Sar Lote Par Programming

Sar Lote Par Programming Sar Lote Par Programming will provide online training related to coding with cheaper price for Burme.

Python ဆိုတာဘာလဲ…???===============Python ဆိုတာ သက်တမ်းအနှစ် ၃၀ အထိ အသက်ရှင်နိုင်တဲ့ စပါးအုံးမြွေကြီးပဲဖြစ်ပါတယ်ငိငိ ထင်...
18/12/2024

Python ဆိုတာဘာလဲ…???
===============

Python ဆိုတာ သက်တမ်းအနှစ် ၃၀ အထိ အသက်ရှင်နိုင်တဲ့ စပါးအုံးမြွေကြီးပဲဖြစ်ပါတယ်

ငိငိ
ထင်ထားတဲ့အဖြေမဟုတ်လို့ ဒီဘဲဘာလဲဟ ဆိုပြီး တွေးလိုက်တယ်မလား …

ဟုတ်ပါတယ် Python လို့ပြောလိုက်ရင် မြွေလို့ကိုမမြင်နိုင်လောက်တဲ့ အထိ Python Programming Language က ကြီးစိုးနေတဲ့ခေတ်မှာ ကျွန်တော်တို့ရောက်ရှိနေပါတယ်။

ဘယ်လောက်တောင်ကြီးစိုးနေလဲဆိုရင် Google မှာ Python လို့ရှာရင်တောင် Welcome to Python.org ဆိုပြီး ပေါ်လာတာပါ မြွေကြီးအရင်မပေါ်လာပါဘူး…

ဆိုတော့ ဘာလို့ ဒီ Python က နာမည်ကြီးတာလဲ ထုံးစံအတိုင်း စူးစမ်းလေ့လာကြရအောင်လား။

ကျွန်တော်ထင်တဲ့ပထမဆုံးအချက်ကိုပြောရရင် Beginner တွေအတွက်အရမ်းအဆင်ပြေတာကြောင့်ပဲ။

ဘာလို့လဲဆိုတော့ Python ရဲ့ သင်ယူနိုင်မှု Level ဟာ Rating 5 stars ပဲ။

ပြောချင်တာကအရမ်းလွယ်တယ်။

ဥပမာ print(“Hello World”) တစ်ကြောင်းနဲ့ Hello World ဆိုတဲ့ String ကို Output ထုတ်ပေးနိုင်တာမျိုး…

လူကြိုက်များတဲ့ နောက်တစ်ချက်က ဒီကောင်က ပါလေရာငပိချက်…

Programmer တော်တော်များများက Python ဆိုတာနဲ့ Machine Learning / Artificial Intelligence ကို ပြေးမြင်လောက်တဲ့အထိ ML/AI အပိုင်းမှာ ဒီကောင်ပါတယ်။

Web အပိုင်းမှာဆိုရင်လည်း Django Framework ဆိုနာမည်ကြီး Flask နဲ့ Bottle လည်းချန်ထားလို့မရ…

Graphical User Interface ဆိုတဲ့ GUI အပိုင်းမှာလည်း ဒီကောင်က Tkinter ဆိုတဲ့ Library သုံးပြီး Code သုံးကြောင်းနဲ့တင် Desktop App တစ်ခုပေါ်လာအောင်လုပ်နိုင်တာကိုက အထင်ကြီးစရာပဲ…

Game Development မှာဆိုရင်လည်း Pygame ရှိသလို Unity မှာလည်း Python သုံးလို့ရသေးတယ်…

Android အပိုင်းဆိုလည်း Kivy ရှိပေမဲ့ UI အပိုင်းတော့အားနည်းတယ်ထင်မိ …

ပြောချင်တာက ဒီကောင်နာမည်ကြီးလာတယ်ဆိုတာ ပါလေရာငပိချက်ဖြစ်နေလို့ပဲ…

နောက်တစ်ချက်က Less code, More work …

ရှယ်သဘောကျတဲ့အချက်ပေါ့ List comprehension လိုမျိုး တစ်ကြောင်းတည်းနဲ့ အကုန်ရေးတာမျိုးတွေတင်မက တခြား Language တွေနဲ့ယှဉ်ရင် Code နည်းနည်းလေးနဲ့ အလုပ်ပိုပြီးတော့ Productive ဖြစ်တာတွေကြောင့်လည်းပါတယ်…

ဒါပေမဲ့ လုံးဝပြည့်စုံနေတဲ့သူတော့ဘယ်ရှိမလဲလေ…

သူ့မှာလည်းအားနည်းချက်လေးတွေရှိတယ်

Program တွေကို Execute လုပ်တဲ့အခါ နှေးတယ်…

ဘာလို့လဲဆိုတော့ ဒီကောင်က Complier အစား Interpreter ကိုသုံးတယ်။

နောက်ပြီး High-Level Programming ဖြစ်တယ်..

High-Level Programming ဆိုတာဘာလဲဆိုရင် လူတွေစဉ်းစားတဲ့ပုံနဲ့အနီးစပ်ဆုံးတူတဲ့ Code တွေဖြစ်နေတာကိုပြောချင်တာ အဲ့အတွက် Computer က အလုပ်ပိုလုပ်ရတာကြောင့် Cလိုမျိုး Lower-Level Language တွေနဲ့ယှဉ်ရင်နှေးတာ..

ပြီးတော့ Dynamically Typed Language ဖြစ်တဲ့အတွက် Statically-Typed ဖြစ်တဲ့ C, C++ or Java တွေလို ဒါကြီးက String ပါ ဒါကြီးက Boolean ပါ ဒါကြီးက Int ပါဆိုပြီး ကြေညာစရာမလိုဘူး…

ဒါကကောင်းတာပေါ့ ကျွန်တော်တို့ အများကြီးရေးစရာမလိုတော့ဘူး

သို့သော် ကျွန်တော်တို့ကောင်းပေမဲ့ ကျွန်တော်တို့ Computer က ရှယ်လောင်နေရပြီ…

ကျွန်တော်တို့အစားသူက ပိုလုပ်ပေးရတာကို…

ဒါကြောင့် Executes လုပ်တဲ့အခါ နှေးတယ်…

ဒါပေမဲ့ နိုးဘစ်ဒီး ( No Big Deal ) And ဝီဒုန့်ခဲ ( We don’t care )

ဘာလို့လဲဆိုတော့ 0.001 second နဲ့ 0.01 second နဲ့ အဲ့လောက်ကြီးကွာတာမှမဟုတ်တာ

So , Why do we need to care ?

နောက်တစ်ခု အားနည်းချက်ပဲပြောရမလား အားသာချက်ပဲပြောရမလားပေါ့ဒါကတော့ Dynamic Typing ဖြစ်နေတဲ့ Python ဟာ တူညီတဲ့ Variable တစ်ခုကို နှစ်ခါပေးမိရင် အပေါ်ကပထမဖန်တီးထားတဲ့ Variable က Auto Destroy ဖြစ်ပြီး ဒုတိယပေးထားတဲ့ဟာကို အတည်ယူတယ်…

ဒီမှာ လောင်ရတာက အပေါ်က ပေးထားတဲ့ Var name ကို မေ့ပြီး အောက်မှာ ထပ်ပေးလိုက်တဲ့အခါ Error ထတက်ပါလေရော …

သို့သော်လည်း ဒါဟာဖြစ်တောင့်ဖြစ်ခဲမို့လို့ (No Big Deal) ပါပဲ..

ဖြစ်လည်း ပြန်ရှာကြပေါ့…

အဲ့တော့ ခြုံကြည့်ရင် သင်ဟာ Beginner လား

ဒါဆို Python အရင်သင် ( ကျွန်တော့်လာမေးရင်ဘာလာမေးမေး Python သင်ပဲပြောလွှတ်နေတော့ အကျင့်ပါနေတာ ဆောတီး )

ဒီတစ်ခါတော့ စတာမဟုတ်ဘူး တကယ်… Programming ကို စလေ့လာမယ်ဆိုရင် အသင့်တော်ဆုံးက Python သင်တာပါပဲ ….

ခက်လည်းမခက်ဘူး ပျော်ဖို့လည်းကောင်းတယ် Code လေးတွေရေးရတာ ( ကျွန်တော်ဂျင်းထည့်နေကျစကား )

စတာပါစတာပါ ..

Ok ပြောချင်တာကတော့ အပေါ်မှာပြောထားတဲ့အတိုင်းပဲ

Python ကပါ​​လေရာငပိချက် ဆိုတော့ ​သင်သာ Programming language ကိုစလေ့လာတော့မယ်ဆိုရင် python ကိုသာစပီးလေ့လာလိုက်ပါလို့ အကြံပြုရင်း စာလေးကို အဆုံးသတ်လိုက်ပါတယ်ဗျာ…

Java Programming အကြောင်း သိထားသင့်သော အချက်အလက်များ-------------------------------------------------------------------J...
16/12/2024

Java Programming အကြောင်း သိထားသင့်သော အချက်အလက်များ
-------------------------------------------------------------------

Java ရဲ့ သမိုင်းကြောင်း

ပထဆုံးစတင် designချခဲ့သူမှာ James Gosling(Sun Microsystems) ဖြစ်ပါတယ်။ သူနဲ့အတူ Mike Sheridan နဲ့ Patrick Naughton ဆိုတဲ့လူနှစ်ယောက်ဖြင့် “Green Team” ဟုအဖွဲ့နာမည်ပေးကာ 1991 ခုနစ်တွင် project ကို စတင်အကောင်အထည်ဖော်ခဲ့ပါတယ်။
ပထမဆုံးပေးခဲ့သောနာမည်မှာ “Green Talk” ဖြစ်ပါတယ်။ Green Talk ကနေ “Oak” ဟုပြောင်းလဲခေါ်ဆိုခဲ့ပါသေးတယ်။ နောက်ဆုံးမှာမှ “Java” ဆိုပြီး နာမည်အတည်ဖြစ်သွားခဲ့ပါတယ်။
1995 ခုနစ်တွင် စတင်ဖြန့်ချိပြီး ယခု October 2021 မှာ java version က 17 ထိရောက်ရှိနေပါပြီ ဖြစ်ပါတယ်။
တီထွင်ရတဲ့ရည်ရွယ်ချက်က Digital Device တွေဖြစ်တဲ့ set-top boxes, televisions စတာတွေမှာသုံးဖို့ဖြစ်ပါတယ်။
ယခုအခါမှာတော့ any device, any platform မှာ ကြိုက်သလိုသုံးလို့ရအောင် ရေးလို့ရနေပြီ ဖြစ်ပါတယ်။
2009–2010 မှာတော့ Sun Microsystems ကို Oracle ကဝယ်ယူလိုက်တဲ့အတွက်ကြောင့် Java ကို လက်ရှိပိုင်ဆိုင်တဲ့သူမှာ Oracle Company ဖြစ်ပါတယ်။

Java က Open Source ဖြစ်ပါသလား?

Oracle jdk (closed source, allow for personal use)
Open jdk (open source)
Amazon Corretto (open source)
Java ရဲ့ Features များ

Object Oriented
Platform Independent
Simple
Secure
High Performance
Distributed
Robust
Portable
Architectural Neutral
Multi Threading
Object Oriented
Real World Problem တွေကို Class နဲ့ Object တွေကိုအသုံးပြုပြီး ဖြေရှင်းနိုင်တယ်။

2. Platform Independent

မည်သည့် Platform မှာမဆို အလုပ်လုပ်ပေးနိုင်တယ်။ ဒါ့ကြောင့် “Write Once, Run Anywhere” ဟူသော ဆောင်ပုဒ်ဖြင့် ကျော်ကြားပါတယ်။

3. Simple

ရေးသားပုံတွေက ရိုးရှင်းသောကြောင့် လေ့လာရလွယ်ကူပါတယ်။

4. Secure

Security နဲ့ပတ်သက်ပါက first choice အနေနဲ့ ရွေးချယ်လို့ရပါတယ်။ Virus free ဖြစ်အောင် ရေးသားလို့ရပါတယ်။ OS တွေနဲ့ ထိတွေ့မှုမရှိသလောက်နည်းပြီး ကိုယ်ပိုင် Machine ပေါ်မှာ Run သောကြောင့် secure ဖြစ်ပါတယ်။

5. High Performance

Just-In-Time compiler ကိုအသုံးပြုသောကြောင့် High Performance ကို ရရှိနိုင်ပါတယ်။ JIT compiler ဆိုသည်မှာ Run ပြီးလို့ Program စတက်တဲ့အခါမှာ compile လုပ်ပေးနိုင်ပါတယ်။

6. Distributed

Computer Networks တွေပေါ်မှာ Program တွေကို Run လို့ရပါတယ်။

7. Robust

Error တွေကို ကောင်းကောင်း ထိန်းချုပ်နိုင်တဲ့အပြင် Run Time Error လား Compiled Time Error လားပါ ခွဲခြားပေးနိုင်ပါတယ်။ Garbage Collector ကိုလဲအသုံးပြုထားလို့ Memory Management ကိုလဲ ကောင်းကောင်းထိန်းချုပ်နိုင်ပါတယ်။

8. Portable

Java Byte code တွေကို မည်သည့် platform ကိုမဆို အလွယ်တကူ သယ်ဆောင်သွားနိုင်ပါတယ်။

9. Architectural Neutral

Implementation သည် မည်သည့် အရာပေါ်မှ မှီခိုမနေပါ။

10. Multi Threading

မတူသောအလုပ်တာဝန်တွေကို တပြိုင်နက်ထဲ ချောချောမွေ့မွေ့လုပ်ဆောင်နိုင်ပါတယ်။

Java Editions

1.Java Standard Edition (Java SE)

2.Java Enterprise Edition (Java EE)

3.Java Micro Edition (Java ME)

Java Standard Edition (Java SE)
Java SE သည် အခြေခံကျပြီး Java Program တစ်ခုရေးသားနိုင်ရန် မသိမဖြစ်လေ့လာထားရမဲ့ အရာဖြစ်ပါတယ်။
Application/Software တစ်ခုရေးသားနိုင်ရန်အတွက် အခြေခံလိုအပ်သောအကြောင်းအရာများ ပါဝင်ပါတယ်။
Core Java ဟုလည်းခေါ်ဆိုပြီး libraries နဲ့ APIs တွေတော်တော်များများပါဝင်ပါတယ်။
Java SE ကိုလေ့လာပြီးရင် Desktop Application ကိုရေးသားနိုင်မှာဖြစ်ပါတယ်။
2. Java Enterprise Edition (Java EE)

Java SE ကို အခြေခံပြီး တိုးချဲ့ထားသော edition ဖြစ်ပါတယ်။
Enterprise Application တွေရေးသားဖို့အတွက် လိုအပ်သော Web Services, Security, Persistence အစရှိတာတွေပါဝင်ပါတယ်။
Java EE ကိုလေ့လာပြီးလျှင် Web Application ကိုရေးသားနိုင်မှာဖြစ်ပါတယ်။
3. Java Micro Edition (Java ME)

Embedded System တွေကို ရေးသားဖို့အတွက် ထုတ်လုပ်ထားသော edition ဖြစ်ပါတယ်။
Android/iOS တွေခေတ်မစားခင်ကနာမည်ကြီးခဲ့သော Java Phone များတွင် သုံးလို့ရမဲ့ Application များကိုလည်း Java ME ဖြင့်ရေးသားလို့ရပါတယ်။
ယခုအသုံးပြုနေသော Android Application များသည်လည်း Java SE ဖြင့်ရေးသားလို့ ရပါတယ်။
JRE, JDK, JVM

1. JRE — Java Runtime Environment

Java Program တစ်ခုကောင်းကောင်း Run နိုင်မဲ့ ပတ်ဝန်းကျင်တစ်ခုဖြစ်အောင် ထောက်ပံ့ပေးနိုင်သော Tools တွေစုထားသော softwareတစ်ခုဖြစ်ပါတယ်။

2. JDK — Java Development Kit

Java Program တစ်ခုကောင်းကောင်း Development လုပ်နိုင်မဲ့ ပတ်ဝန်းကျင်တစ်ခုဖြစ်အောင် ထောက်ပံ့ပေးနိုင်သော Tools တွေစုထားသော softwareတစ်ခုဖြစ်ပါတယ်။

3. JVM — Java Virtual Machine

Java Program တွေ Run လို့ရမဲ့ Machine ဖြစ်ပါတယ်။ JVM ကနေမှ တဆင့်သက်ဆိုင်ရာ OS များကို ညွှန်ကြားချက်များပေးပို့ပြီး စေခိုင်းနိုင်ပါတယ်။

🖍️Programming ကို လေ့လာတော့မယ်ဆိုရင်++++++++++++++++++++++++++++✅Programming languages တွေ များစွာရှိတဲ့ အထဲကမှ ယခုဖော်ပ...
10/12/2024

🖍️Programming ကို လေ့လာတော့မယ်ဆိုရင်
++++++++++++++++++++++++++++

✅Programming languages တွေ များစွာရှိတဲ့ အထဲကမှ ယခုဖော်ပြမည့် programming languages တွေက အခုမှ နည်းပညာ နယ်ပယ်ထဲကို စတင်ဝင်ရောက်မယ့် လူငယ်တိုင်းအတွက် အထောက်အကူ ဖြစ်စေမှာပါ။

👉လေ့လာသင့်တဲ့ languages တွေကတော့ Python, JavaScript, Java, C #, HTML CSS တို့ ဖြစ်ကြပါတယ်။

👉တစ်ခု ချင်းစီရဲ့ အကြောင်းအရာတွေကို အသေးစိတ် ရှင်းလင်းပြောပြသွားပါ့မယ်။

🖍️Python
-----------
✅ဒီ programming language က beginner တွေနဲ့ ရင်းနှီးလွယ်နိုင်တဲ့ language တစ်ခု ဖြစ်ပါတယ်။ Language ရဲ့ ရေးသားရပုံက အရမ်းကို ရှင်းလင်းပြီး လွယ်ကူလွန်းပါတယ်။ code တွေကို နားလည်ရ လွယ်ကူတယ် လို့ လေ့လာသူတွေကို လေ့လာချင်စိတ် ဖြစ်တည်နေအောင် စွဲဆောင်နိုင်ပါတယ်။ Syntax ရဲ့ တည်ဆောက်ပုံတွေက English စာလိုပဲ အဓိပ္ပာယ် သဘောတရားချင်း ပုံစံတူနဲ့ တည်ဆောက်ထားတာကြောင့် လွယ်လွယ်နဲ့ မမေ့နိုင်တော့သလို အသုံးပြုတဲ့ အခါမှာလည်း ကိစ္စတော်တော်များများမှာ အဆင်ပြေပြီး မှတ်သားရလည်း လွယ်ကူနေမှာ ဖြစ်ပါတယ်။

✅ဒီ programming language ကို တော့ web development, machine learning, data science စတဲ့ နယ်ပယ်ပေါင်းစုံမှာ အသုံးချနိုင်ပါတယ်။ လေ့လာဖို့အတွက်လည်း online tutorial တွေနဲ့ resources ပေါင်းများစွာ ရှိသလို video tutorial ပေါင်းများစွာလည်း ရှိတာကြောင့် မည်သူမဆို လွယ်ကူစွာ လက်လှမ်းမီနိုင်တဲ့ နည်းပညာ တစ်မျိုးလည်း ဖြစ်ပါတယ်။ဒါ့အပြင် mobile phone တွေမှာပါ လေ့လာနိုင်ပါသေးတယ်။

🖍️JavaScript
---------------
✅Web development နည်းပညာတွေထဲမှာ ဆရာကြီး တစ်ဆူဖြစ်ပြီးတော့ ဘယ်နေမှာမဆို သူမပါရင် မပြီးတဲ့ language ဖြစ်တာကြောင့် beginner တွေကို ညွှန်းညွှန်း ဆရာကြီးတွေကိုပဲ ပညာပြပြ ထည့်သွင်းပြီး ဖော်ပြဖို့ ချန်ရစ်ခဲ့လို့ မဖြစ်တဲ့ language တစ်ခု ဖြစ်ပါတယ်။

✅Web development နဲ့ ပတ်သက် ဆက်နွယ်တဲ့ နည်းပညာတွေ စိတ်ဝင်စားပြီး interactive websites နဲ့ web application တွေကို ဖန်တီးဖို့ ဝါသနာ ပါတဲ့ သူတစ်ယောက်ဆိုရင်တော့ javascript ကနေ စတင်လိုက်တာက အထိရောက်ဆုံးနဲ့ အကောင်းဆုံး စတင်မှု ဖြစ်မှာပါ။

✅User Interaction အပိုင်းဖြစ်တဲ့ front-end အပိုင်းမှာရော user data တွေကို ထိန်းချုပ်တဲ့ back-end အပိုင်းမှာပါ အသုံးပြုနိုင်ပြီးတော့ ဒီ language ရဲ့ အမျိုးအစားနဲ့ အမျိုးအမည်တွေကတော့ xiaomi ဖုန်းတွေလို အမျိုုးမျိုး ပေါ်ထွက်နေခဲ့တာ ဖြစ်ပါတယ်။ ios လိုမျိုးလည်း ecosystem က မြင့်မားပါသေးတယ်။

✅Python programming လိုမျိုးပဲ လေ့လာရတာ လွယ်ကူတဲ့ အပြင် beginner အဆင့်ကို ကျော်လွန်သွားတဲ့ အခါမှာလည်း အသုံးပြုရလွယ်ကူအောင် ကြိုတင်ဖန်တီးထားတဲ့ libraries ပေါင်း သောင်းခြောက်ထောင်ရဲ့ အရသာကို ကောင်းကောင်းကြီး စံစားရဦးမှာ ဖြစ်ပါတယ်။ နေရာတကာမှာ အကုန်လိုက်ရေးနေစရာ မလိုအပ်ပဲ အသင့် ဖြည်စားရုံပဲမို့ ဒီ language ကိုလည်း အတွေးတစ်နေရာထဲမှာ ထည့်သွင်းထားသင့်ပါတယ်။

🖍️Java
--------
✅နည်းပညာတွေထဲမှာ GOAT(Greatest of all time) နှစ်ပါးရှိမယ်ဆိုရင် java programming က javascript programming နဲ့အပြိုင် ဦးဆောင်နေတဲ့ နည်းပညာ တစ်ခု ဖြစ်ပါတယ်။ Mobile application တွေဖန်တီးတဲ့ နေရာမှာ ရှေ့ဆောင်တဲ့ နည်းပညာတစ်ခု ဖြစ်သလို enterprise software တွေကို တီထွင်ဖန်တီးတဲ့ နေရာမှာလည်း အသုံးများကြပါတယ်။

✅beginner တွေရွေးချယ်သင့်တဲ့ language တစ်ခု ဖြစ်သလို ကျွန်တော်ကိုယ်တိုင်လည်း recommend ပေးတဲ့ နည်းပညာတစ်ခု ဖြစ်ပါတယ်။ ဒီ language ကို လေ့လာဖို့အတွက် လုံလောက်တဲ့ အကြောင်းပြချက်ကတော့ Foundation ခိုင်ခံလွန်းတာပါပဲ။

✅နည်းပညာ အပြောင်းအလဲတွေ များစွာ ဖြစ်လာပေမယ့် ယနေ့အချိန်ထိ version တိုင်းကို လွယ်ကူစွာ ရယူ အသုံးပြုနိုင်နေဆဲ ဖြစ်တာမို့ လူကြိုက်များတဲ့ language တစ်ခုလည်း ဖြစ်ပါတယ်။ ဆိုလိုချင်တာကတော့ လွန်ခဲ့တဲ့ ၁၀ နှစ်က software တစ်ခု ထုတ်တယ်ဆိုပါစို့၊ ဒီ software မှာ java version တစ်မျိုးမျိုးကို သုံးထားမယ်ဆိုရင် ယနေ့ထိတိုင်လည်း အဲ့ဒီ version ကို ဆက်လက် အသုံးပြုနိုင်ဆဲ ဖြစ်နေမှာပါ။

✅Developer community လည်း ကျယ်ပြန့်သလို လေ့လာစရာ resources တွေကလည်း များပြားလွန်းတာကြောင့် beginner တွေအတွက်တော့ ရေငတ်တဲ့အချိန် ရေကန်ကြီး တစ်ကန် တွေ့လိုက်ရသလိုကို ပျော်စရာကောင်းမှာပါ။ stable လည်း ဖြစ်သလို reliability လည်း ဖြစ်တဲ့ language တစ်ခု ဖြစ်တာကြောင့် ရွေးချယ်မိရင် လုံးဝ နောင်တမရမယ့် language တစ်ခု ဖြစ်ပါတယ်။

🖍️C #
----
✅Java programming လိုပဲ general-purpose နည်းပညာတစ်ခု ဖြစ်ပါတယ်။ကိုက game development ကို ဝါသနာပါတယ်၊ စိတ်ဝင်စားတယ် ဆိုရင်တော့ C # ကို လေ့လာသင့်ပါတယ်။

✅Windows application တွေနဲ့ game development နယ်ပယ်မှာတော့ C # ကို အကောင်းမွန်ဆုံး နဲ့ အရွေးချယ်သင့်ဆုံး နည်းပညာ တစ်ခု အဖြစ် သတ်မှတ်လို့ရပါတယ်။learning resources တွေလည်း များပြားတာကြောင့် လေ့လာသင့်သလို gaming ကို စိတ်ဝင်စားတဲ့ လူငယ်တွေအတွက်လည်း စိတ်ဝင်စားဖွယ်ရာ တစ်ခု ဖြစ်စေမယ့် နည်းပညာတစ်ခု ဖြစ်ပါတယ်။ Game development နယ်ပယ်မှာ Unity game engine ကတော့ အတော်လေးကို နာမည်ကြီးပါတယ်။

🖍️HTML & CSS
----------------
✅နည်းပညာ အခေါ်အဝေါ်နဲ့ သတ်မှတ်ချက်တွေ အရတော့ HTML နဲ့ CSS ကို programming language လို့တော့ သတ်မှတ်လို့ မရပါဘူး။ ဒီနေရာမှာ ကျွန်တော်ကတော့ language တစ်ခုအနေနဲ့ပဲ ဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်။

✅ဒီနည်းပညာ နှစ်ခုကတော့ website တွေ ဖန်တီးတဲ့အခါမှာ မရှိမဖြစ်လိုအပ်တဲ့ နည်းပညာနှစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ အသုံးပြုနေတဲ့ website တွေ အားလုံးရဲ့ 99.99% က ဒီနည်းပညာ နှစ်ခုကို အသုံးပြုထားရတာ ဖြစ်ပါတယ်။ Web page(website စာမျက်နှာ) တွေ ဖန်တီးဖို့ လိုအပ်တဲ့ essential building blocks တွေ ဖြစ်ကြပါတယ်။

✅ Website တစ်ခုရဲ့ အသွင်အပြင် (style) နဲ့ တည်ဆောက်ပုံ (structure) တို့ကို သတ်မှတ်နားလည်နိုင်စွမ်းရှိတဲ့ နည်းပညာတွေပါ။ ဒီနည်းပညာနှစ်ခုကို မလေ့လာပဲ javascript လို နည်းပညာမျိုးကို စတင်လေ့လာမယ်ဆိုရင်တော့ အနည်းနဲ့ အများ အခက်တွေ့မှာပါ။ javascript နည်းပညာမပါပဲ web page တစ်ခု တည်ဆောက်လို့ရပေမယ့် html နဲ့ css မပါရှိပဲနဲ့ web page တစ်ခုတည်ဆောက်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ html css နဲ့ javascript စတဲ့ နည်းပညာတွေက တစ်ခုအပေါ် တစ်ခု အပြန်အလှန် မီခို နေကြတာကြောင့် ချန်လှပ်ထားရစ်ခဲ့လို့မရတဲ့ နည်းပညာတွေ ဖြစ်ကြပါတယ်။


06/12/2024

Programming ဆိုတာဘာလဲ?

Programming ဆိုတာ ဘာလဲ***************************Programming ဆိုတာ တိကျသောအလုပ်များကို လုပ်ဆောင်ရန် ကွန်ပြူတာများမှ နားလ...
06/12/2024

Programming ဆိုတာ ဘာလဲ
***************************

Programming ဆိုတာ တိကျသောအလုပ်များကို လုပ်ဆောင်ရန် ကွန်ပြူတာများမှ နားလည်နိုင်သော ဘာသာစကား ညွှန်ကြားချက်များ (ကုဒ်) ရေးသားခြင်းလုပ်ငန်းစဉ်ဖြစ်သည်။ ပြဿနာများကိုဖြေရှင်းရန် သို့မဟုတ် အက်ပ် app များ၊ ဝဘ်ဆိုဒ် website များ သို့မဟုတ် ဂိမ်း game များကဲ့သို့သော အရာများကို ဖန်တီးရန် အဆင့်ဆင့်သော ညွှန်ကြားချက်များပေးခြင်းနှင့် တူသည်။

Flutter ကို ဘာကြောင့်လေ့လာသင့်သလဲ?++++++++++++++++++++++++++++Flutter သည် Google မှ ဖန်တီးထားသော Cross-Platform Developm...
02/12/2024

Flutter ကို ဘာကြောင့်လေ့လာသင့်သလဲ?
++++++++++++++++++++++++++++

Flutter သည် Google မှ ဖန်တီးထားသော Cross-Platform Development အတွက် အထူးထောက်ပံ့ပေးသော UI Framework တစ်ခုဖြစ်ပြီး Mobile, Web, နှင့် Desktop Application များကို တစ်ပြိုင်တည်းတည်​ဆောက်နိုင်စေသည်။ Developer များအတွက် အချိန်တိုအတွင်း စွမ်းဆောင်ရည်မြင့်မားသည့် Application များ ဖန်တီးနိုင်စေသောကြောင့် Flutter ကို လေ့လာရန် အကြောင်းပြချက်များ အများကြီး ရှိပါတယ်။

1. Cross-Platform Development

Flutter သည် တစ်ခုတည်းသော Codebase ဖြင့် Android, iOS, Web, နှင့် Desktop Application များကို တစ်ပြိုင်နက်တည်း ဖန်တီးနိုင်သည်။

• Platform တစ်ခုချင်းစီအတွက် Code သီးသန့် မရေးရလို့ အချိန်ကုန်ခြင်းကို လျှော့ချပေးခြင်း။
• Cost-Efficiency များလာပြီး Project Development အလွယ်တကူလုပ်နိုင်ခြင်း။

2. High Demand in Job Market

Flutter သည် စျေးကွက်အတွင်း Developer များအတွက် ကြိုက်နှစ်သက်မှုများရှိနေသော Framework တစ်ခုဖြစ်ပါတယ်။
အလုပ်အကိုင်အခွင့်အလမ်းများ:
• Flutter Developer အနေဖြင့် E-commerce, Education, Healthcare, စသော အနယ်နယ်အကျယ် Project များတွင် အလုပ်ရဖို့အခွင့်အလမ်းများ ရှိပါတယ်။

3. Hot Reload နည်းလမ်း

Flutter ၏ Hot Reload ဆိုသည်မှာ Code ပြင်ဆင်လိုက်တာနဲ့ UI Update များကို ချက်ချင်း မြင်ရစေသော နည်းလမ်းဖြစ်သည်။

ဘယ်လို အကျိုးရှိသလဲ?
• Development Speed မြန်တက်စေခြင်း။
• ပြုပြင်မှုများကို အချိန်တိုအတွင်း စစ်ဆေးနိုင်ပြီး Bugs များကို မြန်မြန်ပြင်ဆင်နိုင်ခြင်း။

4. Widget-based Architecture

Flutter ၏ Widget-based Architecture ဖြင့် အလွယ်တကူ User Interface (UI) များကို လုပ်ဆောင်နိုင်သည်။

ဘာတွေ လုပ်လို့ရမလဲ?
• StatelessWidget နှင့် StatefulWidget များသုံးပြီး Customizable UI Design ဖန်တီးနိုင်သည်။
• Application User Experience (UX) ကို မြှင့်တင်နိုင်သည်။

5. Easy to Learn

Flutter သည် လွယ်ကူသော Syntax နှင့် Dart Programming Language ကို အသုံးပြုထားသောကြောင့် Programming Background မရှိသူများကိုပါ လေ့လာရလွယ်ကူစေသည်။

လေ့လာရတာ ဘာလို့လွယ်သလဲ?
• Documentation ပြည့်စုံခြင်း။
• Online Tutorial များစွာရှိသည့်အပြင် Community ကြီးလည်း ရှိခြင်း။

6. Future-proof Technology

Google မှ ထောက်ပံ့ပေးထားသောကြောင့် Flutter သည် နောက်လာမည့်နှစ်များအတွင်းလည်း အောင်မြင်မှုရှိနေခြင်း။

ဘာကြောင့် Flutter ကိုလေ့လာသင်ယူသင့်သလဲ?
• Development Tools များအသစ်ထပ်မံထွက်လာခြင်း။
• အနာဂတ် Project များအတွက် မျှော်လင့်မှုများရှိသည်။

7. Flexible for Multiple Industries

Flutter သည် အစိုးရလုပ်ငန်း၊ ပညာရေး၊ စီးပွားရေးနှင့် E-commerce စသည့် နယ်ပယ်များတွင် အသုံးပြုနိုင်သော Framework တစ်ခုဖြစ်သည်။

Flutter ကို လေ့လာခြင်း၏ အကျိုးကျေးဇူးများ
• Quick Development: Development Time ကို လျှော့ချနိုင်သည်။
• Cost Efficiency: တစ်ခုတည်းသော Codebase ဖြင့် Multiple Platforms များကို Develop လုပ်နိုင်သည်။
• Creative Freedom: UI များကို စိတ်ကြိုက် ပြင်ဆင်နိုင်သည်။
• Career Opportunities: Flutter Developer အနေနှင့် Freelance နဲ့ Full-time အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်သည်။

Flutter ကို လေ့လာခြင်းသည် နောက်ဆုံးပေါ် နည်းပညာနှင့်အတူ အခွင့်အလမ်းများကို ဖွင့်လှစ်ပေးမည့် ရေရှည်ရင်းနှီးမြှုပ်နှံမှု တစ်ခုဖြစ်ခြင်းကြောင့် Flutter ကိုလေ့လာသင့်ပါတယ်။


Flutter ဆိုတာ ဘာလဲ ?================Flutter ဆိုတာဘာလဲ သေချာမသိသေးတဲ့ Programming ကို စိတ်ဝင်စားတဲ့ လူငယ်တွေအတွက် Flutter...
30/11/2024

Flutter ဆိုတာ ဘာလဲ ?
================

Flutter ဆိုတာဘာလဲ သေချာမသိသေးတဲ့ Programming ကို စိတ်ဝင်စားတဲ့ လူငယ်တွေအတွက် Flutter နဲ့ပတ်သတ်ပြီးပြောပြပေးသွားမှာပဲဖြစ်ပါတယ်....

Flutter ဆိုတာက Google ကနေ ဖန်တီးထားတဲ့ UI Framework တစ်ခုဖြစ်ပြီး Mobile, Web, Desktop application တွေကို တစ်ချိန်တည်းမှာ Develop လုပ်နိုင်ဖို့အတွက် အထူးထောက်ပံ့ပေးထားတဲ့ framework တစ်ခုဖြစ်ပါတယ်။

Dart Programming Language ကို အသုံးပြုထားပြီး Single Codebase ဖြင့်

📌iOS,
📌Android,
📌Web, တွေနဲ့
📌Desktop App များကို

တပြိုင်နက်တည်း တည်ဆောက်လို့ရတာမျိုးဖြစ်ပါတယ် ....

Flutter ကိုသုံးရခြင်းရဲ့ အားသားချက်တွေအနေနဲ့ကတော့....
================================

💡တစ်ခုတည်းသော Codebase မှာဆိုရင် iOS နဲ့ Android တွေအတွက် သီးခြားကိုယ်ပိုင် Codebase မလိုတော့ဘဲ တစ်ခုတည်းသော Codebase နဲ့ Application တစ်ခုကို တည်ဆောက်နိုင်ခြင်းပဲဖြစ်ပါတယ်

🧨နောက်ထပ်ပြီးတော့ High Performance တွေအတွက် Flutter ရဲ့ Rendering Engine ဟာ Native App လိုမြန်ဆန်ပြီး စွမ်းဆောင်ရည်မြင့်မားပါတယ်

🧲Widget-based Architecture အနေနဲ့ကတော့ Flutter ကသူ့ရဲ့ Widget များကို အသုံးပြုပြီး User Interface ကို လွယ်လွယ်ကူကူ နဲ့Customize လုပ်နိုင်ပါတယ်

🔫Hot Reload မှာဆိုရင်လည်း Developer တွေအတွက် Code ကို ပြင်ဆင်လိုက်တာနဲ့ UI Update များကို ချက်ချင်း မြင်န်ိုင်တဲ့အတွက် Development Speed ကို မြှင့်တင်ပေးနိုင်ပါတယ်

💈ယခုလက်ရှိမှာဆိုရင် Flutter က အခမဲ့အသုံးပြုနိုင်ပြီးတော့ Community တစ်ခုအဖြစ်တိုးတက်နေပြီပဲဖြစ်ပါတယ်

Flutter ကိုဘယ်လိုအသုံးပြုကြလဲဆိုတော့ ....

Frontend Development အတွက် UI တွေ တည်ဆောက်တဲ့အခါမှာ အသုံးပြုနိုင်ပြီးတော့, Cross-Platform Development အတွက်ဆိုရင် Android, iOS, Web, နဲ့ Desktop တွေအတွက် Application တစ်ခုတည်းကို တည်ဆောက်နိုင်ပါတယ်။

Backend Integration တွေမှာဆိုရင်တော့ API နှင့် Database များကို ချိတ်ဆက်ပေးနိုင်တဲ့အပြင်,
Flutter က Mobile Application Development အတွက် အသစ်ရောက်လာတဲ့ နည်းပညာတစ်ခုဖြစ်ပြီးတော့ အချိန်တိုအတွင်းမှာ ပိုမိုကောင်းမွန်တဲ့ User Interface တွေ ဖန်တီးလိုတဲ့ Developer များအတွက် အတော်လေး သင့်လျော်တယ်လို့မြင်ပါတယ်။

Address

Yangon

Alerts

Be the first to know and let us send you an email when Sar Lote Par Programming posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share