23/04/2019
Accountant...ဆိုတာ...ဘာလဲ....ဘယ်လိုလဲ.????
--------------------------------------
ကျမ အနေနဲ့ အခု ပြောပြချင်တာက Accountant တယောက်အဖြစ် စ လုံးမှာ အလုပ်လာရှာဖို့ အတွက် ဘာတွေ တတ်ထားသင့်လဲ...ဘာတွေကြိုတင် ပြင်ဆင်ထားရမလဲဆိုတာကို...ကျမ သိထားဖူး ကြားဖူးထားတာ လေးတွေကို ပြောပြပေးချင်ပါတယ်....
ကျန်တဲ့ vancancy ပိုင်းကတော့ တခြား field က ပြောပြပေးနိုင်တဲ့ အကို အမ ညီလေး ညီမလေးတွေကို ပြောပြပေးဖို့ တောင်းဆိုချင်ပါတယ်......
စလုံး မှာ Accountant တယောက် ဖြစ်ဖို့အတွက်
အနဲဆုံးတော့ LCCI Level 3 ပီးတဲ့ Diploma လောက်တော့ ရှိသင့်ပါတယ် တော်တော်များများ အလုပ်ခေါ်တဲ့ ကြေငြာတွေမှာ ဆိုရင် Any Graduate , LCCI Level 3 or Diploma in Accounting ဆိုပီး ခေါ်နေတာတွေ တွေ့ပါလိမ့်မယ်...
စလုံး က company တွေက accounting software တွေ သုံးကြပါတယ်.မြန်မာနိုင်ငံ မှာလည်း တချို့ company ကြီးတွေမှာ သုံးပါတယ်...အများစုက manual လုပ်ရတာ များပါတယ်...
အဲ့ဒါကြောင့် ဒီမှာ အသုံးများတဲ့ Software လေးတွေ တော့ မသုံးတတ်တောင် knowledge လေးရှိထားတော့ ပိုပီး အဆင်ပြေတာပေါ့နော်...........
စလုံးမှာ အသုံးများတဲ့ software တွေထဲက ကျမ သိသလောက်ပြောပြမယ်နော်.... MYOB , UBS , QuickBooks, Peachtree, AutoCounts, Accpac...etc အဲ့ဒီ့လောက်လေး သိထားတတ်ထားမယ်ဆို အဆင်ပြေနိုင်ပါတယ်..
80% သော company တွေက အဲ့ဆော့ဝဲလ်တွေ သုံးကျတဲ့
အတွက် ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ထားမယ်ဆိုရင် အလုပ်အင်တာဗျူးအတွက် တော်တော် ကို အဆင်ပြေမှာအမှန်ပါ
ထပ်တိုးလေ့လာသင့်
----------------------
အခုနောက်ပိုင်း မှာ SAP software အသစ်ထပ်ပေါ်လာပါတယ်...တနှစ်ကျော် ၂ နှစ်နီးပါးလောက်တော့ ရှိပါပီ...မြန်မာနိုင်ငံ မှာတော့ လူသိနဲနဲနည်း ပါတယ် ...သင်တာလည်း တနေရာ နှစ်နေရာလောက်ပဲ ရှိမယ်....အခုဆို အလုပ်ကြေငြာ တော်တော်များများ မှာ knowledge of SAP prefer ဆိုပီး ပါလာတာတွေ့ရပါတယ်........
Experience
--------------နောက်တခု က သင်တန်းတွေချည်း လှိမ့်တက်နေရုံနဲ့ မပီးပါဘူး....သင့်တင့်တဲ့လစာလောက်ရမယ်ဆို အတွေ့ကြုံရအောင် အလုပ်ဝင်လုပ်စေချင်ပါတယ်...ဘာလို့လဲ ဆိုရင်...ဘာဘွဲ့တွေ ဘယ်လောက်ရထားပါစေ..တကယ့်တကယ် အင်တာဗျုးသွားချိန်မှာ အရမ်းသိသာပါတယ်....စာတွေ့ပဲ ရှိပီး လက်တွေ့ရှိမထားတော့...ကိုယ့်ကိုကို confidence မရှိနိုင်ပါဘူး....အလုပ်ခေါ်တဲ့ company တွေကလည်း စာတွေ့လောက်ပဲ ရှိပီး လက်တွေ့မရှိတဲ့သူဆို သူတို့ အစ အဆုံး သင်ပြပြောပြပေးရမှာ ဖြစ်တဲ့ အတွက် သိပ်မလိုချင်ကြပါဘူး...တခြားမပြောနဲ့ ကိုယ့်နိုင်ငံမှာတောင် အတွေ့ကြုံ မရှိရင်အလုပ် ခေါ်ချင်ကြတာမှ မဟုတ်တာ...
အဲ့ဒါကြောင့်...လစာကို သိပ်ပီး မကြည့်ပါနဲ့ သင့်တင့်ရုံလောက်ရ
တယ်ဆို အတွေ့ကြုံရအောင် အလုပ်ဝင်ပါ.နော်..........
စလုံးမှာ တချို့ company အကြီးတွေဆို AP / AR ဆိုပီး ရာထူးခွဲ ခေါ်တတ်ပါတယ်....တချို့ကလည်း သိပီးသားဖြစ်မှာပါ........
မသိသေးသူများအတွက်က Account Receivable, Account Payable ပါ။
အလတ်စားနဲ့ ပုံမှန် အများစုကတော့ အဲ့လို AR, AP မခွဲပါဘူး တယောက်တည်း လုပ်ရပါတယ်...ဘယ်လို position မျိုးတွေ ခေါ်တာများလဲ ဆိုရင် Admin Cum Account ,Account Clerk ,Account Executive ဆိုပီး များသောအားဖြင့် ခေါ်ပါတယ်...
စလုံး မှာ Accountant တယောက် ရဲ့ တာဝန်ပိုင်းတွေကို ကျမ သိသလောက်ပြောပြပေးပါ့မယ်..company တခုနဲ့ တခု nature ချင်း မတူသလို သူဌေး မတူတဲ့ အတွက် တယောက်နဲ့တယောက် စာရင်းဆွဲ ပေးရပုံခြင်း မတူနိုင်ပါဘူး....ဥပမာအားဖြင့် သူဌေးက ဘယ်ရက်မှာ ရီပို့စ် ပေးရမယ်...ဘာတွေ ပေးရမယ်ဆိုတာ တွေရှိမယ်........
Accountant တယောက် ဘာတွေ လုပ်ပေးရမလဲ........
-Daily Report
-Record Sales & Purchase
-Record Account Receivable & Payable
-Bank Reconsilation
-Monthly Profit & Loss
-Calculation of Payroll
-Calculatin & Submission of GST
-Debtor/Creditor Control
-CPF Calculation & submit
-Financial Reports.........etc
အများသောအားဖြင့်ကတော့ ကျမ ခုန ပြောပြခဲ့တဲ့ တာဝန်တွေ လုပ်ပေးရပါတယ်...လုပ်ငန်း အနေအထားနဲ့ ကိုယ့်ကို အလုပ်ခန့်တည်း က နင်က ဘယ်အပိုင်း တွေ တာဝန်ယူရမယ်ဆိုတာ ပြောပြထားပါလိမ့်မယ်..........
နောက်တခုကconstruction နဲ့ service company ဆိုရင်လည်း စာရင်းဆွဲ ရတဲ့ အခြေခံ သဘောတရားကတော့ အတူတူပါပဲ....ဒါပေမဲ့ တချို့ တချို့ နေရာလေးတွေတော့ နဲနဲ မတူတာလေးတွေတော့ ရှိနိုင်ပါတယ်....ဒါပေမဲ့ ကိုယ်က စာရင်းရဲ့ အခြေခံသဘောတရားနဲ့ Software အခြေခံ ရှိထားမယ်...သင်ယူလိုစိတ်လည်း ရှိမယ်...အဓိကက ကိုယ်လုပ်နိုင်တယ်ဆိုတဲ့ confidence လေးရှိရပါမယ်....
ဒါကြောင့်ကျမဟိုးအပေါ်မှာ Experiences ဆိုတာလေးကို အရင်ပြောပြခဲ့တာပါ.........
ငါရပါ့လား...ငါလုပ်တတ်ပါ့မလား...ငါလုပ်နိုင်ပါ့မလားဆိုတဲ့....လားပေါင်းများစွာနဲ့ စိုးရိမ်နေမဲ့ အစား...သူများတောင်လုပ်နိုင်သေးတာပဲ
ငါကဘာလို့မလုပ်နိုင်ရမှာလဲ...ဆိုတဲ့ စိတ်ကလေး ထားနိုင်ဖို့က အဓိက ပါ....ကိုယ်ကသာ ဘာသာ စကားကိုကျွမ်းကျွမ်း ကျင်ကျင် မဟုတ်တောင် သူများနားလည်အောင်ပြောတတ်မယ်ဆိုရင်.... အလုပ်လုပ်ရတာ ပိုလွယ်ကူပါတယ်...
GST or CPF ဘယ်လို submit လုပ်မလဲ...ကိုယ် သေချာ မသိ မကျွမ်းကျင်ခဲ့သေးရင်တောင် ဖုန်းဆက်ပီး မေးမြန်း လုပ်လို့တောင်ရပါတယ်...အဲ့ဒါလေးကတော့ ဒီနိုင်ငံရဲ့ အားသာချက်ပါ....ကိုယ်က စလုံး မှာ အလုပ်လာရှာမယ်လို့ စိတ်ကူးထားပီးရင် မလာခင် ကြိုတင် ပြင်ဆင်တည်းက ဒီနိုင်ငံရဲ့ အကြောင်း..ကြိုတင်လေ့လာပါ...website တွေထဲဝင် ပီး လေ့လာပါ...အလုပ်ခေါ်တာတွေဆိုလည်း.ဘယ်လို မျိုး duty & Responsibility. ပေးတာလဲ...ဘယ်လို certificate တွေရှိထားသင့်လဲ...အလုပ်အတွေ့ကြုံ ဆိုရင်ကော သူတို့ ဘယ်နှနှစ် အနဲဆုံး ထားပီးခေါ်လဲ ဆိုတာ လေ့လာပါ...online ဆိုတာ သုံးတတ်မယ်ဆို ကိုယ့်အတွက် အကျိုးရှိပါတယ်....ကျမ ပထမ ပို့စ်လေးမှာ ဒီကို မလာခင် ၂ ပတ်လောက်အလိုမှာတည်းက CV တွေကြိုပစ်ထားဖို့ အကြံပေးပါတယ်...
မည်သို့ပင်ဆိုစေကာမူ...အခုလက်ရှိ visit နဲ့ အလုပ်လာရှာနေသော ညီကိုမောင်နှမတွေ ကြိုပစ်ထားမယ်လို့ မထင်ပါ...ဘာကြောင့်ပြောနိုင်တာလဲဆိုရင် ကျမတို့တုန်းကလည်း ထိုနည်း အတိုင်းပါပဲ.ပြင်ရဆင်ရ အလုပ်ရှူပ်တာနဲ့ ဟိုရောက်တော့ တင်တာပေါ့ဆိုပီး တွေးတတ်ပါတယ်...
တကယ်တော့ အဲ့လို အချိန်လေးပေးပီး CV ကြိုပစ်ခဲ့မယ်ဆိုရင် ကိုယ့်အတွက် အချိန်ပိုပီး save ဖြစ်မယ်လို့ ကျမအနေနဲ့ ယူဆမိလို့ပါ...နောက်တစ်ခုက ကြိုတင်ပြီး CV ပစ်ထားကြည့်တော့ အလုပ်ခေါ်တဲ့သူတွေမှာ သူတို့ဘာတွေ တောင်းဆိုထားလည်း အလုပ်ရဲ့ requirements တွေကြိုတင်သိရှိထားတော့ ပြင်ဆင်ချိန်ပိုရတာပေါ့နော်
ကျမ အခုပြောပြခဲ့တာတွေက ကျမ သိခဲ့ရသလောက် အတွေ့အကြုံအရ သိတာလေးတွေသာ ဝေမျှ ပေးတာ ဖြစ်တဲ့ အတွက် အမှားအယွင်းတစုံတရာ များရှိခဲ့ပါကလည်း စေတနာအမှားလို့ ယူဆပီး နားလည်ပေးစေချင်ပါတယ်...
ကျမ ပြောပြပေးတဲ့အကြောင်း အရာတွေက တစုံတယောက်အတွက် အသိလေးတခု ဖြစ်ခဲ့မယ်ဆိုရင် ကျမ ကျေနပ်ပါတယ်.......
Credit. AD
စင်္ကာပူ (ရွှေ)