31/01/2021
Programming video တွေတော့ တင်ပေးနေပါတယ်။ ဒါပေမဲ့ လိုက် လုပ်ကြည့်တဲ့သူတွေ ရှိမရှိလည်းမသိ။ ကောင်းမကောင်း နားလည် မလည်လဲ မသိရ။ ဘာ respond မှလည်း မလာတော့ ရှေ့ဆက်တင်ဖို့တောင် အားနည်းနည်းလျော့ချင်သွားပြီ 😁။ oop ဘက် ဆက်တင်ဖို့က feedback လေးနဲ့ ပြင်ဆင်နိုင်မယ်ဆို ပိုကောင်းမယ်လို့ စိတ်ကူးပေါ်မိလို့ပါ။ အားပေးကြပါဦးဗျ။ အားပေးမယ့်သူရှိရင်တော့ c c++ အပြင် python တို့ c #.net ဖြစ်ဖြစ် vb. net ဖြစ်ဖြစ်ရယ်၊ electronics ဖက်ကဆို electronic basic ရယ် pic တို့ Arduino တို့လို embedded တွေကရယ် တစ်ခုခု ထပ်တင်ချင်ပါသေးတယ်။ တောင်ဆိုရင်ပေါ့ 🤪။ ခက်တာက free ဆိုတော့ တန်ဖိုးမထားလို့လား ၊ နားမလည်လို့လား၊ အကုန်မပြောဘူးထင်လို့လား၊ လေ့လာတဲ့သူတွေပဲမရှိကြတာလား လား လား မသိ?🤔