Sein မိတၱဴ၊ ကြန္ပ်ဴတာ

Sein မိတၱဴ၊ ကြန္ပ်ဴတာ နည္းပညာမ်ား

KBZ က နေ wave ကို Quick Pay နဲ့ ထည့်လို့ရပါတယ်Wave နဲ့ ရိုးမချိတ်ထားရင် ရိုးမကဒ် နဲ့ ATM ကထုတ်လို့ရပါတယ်No Charges ပါAYA...
12/05/2021

KBZ က နေ wave ကို Quick Pay နဲ့ ထည့်လို့ရပါတယ်
Wave နဲ့ ရိုးမချိတ်ထားရင် ရိုးမကဒ် နဲ့ ATM ကထုတ်လို့ရပါတယ်
No Charges ပါ

AYA နေ တစ်ခြားဘဏ်ကို ibaking ကနေ interbank transfer နဲ့ ပြောင်းလို့ရပါတယ်
charges ရှိပါတယ်

One Pay ကို သုံးပြီးလည်း mpu ecommerce card ရှိရင် အချင်းချင်းပြောင်းလို့ရပါတယ်

CB Pay ကနေ OK Dollar ကို ထည်ပြီး One Stop Mart မှာ ၂သိန်းထုတ်လို့ရပါတယ်

CB pay က နေ kbz AYA လွှဲ လို့ ရနေပါပီ

လူတွေ ဒုက္ခများနေတာတွေ့လို့ပါ

YGN ဆိုင်တော်တော် များ များ က pay တွေ လက်ခံ ပါတယ်

Bank နဲ့ ပတ်သတ်ပီး သိ သူများ ထပ်ဖြည့် သွားကြ ပါ

ထုတ်ချင်တဲ့သူတွေ အတွက် သိတဲ့ နည်းလေး မျှဝေပေးတာပါ

PS/
ဒါက သူများတင်တာတွေ့လို့ပါ

Wave money ထုတ်မယ့်သူတွေ သမိုင်း City Martမှာ ဒီနေ့ကစပြီး money exchange ကောင်တာ ထားလိုက်ပြီ လို့ wave ရုံးမှာအလုပ်လုပ်တဲ့ သူငယ်ချင်းက လှမ်းပြောပေးလို့ သိရပါတယ်...%မပေးရလို့သိရပါတယ်...နောက်ပိုင်းမှာလည်း city mart တွေမှာ wave moneyထုတ်လို့ရမယ်လို့ပြောတယ်......ဒီညနေမေးတော့ မနက်ဖြန် ထုတ်လို့ရမယ်ပြောတယ်....
အသုံးလိုသူများ သိရအောင် ညွှန်ပါတယ်
ပြည်သူပြည်သားချင်း ငဲ့ညှာတဲ့အနေနဲ့ လိုအပ်သလောက်သာထုတ်ယူဖို့ အကြံ ပြုချင်ပါတယ်.

-----------
KBZ mbanking ထဲကနေ other bank transferနဲ့ yoma ထဲလွှဲ လို့ရပါတယ်။
-----------
City mark မှာ wave money ငွေထုတ်ဖို့နည်းလမ်း..

Wave money အကောင့်ရှိရင် yoma ထဲက ငွေကို wave acc ထဲရွှေ့ပါ။ ပြီးရင် wave acc မဖွင့်ထားတဲ့ဖုန်းကို password နဲ့လွှဲလိုက်ပါ။ IDနဲ့ password ရပြီဆိုရင် ထုတ်လို့ရပါသည်။ လူတယောက် ၂သိန်းရမယ်ကြားပါတယ်။
-----------
KBZ mbanking ထဲကငွေကို quick pay ထဲနေ wave account ထဲ အရင်ရွှေ့ပါ။ wave acc ထဲကငွေကို wave acc မဖွင့်ထားတဲ့ဖုန်းကို password နဲ့လွှဲလိုက်ပါ။ IDနဲ့ password ရပြီဆိုရင် ထုတ်လို့ရပါသည်။
-----------

https://m.facebook.com/story.php?story_fbid=1957488181093535&id=292134354295601
06/05/2021

https://m.facebook.com/story.php?story_fbid=1957488181093535&id=292134354295601

မိုဘိုင်းငွေပေးချေမှုလုပ်ငန်းအတွက် အဆိုပြုရှယ်ယာဝယ်ယူခြင်းရက်ကို ရိုးမအုပ်စု၊ တရုတ်မှ Ant Financial ဖက်စပ်တို့က တိုးမြှင့်တော့မည်မဟုတ်

စင်ကာပူ၊ မေ(၅) / The Business Times

ပြည်တွင်းမှာ Wave Money အမည်နဲ့ ငွေလွှဲလုပ်ငန်းလုပ်ကိုင်နေတဲ့ Digital Money Myanmar လီမိတက်က မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာ တယ်လီနောအုပ်စုထံမှ မိုဘိုင်းငွေပေးချေမှုလုပ်ငန်းအတွက် အဆိုပြုထားပြီးဖြစ်တဲ့ အစုရှယ်ယာဝယ်ယူုမယ့်ရက်ကို သက်တမ်းတိုးတော့မှာမဟုတ်တဲ့အကြောင်း စင်ကာပူအခြေစိုက် The Business Times သတင်းစာက ရေးသားလာပါတယ်။

Digital Money Myanmar လီမိတက်က တယ်လီနောထံကနေ (၅၁) ရာခိုင်နှုန်းတန်ကြေးရှိတဲ့ အမေရိကန်ဒေါ်လာ (၇၆.၅) သန်းကို ဝယ်ယူဖို့ မနှစ်က ထုတ်ပြန်ကြေညာထားပြီးဖြစ်ပါတယ်။

မိုဘိုင်းကနေ မြို့နယ်နေရာအစုံကို ငွေလွှဲပေးတဲ့အလုပ်ကို လုပ်ကိုင်နေတဲ့ Wave Money ကို ၂၀၁၆ ခုနှစ် နိုဝင်ဘာလက နော်ဝေးအခြေစိုက် တယ်လီနောအုပ်စု၊ ရိုးမဘဏ်၊ စင်ကာပူစတော့အိတ်ချိန်းစာရင်းဝင် ရိုးမမဟာဗျူဟာဦးပိုင်လီမိတက်-YSH နှင့် ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် ပထမမြန်မာရင်းနှီးမြှုပ်နှံမှုကုမ္ပဏီလီမိတက်-FMI တို့က ဖက်စပ်တည်ထောင်ခဲ့ခြင်းဖြစ်ပါတယ်။

ဒီလိုရပ်နားလိုက်ပေမယ့် ရိုးမဘက်က ဘာပြောထားသလဲဆိုရင် သူတို့အဖွဲ့အစည်းနှစ်ခုဟာ နောက်ထပ် အရောင်းအဝယ်နှစ်ခုအတွက် စည်မျဉ်းခွင့်ပြုချက်တွေကို ဆက်လက်ရှာဖွေသွားဖို့ မျှော်လင့်နေတယ်လို့ ပြောပါတယ်။

တစ်ခါ Wave Money ထံမှာလည်း တရုတ်နိုင်ငံက အာလီဘာဘာကုမ္ပဏီရဲ့ လက်အောက်ခံဖြစ်သလို Alipay ရဲ့ အော်ပရေတာလည်းဖြစ်တဲ့ Ant Financial Services Group (Ant Group) က အမေရိကန်ဒေါ်လာ (၇၃.၅) သန်း ရင်းနှီးမြှုပ်နှံဖို့ မနှစ်က စီစဉ်ထားတာလည်း ရှိပါတယ်။

အဲဒိအစီအမံကိုတော့ ဖက်စပ်လုပ်ကိုင်ဖို့ တရုတ် Ant Group ရယ် ရိုးမရယ် တယ်လီနောအုပ်စုနဲ့ ရိုးမဘဏ်တို့အကြား သဘောတူညီခဲ့တာဖြစ်ပြီး မြန်မာပြည်မှာရှိတဲ့ ဘဏ်နဲ့ ဝေးကွာတဲ့ လူမှုအဖွဲ့အစည်းရယ် ပြီးတော့ ဘဏ်ကို မှီခိုနေတဲ့ အဖွဲ့အစည်းတွေကို အားလုံးပါဝင်တဲ့ ဘဏ္ဍာရေးစနစ်ကို မောင်းနှင်ဖို့ ပစ်မှတ်ထားတာဖြစ်တယ်လို့ အဲဒိအဖွဲ့အစည်းတွေရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရှိရပါတယ်။

အခုလို နိုင်ငံရေးမတည်ငြိမ်သေးတဲ့ကာလမှာ အဲဒိအဖွဲ့အစည်းတွေဟာ စောင့်ကြည့်နေရုံသာဖြစ်ပြီး အခါအခွင့်သင့်လာရင်တော့ အခွင့်အလမ်းတွေကို ဆက်လက်ရှာဖွေသွားမယ်ဆိုပြီး ရိုးမဘက်က ပြောဆိုထားပြန်ပါတယ်။

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလမှာ Wave Money က ထုတ်ပြန်ထားတဲ့အချက်အလက်တွေအရ မြန်မာတစ်နိုင်ငံလုံးရဲ့ မြို့နယ်ပေါင်း (၃၀၀) ကျော်မှာ Wave Money ဆိုင်ပေါင်း (၆၅၀၀၀) အထိ တိုးတက်လာပြီး တစ်နိုင်ငံလုံးမှာ (၈၉) ရာခိုင်နှုန်းခန့်လောက် လွှမ်းခြုံထားနိုင်ပြီလို သိရှိရပါတယ်။

သတင်း - BETV Business

https://m.facebook.com/story.php?story_fbid=567009530906965&id=261767621431159
02/06/2020

https://m.facebook.com/story.php?story_fbid=567009530906965&id=261767621431159

YCDC အခွန်အခတွေကို Onepay နဲ့အဆင်ပြေလွယ်ကူစွာပေးဆောင်နိုင်ပြီဖြစ်ကြောင်း ဝမ်းမြောက်စွာ သတင်းကောင်းပါးပါရစေနော်...

လစဉ်ပေးဆောင်နေရတဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) အခွန်အခများဖြစ်တဲ့ မြေခွန်၊ မြေငှားရမ်းခခွန်၊ ပုံသေနှုန်းရေခွန်၊ သန့်ရှင်းရေးခွန် စတဲ့ အခွန်အခတွေကို Onepay နဲ့ လွယ်ကူရိုးရှင်းစွာ ပေးဆောင်လိုက်ပါ။

အချိန်ကုန်လူပင်ပန်းသက်သာစွာနဲ့ Payment တွေပြုလုပ်ဖို့ အက်ပ်တစ်ခုပဲလိုတယ်… Onepay 😊



Onepay app အားရယူရန်

📲Playstore: http://bit.ly/androidonepaydownload

📲App Store: http://bit.ly/onepaydownload

Wave money က အလိမ်များတယ်။ မသုံးပါ
02/06/2020

Wave money က အလိမ်များတယ်။ မသုံးပါ

တစ်နေ့က ကလေးမ ၁ယောက် ကျနော့ဆိုင်ကို ရောက်လာပြီး ငွေ ၅သောင်း တိတိကို wavemoney နဲ့ လွှဲခိုင်းတယ်။ လွှဲရမယ့် နံပါတ်က...

17/04/2020

👍KBZ Bank Acc နဲ့ Kpay ပဲ သုံးတယ်။

👎👎👎Wave pay အကောင့် ဖျက်လိုက်ပီ။
👎👎👎Mytel pay အကောင့် ဖျက်လိုက်ပီ။








ကိုယ်ပိုင် အကောင့်ပေမယ့် ငွေပျောက်သွားလို့...

👍Bank က pay က စိတ်ချရတယ်။

ငွေလွှဲခ ၅၀,၀၀၀ ကို ၁၀၀၀ ပေးတာ...၁၀ ခါဆို ၁၀၀၀ဝဖြစ်နေပီ။ လွှဲကြိမ်များလားရင် ....ခုချိန်က လွှဲခ သက်သက်သာနဲ့ လွှဲလို့ရတာတ...
28/11/2019

ငွေလွှဲခ ၅၀,၀၀၀ ကို ၁၀၀၀ ပေးတာ...
၁၀ ခါဆို ၁၀၀၀ဝဖြစ်နေပီ။ လွှဲကြိမ်များလားရင် ....

ခုချိန်က လွှဲခ သက်သက်သာနဲ့ လွှဲလို့ရတာတွေရှိနေပါပီ။ ကိုယ်တိုင် သိနားလည်ဖို့ပဲလိုတော့တယ်။

23/11/2019

Crd...

#ရေးတင်ပါဦးမယ် Copy ယူပြီးလည်း တင်ပေးကြပါဦး ချစ်ယောက်ဖအေးဂျင့်တွေရယ်😁😁😁

Money

#အားသာချက်

True Money ကတော့ Account ကတော့ ဖွင့်သုံးခွင့်မရှိဘူး ဒါမယ့် ထိုင်းတွေမှာလည်း True Money သုံးတယ်ဆိုတာ လူတိုင်းသိရှိကြမှာပါ။ နိုင်ငံခြားကနေ ငွေလွှဲတာကို မြန်မာနိုင်ငံကနေ ထုတ်ယူလို့ရနေပါပြီ။ မြန်မာနိုင်ငံကတော့ နိုင်ငံခြားကို ငွေလွှဲလို့ မရရှိသေးပါဘူး။ True money ကလည်း ငွေလွှဲရင် Password ကို လွှဲသူသာသိရှိရပြီး အပေါ်က Mytel pay လိုမျိုး Messenger or Viber or SMS ကနေ တဆင့်ပို့ပေးထားမှ ထုတ်ယူခွင့်ရမှာပါ။ အင်မတန်ကို ကောင်းမွန်တဲ့ Security တစ်ခုပါဘဲဗျ။

#ငေွလွှဲခနှုန်းထား

ငွေလွှဲခကို လည်း အောက်ကပုံမှာကြည့်လိုက်ပါ ၄သိန်းကနေ ၅သိန်း ထိကို လွှဲခ ၃၀၀၀ဘဲ ကျပါတယ် Wave ထက် လွှဲခ ၁၅၀၀သက်သာပါတယ်။

#တာဝန်ယူမှုတာဝန်ခံမှု

Wave Money ကတော့ လူတိုင်းသိရှိပြီးသားဖြစ်မှာပါ တာဝန်ယူမှု တာဝန်ခံမှုမရှိတာကို အမှားတစ်ခုခုဖြစ်တာနဲ့ ကိုယ်ဘဲနစ်နာဆုံးရှုံးရပါတယ်။

*******

27/07/2019

Wave account ထဲဘယ်သူမှငွေမလွှဲကျပါနဲ့နော်
Account hackခံရပြီး ရှိတဲ့ပိုက်ဆံ
90000ကျော်လည်းပါသွားပါပြီ wave ကလည်းတာဝန်ယူပြီး
မဖြေရှင်းပေးတဲ့အတွက် wave money လုံးဝမသုံးတော့ပါဘူးရှင့်
Wave ကိုလုံးဝမလွှဲပါနဲ့တော့ရှင့်

waveနဲ့ပတ်သတ်ပြီးပြသနာတက်တဲ့သူတွေအများကြီးပဲ.....

မူရင်း crd

Address

Yangon

Opening Hours

Monday 07:00 - 21:00
Tuesday 07:00 - 21:00
Wednesday 07:00 - 21:00
Thursday 07:00 - 21:00
Friday 07:00 - 21:00
Saturday 07:00 - 21:00
Sunday 07:00 - 21:00

Website

Alerts

Be the first to know and let us send you an email when Sein မိတ္တူ၊ ကွန်ပျူတာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share