08/05/2026
ကြက်ခြေထောက်ဂျူးမြစ်မာလာ ဆိုတာ စားလိုက်တာနဲ့ အရသာတွေ ပေါက်ကွဲထွက်လာသလို ခံစားရစေတဲ့ အရမ်းဆွဲဆောင်မှုရှိတဲ့ ဟင်းတစ်ပွဲဆိုရင် မမှားပါဘူးခင်ဗျာ။
ပူပူနွေးနွေး မာလာရည်ထဲမှာ ကြက်ခြေထောက်နူးနူးလေးတွေကို ချက်ထားပြီး၊ ဂျူးမြစ်ရဲ့ မွှေးမွှေးလေးနဲ့ ပေါင်းစပ်ထားတာက မခံနိုင်အောင် ဆွဲဆောင်မှုတမျိုးပေါ့ဗျား။ မာလာရဲ့ ထုံထုံစပ်စပ် အရသာ၊ အနည်းငယ် မျက်ရည်ထွက်စေမယ့် စပ်မှု၊ နှုတ်ခမ်းပေါ်မှာ တစ်ချက်လောက် တုန်တုန်ဖြစ်စေတဲ့ မာလာထူးခြားတဲ့ sensation—အကုန်လုံး ပေါင်းစပ်ပြီး တစ်ခါစားလိုက်ရင် ထပ်စားချင်လာတာမျိုးနော်။
ကြက်ခြေထောက်က နူးညံ့ပြီး အသားထက်ထက်မရှိပေမယ့် လက်နဲ့ကိုင်ပြီး စုပ်စားပီးအရိုးတဂျွတ်ဂျွတ်ဝါးရတဲ့ အရသာက တကယ်ကို အရသာရှိလွန်းတယ်။ ဂျူးမြစ်လေးတွေကလည်း ချိုချိုမြိန်မြိန်နဲ့ အနံ့မွှေးပြီး မာလာရည်နဲ့ တွဲဖက်လိုက်တာနဲ့ အရသာကို ပိုပြီး လှပစေပါတယ်။
ပူပူနွေးနွေး စားရင် အရမ်းကောင်းပြီး၊ မိတ်ဆွေတွေနဲ့ အတူ စကားပြောရင်း
စားရင်း အရသာပိုတက်သလို ခံစားရစေမယ့် ဟင်းတစ်ပွဲပါ။ စားပြီးတိုင်း “နောက်တစ်ပွဲ ထပ်စားမလား?” လို့ မေးချင်လာအောင် ဆွဲဆောင်မှုအပြည့်နဲ့ဆိုတာ ယုံမှားစရာကိုမရှိဘူးပေါ့ဗျား...
#ကြက်ခြေထောက်ဂျူးမြစ်မာလာ