22/08/2026
Solar energy storage system တစ်ခုမှာ Battery ကို စနစ်တကျ ရွေးချယ်တတ်ဖို့ဆိုရင် အောက်ပါ အဓိကအချက် (၅) ချက်ကို ကြည့်ရှုစစ်ဆေးရပါမယ်။
၁။ Battery Technology Type (နည်းပညာ အမျိုးအစား)
LiFePO4 Battery - သက်တမ်းရှည်ခြင်း၊ ဘေးကင်းမှု အမြင့်ဆုံးရှိခြင်း၊ အပူဒဏ်ခံနိုင်ခြင်းနဲ့ စွမ်းဆောင်ရည် မြင့်မားတာကြောင့် လက်ရှိ မီးခဏခဏပျက်သော ပတ်ဝန်းကျင်အတွက် အသင့်တော်ဆုံး ဖြစ်ပါတယ်။
၂။ Depth of Discharge - DoD (အသုံးပြုနိုင်သည့် ပမာဏ)
Battery တစ်ခုရဲ့ စွမ်းအင် ပမာဏကို ဘယ်လောက်အထိ ကုန်အောင် သုံးစွဲနိုင်လဲဆိုတဲ့ အချက်ဖြစ်ပါတယ်။
LiFePO4 Battery: DoD 80% - 90% အထိ သုံးစွဲနိုင်တာကြောင့် ပေးရတဲ့ ဈေးနှုန်းနဲ့ တန်အောင် ဘက်ထရီ စွမ်းအင်ကို အပြည့်အဝ နီးပါး ရရှိပါတယ်။
၃။ Cycle Life (အကြိမ်ရေ သက်တမ်း)
ဘက်ထရီ အားအပြည့်သွင်း/အားကုန်သုံး အကြိမ်ရေ (Cycle) ကို ကြည့်ရပါမယ်။
Lithium ( LiFePO4): Cycle 6,000+ အထိ ရရှိနိုင်တာကြောင့် ၁၀ နှစ်မှ ၁၅ နှစ် အထိ ရေရှည် အသုံးပြုနိုင်ပါတယ်။
၄။ Power & Capacity Rating (ပမာဏနှင့် စွမ်းအား)
Capacity (kWh): ဘက်ထရီထဲမှာ စွမ်းအင် ဘယ်လောက် သိုလှောင်ထားနိုင်သလဲ (ဥပမာ - 10 kWh, 16 kWh) ဆိုတာကို ကြည့်ပြီး သုံးစွဲလိုသည့်ပမာဏအလိုက် ရွေးချယ်ရပါမယ်။
Power Rating (kW): ဘက်ထရီမှ တစ်ပြိုင်နက်တည်း ထုတ်ပေးနိုင်သော စွမ်းအား ဖြစ်ပြီး Aircon သို့မဟုတ် ရေမော်တာ ကဲ့သို့ watt Load ပစ္စည်းများ မောင်းနှင်လိုပါက Power Rating မြင့်မားသော ဘက်ထရီ ဖြစ်ရပါမယ်။
၅။ Warranty & After-Sales Service (အာမခံနှင့် ပြုပြင်ထိန်းသိမ်းမှု)
အာမခံ (Warranty) ၅ နှစ်မှ ၁၀ နှစ် အထိ ပေးထားသည့် Brand များကိုသာရွေးချယ်သင့်ပါတယ်။
အရေးကြီးဆုံးအချက်မှာ အပိုပစ္စည်း ရရှိနိုင်မှုနှင့် နည်းပညာဆိုင်ရာ ဝန်ဆောင်မှု (After-Sales Service) သေချာသည့် Local Distributor / Service Center အခိုင်အမာ ရှိသော Brand မျိုးကို ရွေးချယ်ရန် လိုအပ်ပါတယ်။
𝗬𝗮𝗻𝗴𝗼𝗻 𝗦𝗵𝗼𝘄𝗿𝗼𝗼𝗺 📌
" 𝗠𝗪𝗟 𝗘𝗻𝗲𝗿𝗴𝘆 𝗦𝗼𝗹𝘂𝘁𝗶𝗼𝗻𝘀 "
Room No.G-05 ၊ Soho ဗိုလ်မြတ်ထွန်းတာဝါ ၊
ဗိုလ်မြတ်ထွန်းလမ်း အောက်ဘလောက် ၊
ဗိုလ်တထောင်မြို့နယ် ၊ ရန်ကုန်မြို့ ။
𝟬𝟵 𝟴𝟵𝟬𝟬𝟬 𝟵𝟲𝟭𝟳
𝟬𝟵 𝟴𝟵𝟬𝟬𝟬 𝟵𝟲𝟭𝟴
📍𝗚𝗼𝗼𝗴𝗹𝗲 𝗠𝗮𝗽 :
https://shorturl.at/FXPvq