး FONT BUNDLES ⚡️ဖောင့်တွေကို အတန်ဆုံး ရရှိမယ့် ဖန်တီးရဲ့ "Font Bundles" လာပါပြီ..📦⚡️💥တစ်ခုချင်းစီ ဝယ်တာထက် အမျာ...
10/09/2026

⚡️ ဖန်တီး FONT BUNDLES ⚡️
ဖောင့်တွေကို အတန်ဆုံး ရရှိမယ့် ဖန်တီးရဲ့ "Font Bundles" လာပါပြီ..📦⚡️
💥တစ်ခုချင်းစီ ဝယ်တာထက် အများဆုံး(၁၅၀၀၀)အထိ သက်သာစေမှာပါ 📦🍀

🔹 ပေါ်ပြူလာ Pack ➡️ 25,000 Ks

🔹 ရွေးချယ် Pack ➡️ 45,000 Ks

🔹 တည်ငြိမ် Pack ➡️ 38,000 Ks

🔹 ခေတ်ဆန် Pack ➡️ 38,000 Ks

🔹 မာစတာ Pack (ထွက်ရှိပြီးသမျှဖောင့်အားလုံး) ➡️ CB မှာ စုံစမ်းပေးပါနော် 😊

👉Channel -https://linktr.ee/phanteetypelab
👉 Contact Admin:[https://t.me/phanteetype]

ယူနီကုတ်စနစ်ရဲ့ အားသာချက်ကတော့စာလုံးတွေကို ကိုယ်လိုချင်သလို စိတ်ကြိုက်ထားလို့ရတာပါပဲစာလုံးတွေကို ဘယ်လိုထားရင် ပိုလှမလဲ ပ...
08/09/2026

ယူနီကုတ်စနစ်ရဲ့ အားသာချက်ကတော့
စာလုံးတွေကို ကိုယ်လိုချင်သလို စိတ်ကြိုက်ထားလို့ရတာပါပဲ
စာလုံးတွေကို ဘယ်လိုထားရင် ပိုလှမလဲ
ပိုပြီးကြည့်ကောင်းပြီး
ဘယ်လိုဆို ကျစ်ကျစ်လစ်လစ်ရှိမလဲဆိုတာ
လုပ်ဆောင်နိုင်တာပါပဲ....

ဒီဇိုင်နာတွေ အတွက်ကတော့
အလုပ်ရှုပ်သက်သာစေမဲ့အပြင်
Typography အရလည်း
လှပနေစေမှာပါ...

ဒါတွေဟာ
ယူနီကုတ်ဖောင့် ဖန်တီးသူတွေရဲ့
စေတနာတွေပါပဲ...

Our Channel - https://t.me/phanteetypelab

Address

Yangon

Alerts

Be the first to know and let us send you an email when ဖန်တီး - PHAN TEE TypeLab. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share