ကမ္ဘာဦး CTP

ကမ္ဘာဦး CTP We started this bussiness since 2009. We are the one of the leading bussinesses in this field in Myanmar.

ကာကာတို့​ရေ သင်္ကြန်တွင်း ပုံနှိပ်လုပ်ငန်းလုပ်သူ​တွေ အဆင်​ပြေဖို့ မင်မင်တို့ ရဲ့ CTP plate ထုတ်တဲ့ service  ​လေးပုံမှန်အ...
14/04/2025

ကာကာတို့​ရေ သင်္ကြန်တွင်း ပုံနှိပ်လုပ်ငန်းလုပ်သူ​တွေ အဆင်​ပြေဖို့ မင်မင်တို့ ရဲ့ CTP plate ထုတ်တဲ့ service ​လေးပုံမှန်အတိုင်း​ပေးထား​ကြောင်း သတင်း​ကောင်းပါးလိုက်ပါတယ်........မင်္ဂလာရှိ​သော နှစ်သစ်ဖြစ်ပါ​စေ......📣📣📢

ကာကာတို့​ရေ... အခုလို အရာရာ​စျေးကြီး​နေတဲ့​ခေတ်ကြီးထဲမှာ ​ချွေ​တာ​ရေးလုပ်ဖို့အတွက် media saving အ​နေနဲ့ ပုံရိပ်ဆိုဒ် အ​သ...
18/02/2025

ကာကာတို့​ရေ... အခုလို အရာရာ​စျေးကြီး​နေတဲ့​ခေတ်ကြီးထဲမှာ ​ချွေ​တာ​ရေးလုပ်ဖို့အတွက် media saving အ​နေနဲ့ ပုံရိပ်ဆိုဒ် အ​သေး​တွေကို plate တစ်ချပ်ထဲမှာ ၂ ​ရောင်ကူးပြီး ပုံနှိပ်ကြတဲ့ ကာကာ​တွေရှိကြလား ?💰💰
အဲလို ပလိပ် ၁ချပ်ထဲ ၂ ​ရောင် ပုံကူးရိုက်ကြတာ အရင် ဖလင် ဖလက်တွဲကူးတဲ့​ခေတ်ကတည်းက ပုံနှိပ် ဆရာ​တွေ သုံးခဲ့ကြပါတယ်။ ခု CTP ​ခေတ်မှာ​ရော သုံး​နေတဲ့ ကာကာ​တွေရှိလား ???
ပုံထဲကလို ၂ ​ရောင်တွဲ​တွေ CTP plate ထုတ်ချင်ရင်​တော့ ကာကာတို့ဆီမှာ နည်းစနစ်မှန်မှန်နဲ့ ပလိတ်ထုတ်​ပေး​နေပါပြီ။...
နည်းစနစ်မှန်မှန်ဆိုတာက​တော့ ပုံနှိပ်ရင်ပါရှိရမယ့် ကာလာ​တွေအတွက် screen angle အမှန်အတိုင်း output ထွက်မှာဖြစ်တဲ့အတွက် ကာကာတို့ရဲ့ ပုံနှိပ် quality က ပုံမှန် 4C ရိုက်တဲ့အတိုင်း result ရမှာပဲဖြစ်ပါတယ်။
Design software ​ပေါ်မှာပဲ ၂ ​ရောင်(2 channels) ပုံတွဲလိုက်မယ်မလုပ်ပါနဲ့။ CTP က separation လုပ်ရင် screen angle တစ်ခုတည်းနဲ့ပဲ separation လုပ်မှာဖြစ်တဲ့အတွက် ပုံနှိပ် quality အတွက် ပြသနာဖြစ်ပါလိမ့်မယ်။...
ဒါ​ကြောင့် နည်းစနစ်မှန်မှန်နဲ့ media saving ဖြစ်​အောင် plate ထုတ်ချင်တယ်ဆိုရင်​တော့ မင်မင်တို့ရဲ့ ကမ္ဘာဦး CTP & Colour Separation မှာလာ​ရောက် plate ထုတ်နိုင်ပါ​ကြောင်း သတင်း​ကောင်းပါးလိုက်ပါတယ်။
မင်္ဂလာရှိ​သော​နေ့​လေးဖြစ်ပါ​စေ... 🙏🙏🙏

#ပုံနှိပ်လုပ်သားများ #ကမ္ဘာဦးCTP ုံနှိပ်စက်သမားများဆံစည်းရာ #ပုံနှိပ်စက်သမားများစုစည်းမှု #ပုံနှိပ် #ပုံနှိပ်နှင့်ပတ်သက်နသူများဆုံစည်းရာ

Plate Blinding နဲ့ပတ်သတ်လို့​တွေ့မိတာ​လေး​တွေ ကာကာတို့ကိုမျှ​ဝေလိုက်ပါတယ်။ Plate Blinding ဆိုတာက​တော့ ပလိတ်​ပေါ်မှာ မင်မ...
08/02/2025

Plate Blinding နဲ့ပတ်သတ်လို့​တွေ့မိတာ​လေး​တွေ ကာကာတို့ကိုမျှ​ဝေလိုက်ပါတယ်။
Plate Blinding ဆိုတာက​တော့ ပလိတ်​ပေါ်မှာ မင်မစွဲ​တဲ့ ပြသနာပါ။ ဖြစ်ခဲ​သော်လည်း ဖြစ်တတ်တဲ့သ​ဘောရှိလို့ နိုင်ငံတကာပုံနှိပ်ပညာရှင်​တွေပါ ​ဆွေး​နွေး​မေးမြန်းထားတာ​တွေကို​လေ့လာနိုင်​အောင်​ဖော်ပြလိုက်ပါတယ်။
ကိုယ်တိုင်ဖတ်ရှု​လေ့လာကြည့်ကြပါ။
✨️✨️ ကာကာတို့ရဲ့ အ​တွေ့အကြုံ​လေး​တွေရှိရင်လည်း comment မှာမျှ​ဝေခဲ့လို့ ရပါတယ်။✨️✨️
မင်္ဂလာရှိ​သော​နေ့​လေးဖြစ်ပါ​စေ။

ကာကာတို့​ရေ မင်မင်တို့ရဲ့ ​ဖေ​ဖော်ဝါရီလ လျှပ်စစ်မီးလာချိန်​လေးက​တော့ A group ဖြစ်လို့ ပုံပါအချိန်​လေး​တွေမှာမီးလာပါမယ်။ ...
01/02/2025

ကာကာတို့​ရေ မင်မင်တို့ရဲ့ ​ဖေ​ဖော်ဝါရီလ လျှပ်စစ်မီးလာချိန်​လေးက​တော့ A group ဖြစ်လို့ ပုံပါအချိန်​လေး​တွေမှာမီးလာပါမယ်။ operation ready ဖြစ်ဖို့ ကာကာတို့ရဲ့ Job (Design ) File ​လေး​တွေကြိုပို့ထားလို့ရပါတယ်။ အ​ရေးကြီး Job ​တွေအတွက်လည်း မီးစက်နဲ့ service ​ပေး​ကြောင်း သတင်း​ကောင်းပါးလိုက်ပါတယ်။📣📣
ဆက်သွယ်လို့ရမဲ့ ဖုန်းနံပတ်​လေး​တွေက​တော့

09761563827
09686135160
ဖြစ်ပြီး​တော့ viber ကဆက်သွယ်ချင်တယ်ဆိုရင်​တော့

09761563827 ( viber ) တို့ကိုဆက်သွယ်နိုင်ပါ​ကြောင်း သတင်း​ကောင်းပါးလိုက်ပါတယ်။ 📣📣

ကာကာတို့​ရေ မင်မင်တို့ရဲ့ လျှပ်စစ်မီးလာချိန်​လေးက​တော့ A group ဖြစ်လို့ ပုံပါအချိန်​လေး​တွေမှာမီးလာပါမယ်။ operation read...
28/01/2025

ကာကာတို့​ရေ မင်မင်တို့ရဲ့ လျှပ်စစ်မီးလာချိန်​လေးက​တော့ A group ဖြစ်လို့ ပုံပါအချိန်​လေး​တွေမှာမီးလာပါမယ်။ operation ready ဖြစ်ဖို့ ကာကာတို့ရဲ့ Job (Design ) File ​လေး​တွေကြိုပို့ထားလို့ရပါတယ်။ အ​ရေးကြီး Job ​တွေအတွက်လည်း မီးစက်နဲ့ service ​ပေး​ကြောင်း သတင်း​ကောင်းပါးလိုက်ပါတယ်။📣📣

ဒီ တစ်ခါ​တော့ မင်မင်က CTP မှာသုံးတဲ့ ​လေဆာ​တွေအ​ကြောင်းသိသ​လောက် sharing လုပ်ပါမယ်။CTP  ​တွေစ​ပေါ်လာပြီးကတည်းက အသုံးပြုခ...
23/01/2025

ဒီ တစ်ခါ​တော့ မင်မင်က CTP မှာသုံးတဲ့ ​လေဆာ​တွေအ​ကြောင်းသိသ​လောက် sharing လုပ်ပါမယ်။
CTP ​တွေစ​ပေါ်လာပြီးကတည်းက အသုံးပြုခဲ့တဲ့​လေဆာနည်းပညာ​တွေလည်းအမျိုးမျိုး​ပေါ်​ပေါက်ခဲ့ပါတယ်။ ​လေဆာ​တွေက​တော့ သူတို့ရဲ့ လှိုင်းအလျား wavelength (nm) ​ပေါ်မူတည်ပြီးအမျိုးမျိုးအသုံးပြုခဲ့ကြပါတယ်။ Plate ပြား​တွေကလည်း အသုံးပြုတဲ့​လေဆာ ​ပေါ်မူတည်ပြီး surface sensitivity အမျိုးမျိုးနဲ့​ပေါ်ထွက်ခဲ့ပါတယ်။
​ပေါ်ထွက်ခဲ့တဲ့​လေဆာ​တွေက​တော့….
nm colour
360-450 Ultraviolet
405-410 Violet
488 Blue
532 Green (YAG)
633-670 Red
830 Infrared- Thermal
1064 Infrared(YAG)- Thermal

တို့ဖြစ်ပြီး အချို့မှာလုံးဝ​ပျောက်ကွယ်သွားပြီဖြစ်သည်။

​ပေါ်ထွက်လာခဲ့တဲ့ ​လောဆာနည်းပညာ​တွေထဲမှာ​တော့ လက်ရှိ lithography offset plate အတွက် အသုံးများတာက​တော့ Infrared Thermal laser (830 nm) နဲ့ Violet laser (405 nm) တို့ပဲဖြစ်ပါတယ်။ လက်ရှိမှာ​တော့ အခြား​လေဆာ အမျိုးအစားများကိုလည်းစမ်းသပ်ထုတ်​နေဆဲပဲဖြစ်ပါတယ်။
​လေဆာ​တွေက wavelength အ​ပေါ်မှာတင်မဟုတ်ပဲ သူတို့တည်​ဆောက်ထားတဲ့ ဒီဇိုင်း​ပေါ်မှာမူတည်ပြီး​တော့လည်း ကွဲပြားခြားနားတာ​တွေရှိပါတယ်။

တစ်ချို့​လေဆာ​တွေက လုပ်ငန်းလုပ်​ဆောင်ဖို့ warming up လုပ်ဖို့လိုပြီး စက်ဖွင့်ထားတဲ့အချိန်တိုင်းက laser output မလုပ်လဲ laser အသုံးပြု​နေသလိုပဲလို့ဆိုပါတယ်။ CTP စက်​တွေမှာအကြမ်းဖျဥ်းအားဖြင့် ​လေဆာ​တွေရဲ့သက်တမ်းက နာရီ ၈၀၀၀ ၊ ၁၀၀၀၀ ရှိတယ်လို့ဆိုပါတယ်။

ဒီ​နေ့​တော့ မင်မင်က ယခင် post မှာ​ပြောခဲ့တဲ့ ဖွဲ့စည်းတည်​ဆောက်ပုံအရ (၃)မျိုးကွဲပြားတဲ့ CTP type ​တွေအ​ကြောင်းသိသ​လောက် မ...
27/07/2024

ဒီ​နေ့​တော့ မင်မင်က ယခင် post မှာ​ပြောခဲ့တဲ့ ဖွဲ့စည်းတည်​ဆောက်ပုံအရ (၃)မျိုးကွဲပြားတဲ့ CTP type ​တွေအ​ကြောင်းသိသ​လောက် မျှ​ဝေ​မှာဖြစ်ပါတယ်။

(၁) Flatbed CTP

ဒီ CTP အမျိုးအစားက​တော့ အမည်နဲ့လိုက်​အောင်ပဲ plate ပြားကိုပုံ​ဖော်တဲ့​နေရာမှာ ပလိပ်ပြား အပြန့်လိုက်အ​နေအထားအတိုင်း မလှုပ်​အောင် ​အောက်ဘက်က​နေ ​လေနဲ့စုပ်ထားပြီး ပလိပ်မျက်နှာပြင်​ပေါ်ကို light source (သို့မဟုတ်) laser နဲ့ပုံ​ဖော်​ပေးတဲ့နည်းစနစ်ကို အသုံးပြုပါတယ်။
မင်မင်တို့ ယခင်​လေ့လာခဲ့စဥ်တုန်းက​တော့ Flatbed CTP ​တွေက LPI 250 ​လောက်ထိသာ ထုတ်လုပ်နိုင်တာကို​လေ့လာခဲ့ရတယ်။ ဒါ​ပေမဲ့ ​နောက်ပိုင်း laser နည်းပညာ​တွေကပို​ကောင်းလာ​​တော့ ပို​ကောင်းတဲ့ ရလဒ်ရှိတဲ့ CTP ​တွေလည်းထွက်​နေ​လောက်ပါတယ်။

( ၂ ) Internal Drum CTP

ဒီ CTP အမျိုးအစားက​တော့ ယခင် ဖလင်ထုတ်တဲ့ Imagesetter ​(CTF)တွေရဲ့ Design အ​ပေါ်မှာ အ​ခြေခံတည်​ဆောက်ထားတယ်လို့ယူဆရပါတယ်။ ဒီ CTP မှာ​တော့ plate ပြားကို Drum ရဲ့အတွင်းဘက်မှပတ်၍ ​လေစုပ် Feed လုပ်ထားပြီး Drum အတွင်းဘက် ဝင်ရိုး (axis ) တ​လျှောက် ​လေဆာနဲ့ ပုံ​ဖော်တဲ့နည်းပညာကိုအသုံးပြုထားပါတယ်။
ယခင်က single laser (သို့မဟုတ်) dual laser စသည်ဖြင့်အသုံးပြုပြီး ၎င်း ​လေဆာမှထွက်တဲ့ light source ကို spinning mirror ​တွေကတဆင့် ပလိပ်ပြား​ပေါ်ကိုပုံ​ဖော်တာဖြစ်ပါတယ်။ ဒီနည်းပညာအမျိုးအစားက​တော့ ပြုပြင်ထိန်းသိမ်းစရိတ် (Maintenance Cost )မြင့်တယ်လို့​လေ့လာမိပါတယ်။ ယခု ​နောက်ပိုင်းမှာ​တော့ Internal Drum System ​တွေမှာ ​​လေဆာ​တွေကို Multi laser beam စနစ်​တွေနဲ့တည်​ဆောက်အသုံးပြုလာလို့ ယခင်ကထက်ပိုမို​ကောင်းမွန်လာပြီဖြစ်ပါတယ်။

(၃) External Drum CTP

ဒီ External Drum အမျိုးအစားမှာ​တော့ plate ပြားကို Drum ရဲ့အပြင်ဘက်မှာ ပတ်ပြီး plate clamp, vacuum pressure စတာ​တွေနဲ့ plate ပြားကို Fixed လုပ်ထားပြီး plate နှင့် Drum အတူတကွလည်ပတ်​နေစဥ်မှာ Drum ရဲ့ အပြင်ဘက်မှ​နေ၍ Drum နှင့်အပြိုင် Laser က ပုံရိပ်လိုက်​ဖော်​ပေးတာဖြစ်ပါတယ်။
External Drum စနစ်ရဲ့အားသာချက်က​တော့ laser အ​ရေအတွက်များများနဲ့ laser module များများကို upgrade လုပ်ဖို့လွယ်ကူခြင်းဖြစ်ပါတယ်။ ဒါ​ကြောင့် ဒီ CTP အမျိုးအစား​တွေမှာဆိုရင် laser channel ပါဝင်တဲ့အ​ရေအတွက်​ပေါ်မူတည်ပြီး ၁ နာရီ plate အထွက်နှုန်းလည်းကွာခြားသွားနိုင်ပါတယ်။

ဒါ​ကြောင့် CTP ကို​ရွေးချယ်​တော့မယ်ဆိုရင် မိမိနဲ့ပိုအဆင်​ပြေတာကဘာလဲဆိုတာကို​ရွေးချယ်နိုင်ဖို့ မင်မင် သိသ​လောက် knowledge sharing လုပ်လိုက်ပါတယ်။
📣📣 ဘာကို​ရွေးချယ်ရမယ်မဆုံးဖြတ်တတ်ဘူးဆိုရင်​တော့ မင်မင် တို့ဆီမှာပဲ plate လာထုတ်ဖို့ ချစ် ကာကာတို့ကို ဖိတ်​ခေါ်လိုက်ပါတယ်😍 📣📣

#ကမ္ဘာဦးCTP #ပုံနှိပ်လုပ်သားများ #ပုံနှိပ်

ဒီ​နေ့​တော့ မင်မင်က ပုံနှိပ်လုပ်ငန်း​တွေရဲ့ Pre Press လုပ်ငန်းစဥ်​တွေမှာ Digital to Digital အရည်အ​သွေးရဖို့အတွက် တိုးတက်...
23/07/2024

ဒီ​နေ့​တော့ မင်မင်က ပုံနှိပ်လုပ်ငန်း​တွေရဲ့ Pre Press လုပ်ငန်းစဥ်​တွေမှာ Digital to Digital အရည်အ​သွေးရဖို့အတွက် တိုးတက်​ပြောင်းလဲတီထွင်သုံးစွဲလာကြပြီဖြစ်တဲ့ CTP ( Computer to Plate ) စက်​နဲ့ပတ်သက်တာ​လေးကိုမျှ​ဝေမှာဖြစ်ပါတယ်။

ယ​နေ့​ခေတ် မင်မင်တို့ သုံးစွဲ​နေတဲ့ CTP ( Computer to Plate ) စက်​တွေကို ဖွဲ့စည်းတည်​ဆောက်မှု​ပေါ်မူတည်ပြီး အမျိုးအစား (၃) မျိုးခွဲခြားကွဲပြားပုံကို ​ပြောပြမှာဖြစ်ပါတယ်။

အဲဒါ​တွေက​တော့.....
(1) Flatbed CTP
(2) Internal Drum CTP
(3) External Drum CTP တို့ပဲဖြစ်ပါတယ်

အ​ပေါ်က (၃)မျိုးနဲ့ပတ်သက်ပြီး သိသ​လောက်ကို​တော့ မင်မင့်ရဲ့ ​နောက် post မှာထပ်​မျှ​ဝေမှာဖြစ်လို့ ​စောင့်​မျှော် ဖတ်ရှုကြပါလို့.....📢📢

#ကမ္ဘာဦးCTP #ပုံနှိပ်လုပ်သားများ

ကမ္ဘာဦး  CTP ပြန်ဖွင့်​နေပြီဖြစ်​ကြောင်း ချစ် ကာကာတို့ကို သတင်း​ကောင်းပါးလိုက်ပါတယ် 📣📣
22/07/2024

ကမ္ဘာဦး CTP ပြန်ဖွင့်​နေပြီဖြစ်​ကြောင်း ချစ် ကာကာတို့ကို သတင်း​ကောင်းပါးလိုက်ပါတယ် 📣📣

Address

အမှတ်(၈၈/၉၆)၊ ၄၈ လမ်း အလယ်ဘလောက်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။
Yangon

Alerts

Be the first to know and let us send you an email when ကမ္ဘာဦး CTP posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share