Compumatics Myanmar IOT & GPS Solutions

Compumatics Myanmar IOT & GPS Solutions Innovative Fleet Management by Compumatics — Myanmar’s trusted telematics leader.

⚡ မီးစက်ရဲ့ အရေးကြီးတဲ့ သတိပေးချက်တွေကို ဘယ်တော့မှ လက်လွတ်မခံပါနဲ့တော့။ ⚡နေရာအနှံ့အပြားမှာရှိတဲ့ မီးစက် (Generator) တွေက...
29/05/2026

⚡ မီးစက်ရဲ့ အရေးကြီးတဲ့ သတိပေးချက်တွေကို ဘယ်တော့မှ လက်လွတ်မခံပါနဲ့တော့။ ⚡

နေရာအနှံ့အပြားမှာရှိတဲ့ မီးစက် (Generator) တွေကို စီမံခန့်ခွဲရတာ လက်ဝင်ပြီး ခက်ခဲနေပါသလား။ မမျှော်လင့်ဘဲ မီးစက်ချို့ယွင်းတာ၊ ဒီဇယ်ဆီ ခိုးယူခံရတာနဲ့ လုပ်ငန်းခွင်အတွင်း မီးစက်ရုတ်တရက် ရပ်တန့်သွားတာတွေဟာ သင့်လုပ်ငန်းလည်ပတ်မှုကို ထိခိုက်စေပြီး ကုန်ကျစရိတ်တွေကို ပိုမိုမြင့်တက်စေနိုင်ပါတယ်။

ယခု Compumatics Remote Genset Monitoring စနစ်နဲ့ဆိုရင်တော့ သင့်ရဲ့ မီးစက်တွေကို ဘယ်နေရာ၊ ဘယ်အချိန်ကပဲဖြစ်ဖြစ် စက္ကန့်မလပ် စောင့်ကြည့်စစ်ဆေးပြီး စိတ်ကြိုက် ထိန်းချုပ်မောင်းနှင်နိုင်ပြီ ဖြစ်ပါတယ်။

ကျွန်ုပ်တို့ စနစ်ရဲ့ ထူးခြားချက်များ
✅ Real-time Monitoring: မီးစက်၏ လက်ရှိအခြေအနေကို အချိန်နဲ့တပြေးညီ စောင့်ကြည့်နိုင်ခြင်း
✅ Instant Alerts: SMS နှင့် Mobile App တို့မှတစ်ဆင့် အရေးပေါ် သတိပေးချက်များကို ချက်ချင်းလက်ခံရရှိခြင်း
✅ Fuel & Theft Detection: ဆီပမာဏကို အတိအကျသိရှိနိုင်ပြီး ဆီခိုးယူခံရပါက ချက်ချင်း အချက်ပေးခြင်း
✅ Performance Analytics: အင်ဂျင်စွမ်းဆောင်ရည်နှင့် မောင်းနှင်ချိန် (Runtime) မှတ်တမ်းများကို ဆန်းစစ်နိုင်ခြင်း
✅ Preventive Maintenance: ကြိုတင်ပြင်ဆင် ထိန်းသိမ်းမှုပြုလုပ်ရန် အချိန်ဇယား စနစ်တကျ သတ်မှတ်နိုင်ခြင်း
✅ Remote Start/Stop: အဝေးမှနေ၍ မီးစက်ကို စတင်နှိုးခြင်း/ပိတ်ခြင်း ပြုလုပ်နိုင်ခြင်း*
✅ Easy Access: Website နှင့် Mobile Phone တို့မှတစ်ဆင့် ဘယ်နေရာကမဆို လွယ်ကူစွာ ဝင်ရောက်အသုံးပြုနိုင်ခြင်း

သင်ဟာ ဆက်သွယ်ရေး Mobile Tower တိုင်များ၊ Industrial စက်ရုံများ၊ Shopping Centre များ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၊ ဘဏ်များ၊ Data Centre များနှင့် ဝေးလံသော Remote လုပ်ငန်းခွင်များကို စီမံခန့်ခွဲနေရသူဆိုရင် ကျွန်ုပ်တို့ရဲ့ နည်းပညာစနစ်က မီးစက်များကို အချိန်ပြည့် အဆင်ပြေပြေ လည်ပတ်နိုင်စေပြီး လုပ်ငန်းလည်ပတ်မှုစရိတ် (Operational Costs) တွေကို သိသိသာသာ လျှော့ချပေးမှာ ဖြစ်ပါတယ်။

📊 အမြဲချိတ်ဆက်ထားပါ။ အပြည့်အဝ ထိန်းချုပ်ပါ။

📞 Free Demonstration ကြည့်ရှုနိုင်ဖို့ ယနေ့ပဲ ကျွန်ုပ်တို့ထံ ဆက်သွယ်လိုက်ပါ။

🌐 www.compumatics.net
📧 [email protected]
📱 (+959) 880582229

"နှစ်သစ်ကူးဆုတောင်း"မြန်မာတို့ရဲ့ မင်္ဂလာရှိသော နှစ်သစ်ကူး အချိန်အခါသမယတွင် စိတ်ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့...
13/04/2026

"နှစ်သစ်ကူးဆုတောင်း"
မြန်မာတို့ရဲ့ မင်္ဂလာရှိသော နှစ်သစ်ကူး အချိန်အခါသမယတွင် စိတ်ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့်ပြည့်စုံပြီး ရောဂါဘယကင်းဝေးပြီး ကျန်းမာပျော်ရွှင်ပါစေကြောင်း Compumatics Technology Limitedမှ ဆုမွန်ကောင်းများ တောင်းအပ်ပါသည်။

Smart Fuel Monitoring ဖြင့် လုပ်ငန်းကို တိုးတက်အောင်လုပ်ပါဒီနေ့ခေတ် လုပ်ငန်းများအတွက် လောင်စာ (fuel) ဟာ အကြီးဆုံးကုန်ကျစ...
23/03/2026

Smart Fuel Monitoring ဖြင့် လုပ်ငန်းကို တိုးတက်အောင်လုပ်ပါ

ဒီနေ့ခေတ် လုပ်ငန်းများအတွက် လောင်စာ (fuel) ဟာ အကြီးဆုံးကုန်ကျစရိတ်တွေထဲက တစ်ခုပါ။ ဒါပေမယ့် အများစုက manual tracking သို့မဟုတ် ခန့်မှန်းမှုတွေပဲ အသုံးပြုနေဆဲဖြစ်လို့ အလဟဿကုန်ဆုံးမှု၊ မထိရောက်မှုနဲ့ တချို့အခါ ခိုးယူမှုတွေပါ ဖြစ်နိုင်ပါတယ်။

💡 ဒီပြဿနာတွေကို ဖြေရှင်းဖို့ Smart Fuel Monitoring System တွေ လိုအပ်လာပါတယ်။

Compumatics လို IoT အခြေပြု စနစ်တွေကို အသုံးပြုမယ်ဆိုရင် ယာဉ်တွေ၊ generator တွေနဲ့ fuel storage တွေကို real-time monitoring လုပ်နိုင်ပြီး dashboard တစ်ခုတည်းကနေ အားလုံးကို ကြည့်ရှုနိုင်ပါတယ်။

✅ Real-time Monitoring
Fuel level, consumption နဲ့ refuelling activity တွေကို အချိန်နဲ့တပြေးညီ ကြည့်နိုင်ပါတယ်

🚨 ခိုးယူမှုကို ချက်ချင်း သိနိုင်ခြင်း
Fuel level မမှန်တာတွေ၊ ခိုးယူမှုတွေ ဖြစ်ရင် alert ချက်ချင်း ရရှိနိုင်ပါတယ်

📊 Data ဖြင့် ဆုံးဖြတ်ချက်ချနိုင်ခြင်း
Fuel usage trend တွေကို analyse လုပ်ပြီး efficiency တိုးတက်စေပါတယ်

🌍 နေရာမရွေး အသုံးပြုနိုင်ခြင်း
မြို့တွင်း fleet တွေကနေ remote mining site တွေအထိ အသုံးပြုနိုင်ပါတယ်

📈 လုပ်ငန်းအပေါ် အကျိုးသက်ရောက်မှု

Fuel monitoring system အသုံးပြုတဲ့ လုပ်ငန်းတွေက—
• Fuel cost ကို 5% မှ 15% အထိ လျှော့ချနိုင်တယ်
• Emergency refuelling လျော့နည်းစေတယ်
• Downtime လျော့ပြီး planning ပိုကောင်းလာတယ်

🚀 ဘာကြောင့် အရေးကြီးတာလဲ

Fuel monitoring ဟာ tracking တင်မကဘူး —
👉 Control, Transparency နဲ့ Smarter Decision Making ကို ပေးနိုင်ပါတယ်

IoT sensors, GPS tracking နဲ့ cloud analytics တွေကို ပေါင်းစပ်ပြီး fuel usage ကို operation နဲ့ performance တွေနဲ့ ချိတ်ဆက်နိုင်ပါတယ်။

💬 အနာဂတ်လုပ်ငန်းတွေက Data-driven ဖြစ်လာမယ်
Measure လုပ်နိုင်ရင် Optimize လုပ်နိုင်ပါတယ်

👉 ဒီနေ့ကစပြီး Fuel ကို ထိန်းချုပ်ပါ —
တစ်စက်ချင်းစီက တန်ဖိုးရှိပါတယ်။








03/03/2026

Digital Transformation (DX) ဆိုတာ စက်ကိရိယာတွေနဲ့ လူတွေကို အစားထိုးတာ မဟုတ်ပါဘူး။

DX = Human Intelligence + Autopilot

တကယ့်အောင်မြင်တဲ့ DX ဆိုတာ Human Intelligence နဲ့ Autopilot တို့ အချိတ်အဆက်မိမိ ပေါင်းစပ်မှုပဲ ဖြစ်ပါတယ်။

အလုပ်တစ်ခုမှာ လူ တွေကို Autopilot နေရာမှာ သုံးနေမယ်ဆိုရင် ဘာဖြစ်လာမလဲ?
ဒီ Cycle ထဲမှာပဲ လည်နေတတ်ပါတယ်-___
Work-hard (အစပိုင်းမှာ ကြိုးစားတယ်)
Efficient (ကျွမ်းကျင်လာတယ်)
Bored (ငြီးငွေ့လာတယ်)
Quality Risk (အမှားအယွင်းများလာပြီး Brand Image ကို ထိခိုက်လာစေတယ်)

ဒါကြောင့် ကျွန်တော်တို့မှာ "လူမှန် နေရာမှန်" ရှိဖို့ လိုပါတယ်။

Autopilot (Automation):
ထပ်တလဲလဲ လုပ်ဆောင်ရမယ့် အလုပ်တွေ၊ တိကျမှုလိုအပ်တဲ့ Data Acquisition တွေနဲ့ ပုံသေ Process တွေမှာ Autopilot ကို တာဝန်ပေးရပါမယ်။ ဒါမှသာ လုပ်ငန်းခွင်မှာ အမှားအယွင်းကင်းပြီး အမြဲတမ်း Efficiency ရှိနေမှာပါ။

Human Intelligence (Man-Power | Trust & Strategy):
ကျွန်တော်တို့ရဲ့ Man-Power ကို Strategy ဆွဲတဲ့နေရာ၊ ဆုံးဖြတ်ချက်ချတဲ့နေရာ နဲ့ အရေးကြီးဆုံးဖြစ်တဲ့ (ယုံကြည်မှု) တည်ဆောက်တဲ့နေရာတွေမှာ သုံးရပါမယ်။

Trust over Tech
နည်းပညာဘယ်လောက်တိုးတက်ပါစေ၊ Client တစ်ယောက်ဟာ သူကြုံတွေ့နေရတဲ့ Technical Problem တွေကို စက်နဲ့ ဆွေးနွေးမှာ မဟုတ်ပါဘူး။ ပြဿနာရဲ့ အတိမ်အနက်ကို နားလည်တဲ့၊ ယုံကြည်ရတဲ့၊ အတွေ့ အကြုံ ရှိတဲ့ "ပညာရှင်" နဲ့ပဲ ဆွေးနွေးမှာ ဖြစ်ပါတယ်။

Manufacturing လောကမှာ Lead ရဖို့ လွယ်ကူသလောက် Trust ရဖို့ ခက်ခဲပါတယ်။

ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က နည်းပညာ (Autopilot) ကို အသုံးချပြီး လူသားတွေရဲ့ အစွမ်းအစ (Intelligence) ကို ပိုမိုတန်ဖိုးရှိတဲ့ နေရာတွေမှာ အသုံးချနိုင်ဖို့ပဲ ဖြစ်ပါတယ်။

What is your formula for Digital Transformation? Let's exchange thoughts below!

ကိုယ့်အထင်အမြင်များကို စိတ်တိုင်းကျ ဆွေးနွေးငြင်းခုံသွားလို့ရပါတယ်။ မိတ်ဆွေတို့ ရော DX နဲ့ ပတ်သက်ရင် ဘယ်လို အမြင်မျိုးတွေ ရှိကြလဲဗျ?

Digital Transformation (DX) does not mean replacing machines with people.

DX = Human Intelligence + Autopilot

True Digital Transformation happens when Human Intelligence and Autopilot are seamlessly integrated.

What happens if we use humans in roles that should actually be Autopilot (automation)?

It usually ends up cycling through this pattern:

Work hard (people try very hard at the beginning)

Efficient (they become skilled and faster)

Bored (repetitive work leads to boredom)

Quality Risk (errors increase and the brand image starts to suffer)

That is why it is important to have “the right person in the right role.”

Autopilot (Automation)

Automation should handle repetitive tasks, precise data acquisition, and fixed processes.
When Autopilot takes responsibility for these tasks, the workplace can maintain consistent efficiency and minimal errors.

Human Intelligence (Manpower | Trust & Strategy)

Human capability should be used for strategy development, decision-making, and most importantly, building trust.

Trust over Tech

No matter how advanced technology becomes, a client will not discuss complex technical problems with a machine.
They will always prefer to speak with a trusted expert who understands the depth of the problem and has real experience.

In the manufacturing world, it may be easy to generate leads, but earning trust is much harder.

Our goal is to leverage technology (Autopilot) so that human intelligence can be applied to more valuable areas.

What is your formula for Digital Transformation? Let's exchange thoughts below!

Feel free to share and debate your perspectives.
What are your views on Digital Transformation (DX)?

hashtag hashtag hashtag hashtag hashtag hashtag hashtag hashtag

Industrial Factory တွေမှာ Running Process Data အားလုံး Online ရနိုင်လား?IoT= SCADA x PLC x EMS x MESOEE = Availability x...
26/02/2026

Industrial Factory တွေမှာ Running Process Data အားလုံး Online ရနိုင်လား?

IoT= SCADA x PLC x EMS x MES

OEE = Availability x Performance x Quality

(ERP)

Manufacturing Ex*****on System_Digital Transformation !!!

ကျွန်တော်တို့ MES အသုံးပြုချင် တဲ့ Factory တွေမှာ IoT ပါဝင်မှသာလျှင် ပြီးပြည့်စုံတဲ့ လုပ်ငန်းလည်ပတ်မှု ဖြစ်စေမှာ အမှန်ပါပဲ။

· Data Collection
· Traceability
· Resource Management
· QC
· Performance Analysis (OEE)

ဒီလိုမျိုး MES_Main Process များကို (SCADA / PLC + IoT) နှင့် Data ရယူပေးနိုင်နေပြီဖြစ်တဲ့ Compumatics Technology Company ရှိပါတယ်။

Real-Time Data များ အပြင် Data History များပါ ရနိုင်ပါတဲ့ အတွက် ဒီလိုမျိုး Benefitsတွေ ရနိုင်ပါပြီ။

1. စက်လည်ပတ်ဖို့ သတ်မှတ်ထားတဲ့ အချိန်ထဲကမှ အမှန်တကယ် လည်ပတ်ခဲ့တဲ့ အချိန်ကို သိရှိနိုင်ခြင်း။

2. စက်လည်ပတ်နေတဲ့ အချိန်မှာ စက်၏ စွမ်းဆောင်ရည် ကို__ ဥပမာ တစ်မိနစ် မှာ
(10) ခု ထွက်ရမည့် နေရာမှာ (7) ခုပဲ ထွက်နေရင် Performance ကျနေပြီဆိုပြီး သိနိုင်ခြင်း။

3. လုပ်ငန်းစဥ် ပြီးလို့ ထွက်လာတဲ့ ထုတ်ကုန်သည် အရည်အသွေး ပြည့်မှီရဲ့လား၊ အရေအတွက် ပြည့်ရဲ့လား သိနိုင်ခြင်း။

ထုတ်လုပ်မှုတိုင်းဟာ အစွမ်းကုန် လုပ်ဆောင်နိုင်စွမ်း ရှိ ရဲ့လား?
ရာနှုန်းပြည့် ထုတ်လုပ်နိုင်တဲ့ အထဲ ကအရည်အသွေး မှီတာ ဘယ်နှခုထွက် ရှိခဲ့လဲ?

ဒါတွေကို အလွယ်လေးပဲ Online ကနေ အချက်အလက် စုံလင်စွာ ကြည့်နိုင်ပါပြီ။

Centralized IoT ဟာ ERP System ဆီကို API ပို့ပေးနိုင်တဲ့ အတွက်.........

All-In-One Platform___
(Industrial Factory တွေမှာ Running Process Data အားလုံး Online ရနိုင်ပြီ)
ဆိုတော့ အခုပဲ ဆက်သွယ်လိုက်ဖို့ ဖိတ်ခေါ်ပါတယ် ခင်ဗျာ။

hashtag hashtag hashtag hashtag hashtag *****onSystem


သင့်စက်ရုံမှာ Machine တွေကသာ Smart ဖြစ်နေပြီး Energy နဲ့ Data Record တွေက Manual ဖြစ်နေတုန်းပဲလား?မြန်မာနိုင်ငံရှိ Indus...
20/02/2026

သင့်စက်ရုံမှာ Machine တွေကသာ Smart ဖြစ်နေပြီး Energy နဲ့ Data Record တွေက Manual ဖြစ်နေတုန်းပဲလား?

မြန်မာနိုင်ငံရှိ Industrial အများစုမှာ စက်ယန္တရားတွေကို PLC စနစ်တွေနဲ့ ကောင်းမွန်စွာ လည်ပတ်နေကြသော်လည်း Energy Management, QC And Data History Record များတွင် Manual စနစ်ကိုသာ အားကိုးနေရဆဲ ဖြစ်ပါတယ်။

Compumatics ၏ Centralized IIoT သည် လူကြီးမင်းတို့ လုပ်ငန်းမှာ ဘယ်လောက်ရင်းနှီး ပြီး ထုတ်ကုန် ဘယ်လောက် ထွက်လဲ ဆိုတာ သိနိုင်ရုံ မက၊ ထုတ်လုပ်မှု အဆင့်ဆင့် ကို All-in-One Platform တစ်ခုတည်းမှ Real-Time ကြည့်နိုင်အောင် ဖန်တီးပေးထားပါတယ်။

>>> Centralized IIoT ၏ ထူးခြားသော လုပ်ဆောင်ချက်များ

၁။ Production & QC Tracking:
ကုန်ကြမ်းအခြေ အ‌နေ မှသည် Packing အဆင့်အထိ ပြုလုပ် ခဲ့သော Machine မှ Data များသည် သတ်မှတ်စံနှုန်းအတိုင်း လုပ်ဆောင် ခဲ့သလား?

အရေးကြီးတဲ့ အ‌ခြေ အ‌နေ များကို တဆင့်ခြင်း ရယူပေးလို့ ထုတ်ကုန်တိုင်းရဲ့ Process & Quality Certified ဖြစ်စေမှာပါ။ Manual Record ကြောင့် ဖြစ်တတ်တဲ့ Human Error များကို လုံးဝပယ်ဖျက်ပေးနိုင်ပါတယ်။

၂။ Energy Management System (EMS):
Utility (အစိုးရမီး)၊ Solar နှင့် Genset (မီးစက်) စသည့် စွမ်းအင်သုံးစွဲမှု အားလုံးကို Real-time စောင့်ကြည့်နိုင်ခြင်း။ စွမ်းအင်အမျိုးအစားအလိုက် ဘယ်အချိန်မှာ ဘယ်လောက်ကုန်ကျနေလဲဆိုတာကို Dashboard တစ်ခုတည်းတွင် တိကျစွာ မြင်တွေ့နိုင်သောကြောင့် စွမ်းအင်လေလွင့်မှုကို အထိရောက်ဆုံး လျှော့ချပေးနိုင်ပါတယ်။ Admin, Accountant and Finance Department များအတွက် များစွာ အထောက်အကူ ဖြစ် ကြောင်း အတွေ့အကြုံ များအရ သိရပါသည်။

၃။ Fuel Auto:

မီးစက်ဆီသုံးစွဲမှုကို Manual တိုင်းစရာမလိုဘဲ IIoT စနစ်ဖြင့် ၉၉% တိကျစွာ မှတ်တမ်းတင်ပေးခြင်း။ ရာသီဥတု ပူရင် ပွလာတဲ့ ဆီ Level နှင့် အမှန်တကယ် ရှိမည့် ဆီ Level ကို ခွဲခြား ပြ ပေးနိုင်သည်။

Security: ပုံမှန်မဟုတ်သော ဆီလျော့နည်းမှုများရှိပါက ချက်ချင်း Alert ပေးနိုင်လို့ အလေ အလွင့် ဖြစ် မှုကို ကာကွယ်နိုင်ပါတယ်။
Auto-Refilling System: ဆီကုန်ခါနီးလျှင် အလိုအလျောက် ဆီပြန်ဖြည့်ပေးပြီး၊ ဆီပြည့်လျှင် အလိုအလျောက် ဖြည့်ခြင်းကို ရပ်တန့်ပေးသောကြောင့် ဆီတိုင်ကီလျှံခြင်း (Over Flow) နှင့် Maintenance လုပ်ရန် Over Due မဖြစ်နိုင်တော့သည့် အတွက် စိတ်ပူစရာမလိုတော့ပါ။

၄။ ERP Integration & All-in-One Platform:
လုပ်ငန်းတစ်ခုလုံးအတွက် လိုအပ်သည့် ကုန်ကြမ်း၊ စွမ်းအင်နှင့် အခြားရင်းနှီးမြှုပ်နှံမှု အချက်အလက်အားလုံးကို ERP စနစ်နှင့် ချိတ်ဆက်ပြီး တစ်နေရာတည်းတွင် ပေါင်းစပ်စီမံနိုင်ပါသည်။

Manual စနစ်မှ Centralized IIoT Factory အဖြစ် ပြောင်းလဲဖို့ Compumatics ကို အခုပဲ ဆက်သွယ်လိုက်ပါ။



17/02/2026

Gong Xi Fa Cai! 🧧

တရုတ်နှစ်သစ်ကူးအခါသမယတွင် Compumatics မိသားစုမှ မိတ်ဖက်များအားလုံးကို ကျေးဇူးတင်ရှိပါကြောင်းနှင့် နှစ်သစ်တွင် အောင်မြင်မှုအသစ်များ၊ အခွင့်အလမ်းကောင်းများ ပိုမိုရရှိပါစေကြောင်း ဆုတောင်းပေးပါသည်။။

Compumatics extends our warmest wishes to you and your family for a joyful and prosperous Chinese New Year. May the year ahead bring good health, happiness, and continued success in all your endeavours.






22/01/2026

မော်တော်ယာဉ် နှင့် ရေယာဉ်များအတွက် Telematics and IoT ဝန်ဆောင်မှု ပေးနိုင်ရန်အတွက် အောက်ပါဝန်ထမ်းများ အလိုရှိသည်။

👩ဝန်ထမ်း - ကျား (၅) ဦး (Yangon တွင်တာဝန်ထမ်းဆောင်ရန်)

Job Description
👉 GPS Devices နှင့် IOT Sensors များတပ်ဆင်ခြင်း။
👉Customer များအားဝန်ဆောင်မှုပေးခြင်း။
👉လိုအပ်ပါက နယ်ထွက်၍ ဝန်ဆောင်မှုပေးရခြင်း။

Job Requirements
👉 Car Wiring ပိုင်းနှင့် Electronic ပိုင်းတွင် အတန်အသင့် နားလည်ရမည်။ (နားမလည်ပါက သင်ကြားပေးသွားမည်။)
👉Internet Software များအသုံးပြုခြင်း နှင့် networking ပိုင်းများအား အတန်အသင့်နားလည်ရမည်။
👉 ပြောဆိုဆက်ဆံရေး ကောင်းမွန်သူဖြစ်ရမည်။
👉ရေရှည်လက်တွဲ လုပ်ကိုင်နိုင်သူ ဖြစ်ရမည်။

မှတ်ချက်။ ။ လိုအပ်ပါက နေ/စား/ငြိမ်း စီစဉ်ပေးသွားမည်။

စိတ်ပါဝင်စားပါက CV Form ကို အောက်ပါ email နှင့် Viber ဖုန်းနံပါတ်များ သို့ ပို့ပေးနိုင်ပါသည်။

********************************************************************
To provide Telematics and IoT services for motor vehicles and vessels, we are looking for the following staff:

👩 Position: Technician – Male (5 positions)
📍 Work Location: Yangon

Job Description

👉 Install GPS devices and IoT sensors
👉 Provide services and support to customers
👉 Travel outside Yangon to provide services when required

Job Requirements

👉 Basic knowledge of car wiring and electronics
(Training will be provided if not experienced)
👉 Basic understanding of internet software usage and networking
👉 Good communication skills
👉 Willing to work long-term with the company

Note:
👉 Accommodation, meals, and living arrangements will be provided if required for remote area staff.

Interested candidates may send their CV Form to the email address and Viber phone number listed below.

Email : [email protected]
📞: +959880582229 , +959447477790

မတူညီတဲ့ Platform တွေကို တစ်နေရာတည်းကနေ Real-time စောင့်ကြည့်နိုင်ပြီ ဖြစ်ပါတယ်။အလုပ်ရုံ၊ စက်ရုံတွေမှာ Platform တစ်ခုချင...
13/01/2026

မတူညီတဲ့ Platform တွေကို တစ်နေရာတည်းကနေ Real-time စောင့်ကြည့်နိုင်ပြီ ဖြစ်ပါတယ်။

အလုပ်ရုံ၊ စက်ရုံတွေမှာ Platform တစ်ခုချင်းစီအတွက် ဒေတာတွေကို Manual လိုက်ကူးနေရလို့ အချိန်ကုန်နေပါသလား?

အခုဆိုရင်တော့...

✅ မတူညီတဲ့ Platform ပေါင်းစုံက Usage Data တွေကို Online ပေါ်ကနေ တစ်နေရာတည်းမှာတင် အချိန်နဲ့ တပြေးညီ လွယ်တကူ ကြည့်ရှုနိုင်ပါပြီ။

✅ ဒေတာတွေကို ကိုယ်တိုင်လိုက်ရေးစရာ (Manual လုပ်စရာ) မလိုတော့လို့ အမှားအယွင်းမရှိဘဲ တိကျတဲ့ Report တွေကို ရရှိမှာပါ။

✅ ဘယ်နေရာရောက်ရောက် Phone သို့မဟုတ် Computer ရှိရုံနဲ့ လုပ်ငန်းရဲ့ စွမ်းအင်သုံးစွဲမှုများကို သိရှိနေရမှာ ဖြစ်ပါတယ်။

Digital စနစ် နဲ့ လုပ်ငန်းစွမ်းဆောင်ရည်များကို သိရှိနိုင်ဖို့ အခုပဲ ကျွန်တော်တို့နဲ့ ဆွေးနွေးတိုင်ပင်လိုက်ပါ။

သာဓုအနုမောဓနာ ဂုဏ်ပြုမှတ်တမ်းလွှာ➖➖➖➖➖➖➖➖➖➖➖➖မိမိတို့ Compumatics Technology Limited မိသားစုမှ သံသရာဝဋ်ဆင်းရဲမှ လွတ်မြော...
01/01/2026

သာဓုအနုမောဓနာ ဂုဏ်ပြုမှတ်တမ်းလွှာ
➖➖➖➖➖➖➖➖➖➖➖➖
မိမိတို့ Compumatics Technology Limited မိသားစုမှ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်စေခြင်းအလို့ဌာ အလိုတော်ပြည့် ဓမ္မစရိယ တက္ကသိုလ် တွင် သတင်းသုံးနေကြသော သံဃာတော်များ အတွက် ဆွမ်း၊ သင်္ကန်း၊ကျောင်း၊ဆေး စသော ပစ္စည်းလေးပါး အထောက်အပံ ပဒေသာပင်တွင် မြတ်ဒါန ကုသိုလ်တော် အဖြစ် ကျပ်သိန်း (၁,၀၀) (တစ်ရာ) တိတိကို စေတနာ သဒ္ဓါတရား ထက်သန်စွာဖြင့် နိဗ္ဗာန် ရည်မျှော် အကျိုးမျှော် ၍ လှူဒါန်း ကုသိုလ်ယူခဲ့ပါသည်။

အားလုံး ဝမ်းမြောက်ဝမ်းသာနဲ့ သာဓု အနုမောဓနာခေါ်ဆိုနိုင်စေရန် ကုသိုလ်မျှဝေ လိုက်ပါတယ်ခင်ဗျာ.....

နေယျသတ္တဝါအားလုံး ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုကြပါကုန်

သာဓု.... သာဓု.... သာဓု.....

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959898812992

Alerts

Be the first to know and let us send you an email when Compumatics Myanmar IOT & GPS Solutions posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Compumatics Myanmar IOT & GPS Solutions:

Share