Jenova's Paradise

Jenova's Paradise Just a normal gamer playing games. Good luck have fun...

CPU တွေရဲ့ စွမ်းအားက အကုန်သုံးဖို့ပါပဲ ဒါပေမယ့် သေချာချိန်သုံးဖို့တော့လိုမယ်။ Intel ဖြစ်ဖြစ် AMD ဖြစ်ဖြစ် Motherboard ပေ...
22/10/2025

CPU တွေရဲ့ စွမ်းအားက အကုန်သုံးဖို့ပါပဲ ဒါပေမယ့် သေချာချိန်သုံးဖို့တော့လိုမယ်။

Intel ဖြစ်ဖြစ် AMD ဖြစ်ဖြစ် Motherboard ပေါ်မှာ CPU ရဲ့ အပေါ်နဲ့ ဘယ်ဘက်မှာ စီထားတဲ့ Capacitor တွေနဲ့ အခြား modules လေးတွေ ရှိတယ်
သူတို့တွေက VRM (Voltage Regulator Modules) ရဲ့ အစိတ်အပိုင်းလေးတွေ ရယ် Capacitors တွေရယ်ပေါ့။ VRM Components တွေကတော့ MOSFETS တွေ၊ Chokes တွေ၊ Capacitors တွေပေါ့ Board အမြင့်တွေမှာတော့ Heatsink အကြီးကြီးတွေနဲ့ သေချာ ကာဗာပေးထားလေ့ရှိတယ်။
နောက်ပြီး CPU နား ကပ်ထားတဲ့ Decoupling Capacitors လို့ခေါ်တဲ့ ceramic components လေးတွေ သေ‌းသေးလေးတွေ လည်းရှိတတ်တယ်။

ဒီ Capacitors အစုလေးတွေ ရဲ့တာ၀န်က နှစ်ခုလို့ အကြမ်းဖျင်းပြောနိုင်တယ်
1. ရုတ်တရက်ပ်ို‌ေပးရမယ့် ပါဝါအတွက် မြန်ဆန်တဲ့ speed နဲ့ လိုသလို သိုလှောင်ပေးပြီး CPU နဲ့ Mobo အတွက် ပါဝါကျွေးနိုင်တာပေါ့
2. Noise filtering and decoupling
ဒီနေရာမှာ Noise က electrical noise ကိုပြောတာ
Motherboard ပေါ်မှာ လိုအပ်သလို power ကျွေးတာ Current တွေကို high speed နဲ့ အကူးအပြောင်းလုပ်တာက ကြိမ်နှုန်းမြင့် electrical noise တွေ ထွက်စေတယ်၊ ခုနက noise filtering ဘယ်လိုလုပ်လဲဆို ဒီ capacitors လေးတွေက short circuit အနေနဲ့ အလုပ်လုပ်ပေးတယ်၊ CPU ကို power distribution network ကနေ ခွာထုတ်ပြီး သန့်ရှင်းတဲ့ မြန်ဆန်တဲ့ စွမ်းအင်ကို ပေးတယ်။

VRM တွေ Decoupling Capacitor တွေကို cooling သေချာ မပေးထားတဲ့ midrange Mobo တွေဆို ပိုစ့်ထဲမှာပြောထားတဲ့ full load CPU heat ကြောင့် capacitors တွေ ထိကုန်တာ၊ ခဏနဲ့ ပြသနာတွေ တက်ကြတာ ဖြစ်တတ်တယ်။

အဲ့လို board အနိမ့်သမားတွေဆို Casing Cooling Cycle ကို သေချာ ပေးပြီး လုပ်ထားကာမှ တော်ရုံကျမယ်။

AMD CPU တွေဘာကြောင့်ပူလဲ

ဘာကြောင့် ပူလဲဆိုရင် Precision Boost Overdrive (PBO) အလုပ်လုပ်ပုံကြောင့်ပါ။ ဥပမာ Ryzen 7 260 က သူ့ရဲ့ Max. Operating Temperature (Tjmax) 100°C အောက်မှာရှိနေသရွေ့ Game ဆော့တဲ့အခါပဲဖြစ်ဖြစ် CPU Loading မြင့်တဲ့ Task တွေ သုံးတဲ့အခါပဲဖြစ်ဖြစ် Turbo Speed 5.1 GHz ကိုရောက်အောင် အလိုအလျောက် Boost ပါတယ်။ Cooling System ဘယ်လောက်ပဲကောင်းကောင်း CPU က Clock Speed အမြင့်ဆုံးရောက်အောင် Boost နေတာကြောင့် ပူလာပါတယ်။ ပူနေတာက CPU full performance ဖြစ်နေတယ်ဆိုတဲ့ သဘောပါပဲ။ 85°C~95°C က Normal Operating Temperature မို့ စိုးရိမ်စရာမရှိပါဘူး။ High Temperature နဲ့ Performance ကောင်းကောင်းရအောင် ရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ chiplet design ဖြစ်တာမို့ CPU ပျက်သွားမလားဆိုတဲ့ စိုးရိမ်စိတ်တွေ ထားစရာလဲ မလိုပါဘူး

တရုတ်ကနေ ဂိမ်းနဲ့ AI အတွက် ပထမဆုံး 6nm GPU တွေကို ထုတ်လိုက်ပြီတဲ့။ နာမည်က Lisuan Tech 7G106 (12 GB) နဲ့ 7G105 (24 GB) ပါ...
28/07/2025

တရုတ်ကနေ ဂိမ်းနဲ့ AI အတွက် ပထမဆုံး 6nm GPU တွေကို ထုတ်လိုက်ပြီတဲ့။ နာမည်က Lisuan Tech 7G106 (12 GB) နဲ့ 7G105 (24 GB) ပါ။ ဒီကတ်တွေက အမြင့်ဆုံး 24 TFLOPs ထိ စွမ်းဆောင်နိုင်ပြီး စွမ်းဆောင်ရည်စမ်းသပ်မှုတွေမှာ NVIDIA RTX 4060 ထက်တောင် ပိုမြန်တယ်လို့ ဆိုပါတယ်။ Black Myth Wukong ဂိမ်းကိုတောင် 4K high setting နဲ့ ကောင်းကောင်းကစားလို့ရတယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ရက်ပိုင်းက Lisuan G100 GPU က RTX 4060 ကို ကျော်ပြီး RTX 5060 နီးပါး စွမ်းဆောင်နိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပါတယ်။ အခုတော့ Lisuan Tech က G100 GPU ကို အခြေခံထားတဲ့ ဂရပ်ဖစ်ကတ်အသစ်တွေဖြစ်တဲ့ 7G106 နဲ့ 7G105 ကို တရားဝင် မိတ်ဆက်လိုက်ပါပြီ။

*Lisuan 7G106 (ဂိမ်းကစားဖို့)*
အသေးစိတ် ပြောရရင် 7G106 က ဂိမ်းကစားသူတွေအတွက် ရည်ရွယ်ပြီး 12 GB GDDR6 memory ပါဝင်ပါတယ်။ ဒါ့အပြင် 192-bit bus interface နဲ့ ချိတ်ဆက်ထားပြီး PCIe 4.0 x16 နဲ့လည်း ကိုက်ညီပါတယ်။ ဒီဂရပ်ဖစ်ကတ်မှာ TMUs 192 ခု၊ ROPs 96 ခု ပါဝင်ပြီး အမြင့်ဆုံး TDP 225W ရှိပါတယ်။ ပါဝါအတွက် 8-pin connector တစ်ခုတည်း လိုအပ်ပါတယ်။
ဒီဇိုင်းပိုင်းကတော့ triple-slot ပုံစံဖြစ်ပြီး ပန်ကာသုံးလုံးကို အပေါ်က grill နဲ့ ဖုံးအုပ်ထားပါတယ်။ DisplayPort 1.4a output လေးခု ပါဝင်ပြီး 8K60Hz HDR Freesync ကိုလည်း ထောက်ပံ့ပေးပါတယ်။ AV1 4K@30 FPS Encode၊ HEVC 8K@30FPS Encode နဲ့ AVI/HEVC 8K/60FPS Decode တွေကိုလည်း လုပ်ဆောင်နိုင်ပါတယ်။ နောက်ပြီး DX12, Vulkan 1.3, OpenGL 4.6, နဲ့ OpenCL 3.0 စတဲ့ ခေတ်ပေါ် API တွေ အကုန်လုံးကိုလည်း သုံးနိုင်ပါတယ်။

*Lisuan 7G105 (လုပ်ငန်းသုံး/AI အတွက်)*
နောက်တစ်ကတ်ကတော့ Lisuan Tech 7G105 ပါ။ ဒါက ပရော်ဖက်ရှင်နယ်လုပ်ငန်းတွေနဲ့ AI အတွက် ရည်ရွယ်ထုတ်ထားတာပါ။ တူညီတဲ့ chip ကိုပဲ သုံးထားပေမဲ့ ECC support ပါတဲ့ 24 GB GDDR6 memory ပါဝင်ပါတယ်။ 192 GP/s အထိ၊ 384 GT/s အထိ နဲ့ FP32 compute အတွက် 24 TFLOPs အထိ စွမ်းဆောင်နိုင်ပါတယ်။ 1080p မျက်နှာပြင် 16 ခုအထိကို 60 FPS နဲ့ virtual environment မှာ လည်ပတ်နိုင်တယ်လို့ ဆိုပါတယ်။ Pro version ဖြစ်တာနဲ့အညီ ခေတ်မီ data security, data encryption နဲ့ confidential computing support တွေလည်း ပါဝင်ပါတယ်။ ဒီ Pro version ရဲ့ ဒီဇိုင်းက consumer card နဲ့ တော်တော်ဆင်တူပေမဲ့ 7G105 က 8-pin input အစား 12V-2x6 power connector တစ်ခုတည်းကို သုံးထားပုံရပါတယ်။
စွမ်းဆောင်ရည်ပိုင်း
7G106 ရဲ့ စွမ်းဆောင်ရည်ကို synthetic benchmarks တွေမှာ ထပ်ပြသခဲ့ပါတယ်။ သူတို့ထုတ်ခဲ့တဲ့ Geekbench OpenCL စွမ်းဆောင်ရည်ဇယားအပြင် 3DMark Firestrike benchmark ကိုလည်း စမ်းသပ်ခဲ့ရာမှာ 26,800 မှတ် ရရှိခဲ့ပါတယ်။ ဒါဟာ RTX 4060 နဲ့ တူတူလောက်ပဲ ရှိတယ်လို့ ဆိုနိုင်ပါတယ်။

တကယ့် real life performance ကိုတော့ public ကိုရောင်းချတဲ့အခါ သိရှိနိုင်မှာပဲဖြစ်ပါတယ်။
အသေးစိတ် ထပ်ပြောရရင်တော့ -
* စမ်းသပ်ထုတ်လုပ်တာ (Sampling): ၂၀၂၅ ခုနှစ်၊ သြဂုတ်လမှာ လုပ်ပါလိမ့်မယ်။
* အလုံးအရင်း ထုတ်လုပ်တာ (Mass Production): ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလမှာ စပါလိမ့်မယ်။
* ဈေးနှုန်း: လက်ရှိအချိန်ထိတော့ ထုတ်ပြန်ကြေညာထားတာ မရှိသေးပါဘူး။
* ဝယ်ယူရရှိနိုင်မှု: ထုတ်လုပ်မှုပြီးတာနဲ့ ၂၀၂၅ နှစ်နှောင်းပိုင်းလောက်မှာ APAC (အာရှ-ပစိဖိတ်) ဒေသတွင်း ဈေးကွက်တွေမှာ ရနိုင်ဖွယ်ရှိပါတယ်။

Ref: Lisuan Tech, WCCTech, tom's Hardware

တကယ်အတည် Stream ချင်ပေမယ့်လေ အင်တာနက်လိုင်း ဗီပန် နဲ့ မီးနဲ့က တားနေတယ်။ ဒီနေ့တော့ ထပ် Stream ပါမယ်လေ။ Lore တွေကတော့ နောက...
11/12/2024

တကယ်အတည် Stream ချင်ပေမယ့်လေ အင်တာနက်လိုင်း ဗီပန် နဲ့ မီးနဲ့က တားနေတယ်။ ဒီနေ့တော့ ထပ် Stream ပါမယ်လေ။ Lore တွေကတော့ နောက်အပတ်ကနေစပြီး တစ်ခုစီလာမယ်။

ချစ်တဲ့တိုတမ်မယ်တော်ကြီး Scarlet

အာပြဲသလောက် သဘောကောင်းတဲ့ HR မမနဲ့လက်တွဲချင်ရင် အလုပ်လာလျှောက်လို့ရပါမယ်။ မုန့်က ၂ ပတ်တစ်ခါ စပွန်ပါမယ်။
03/10/2024

အာပြဲသလောက် သဘောကောင်းတဲ့ HR မမနဲ့လက်တွဲချင်ရင် အလုပ်လာလျှောက်လို့ရပါမယ်။ မုန့်က ၂ ပတ်တစ်ခါ စပွန်ပါမယ်။

Mythic Seal မှ အောက်ဖော်ပြပါ ရာထူးကိုအမြန်ခေါ်ယူလျက်ရှိပါသည်
09/08/2024

Mythic Seal မှ အောက်ဖော်ပြပါ ရာထူးကိုအမြန်ခေါ်ယူလျက်ရှိပါသည်

 # Urgent Hiring We are currently looking for the candidates who are interested in Esports community and challenges to j...
02/07/2024

# Urgent Hiring

We are currently looking for the candidates who are interested in Esports community and challenges to join our HOG Team.

Location – Dagon Center (1), Building (C.), Myay Ni Gone, Sangchaung Tsp.
Working Days – Monday to Friday
Working Hours – 9:30 am to 5:30 pm
Saturday, Sunday and Gazette holidays

1. Junior Key Account Executive (M/F – 1)
Salary up to 700,000 MMK

As Key Account Executive, you will play a pivotal role in ensuring clients’ satisfaction and the successful ex*****on of eSports campaigns and events. You will be responsible for building and maintaining strong relationships with clients and collaborating with internal departments.

Job Description
- Assist the Key Account Manager in developing and present campaign proposals to the client.
- Day-to-day communication with clients.
- Handle client requests, negotiation and ensuring client satisfaction.
- Collaborate with internal teams, including creative, social media and production, to ensure successful campaign and event implementation.
- Assist in developing new projects and campaigns for advertising.

Job Requirement
- Any bachelor’s degree. (Degree in Marketing, Business Management is an advantage)
- At least 1 year of experience specialized in Marketing or Advertising.
- Can communicate in English fluently.
- Highly proficiency in MS Office, Power Points, Business and communication tools.

2. Membership Admin (F – 1)
Salary 400,000 MMK

Job Description
- Managing the daily/weekly/monthly agenda and arranging new meetings and appointments.
- Manage membership records and database.
- Assist with financial tasks such as invoicing and payment processing
- File and update contact information of external partners.
- Support and facilitate the completion of regular reports
- Develop and maintain a filing system
- Make travel arrangements
- Document expenses and hand in reports

Job Requirement
- Ability to prioritize tasks and accomplish them in a detailed, timely manner
- Proficient in Microsoft Office Suite (Word, Excel, Outlook)
- Excellent communication and interpersonal skills
- Ability to work in high-energy, and active settings with large groups of youth and teens
- Be adaptable and flexible to change
- Assume other responsibilities as assigned by the supervisor
- 1 years’ experience in an office, receptionist, secretary, or similar setting is preferred

3. Graphic Designer (M-1)
Salary up to 700,000 MMK

4. Logistic Executive (M-1)
Salary up to 700,000 MMK

Company တိုက်ရိုက်ခေါ်ယူခြင်းဖြစ်ပါသည်။ Senior Video Editor - (3) postsသိလိုသည်များကိုလည်းဖော်ပြပါ Viber ဖုန်းနံပတ်များသ...
06/05/2024

Company တိုက်ရိုက်ခေါ်ယူခြင်းဖြစ်ပါသည်။

Senior Video Editor - (3) posts

သိလိုသည်များကိုလည်းဖော်ပြပါ Viber ဖုန်းနံပတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Shortlisted စာရင်းတွင်ပါ၀င်သူများကိုသာ interview အမြန်ခေါ်ယူမည်ဖြစ်ပါသည်။

Company တိုက်ရိုက်ခေါ်တာပါ။ Shortlsit စာရင်းတွင်ပါဝင်ပါက interview အမြန်ခေါ်မည်ဖြစ်ပါသည်။
06/05/2024

Company တိုက်ရိုက်ခေါ်တာပါ။
Shortlsit စာရင်းတွင်ပါဝင်ပါက interview အမြန်ခေါ်မည်ဖြစ်ပါသည်။

HOG eSports company အတွက် လူလိုပါတယ်ဗျို့အလုပ်ချိန်ကတော့ Monday to Friday (9:30 am to 5:30 pm) ပါ။ နေရာကတော့ Dagon Cente...
23/04/2024

HOG eSports company အတွက် လူလိုပါတယ်ဗျို့

အလုပ်ချိန်ကတော့ Monday to Friday (9:30 am to 5:30 pm) ပါ။
နေရာကတော့ Dagon Center 1 မှာဆိုတော့ သွားရေးလာ‌ရေးလည်း အရမ်းမခက်ခဲပါဘူး။

Company က gaming community ကဆိုတော့ Challanging ဖြစ်မယ်။ အလုပ်ခွင်က ပျော်စရာကောင်းမယ်။ လူငယ်တွေချည်းဆိုတော့ စိတ်ပေါ့ပေါ့ပါး အလုပ်လုပ်လို့ကောင်းမယ်။

1. IT Assistant Manager (1) post

လစာကတော့ (10) သိန်းအထိရပါမယ်။

Network ပိုင်းကျွမ်းမယ် Team က ကလေးတွေကိုကောင်းကောင်းလေး Train ပေးနိုင်ရမယ် ပွဲတွေရှိရင်တော့ Team နဲ့အတူတူ IT ပိုင်း Setup လုပ်ရမှာပါ။

2. တကယ်လို့ဂိမ်းပြိုင်ပွဲတွေကို promote လုပ်ရတာ သဘောကျရင်တော့ Digital Marketing Executive ရာထူးအတွက် (၁) ယောက်လိုပါသေးတယ်။

3. ပွဲတွေဆက်နေတဲ့ကာလမှာ ပွဲချိန်တွေကို ချိန်းပေးချင်သပဆိုရင်တော့ Tournament Admin ရာထူးရှိပါတယ် သူကတော့ လူ (3) ယောက်လိုချင်ပါတယ်တဲ့

4. ထပ်တိုးအနေနဲ့ Key Account executive (Marketing Dept) အတွက် (၁) ယောက်ထပ်လိုပါမယ်။ သူကတော့ Client တွေ တွေနဲ့ စကားပြောရမှာမို့ experience သမားတွေတော့ လာလျှောက်လို့ရပါတယ်နော်။

CV တင်ချင်ရင် [email protected] or 09750338528 (Viber) ဆီပို့လို့ရပါတယ်

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Jenova's Paradise posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Jenova's Paradise:

Share