Bless Kiss

Bless Kiss Sharing

22/01/2014

ပျင်းလည်း ပျင်းနေတယ် အားလည်း အားသလိုရှိနေတယ် ။ ဘာမှ သိလို့ရယ်မဟုတ်ဘူး / လိုတဲ့ Software လေးတွေ ရှိရင်ပြောပါ ။ တတ်နိုင်သလောက်ရှာပေးမယ် ။ မလိုတော့လည်း လုပ်ချင်တာ တင်ချင်တာလေးတွေပဲ တင်မှာပေါ့ :P .. AI Tutorial လေးတွေ တင်ရင်ကောင်းမားလို့တော့ တွေးနေတယ် ... :)

ထင်ပါတယ် Blog ကို ပြစ်ထားတာ ၁ နှစ်နီးပါးလောက်ရှိရောပေါ့ .. ကျွန်တော်က အရူးဆိုတော့ ရေးချင်တဲ့ စိတ် အကူအညီတောင်းတဲ့သူတွေရှ...
22/01/2014

ထင်ပါတယ် Blog ကို ပြစ်ထားတာ ၁ နှစ်နီးပါးလောက်ရှိရောပေါ့ .. ကျွန်တော်က အရူးဆိုတော့ ရေးချင်တဲ့ စိတ် အကူအညီတောင်းတဲ့သူတွေရှိမှ ကိုယ်သိချင်တာရှိမှ ရှာဖြစ်တင်ချင်စိတ်ဖြစ်တာဆိုတော့ မတင်ဖြစ်တာတွေလည်းပါတယ် ။ အဲ့တော့ ဒီနေ့ အသိ ၁ ယောက်က Window 8 မှာ 7 လို Gadget လေးထားချင်တယ်တဲ့ အထိက လူတော်တော်များများ ကြည့်ချင်တာ Meter တွေပေါ့ CPU တို့ Network တို့ ကြည့်ရတာ အဆင်ပြေတယ်လေ ။ ရိုးရိုး မပြချင်လို့ Enable လုပ်ထားတယ် ထင်လို့ ဘယ်လိုဖွင့်ရမလဲ ရှာကြည့်တော့ .. Window 8 မှာ Microsoft ကိုက ဖြုတ်ပလိုက်တာတဲ့ ။

မနေ့က We**am Finder လို App ရဲ့လုပ်ဆောင်ချက်လေးဖောထားတာ ။ ဒီနေ့တော့ ထပ်ပီးတော့ Call Locater လို App မျိုးလေး ဘယ်လိုအလုပ်...
11/07/2013

မနေ့က We**am Finder လို App ရဲ့လုပ်ဆောင်ချက်လေးဖောထားတာ ။ ဒီနေ့တော့ ထပ်ပီးတော့ Call Locater လို App မျိုးလေး ဘယ်လိုအလုပ်လုပ်လဲဆိုတာကို နားလည်သလောက်လေ့လာဖူးသလောက် တတ်နိုင်သလောက်လေး ဆက်ဖောပါမယ် ။ Call Locate ပြတယ် ဆိုတဲ့ App မျိုးဆိုတာ လူတိုင်းနီးနီး လိုချင်ကြတဲ့ App လေးမလား ။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်နဲ့ ပြောနေတဲ့ သူတစ်ယောက် ဘယ်မှာ ရှိနေမလဲ သိချင်ကြတယ် ။ ကိုယ်ဂရုစိုက်တဲ့သူဆို ပိုသိချင်ကြတာလူ့သဘာဝပဲလေ ။ အဲ့တော့ Call Locate ဆိုတာနဲ့ တော်တော်များများ သဘောကျကြတာပဲလေ ။ တကယ်တော့ ဖုန်းခေါ်လိုက်ရုံနဲ့ သိဖို့ဆိုတာက လွယ်မယောင်နဲ့ ခက်တယ်ဗျ ။ လွယ်လွယ်ကူကူ သိနိုင်ဖို့ ခက်တယ်လို့ ယေဘူရ ပြောပါရစေ။

ခုနောက်ပိုင်း Developer တွေပဲ အရမ်းကိုတော်လာတာလား ။ ရှာဖွေ မျှဝေသူတွေပဲ အရမ်းတော်လားလား ။ နည်းပညာပဲ အရမ်းမြင့်လာလား မပြေ...
11/07/2013

ခုနောက်ပိုင်း Developer တွေပဲ အရမ်းကိုတော်လာတာလား ။ ရှာဖွေ မျှဝေသူတွေပဲ အရမ်းတော်လားလား ။ နည်းပညာပဲ အရမ်းမြင့်လာလား မပြောတတ်ဘူး ။ မဖြစ်နိုင်တဲ့ အလန်းစား App တွေ အမိုက်စား App တွေ တွေ့တွေ့နေရတတ်တယ် ။ ဟို ၁ ခါကလည်း ဖုန်းထဲကို application လေးထည့်ထားတာနဲ့ we**am ဘယ်နားမှာ ရှိလည်းသိနိုင်တဲ့ application မျိုးပေါ့ ။ ဟော .. ခုလည်းတွေ့ပြန်ပါပီဗျာ ။ Call Locater တဲ့ ။ ဟို ကြေညာထဲက ပြောသလိုဆိုရင်တော့ ... သူ့အရသာက ဘယ်လိုပြောရမလဲ .. ဘယ်လိုပြောရမလဲပေါ့နော် ။ End User တွေကိုတော့ အပြစ်မပြောလိုပါဘူး ။ User ဆိုတာကတော့ သုံးချင်တယ် သုံးလို့အဆင်ပြေတယ်ဆိုသုံးကြမှာပဲလေ ။ ပြောချင်တာက မျှဝေသူတွေပါ ။ ကျွန်တော့်လို ငပေါမျိုးပေါ့ ။ အားလုံးကိုစော်ကားသလိုဖြစ်သွားဦးမယ် Sorry ဗျာ ။ အမှန်ကျွန်တော်ပြောချင်တာက ကိုယ်မျှဝေတာက ကိုယ်စမ်းသပ်ဖူးရမယ် ။ အဆင်ပြေမပြေသိရမယ် ။ ကိုယ့်မျှဝေတဲ့ အရာရဲ့ Knowledge ကိုသိရမယ် ။ လူတိုင်းမှားတတ်ကြပါတယ် ။ အမှားနဲ့မကင်းပါဘူး ကျွန်တော်ဆို မှားလိုက်တာမှ သောက်သောက်လဲ ။ ဒါပေမယ့် ကိုယ် Share လုပ်လိုက်တာ မှားနေတယ်ဆိုရင် တော်တော်စိတ်ပျက်ဖို့ကောင်းတယ်ဗျ ။ ဒါ့အပြင် သိတဲ့အတိုင်း ခုခေတ်ကြီးကလည်း ဟေလား ဟားလားနဲ့ ဟုတ်သော်ရှိ မဟုတ်သော်ရှိဖွတတ်ကြတာ ပိုဆိုးတယ်ဗျာ ။ ဖောနေတာများပီ ။ ခုနက App လေး ၂ ခုကို သိသလောက် အနည်းငယ်ရှင်းပြပါ့မယ် ။

ဒီနေ့က မိုးအရမ်းရွာတယ် နေအရမ်းပူတယ် စသဖြင့် ဘာမှပြောလို့မရတဲ့ ပုံမှန်ထက်ဘာမှ မထူးခြားတဲ့နေ့ပါပဲ ။ကျွန်တော် စာအုပ်မျက်နှာ...
11/07/2013

ဒီနေ့က မိုးအရမ်းရွာတယ် နေအရမ်းပူတယ် စသဖြင့် ဘာမှပြောလို့မရတဲ့ ပုံမှန်ထက်ဘာမှ မထူးခြားတဲ့နေ့ပါပဲ ။
ကျွန်တော် စာအုပ်မျက်နှာပေါ် လျှောက်သွားနေတုန်း အမည်းစက်လေး ၁ ခုပုံမှာ ဘာမြင်လည်းဆိုပီး မေးထားတယ် ။ ဖြေတဲ့သူက အမည်းစက်လေး မြင်တယ်ဆိုတော့ ဘေးက အဖြူရောင်တွေ ကို ဘာလို့မမြင်လဲတဲ့ ။ အဖြူကို မမြင်တဲ့သူအမှားလား ။ အနက်စက်ကို မမြင်တဲ့သူအမှားလား ။ မေးခွန်းသေချာမေးတဲ့သူအမှားလား ။ ဘယ်သူမှန်မယ်ထင်လည်း (ကျွန်တော် ၁ ယောက်ထဲ မှားနေတာဖြစ်ကောင်းဖြစ်နိုင်တယ်) ။ ဖြစ်တည်နေတဲ့ အခြေအနေ ၁ ခုမှာ ထူးဆန်းမှုကို အာရုံစိုက်ဖို့ ပိုမလိုဘူးလား ။ အားလုံးကို မြင်နိုင်စွမ်းရှိပေမယ့် အရေးကြီးတဲ့ Short Point တွေကိုပဲ လိုအပ်ကြတာမဟုတ်ဘူးလား ? ဥပမာဗျာ - မှဲ့ခပ်ကြီးကြီး မျက်နှာပေါ်မှာ ရှိတဲ့သူကို ပြပီး ဘာမြင်လည်းမေးလို့ မျက်စိမြင်ပါတယ် ပါးစပ်မြင်ပါတယ် နှာခေါင်းမြင်ပါတယ် စရှိသဖြင့်ဖြေရမှာလား ? ဘုရင့်သားခွေးကြည့်ခိုင်းတာထက်ဆိုးတယ် ဆိုတာမျိုးပြောချင်လား ။ ရပါတယ် ။ ကိစ္စမရှိပါဘူးဗျာ - မင်းခိုက်စိုးစံ ဝတ္ထု ထဲကလို အမွှေးနှုတ်ထားတဲ့ ကြက် ၁ ကောင်ယူလာပီး Charles Darwin ရဲ့ လူလို့ ပြောပေးပါ့မယ် ။

အလုပ်က သိပ်မရှိပဲ ကို ရှုပ်တတ်တယ် ။ PSD ဖိုင်တွေကို Design လုပ်ဖို့တဲ့ အထဲမှာ ပုံတွေပါတယ်တဲ့ .. အများကြီးရယ် ။ ကြည့်ဖို့...
05/07/2013

အလုပ်က သိပ်မရှိပဲ ကို ရှုပ်တတ်တယ် ။ PSD ဖိုင်တွေကို Design လုပ်ဖို့တဲ့ အထဲမှာ ပုံတွေပါတယ်တဲ့ .. အများကြီးရယ် ။ ကြည့်ဖို့က ပုံမှန်ဆို Adobe Bridge သုံးမလား ၁ ခုခုသုံးရတော့မယ် ။ အဲ့တော့ လွယ်လွယ်နဲ့ အထဲဖိုင်က ပုံကို သိချင်လာတော့ ထုံးစံအတိုင်း ရှာရဖွေရပီပေါ့ ။ Window 7 မှာတော့ လွယ်တယ် psicon.dll လေးကိုယူ ထားရမယ့်နေရာထား Register ကိုပြင်လိုက် မြင်ရကရော ။ Window 8 ကျတော့ မရဘူး ။ * ကျွန်တော် ၁ ခုခု လုပ်တဲ့အဆင့်မှားတာလည်းဖြစ်နိုင်ပါတယ် ။ အဲ့တော့ လူပိန်းနည်းဖြစ်တဲ့ Software ရှာပီပေါ့ ။

အလုပ်တွေများနေတာနဲ့ ဘာမှလည်းမတင်ဖြစ်ဘူး ။ စိတ်တွေကလည်း ညစ်နေတယ် ။ Post လေး ၁ ခုတော့ တင်ချင်လွန်းလို့ ဖျစ်ညစ်တင်လိုက်ပါတယ...
05/07/2013

အလုပ်တွေများနေတာနဲ့ ဘာမှလည်းမတင်ဖြစ်ဘူး ။ စိတ်တွေကလည်း ညစ်နေတယ် ။ Post လေး ၁ ခုတော့ တင်ချင်လွန်းလို့ ဖျစ်ညစ်တင်လိုက်ပါတယ် ။ Mp3Tag ပါ ။ Online ကနေ ပိုက်ဆံနဲ့ တန်းဝယ်ထားတဲ့ mp3 တွေ ဆိုရင် Cover pic တွေ အဆိုတော်နာမည်တွေ အစရှိသဖြင့်ပါပီးသားပါ ။ ကျွန်တော်တို့ကျတော့ ကိုယ့်ဘာသာ ချုံ့ထားတာဖြစ်ဖြစ် တခြားက ရတာပဲ ဖြစ်ဖြစ် မမှန်ဘူးဆို ပြင်ဖို့လိုလာပီ ။ ဘယ်မှာ သိသာလဲဆိုရင် ဖုန်းတွေမှာ သီချင်းကို ပါလာတဲ့ Origianl Player နဲ့ ဖွင့်ပီဆိုတာနဲ့ တချို့တွေက သူတို့ပုံတွေတင်ထားတယ် ။ အဆိုတော်နာမည်မပါတာ ။ Album Name မပါတာနဲ့ လွယ်လွယ်ကူကူ Album - Artist နဲ့ဖွင့်မရတတ်ဘူးဖြစ်တတ်ပါတယ် ။

ဒီ software လေး က virus ကြောင့် disable  ဖြစ်သွားတဲ့ Task Manager , Registry , Ms-Config , Folder Options etc..တို့ကိုြ...
26/06/2013

ဒီ software လေး က virus ကြောင့် disable ဖြစ်သွားတဲ့ Task Manager , Registry , Ms-Config , Folder Options etc..တို့ကို ပြန်ပြီး enable လုပ်ပေးတဲ့ software လေးဖြစ်ပါတယ်

Address

Yangon

Alerts

Be the first to know and let us send you an email when Bless Kiss posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share