12/08/2026
🔌 မီးကြိုးဆက်နေတဲ့ Electrician ကနေ World Cup Goalkeeper ဖြစ်လာတဲ့သူ
ဘောလုံးသမားတစ်ယောက်ရဲ့ Career စတင်ပုံဆိုတာ ပုံမှန်အားဖြင့် ဘယ်လိုဖြစ်မလဲဆိုတာ တွေးကြည့်လိုက်ရင်… ငယ်ငယ်ကတည်းက ဘောလုံးကစား၊ လူငယ်အသင်းတွေတက်၊ နောက်ဆုံး Professional ဖြစ်လာတာမျိုးပေါ့။
ဒါပေမယ့် Vozinha ရဲ့ဇာတ်လမ်းကတော့ နည်းနည်းကွာတယ်။ 😳
Cape Verde က Goalkeeper Vozinha ဟာ ဘောလုံးကို အရမ်းဝါသနာပါပေမယ့် အစပိုင်းမှာ ဘောလုံးတစ်ခုတည်းကိုပဲ အာရုံစိုက်ပြီး နေနိုင်တဲ့ဘဝမျိုး မရခဲ့ဘူး။
သူက Electrician အလုပ်လုပ်ရင်း ဘောလုံးကစားခဲ့တာပါ။ မနက်ဘက် မီးကြိုးတွေ ဆက်၊ အလုပ်လုပ်… ပြီးရင် ဘောလုံးကွင်းထဲဝင်ပြီး Goalkeeper လုပ်။ 😅
ပိုပြီးအံ့ဩစရာကောင်းတာက သူ့ရဲ့ ပထမဆုံး Professional Contract ကို အသက် ၂၆ နှစ်ရောက်မှ ရခဲ့တာပါ။
အဲ့ဒီအချိန်မှာ တခြားကစားသမားတွေက Professional Career တော်တော်လေး တည်ငြိမ်နေကြပြီ။ Vozinha ကတော့ သူ့ရဲ့အိပ်မက်ကို စပြီး တကယ်အကောင်အထည်ဖော်ဖို့ ကြိုးစားနေတုန်းပဲ။
ပြီးတော့ နှစ်တွေကြာလာတယ်…
Angola၊ Moldova၊ Cyprus နဲ့ Portugal တို့မှာ ကစားရင်း သူ့ Career ကို တဖြည်းဖြည်း တည်ဆောက်လာခဲ့တယ်။
အဲ့ဒီနောက် အသက် ၄၀ အရွယ်မှာတော့ သူ့ဘဝတစ်လျှောက် မက်ခဲ့တဲ့ World Cup စင်မြင့်ပေါ်ကို Cape Verde နဲ့အတူ ရောက်လာခဲ့တယ်။
အထူးသဖြင့် Spain နဲ့ပွဲမှာ Clean Sheet ရအောင် ကာကွယ်ပေးပြီး Save ၇ ကြိမ်လုပ်ခဲ့တာကြောင့် တစ်ကမ္ဘာလုံးက သူ့ကို စပြီး သတိထားလာကြတယ်။
တစ်ချိန်က လူတစ်ယောက်ရဲ့ အိမ်မီးလင်းဖို့ မီးကြိုးဆက်ပေးနေခဲ့တဲ့လူက…
နောက်ဆုံးမှာတော့ ကမ္ဘာ့ဖလားကွင်းထဲမှာ သူ့နိုင်ငံရဲ့ဂိုးကို ကာကွယ်ပေးနေတဲ့ Goalkeeper ဖြစ်လာခဲ့တယ်။ 🧤🌍
ဒါကြောင့် Vozinha ရဲ့ဇာတ်လမ်းက ဘောလုံးအကြောင်းထက်တောင် ပိုပြီးပြောစရာရှိတယ်။
အိပ်မက်ကို နောက်ကျမှစတင်ခဲ့ရင်တောင်… နောက်ကျတာနဲ့ မဖြစ်နိုင်တော့ဘူးဆိုတာ မဟုတ်ဘူး။
တစ်ခါတလေ ကိုယ်က မီးကြိုးဆက်နေတဲ့နေရာမှာ ရှိနေပေမယ့်…
ကိုယ့်ရဲ့အိပ်မက်ကတော့ World Cup ကွင်းထဲမှာ စောင့်နေနိုင်ပါတယ်။ ❤️⚽