𝐀𝐭𝐡𝐞𝐧𝐚’𝐬 𝐀𝐬𝐭𝐫𝐚

  • Home
  • Myanmar
  • Yangon
  • 𝐀𝐭𝐡𝐞𝐧𝐚’𝐬 𝐀𝐬𝐭𝐫𝐚

𝐀𝐭𝐡𝐞𝐧𝐚’𝐬 𝐀𝐬𝐭𝐫𝐚 Guiding your path to clarity🪶

✨ 𝐀𝐭𝐡𝐞𝐧𝐚’𝐬 𝐀𝐬𝐭𝐫𝐚 ၏ မွေးလအထိမ်းအမှတ် 𝐁𝐢𝐫𝐭𝐡𝐝𝐚𝐲 𝐌𝐨𝐧𝐭𝐡 𝐆𝐢𝐯𝐞𝐚𝐰𝐚𝐲 ✨ဒီလလေးကတော့ 𝐀𝐭𝐡𝐞𝐧𝐚’𝐬 𝐀𝐬𝐭𝐫𝐚 ရဲ့ အထူးခြားဆုံး မွေးလလေးပဲ ဖြစ်...
12/03/2026

✨ 𝐀𝐭𝐡𝐞𝐧𝐚’𝐬 𝐀𝐬𝐭𝐫𝐚 ၏ မွေးလအထိမ်းအမှတ် 𝐁𝐢𝐫𝐭𝐡𝐝𝐚𝐲 𝐌𝐨𝐧𝐭𝐡 𝐆𝐢𝐯𝐞𝐚𝐰𝐚𝐲 ✨

ဒီလလေးကတော့ 𝐀𝐭𝐡𝐞𝐧𝐚’𝐬 𝐀𝐬𝐭𝐫𝐚 ရဲ့ အထူးခြားဆုံး မွေးလလေးပဲ ဖြစ်ပါတယ်ရှင် 🎂🌟

ဒီလို ကျွန်မရဲ့ မွေးနေ့အချိန်အခါလေးမှာ ကျွန်မကို ယုံကြည်အားပေးကြတဲ့ ချစ်ရသူလေးတွေကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့... မေတ္တာလက်ဆောင် Giveaway လေးတစ်ခုကို စီစဉ်ထားပါတယ်ရှင်🔮✨

အဲ့ဒါကတော့… မွေးနေ့ဆုတောင်းလေးတွေ ရေးပေးရမှာ ဖြစ်ပါတယ်ရှင် 🥳🎉

ဒီ Post လေးမှာ ပါဝင်ပေးသူတွေထဲကမှ ကံထူးရှင် (၃) ဦးတိတိကို သေချာလေး ရွေးချယ်ပြီး မေတ္တာဖြင့် "Tarot အခမဲ့" သေချာ ကြည့်ပေးသွားမှာပဲ ဖြစ်ပါတယ်ရှင်🧿🤍

🎁 ကံထူးရှင်ဖြစ်ဖို့ ဘာတွေလုပ်ရမလဲ? 🎁
ပါဝင်ဖို့အတွက် အောက်ပါ အလွယ်ကူဆုံး အချက်လေး (၃) ချက်ကို လုပ်ဆောင်ပေးရပါမယ်နော်...

၁။ 👍 𝐋𝐢𝐤𝐞 & 𝐅𝐨𝐥𝐥𝐨𝐰:
Athena's Astra Page လေးကို Like & Follow လေးလုပ်ထားပေးပါ။

၂။ 🌍 𝐒𝐡𝐚𝐫𝐞:
ဒီ Post လေးကို မိမိရဲ့ wall မှာ 𝐏𝐮𝐛𝐥𝐢𝐜 ဖြင့် 𝐒𝐡𝐚𝐫𝐞 ပေးပါ။

၃။ 💬 𝐂𝐨𝐦𝐦𝐞𝐧𝐭:
Comment Box မှာ Athena's Astra အတွက် နွေးထွေးတဲ့ "မွေးနေ့ဆုတောင်းလေး" ရေးပေးပြီး share ထားကြောင်းကို screenshot မန့်ပေးသွားပါ။

🪄အဓိပ္ပါယ်အရှိဆုံးနဲ့ အလှပဆုံး မွေးနေ့ဆုတောင်းလေးတွေ ရေးပေးတဲ့သူတွေထဲကမှ ကံထူးရှင် (၃) ဦးကို သေချာလေး ရွေးချယ်သွားမှာမို့လို့... ကိုယ်သိချင်တဲ့ အကြောင်းအရာလေးတွေကို Athena's Astra နဲ့အတူ အဖြေရှာလိုက်ကြရအောင်နော် 🥰🥰

⏳ ကံထူးရှင်များကို 22 Mar 2026 နေ့မှာ ကြေညာပေးသွားပါမယ်ရှင့် 💁🏻‍♀️

အားလုံးပဲ ကံကောင်းကြပါစေရှင်… 🍀✨

✨ သင့်ဘဝရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ပေးမယ့် "𝐁𝐢𝐫𝐭𝐡 𝐂𝐡𝐚𝐫𝐭 " ဆိုတာ ဘာလဲ? ✨Tarot နဲ့ ဗေဒင်အကြောင်းတွေ ဖတ်တဲ့အခါ "Birth...
12/03/2026

✨ သင့်ဘဝရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ပေးမယ့် "𝐁𝐢𝐫𝐭𝐡 𝐂𝐡𝐚𝐫𝐭 " ဆိုတာ ဘာလဲ? ✨

Tarot နဲ့ ဗေဒင်အကြောင်းတွေ ဖတ်တဲ့အခါ "Birth Chart" (မွေးဖွားရာ ဇာတာခွင်) ဆိုတဲ့ စကားလုံးကို မကြာခဏ ကြားဖူးကြမှာပါ။ ဒါပေမယ့် တကယ်တမ်း Birth Chart ဆိုတာ ဘာလဲ၊ ကိုယ့်ဘဝအတွက် ဘယ်လိုအရေးပါလဲဆိုတာ သေချာမသိသေးတဲ့ သူတွေအတွက် ဒီနေ့မှာတော့ လူတော်တော်များများ သေချာမသိကြသေးတဲ့ Birth Chart အကြောင်းလေးကို မျှဝေပေးသွားပါမယ်ရှင် 📄🧚🏻‍♀️

🌌 Birth Chart ဆိုတာ ဘာလဲ?

အလွယ်ဆုံးပြောရရင် Birth Chart ဆိုတာ သင်မွေးဖွားလာတဲ့ အချိန်၊ နေ့ရက် နဲ့ နေရာ အတိအကျမှာ ကောင်းကင်ယံက ဂြိုဟ်တွေ၊ နက္ခတ်တွေ ဘယ်လိုပုံစံ တည်ရှိနေခဲ့သလဲ ဆိုတာကို ရိုက်ကူးထားတဲ့ "Astrological DNA" ပဲဖြစ်ပါတယ် 🫆🪐

လူတော်တော်များများက ကိုယ့်ရဲ့ "Sun Sign" (ဥပမာ- Aries, Ta**us, Gemini စသည်ဖြင့်) ကိုပဲ သိကြပေမယ့်၊ တကယ့် Birth Chart မှာတော့ သင့်ရဲ့ စိတ်ခံစားချက်တွေကို ကိုယ်စားပြုတဲ့ Moon Sign၊ လူတွေမြင်တဲ့ သင့်ရဲ့ပုံရိပ် Rising Sign (Ascendant) အပြင် တခြားဂြိုဟ်တွေရဲ့အနေအထားတွေ အားလုံးက သင့်ကို "သင်" ဆိုတဲ့ တစ်ဦးတည်းသောသူ ဖြစ်လာအောင် ပုံဖော်ပေးထားတာပါ။ ဒါကြောင့် ကမ္ဘာပေါ်မှာ သင့်ရဲ့ Birth Chart ဟာလဲ သင့်တစ်ယောက်တည်းအတွက်ပဲ သီးသန့် တည်ရှိနေတာမျိုးပဲဖြစ်ပါတယ်။

🔮 လူတစ်ယောက်အတွက် ဘယ်လို သက်ရောက်မှုရှိလဲ? ဘာကြောင့် အရေးပါတာလဲ?

ဘာကြောင့် အရေးပါသလဲဆိုရင်…

Birth Chart ဟာ သင့်ဘဝရဲ့ Soul's Guidebook လိုမျိုးပါပဲ..

🎭 ကိုယ့်ကိုယ်ကို နက်ရှိုင်းစွာ နားလည်လာခြင်း

သင် ဘာကြောင့် ဒီလိုခံစားရတာလဲ၊ ဘာလို့ ဒေါသထွက်လွယ်တာလဲ၊ ဒါမှမဟုတ် ဘာလို့ အမြဲတမ်း တွေဝေနေတတ်တာလဲ ဆိုတဲ့ သင့်ရဲ့ ပင်ကိုယ်စရိုက် Personality အစစ်အမှန်ကို Self-discovery လုပ်သလို ထင်ဟပ်ပြသပေးပါတယ်။

💼 ဘဝလမ်းကြောင်းနှင့် အသက်မွေးဝမ်းကျောင်း

ကိုယ့်ရဲ့ အားသာချက်၊ အားနည်းချက်တွေကို သိလာတဲ့အတွက် ဘယ်လိုအလုပ်အကိုင်မျိုးက ကိုယ်နဲ့ အကိုက်ညီဆုံးလဲဆိုတာကို လမ်းပြပေးနိုင်ပါတယ်။

💖အချစ်ရေးနှင့် လူမှုပေါင်းသင်းဆက်ဆံရေး

ကိုယ်က ဘယ်လိုလူမျိုးတွေနဲ့ ရေစက်ပါလဲ၊ ချစ်သူနဲ့ ဘာကြောင့် မကြာခဏ ပြဿနာတက်ရတာလဲ စတဲ့ Relationship ပိုင်းဆိုင်ရာ လျှို့ဝှက်ချက်တွေကိုလည်း ကူညီအဖြေရှာပေးပါတယ်။

🌱 ဘဝရဲ့ သင်ခန်းစာများ

ကိုယ်ဖြတ်သန်းရမယ့် အခက်အခဲတွေ၊ သင်ယူရမယ့် သင်ခန်းစာတွေ Karmic lessons တွေကို ကြိုတင်သိရှိပြီး ပြင်ဆင်နိုင်ပါတယ် 🧿🪬

⚖️ Birth Chart က တကယ်ရော ဟုတ်မှန်ရဲ့လား?

ဒီမေးခွန်းက လူတိုင်းသိချင်တဲ့ မေးခွန်းပါ။ Birth Chart ဆိုတာ ပြင်ဆင်ပြောင်းလဲလို့ မရနိုင်တဲ့ ပုံသေချမှတ်ထားသော ကံကြမ္မာမှတ်တမ်းတစ်ခု လုံးဝ မဟုတ်ပါဘူး 💁🏻‍♀️

လက်တွေ့ကျကျ ပြောရရင် Birth Chart ဆိုတာ ဖြစ်နိုင်ခြေ အလားအလာ Potentials ကို ပြသပေးတဲ့ သံလိုက်အိမ်မြှောင် တစ်ခုသာ ဖြစ်ပါတယ်။

ဇာတာခွင်ထဲမှာ ဘယ်လောက်ပဲ အောင်မြင်မယ့် အနေအထားရှိနေပါစေ၊ ကိုယ်တိုင်က ကြိုးစားအားထုတ်မှု မရှိရင် ဖြစ်လာမှာ မဟုတ်ပါဘူး။ အလားတူပဲ၊ အခက်အခဲတွေရှိနေတယ် ဆိုရင်လည်း ကြိုတင်သိရှိပြီး ရှောင်လွှဲနိုင်၊ ပြင်ဆင်နိုင်စွမ်း ရှိပါတယ်။ အရာအားလုံးရဲ့ အဆုံးအဖြတ်ကတော့ သင့်ရဲ့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် Free Will နဲ့ လက်တွေ့ လုပ်ဆောင်မှုတွေအပေါ်မှာပဲ မူတည်ပါတယ်။

Birth Chart က သင့်ဘဝခရီးလမ်းကို အကောင်းဆုံး လမ်းပြပေးမယ့် အယုံကြည်ရဆုံးသော လမ်းပြကြယ်ပွင့်လေးတစ်ခုလိုပါပဲ..

ဒီလောက်ဆိုရင်တော့ Birth Chart ဆိုတာ ဘာကိုပြောတာလဲဆိုတာကို နားလည်သဘောပေါက်လောက်ပြီလို့ ထင်ပါတယ်ရှင် 🪐 🌌

🌟 သင်ရော သင့်ရဲ့ လျှို့ဝှက်ချက်တွေ အပြည့်ပါတဲ့ Birth Chart ကို ဖတ်ကြည့်ချင်ပြီလား?

ကိုယ့်ရဲ့ မွေးသက္ကရာဇ်၊ အချိန် နဲ့ နေရာကို သိရုံနဲ့ သင့်ဘဝရဲ့ အဖြေတွေကို ရှာဖွေနိုင်ပါပြီ…

Birth Chart Reading ပြုလုပ်ချင်တယ်ဆိုရင်တော့ Page Chat Box လေးမှာ Message လေးပို့ပြီး အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါတယ်နော် 📩✨

အခုလောလောဆယ်မှာ သင်အသိချင်ဆုံး ကိစ္စကရောဘာများဖြစ်မလဲ? အချစ်ရေးလား၊ အလုပ်အကိုင်လား၊ ဒါမှမဟုတ် ကိုယ့်ရဲ့ ပင်ကိုယ်စရိုက် အမှန်ကိုလား? Comment မှာ မျှဝေပေးခဲ့ပါဦးနော် 🪶🪬


🪐 Retrograde (The Inward Shift) ဆိုတာ.. - - - - - - - - - - - - - - - - - - -ဒီရက်ထဲ ကြည့်ပေးဖြစ်တဲ့ အချစ်ရေးလေးတွေမှာ မ...
05/03/2026

🪐 Retrograde (The Inward Shift) ဆိုတာ..
- - - - - - - - - - - - - - - - - - -

ဒီရက်ထဲ ကြည့်ပေးဖြစ်တဲ့ အချစ်ရေးလေးတွေမှာ မြင်ရတာလေးက ကျွန်မကို ဒီpost လေးတင်ဖို့ message လေးတွေ ပေးနေသလိုပါပဲ ✨🪶

ဒါကြောင့် ကျွန်မအနေနဲ့ ၂၀၂၆ ခုနှစ်မှာ လူတိုင်းနီးပါးကြုံတွေ့ရမယ့် Retrograde တွေနဲ့ ပက်သက်ပြီး ဘယ်လိုတွေ ဖြစ်တတ်ကြလဲဆိုတာကို ကျွန်မ လေ့လာထားသလောက် ပြောပြသွားချင်ပါတယ်။

Planet တွေ Retrograde ဖြစ်ပြီဆိုရင် ကျွန်မတို့ လူသားတွေအပေါ်မှာရော ဘယ်လို သက်ရောက်မှု ရှိလာနိုင်မလဲ…

2026 ခုနှစ်ရဲ့ ကောင်းကင်ယံဟာ တိတ်ဆိတ်နေပေမယ့် ဂြိုလ်တွေဟာလဲ အလွန်နက်ရှိုင်းတဲ့ စွမ်းအင်တွေနဲ့ လည်ပတ်နေကြပါတယ် 🌃💫

🪐Retrograde ဖြစ်တယ်ဆိုတာ…✨
ကျွန်မတို့ နေထိုင်ရာ ကမ္ဘာကြီးက ရှေ့ကို အမြဲလည်ပတ်နေပေမယ့် တစ်ခါတစ်ရံမှာ နောက်ကြောင်းပြန်လှည့်ကြည့်ဖို့၊ မေ့ကျန်ခဲ့တာတွေကို ပြန်ကောက်ဖို့၊ အတွင်းစိတ်ကို ပြန်လည်ကုစားဖို့ ( Inward Shift ) အချိန်တွေလိုအပ်ပါတယ်။

တစ်နည်းအားဖြင့် ပြောရရင်..
ကမ္ဘာပေါ်ကနေ ကောင်းကင်ကို မော့ကြည့်လိုက်တဲ့အခါ Planet(ဂြိုဟ်)တွေဟာ သူတို့သွားနေကျ ပတ်လမ်းအတိုင်း ရှေ့ကိုမသွားဘဲ နောက်ပြန်ဆုတ်သွားသလို မြင်ရတဲ့ အခြေအနေ ကို Apparent Retrograde Motion လို့ ခေါ်ပါတယ်။

သိပ္ပံပညာနဲ့ နက္ခတ္တဗေဒ (Astronomy) ရှုထောင့်အရ ပြောရရင် Retrograde ဆိုတာ ဂြိုဟ်တွေ တကယ် နောက်ပြန်ဆုတ်သွားတာ မဟုတ်ပါဘူး။ ကမ္ဘာနဲ့ တခြားဂြိုဟ်တွေရဲ့ နေကိုလှည့်ပတ်တဲ့ အမြန်နှုန်းကွာဟချက်ကြောင့် ဖြစ်ပေါ်လာတဲ့ အမြင်အာရုံဆိုင်ရာ မျက်စိလှည့်စားမှု (Optical Illusion) သက်သက် တစ်ခုသာလျှင် ဖြစ်ပါတယ်။

Astrology ပညာမှာတော့ Planet(ဂြိုဟ်)တစ်လုံးဟာ Retrograde ဖြစ်ပြီဆိုရင် အဲဒီဂြိုဟ်နဲ့ သက်ဆိုင်တဲ့ စွမ်းအင်တွေဟာ အပြင်ဘက်လောကကို မသက်ရောက်တော့ဘဲ ကိုယ့်ရဲ့ အတွင်းဘက်ဆီကို ဦးတည်သွားတယ် The inward shift ဖြစ်သွားတယ် လို့ ယူဆကြပါတယ်။

Retrograde က တကယ်ပဲ အရေးကြီးလား? 🔮

Retrograde ဆိုရင် လူတွေက အလွဲလွဲအချော်ချော်တွေ ဖြစ်တတ်တယ်ဆိုပြီး စိုးရိမ်တတ် ကြောက်တတ်ကြပေမယ့် တကယ်တော့ ပြန်လည်သုံးသပ်ဖို့ အချိန်တစ်ခုသာ ဖြစ်ပါတယ်။

ဒါပေမယ့် Astrologyအယူအဆမှာတော့ ဒါကို အရေးကြီးတဲ့ ကာလတစ်ခုလို့ သတ်မှတ်ပါတယ်။ ကံဆိုးစေတဲ့အချိန် မဟုတ်ဘဲ "Re" လို့စတဲ့ စကားလုံးတွေဖြစ်တဲ့ ပြန်လည်သုံးသပ်ခြင်း (Review)၊ ပြင်ဆင်ခြင်း (Revise) နဲ့ အနားယူခြင်း (Rest) တွေ လုပ်ဖို့ အကောင်းဆုံးအချိန်လို့ မှတ်ယူထားရင် ပိုမှန်ပါတယ်။

၂၀၂၆ ခုနှစ်ဟာ "ခံစားချက်တွေ၊ အချစ်ဟောင်းတွေနဲ့ မပြီးပြတ်သေးတဲ့ ကိစ္စဟောင်းတွေ" ကို ရေစုန်မျောရာကနေ ပြန်လည်ဆယ်ယူရမယ့် နှစ်တစ်နှစ်လဲ ဖြစ်ပါတယ်။

ဒီနှစ်အတွင်းမှာ လူတိုင်း သတိထားရမယ့် အဓိက Retrograde ကာလတွေအကြောင်းကို သေချာပြောပြပေးပါမယ်ရှင်..

ဒီနှစ်အတွက် အထိရောက်ဆုံး နဲ့ အရေးကြီးဆုံးကတော့ Mercury နဲ့ Venus Retrograde တွေပါ။

🪐🪐 အတိတ်ကို ပြန်ခေါ်လာမယ့် ဗုဒ္ဓဟူးဂြိုဟ် (The Watery Echoes of Mercury Retrograde)

၂၀၂၆ ခုနှစ်မှာ Mercury Retrograde (၃) ကြိမ်တိတိ ဖြစ်ပေါ်ပါမယ်။ အထူးခြားဆုံးကတော့ ဒီ ၃ ကြိမ်စလုံးဟာ Water Sign (ရေသဘာဝရှိတဲ့ ရာသီခွင်) တွေဖြစ်တဲ့ Pisces, Cancer, Scorpio Season တွေမှာပဲ ဖြစ်ပေါ်မှာပါ။ ရေဆိုတာ ခံစားချက်၊ သံယောဇဉ်၊ အတိတ်နဲ့ နက်ရှိုင်းတဲ့ အတွင်းစိတ်ကို ကိုယ်စားပြုပါတယ်။ ဒါကြောင့် ဒီနှစ်ရဲ့ Mercury ဟာ သာမန် ဆက်သွယ်ရေး လွဲချော်တာလောက်တင် မဟုတ်ဘဲ၊ သင့်ရဲ့ စိတ်ခံစားချက်တွေကိုပါ လှုပ်ခတ်စေပါလိမ့်မယ် 🌊🫧

🪐ပထမအကြိမ်: ဖေဖော်ဝါရီ ၂၆ မှ မတ် ၂၀ ထိ (ယခု ကျွန်မတို့ လက်ရှိ ဖြတ်သန်းနေဆဲ ကာလ Pisces (မိန်ရာသီ) မှာ Retrograde ဖြစ်နေပါတယ်)
🪐ဒုတိယအကြိမ်: ဇွန် ၂၉ မှ ဇူလိုင် ၂၃ ထိ
🪐တတိယအကြိမ်: အောက်တိုဘာ ၂၄ မှ နိုဝင်ဘာ ၁၃ ထိ

လက်ရှိရောက်နေတဲ့ မတ်လမှာ အဓိက Retrograde ဖြစ်နေတဲ့ Planet တွေကတော့ Mercury နဲ့ Jupiter Planet တို့ပဲ ဖြစ်ပါတယ်

⏳Mercury (ဗုဒ္ဓဟူးဂြိုဟ်): ဖေဖော်ဝါရီ ၂၆ ရက်နေ့ကနေ မတ်လ ၂၀ ရက်နေ့အထိ
⏳Jupiter (ကြာသပတေးဂြိုဟ်): ၂၀၂၅ နိုဝင်ဘာလကတည်းက စတင်ခဲ့ပြီး မတ်လ ၁၀ ရက်နေ့မှာတော့ ကရကဋ်ရာသီ (Cancer Season)မှာ Retrograde ပြီးဆုံးသွားမှာ ဖြစ်ပါတယ်။

✨Mercury Planet ဟာ လူတစ်ယောက်အတွက် ဘယ်လောက်အတိုင်းအတာထိ သက်ရောက်မှုရှိနိုင်မလဲဆိုရင်… ✨

Mercury (ဗုဒ္ဓဟူးဂြိုဟ်)ဟာ လူတစ်ယောက်ရဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့ ဆက်သွယ်ရေးစွမ်းရည်ကို ကိုယ်စားပြုပါတယ်။

ခန္ဓာကိုယ် အစိတ်အပိုင်းများအနေနဲ့ ဦးနှောက်၊ အာရုံကြောစနစ်၊ အဆုတ်၊ အသက်ရှူလမ်းကြောင်း၊ အသံအိုး၊ လက်မောင်းနဲ့ လက်ချောင်းများ အပေါ်သက်ရောက်မှုရှိပြီး

လူတွေရဲ့ဘဝအပေါ် သက်ရောက်မှုအနေနဲ့ကတော့ သင် ဘယ်လိုတွေးခေါ်လဲ၊ ဘယ်လို စကားပြောဆို ဆက်သွယ်လဲ၊ ပြဿနာတွေကို ဘယ်လို ဖြေရှင်းလဲ ဆိုတာကို အဓိက လွှမ်းမိုးပါတယ်။ Mercury အားကောင်းသူတွေဟာ ဉာဏ်ရည်ထက်မြက်တယ်၊ စကားပြောကောင်းတယ်၊ စာရေးသားတာ တော်ပြီး အခြေအနေအရပ်ရပ်ကို မြန်မြန်ဆန်ဆန် တုံ့ပြန်နိုင်စွမ်း ရှိကြပါတယ်။

Mercury Planet ရဲ့ အရေးပါမှု ရာခိုင်နှုန်းကတော့ နေ့စဉ်ဘဝ ဖြတ်သန်းမှုနဲ့ လူမှုဆက်ဆံရေးအပိုင်းမှာ 20% ခန့် အရေးပါပါတယ်။ လုပ်ငန်းခွင်၊ ပညာရေးနဲ့ နေ့စဉ် ဆက်သွယ်ပြောဆိုမှုတွေမှာ အလွန်အရေးကြီးပါတယ်။

🪐Mercury Retrograde ကာလမှာ ဘာတွေဖြစ်နိုင်လဲ 🪐

Mercury Planet ဟာ ပြောဆိုဆက်သွယ်မှု၊စာချုပ်စာတမ်းများ၊ နည်းပညာနဲ့ ခရီးသွားလာရေးကို ကိုယ်စားပြုတဲ့အတွက်ကြောင့် သူ Retrograde ဖြစ်ချိန်မှာ နားလည်မှုလွဲတာ၊ ဖုန်း/ကွန်ပျူတာ စက်ပစ္စည်းတွေ ပျက်လွယ်တာ၊ အစီအစဉ်တွေ နှောင့်နှေးတာမျိုးတွေ ဖြစ်တတ်ပါတယ်။

⚠️သတိထားရန်
ဒီကာလတွေမှာ အချစ်ဟောင်းတွေ၊ မိတ်ဆွေဟောင်းတွေ ရုတ်တရက် ပြန်ပေါ်လာတတ်ပါတယ်။ "ငါ သူ့ကို မေ့သွားပြီ" လို့ ထင်ထားတဲ့ ကိစ္စဟောင်းတွေ၊ ဒဏ်ရာဟောင်းတွေ ပြန်လည်အသက်ဝင်လာတတ်ပါတယ်။ Message လေးတစ်စောင်၊ စကားလေးတစ်ခွန်းကအစ အဓိပ္ပါယ်ကောက်လွဲပြီး စိတ်ကောက်တာ၊ ဝမ်းနည်းတာတွေ အလွယ်တကူ ဖြစ်တတ်ပါတယ်။

⚡️အရေးကြီးတဲ့ စာချုပ်တွေ လက်မှတ်မထိုးခင် သေချာဖတ်ပါ။ Message တွေ၊ E-mail တွေ မပို့ခင် နှစ်ခါပြန်စစ်ပါ။ စက်ပစ္စည်းတွေကို Backup လုပ်ထားပါ။

✨ဆောင်ရန်
ကိုယ့်ရဲ့ စိတ်ခံစားချက်ကို အချိန်ပေးပြီး နားထောင်ပါ။ ဒေါသထွက်စရာကြုံလာရင် ချက်ချင်းမတုံ့ပြန်ဘဲ အသက်ပြင်းပြင်းရှူသွင်း/ရှုထုတ် လုပ်ပေးပါ။ Journal ရေးပါ၊ တရားထိုင်ပါ။ အလုပ်ဟောင်း၊ စာရွက်စာတမ်းဟောင်းတွေကို ပြန်လည်စစ်ဆေးပါ။

‼️ရှောင်ရန်
ဒီကာလအတွင်းမှာ ကြီးမားတဲ့ ဆုံးဖြတ်ချက်အသစ်တွေ (အလုပ်သစ် ပြောင်းတာ၊ စာချုပ်သစ် ချုပ်တာ၊ ကတိအကြီးကြီးတွေ ပေးတာ) လုံးဝ မလုပ်ပါနဲ့။ ပစ္စည်းအသစ် (အထူးသဖြင့် ဖုန်း၊ ကွန်ပျူတာ စတဲ့ အီလက်ထရောနစ်ပစ္စည်း) များဝယ်တာကို ရှောင်ပါ။

၂၀၂၆ မှာ ဖြစ်မယ့် Mercury Retrograde သုံးခုလုံးဟာ Water Signs - Pisces, Cancer နဲ့ Scorpio Seasonတွေမှာ ဖြစ်မှာမို့ စိတ်ခံစားမှု ပိုမိုပြင်းထန်တတ်ပါတယ်။

🪐Jupiter Retrograde ကာလမှာ ဘာတွေဖြစ်လာနိုင်လဲ 🪐

၂၀၂၅ နိုဝင်ဘာလကတည်းက စခဲ့တဲ့ Retrograde ဟာ ၂၀၂၆ မတ်လ ၁၀ရက်နေ့မှ ပြီးဆုံးမှာပါ။
Jupiter ( ကြာသပတေးဂြိုဟ် ) ဟာ Astrology မှာ ကံကောင်းခြင်း၊ ကြီးပွားတိုးတက်ခြင်း၊ ဉာဏ်ပညာနဲ့ ချဲ့ထွင်ခြင်းတွေကို ကိုယ်စားပြုတဲ့ အင်မတန် အရေးပါတဲ့ ဂြိုဟ်ကြီးတစ်လုံး ဖြစ်ပါတယ်။

သူက Cancer Season ( ကရကဋ်ရာသီ )မှာ ရှိနေတာဟာ အလွန်ထူးခြားပါတယ်။ ဘာလို့လဲဆိုရင် Jupiter ဟာ Cancer Season မှာ ရောက်နေချိန်ဟာ အမြင့်မားဆုံး စွမ်းအင် (Exalted) ကို ရရှိလို့ပါပဲ။ ဒီလို အားကောင်းနေတဲ့ ဂြိုဟ်ကြီး Retrograde တဲ့အခါ လူတွေရဲ့ ဘဝအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိမလဲဆိုတာကို ရှင်းပြပေးပါမယ်။

🪐♋️Jupiter နဲ့ Cancer ပေါင်းစပ်မှု သဘောသဘာဝကိုပြောရရင် Jupiter Planet ဟာ တိုးတက်ခြင်း၊ လွတ်လပ်ခြင်း၊ ကံကောင်းခြင်းတွေကို ကိုယ်စားပြုတဲ့ Planet ပါ။

Cancer (ကရကဋ်) sign ဟာ အိမ်ဂေဟာ၊ မိသားစု၊ မိခင်မေတ္တာ၊ စိတ်ခံစားချက်၊ လုံခြုံနွေးထွေးမှု စတဲ့ energy တွေရှိတဲ့ sign ပါ 🦀♋️

ဒါကြောင့် ဒီနှစ်ခုပေါင်းစပ်သွားတဲ့အခါ အဓိကအားဖြင့် မိသားစုရေးရာ၊ အိမ်ခြံမြေနဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု တွေအပေါ်မှာ အကြီးအကျယ် သက်ရောက်မှု ရှိပါတယ် 🏡🏘️

Retrograde ကာလ (၂၀၂၅ နိုဝင်ဘာ - ၂၀၂၆ မတ် ၁၀) အတွင်း ဖြစ်လေ့ရှိသောအရာများ ✨✨

Retrograde ဖြစ်နေချိန်မှာ Jupiterရဲ့ "ချဲ့ထွင်ခြင်း" စွမ်းအင်တွေက အပြင်ကိုမထွက်ဘဲ မိမိရဲ့ အတွင်းစိတ် (Inner World) ဘက်ကို လှည့်သွားလေ့ရှိပါတယ်။

အိမ်နှင့် မိသားစုရေးရာများကို ပြန်လည်သုံးသပ်ရခြင်းတွေ၊ အိမ်အသစ်ဝယ်ဖို့၊ အိမ်ပြောင်းဖို့ စီစဉ်ထားတာတွေ ရှိရင် ဒီကာလမှာ အနည်းငယ် ကြန့်ကြာနေတတ်ပါတယ်။ ဒါဟာ အဆင်မပြေဖြစ်တာမဟုတ်ဘဲ ကိုယ့်အတွက် တကယ်အဆင်ပြေမယ့် နေရာဟုတ်မဟုတ် သေချာပြန်စဉ်းစားဖို့ အချိန်ရသွားတာပါ။

အတွင်းစိတ်ပိုင်းဆိုင်ရာ ကြီးထွားလာခြင်းတွေ ဖြစ်ပေါ်စေပါတယ်။ ငွေကြေး၊ ရာထူး စတဲ့ ပြင်ပအောင်မြင်မှုတွေထက် "ငါ့ကို တကယ် စိတ်ချမ်းသာစေတာ ဘာလဲ၊ ငါ့မိသားစုအတွက် တကယ့်လုံခြုံမှုက ဘာလဲ" ဆိုတာကို ပိုပြီး နက်နက်ရှိုင်းရှိုင်း တွေးတောလာမိတတ်ပါတယ် 💭💭

အတိတ်က စိတ်ဒဏ်ရာများကို ကုစားခြင်း၊ Cancer ဟာ ခံစားချက်ပြင်းထန်တဲ့ Water Sign ဖြစ်တဲ့အတွက် ငယ်ဘဝက မိသားစုနဲ့ ပတ်သက်တဲ့ မကျေလည်မှုတွေ၊ စိတ်ဒဏ်ရာတွေကို ဒီကာလမှာ ပြန်လည်ရင်ဆိုင်ဖြေရှင်းပြီး ကုစားနိုင်မယ့် အခွင့်အရေး ရရှိပါတယ်🌊🧿

✨မတ်လ ၁၀ ရက်နေ့ Retrograde ပြီးဆုံးသွားတဲ့အခါ (Direct ပြန်ဖြစ်ချိန်) နောက်ပိုင်းမှာ Jupiter et က ပုံမှန်အတိုင်း ပြန်လည်ပတ်တဲ့အခါ တန့်နေခဲ့တဲ့ ကိစ္စတွေ အားလုံး မြန်မြန်ဆန်ဆန် ပြန်လည် လည်ပတ်လာပါလိမ့်မယ်။

အိမ်ခြံမြေကိစ္စများ အောင်မြင်ခြင်း၊ ရပ်တန့်နေခဲ့တဲ့ အိမ်ပြောင်းတာ၊ အိမ်ဝယ်တာ၊ အိမ်ပြင်တာ စတဲ့ ကိစ္စတွေ အဆင်ပြေချောမွေ့သွားပါမယ်။

မိသားစုဆက်ဆံရေး ပိုမိုခိုင်မာလာခြင်း၊ နားလည်မှုလွဲနေတဲ့ မိသားစုဝင်တွေနဲ့ ပြန်လည်သင့်မြတ်လာပြီး အိမ်တွင်းရေး ပိုမိုသာယာလာပါလိမ့်မယ်။

အိမ်ထောင်ပြုဖို့ စဉ်းစားထားသူတွေ၊ ကလေးယူဖို့ (မိသားစုတိုးချဲ့ဖို့) ဆန္ဒရှိသူတွေအတွက် မတ်လ ၁၀ ရက်နေ့ နောက်ပိုင်းဟာ ကံအကောင်းဆုံး အချိန်ကာလတွေထဲက တစ်ခုအဖြစ် စတင်လာပါတော့မယ်။

ဒါပေမယ့် မတ်လ ၁၀ ရက်နေ့ ရောက်တာနဲ့ ချက်ချင်းကြီး ကောက်ခါငင်ကာ ပြောင်းလဲသွားတာမျိုးတော့ မဟုတ်ပါဘူး။

အရှိန်ယူသည့်ကာလ (Stationary & Shadow Period)
ဥပမာပြရလျှင် ကားတစ်စီး နောက်ဆုတ်နေရာကနေ ရှေ့ကိုပြန်ထွက်ဖို့ ဂီယာပြောင်းတဲ့အခါ ခဏတာ ရပ်တန့်သွားသလိုမျိုးပါပဲ။ မတ်လ ၁၀ ရက်နေ့ ဝန်းကျင် ရက်အနည်းငယ်မှာ ဂြိုဟ်က ရှေ့ပြန်သွားဖို့ အရှိန်ယူနေတဲ့အတွက် နည်းနည်းတော့ လေးလံနေသလို ခံစားရနိုင်ပါတယ်။

ဒါပေမယ့် မတ်လလယ်လောက် ရောက်တာနဲ့စပြီး သိသိသာသာကို အရှိန်ပြန်ရလာပြီး အရာရာ ပုံမှန်ပြန်ဖြစ်လာပါလိမ့်မယ်။ Jupiter(ကြာသပတေးဂြိုဟ်)ရဲ့ မူလစွမ်းအင်ဖြစ်တဲ့ "ကံကောင်းခြင်းနဲ့ တိုးချဲ့ခြင်း" တွေဟာ အတွင်းစိတ်ကနေ ပြင်ပလောကကို ပြန်လည်သက်ရောက်လာမှာ ဖြစ်တဲ့အတွက် အလုပ်အကိုင်၊ ငွေကြေးနဲ့ လူမှုရေးကိစ္စတွေမှာပါ အဆင်ပြေချောမွေ့မှုတွေကို မြင်တွေ့ရမှာပါ 🍀💚

💘💓အချစ်နဲ့ တန်ဖိုးတွေကို စစ်ဆေးမယ့် သောကြာဂြိုဟ် (The Great Venus Retrograde)

ဒီနှစ်ရဲ့ အပြင်းထန်ဆုံး၊ အလွှမ်းမိုးနိုင်ဆုံးနဲ့ သင့်ကို စိတ်လှုပ်ရှားမှု အပေးနိုင်ဆုံး ကာလကတော့ အောက်တိုဘာ ၃ ရက်နေ့ကနေ နိုဝင်ဘာ ၁၄ ရက်နေ့အထိ ဖြစ်ပေါ်မယ့် Venus Retrograde ပဲ ဖြစ်ပါတယ်။

💞Venus ဟာ အချစ်၊ အလှအပ၊ ငွေကြေးနဲ့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှုတွေကို စိုးမိုးပါတယ်။ သောကြာဂြိုဟ်ဟာ ၁၈ လမှတစ်ကြိမ်သာ retrograde ဖြစ်လေ့ရှိတာကြောင့် သူ့ရဲ့ အကျိုးသက်ရောက်မှုက အရမ်းကို ကြီးမားပါတယ်။

ဒီတစ်ကြိမ်ဟာ Scorpio Season (ဗြိစ္ဆာရာသီ) မှာ retrograde ဖြစ်လို့ သာမန်အချစ်ရေး ပြဿနာလောက်မဟုတ်ဘဲ၊ အရမ်းကို နက်ရှိုင်းတဲ့၊ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေ၊ သံသယတွေ ပေါ်လာတတ်ပါတယ် ‼️💥

“ဒီလူကရော ငါ့အတွက် တကယ်မှန်ကန်ရဲ့လား"၊ "ငါ့ကိုယ်ငါ တကယ်ရော တန်ဖိုးထားရဲ့လား" ဆိုတဲ့ မေးခွန်းတွေ သင့်ကိုယ်သင် ပြင်းပြင်းထန်ထန် မေးလာရပါမယ်။ ငွေကြေးနဲ့ပတ်သက်တဲ့ အရှုပ်အရှင်းဟောင်းတွေလည်း ခေါင်းပြန်ထောင်လာတတ်ပါတယ်။

✨ဆောင်ရန်
ကိုယ့်ရဲ့ လက်ရှိ ဆက်ဆံရေးတွေကို ပြန်လည်သုံးသပ်ဖို့ အကောင်းဆုံးအချိန်ပါ။ ကိုယ့်ကိုယ်ကိုယ် ချစ်တဲ့စိတ် (Self-love) ကို ပြန်လည်တည်ဆောက်ပါ။ ကိုယ့်ကို တန်ဖိုးမထားတဲ့ ပတ်ဝန်းကျင်ကနေ ရုန်းထွက်ပါ။

‼️ရှောင်ရန်
ဒီကာလမှာ အချစ်သစ် လုံးဝ (လုံးဝ) မစပါနဲ့၊ မင်္ဂလာမဆောင်ပါနဲ့။ (အချစ်ဟောင်းပြန်လာရင်တောင် ချက်ချင်း ပြန်မလက်ခံဘဲ ကာလတစ်ခုလွန်တဲ့အထိ အချိန်ဆွဲထားပါ၊ ရေတိုသာဖြစ်တတ်လို့ပါ)။ ရုတ်တရက် လမ်းခွဲတာ၊ ရူတ်တရက် လက်ထပ်တာမျိုးတွေ မလုပ်ပါနဲ့။ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်ပါနဲ့။ အလှအပဆိုင်ရာ ခွဲစိတ်မှုတွေ၊ ဆံပင်ပုံစံ အကြီးအကျယ် ပြောင်းတာမျိုးတွေ အရောင်ဆန်းတွေ ဆေးဆိုးတာ လုံးဝ မလုပ်ပါနဲ့။ နောင်တရစေတတ်လို့ပါ။

🪐တာဝန်ဝတ္တရားတွေကို ပြန်လည်ပုံဖော်မယ့် စနေဂြိုဟ် (Saturn Retrograde in Aries)🪐

Saturn Retrograde ဟာ ကာလအားဖြင့် ဇူလိုင် ၂၆ မှ ဒီဇင်ဘာ ၁၀ ထိ ကြာမြင့်မှာပါ။

🌟 စနေဂြိုဟ်ဟာ ဘဝရဲ့ ဆရာကြီး Taskmaster ဖြစ်ပြီး စည်းကမ်း၊ တာဝန်ယူမှုနဲ့ အဟန့်အတားတွေကို ကိုယ်စားပြုပါတယ်။

ခန္ဓာကိုယ် အစိတ်အပိုင်းများအနေနဲ့ အရိုးအဆစ်များ၊ သွား၊ ဒူးခေါင်း၊ အရေပြား (ခန္ဓာကိုယ်ရဲ့ ဖွဲ့စည်းပုံ) တို့အပေါ်မှာ သက်ရောက်ပြီး

ဘဝအပေါ် သက်ရောက်မှုအနေနဲ့ကတော့လိုချင်တာကို အလွယ်တကူ မပေးဘဲ ကြိုးစားအားထုတ်မှုနဲ့ စိတ်ရှည်သည်းခံမှုကို စမ်းသပ်တဲ့ ဂြိုဟ်ပါ။

ဘဝရဲ့ ကြီးမားတဲ့ သင်ခန်းစာတွေ၊ ရေရှည်တည်တံ့မယ့် အောင်မြင်မှုတွေနဲ့ တာဝန်ဝတ္တရားတွေကို ကိုယ်စားပြုပါတယ်။ Saturn ရဲ့ ဒဏ်ကို ခံနိုင်ရည်ရှိသူတွေဟာ အသက်ကြီးလာတဲ့အခါ အလွန်တည်ငြိမ်ပြီး အောင်မြင်တဲ့ ဘဝကို ပိုင်ဆိုင်ရတတ်ပါတယ်။

အရေးပါမှု ရာခိုင်နှုန်းအနေနဲ့ ဘဝရဲ့ ရေရှည် အောင်မြင်မှု၊ ခံနိုင်ရည်စွမ်းအားနဲ့ အခြေခံအုတ်မြစ် တည်ဆောက်မှုအပိုင်းမှာ 15% မှ 20% ခန့် အထိ အရေးပါပါတယ်။

သူ retrograde မယ့်ကာလမှာတော့ သင့်ရဲ့ ရှေ့တိုးချင်နေတဲ့ စိတ်တွေကို ဘရိတ်အုပ်ခံရသလို၊ ကားပိတ်နေတဲ့ လမ်းမပေါ်မှာ ရပ်စောင့်နေရသလို ခံစားရပါမယ်။

ဆောင်ရန်/ရှောင်ရန်တွေ အနေနဲ့ကတော့ စိတ်မလောပါနဲ့။ "ငါ ဘာလို့ လိုချင်တဲ့ ပန်းတိုင်ကို မရောက်သေးတာလဲ" ဆိုပြီး စိတ်ပျက်အားငယ်မယ့်အစား၊ ကိုယ်တည်ဆောက်ထားတဲ့ အုတ်မြစ်တွေ ခိုင်မာရဲ့လားဆိုတာ ပြန်စစ်ဆေးပါ။ ဖြတ်လမ်းကနေ မသွားပါနဲ့၊ ရေရှည်အတွက် ပြင်ဆင်ပါ။

အချုပ်အားဖြင့်ဆိုရလျှင် 💫✨
🪐ဒီနှစ် Mercury Retrograde တွေဟာ သာမန် စက်ပျက်ရုံ၊ အလုပ်လွဲရုံလောက် မကဘဲ "စိတ်ခံစားချက်ပိုင်းဆိုင်ရာ နားလည်မှုလွဲတာတွေ" ပိုများတတ်ပါတယ်။
ဥပမာ - သာမန်အချိန် စကားမှားရင် ရယ်ကျဲကျဲနဲ့ ပြီးသွားနိုင်ပေမယ့်၊ ဒီအချိန်မှာ စကားတစ်ခွန်းမှားတာနဲ့ အကြီးအကျယ် စိတ်ကောက်တာ၊ ဝမ်းနည်းတာ၊ ရန်ဖြစ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ အတိတ်က ရည်းစားဟောင်း၊ သူငယ်ချင်းဟောင်းတွေနဲ့ ပြန်ဆုံတာ၊ အဟောင်းတွေပြန်သတိရပြီး ခံစားရတာမျိုးတွေ လူတိုင်းနီးပါး ကြုံတွေ့ရနိုင်ပါတယ်။

ခြွင်းချက် - လူတိုင်းခံစားရမယ် ဆိုပေမယ့် Planet တွေ retrograde ပြီး တည်ရှိနေတဲ့နေရာဟာ Water Signs နေရာတွေမှာ ဖြစ်နေတဲ့အတွက် အဲဒီရာသီဖွား ၃ ခုဖြစ်တဲ့ Pisces, Cancer နဲ့ Scorpio sign တွေကတော့ တခြားသူတွေထက်စာရင် ပိုပြီး ထိခိုက်လွယ်တာ၊ ပိုပြီး သိသိသာသာ ခံစားရတာမျိုးတော့ ရှိကောင်းရှိနိုင်ပါလိမ့်မယ်။ Sun sign တင်မဟုတ်ဘဲ Moon နဲ့ Venus Sign တစ်ခုခုမှာ ထို sign တွေရှိနေလျှင်လဲ အကြုံးဝင်ပါတယ်နော်…

အခြားအပြင်ဘက် Planet များဖြစ်တဲ့ (Pluto, Neptune, Uranus)တို့လဲ မေလ၊ ဇူလိုင်လ နဲ့ စက်တင်ဘာလတွေမှာ အသီးသီး စတင်ပြီး လအတန်ကြာ Retrograde ဖြစ်ကြအုံးမှာပါ။

Astrology ရှုထောင့်အရ ဂြိုဟ်တစ်လုံးချင်းစီဟာ လူသားတွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ စိတ်နေသဘောထားတွေကို ကိုယ်စားပြု သက်ရောက်မှု ရှိပါတယ်။

သိပ္ပံနည်းကျ အတိအကျ တိုင်းတာလို့ရတဲ့ အရာတွေ မဟုတ်ပေမယ့် ဇာတာခွင် (Birth Chart) အယူအဆအရ နေနဲ့ လ (Sun & Moon) ပြီးရင် တခြားသောဂြိုဟ်တွေဟာလဲ လူတစ်ယောက်ရဲ့ ဘဝကို အများဆုံး ပုံဖော်ပေးပါတယ် 🔮✨

ရာခိုင်နှုန်း (%) အနေနဲ့ သတ်မှတ်ကြည့်ရမယ်ဆိုရင်တော့ လူတစ်ယောက်ရဲ့ အဓိက စရိုက်လက္ခဏာကို ( Sun & Moon sign)တို့က 40% လောက် လွှမ်းမိုးထားပြီး ကျန်တဲ့ 60% ကိုတော့ အခြားသော Planet (ဂြိုဟ်)တွေက အသီးသီး ခွဲဝေယူထားကြပါတယ်။

Retrograde ကာလတွေဟာ ကျွန်မတို့ရဲ့ ဘဝတွေကို ခဏရပ်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဆန်းစစ်ဖို့နဲ့သင်ခန်းစာတွေယူနိုင်ဖို့အတွက် သဘာဝတရားကပေးတဲ့ Pause Button လေးတွေသာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ Retrograde အကြောင်းကို သေချာလေး သဘောပေါက်သွားလောက်ပြီလို့ ထင်ပါတယ်။ ဒီကာလတွေမှာ ငါ့စိတ်တွေ ဘာလို့ ဒီလိုဖြစ်နေရတာလဲဆိုပြီး တွေးမိနေပြီဆိုရင်တော့.. သေချာပါတယ် ဒါဟာ Retrograde ကနေဖြစ်ပေါ်လာတဲ့ သက်ရောက်မှုတွေကို သင်ကြုံလိုက်ရတာပါပဲ 💭🧿

ဒီရက်တွေမှာ သင့်ရဲ့ နေ့စဉ်ဘဝ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေရော ထူးထူးခြားခြား ပြောင်းလဲမှုတစ်ခုခု ကြုံတွေ့နေရတာမျိုးရော ရှိနေပြီလား ကြုံတွေ့နေရပြီလား

Retrograde နဲ့ပက်သက်ပြီး ကိုယ်တိုင်ကြုံတွေ့လိုက်ရတဲ့ အတွေ့အကြုံလေးတွေကိုလဲ comment မှာ မျှဝေပေးခဲ့ကြပါအုံးနော်.. စာလေးလဲရှည်နေပြီမို့ နောက်ထပ် Retrograde တွေအတွက် အနားနီးမှ ထပ်ပြီး သေချာရေးပြီး ထပ်တင်ပေးပါမယ်ရှင် 💁🏻‍♀️

အားလုံးပဲ Retrograde ကာလတွေမှာ အကောင်းဆုံး ကျော်ဖြတ်နိုင်ကြပါစေနော် 🪐✨

နောက်ထပ် Post တွေမှာလဲ Planet တွေရဲ့ အကြောင်းနဲ့ ဘဝအတွက်ဘယ်လောက်အတိုင်းအတာထိ အရေးပါပြီး ပါဝင်ပက်သက်နေလဲဆိုတာရယ် နောက်ထပ် စိတ်ဝင်စားစရာ အကြောင်းလေးတွေ ထပ်မံ တင်ပေးသွားအုံးမှာမို့ Page လေးကို Like & Follow လေး လုပ်ခဲ့ကြဖို့ မမေ့ကြနဲ့အုံးနော် 🫰🏻🫶🏻


Zodiac Sign ထဲမှာ နောက်ဆုံး sign တခုဖြစ်တဲ့ Pisces Season လေးရောက်လာခဲ့ပြီဆိုတော့ Pisces လေး​တွေရဲ့ အကြောင်းကို ပြောပြပေ...
03/03/2026

Zodiac Sign ထဲမှာ နောက်ဆုံး sign တခုဖြစ်တဲ့ Pisces Season လေးရောက်လာခဲ့ပြီဆိုတော့ Pisces လေး​တွေရဲ့ အကြောင်းကို ပြောပြပေးသွားပါမယ် 🐠 🌊

ဖေဖော်ဝါရီ ၁၉ - မတ်လ ၂၀ အတွင်းမှာ မွေးဖွားတဲ့သူလေးတွေ အကုန်လုံးက Pisces ရာသီဖွားလေးတွေပါပဲ Piscesလေးတွေဆိုတာ ရာသီခွင် (၁၂) ခုထဲမှာ အနူးညံ့ဆုံး၊ အကြင်နာတရားအကြီးမားဆုံးနဲ့ အနုပညာအဆန်ဆုံး နှလုံးသားပိုင်ရှင်လေးတွေပါ။

Pisces လေးတွေကို စိုးမိုးထားတဲ့ ဂြိုဟ်တွေကတော့ နက်ပကျွန်းဂြိုဟ် (Neptune) နဲ့ ကြာသပတေးဂြိုဟ် (Jupiter) တွေပါ။

Neptune ဂြိုလ်က အိပ်မက်၊ စိတ်ကူးယဉ်မှု၊ စိတ်စွမ်းအင် (Intuition) နဲ့ ထူးခြားဆန်းကြယ်မှုတွေကို ပေးစွမ်းပါတယ်။ ဒါကြောင့် Pisces တွေဟာ အနုပညာဆန်ပြီး ဆဋ္ဌမအာရုံ အလွန်ကောင်းကြတာပါ။

Jupiter ဂြိုလ်ကတော့ ကံကောင်းခြင်းနဲ့ ကြီးမားကျယ်ပြန့်မှုကို ကိုယ်စားပြုတဲ့အတွက် သူတို့ရဲ့ မေတ္တာတရားနဲ့ စာနာစိတ်တွေဟာ အတိုင်းအဆမရှိ ကြီးမားနေတတ်ကြပါတယ်။ သိမ်မွေ့နူးညံ့ပြီး တစ်ဖက်သားရဲ့ ခံစားချက်ကို ကိုယ်ချင်းစာ နားလည်ပေးနိုင်စွမ်း အပြည့်ရှိကြပါတယ်။ သူများဝမ်းနည်းရင် သူပါလိုက်ဝမ်းနည်းတတ်တဲ့အထိ အာရုံခံစားမှု အလွန်မြန်ဆန်တတ်ကြပါတယ်။

Pisces တွေဟာ နည်းနည်းလေး ဝမ်းနည်းလွယ်၊ စိတ်ထိခိုက်လွယ်တတ်ပေမယ့် မကျေနပ်ချက်တွေကို အကြာကြီး မြိုသိပ်မထားဘဲ အလွယ်တကူ ခွင့်လွှတ်ပေးတတ်ကြပါတယ်။ ကိုယ့်ထက် တစ်ဖက်သားကို ပိုဦးစားပေးတတ်လို့ တစ်ခါတလေ လူတွေရဲ့ အခွင့်အရေးယူတာခံရပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ထိခိုက်ရတတ်တယ်။ သံယောဇဉ်အရမ်းကြီးပြီး ကိုယ်ချစ်တဲ့သူတွေအပေါ် ဆိုလဲ အရမ်းကို သစ္စာရှိကြပါတယ်။

Pisces ရဲ့ zodiac sign သင်္ကေတဟာ ငါးတစ်ကောင်တည်း မဟုတ်ဘဲ ဆန့်ကျင်ဘက်ကို ကူးခတ်နေတဲ့ ငါးနှစ်ကောင် (Two Fishes)ဖြစ်နေ
တာဟာလဲ Pisces တွေရဲ့ "နှစ်ခွဖြစ်နေတဲ့ စိတ်သဘာဝ (Duality)" ကို ပြဆိုတာပါ။ ငါးတစ်ကောင်က လက်တွေ့လောက (Physical World) ဘက်ကို ကူးခတ်နေပြီး၊ နောက်တစ်ကောင်ကတော့ ဝိညာဉ်ရေးရာနဲ့ စိတ်ကူးယဉ်လောက (Spiritual World) ဘက်ကို အမြဲ ဆွဲခေါ်နေပါတယ်။ ဒါကြောင့် Pisces တွေဟာ လက်တွေ့ဘဝနဲ့ စိတ်ကူးယဉ်ဘဝကြားမှာ အမြဲတမ်း လွန်ဆွဲနေရတတ်ပြီး၊ တစ်ခါတလေ ဘဝမှာ အရှုံးပေးလိုက်ချင်စိတ် (အောက်ခြေကို ငုပ်လျှိုးသွားချင်စိတ်) နဲ့ အောင်မြင်မှုဆီ ရုန်းကန်တက်လှမ်းချင်စိတ် နှစ်ခုကြား အမြဲရုန်းကန်နေရတတ်ပါတယ်။ အရာရာတိုင်းမှာ နှစ်မျိုး နှစ်ခွ ဖြစ်ပေါ်လာတတ်၊ ရလာတတ်လေ့ရှိတဲ့ အခွင့်အရေးတွေကြောင့် ဆုံးဖြတ်ချက်ချရတဲ့အခါ အမြဲလို တွေဝေဒွိဟဖြစ်တာ၊ နှောင့်နှေးကြန့်ကြာလေ့ရှိတတ်ကြပါတယ်။

ပုံမှန်ဆိုရင် Pisces တွေက ပြဿနာကို အတတ်နိုင်ဆုံး ရှောင်လွှဲတတ်ပြီး အေးအေးချမ်းချမ်းပဲ နေတတ်ကြပါတယ်။ ဒါပေမယ့် သူတို့ တကယ်ဒေါသထွက်လာပြီ၊ စိတ်ဆိုးလာပြီဆိုရင်တော့...

အစပိုင်းမှာ Silent Treatment တွေနဲ့တိတ်ဆိတ်သွားမယ် ချက်ချင်း ပေါက်ကွဲလေ့မရှိဘဲ စိတ်ထဲမှာ အရင်မျိုသိပ်ထားတတ်ကြပါတယ်။ သူတို့ စကားမပြောတော့ဘဲ အေးစက်စက်ဖြစ်သွားပြီဆိုရင် ဒါဟာ မုန်တိုင်းမလာခင် တိတ်ဆိတ်မှုပါပဲ။ သည်းခံရင်လဲ တဆုံးထိ သည်းခံနိုင်ကြပြီးတော့ သည်းခံနိုင်စွမ်း ကုန်ဆုံးသွားတဲ့အခါမှာတော့ ချစ်စရာကောင်းတဲ့ ရွှေငါးလေးဘဝကနေ သမုဒ္ဒရာထဲက ငါးမန်းကြီးလို ရုတ်တရက် ပြောင်းလဲသွားတတ်ပါတယ်။

နှစ်ပေါင်းများစွာ မြိုသိပ်ထားသမျှ ဒေါသတွေ၊ ဝမ်းနည်းမှုတွေကို Tsunami လှိုင်းလုံးကြီးတွေလို လှိုင်းတံပိုးထန်လာကာ တစ်ခါတည်း ပေါက်ကွဲချပစ်တတ်ကြပါတယ်။ Pisces တ​ယောက်ဟာ အရမ်းနာကျင်သွားပြီဆိုရင်တော့ ဘာစကားမှမပြော၊ ဘာမှမရှင်းပြတော့ဘဲ သင့်ဘဝထဲကနေ ရေထဲကို ငါးလေးတစ်ကောင် ငုပ်လျှိုးပျောက်ကွယ်သွားသလို အပြီးတိုင် လှည့်ထွက်သွားတတ်ကြပါတယ်။ အဲ့လိုသင်ကြုံတွေ့လိုက်ရပြီဆိုရင်တော့ သင့်ကို သူ လှည့်ကိုမကြည့်တော့ဘဲ အပြီးတိုင် ghost သွားပါပြီ

Pisces (မိန်ရာသီ) ကို Neptune (နက်ပကျွန်းဂြိုဟ်) နဲ့ Jupiter (ကြာသပတေးဂြိုဟ်) နှစ်ခုစလုံးက ပူးတွဲစိုးမိုးထားတာ ဖြစ်ပါတယ်။

Neptune ဟာ သမုဒ္ဒရာရေပြင်ကို ကိုယ်စားပြုတဲ့အတွက် Pisces တွေရဲ့ ခံစားချက်နဲ့ စိတ်ကူးယဉ်မှုတွေကို နယ်နိမိတ်မရှိအောင် ကျယ်ပြန့်နက်ရှိုင်းစေပါတယ်။ ပုံမှန်မျက်စိနဲ့ မမြင်နိုင်တဲ့ ဝိညာဉ်ရေးရာတွေ၊ လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ အနုပညာဖန်တီးနိုင်စွမ်း (ဂီတ၊ ပန်းချီ၊ ကဗျာ) တွေကို Neptune က ဖန်တီးပေးပါတယ်။ အားနဲချက် အနေနဲ့ကတော့ အိပ်မက်ကမ္ဘာထဲမှာ အရမ်းပျော်မွေ့သွားစေပြီး လက်တွေ့ဘဝကနေ ထွက်ပြေးချင်စိတ် (Escapism) ကို ဖြစ်ပေါ်စေတတ်ပါတယ်။

Jupiter ဟာ "ချဲ့ထွင်ခြင်း (Expansion)" ကို ကိုယ်စားပြုပါတယ်။ ဒါကြောင့် Pisces တွေရဲ့ တစ်ဖက်သားအပေါ် ထားရှိတဲ့ ကိုယ်ချင်းစာတရားနဲ့ မေတ္တာတရားဟာ အလွန်ကြီးမားနေရတာပါ။ ဘဝရဲ့ အဓိပ္ပာယ်ကို ရှာဖွေလိုစိတ်၊ လောကကြီးအပေါ် အကောင်းမြင်တတ်တဲ့စိတ်နဲ့ ဘာသာရေး/ယုံကြည်မှုဆိုင်ရာ ဉာဏ်ပညာတွေကို Jupiter က ပေးစွမ်းပါတယ်။ အားနဲချက်အနေနဲ့ကတော့ အရာရာကို အကောင်းမြင်လွန်းပြီး လူတိုင်းကို ယုံကြည်လွယ်တဲ့အတွက် အလိမ်ခံရတာ၊ အသုံးချခံရတာမျိုးတွေ ဖြစ်စေတတ်ပါတယ်။

ဒါကြောင့် Neptune က Pisces တွေကို "နက်ရှိုင်းတဲ့ ခံစားချက်နဲ့ အနုပညာစွမ်းရည်" ပေးပြီး၊ Jupiter ကတော့ အဲဒီခံစားချက်တွေကို အခြေခံပြီး လောကကြီးကို ကယ်တင်ချင်တဲ့ "ကြီးမားတဲ့ မေတ္တာတရားနဲ့ ဉာဏ်ပညာ" ကို ပေးစွမ်းပါတယ်။ ချစ်ခြင်းမေတ္တာ ကြီးမားသလွန် မိသားစုအတွက် ကိုယ်ချစ်ရတဲ့သူတွေအတွက်ဆိုရင်လဲ အသက်တောင်မငဲ့ပဲ ပေးဆပ်အနစ်နာခံတတ်ကြပါတယ်။ အားနဲသူဘက်က အမြဲရပ်တည်ပေးတတ်ကြပြီး မဟုတ်မခံတတ်ကြသူတွေလေးတွေလဲ ဖြစ်ပါတယ်။

ငါးလေးတွေ ရေအလျင်မှာ ကူးခတ်နေကြသလိုပဲ Pisces လေးတွေဟာ ဘယ်နေရာမှာပဲဖြစ်ဖြစ် အများနဲ့ လိုက်လျောညီထွေသဟဇာတဖြစ်အောင် ပေါင်းသင်းနေထိုင်နိုင်ကြပြီး ကျရာဇာတ်ရုပ်ကို အကောင်းဆုံး အပီပြင်ဆုံးဖြစ်အောင် ရေးဆွဲနိုင်ကြသူလေးတွေလဲ ဖြစ်ပါတယ်။ အချစ်ရေးမှာ နာမည်ကြီးထမင်းငတ်လို့ နာမည်ကြီးတတ်ကြပါတယ်။ Pisces လေးတွေဟာ လူချစ်လူခင် ပေါများပါတယ်။ သူတို့ရဲ့ ဟန်ဆောင်မှုမပါ ရိုးရှင်းတဲ့ စိတ်နှလုံးသားကြောင့် ကြီးကြီးငယ်ငယ် သူတို့လေးတွေနဲ့တွေ့ရင် စိတ်လက်ပေါ့ပါးနေကြပြီး ရင်ဖွင့်လို့ရတဲ့ good listener လေးတွေဖြစ်သလို တဖက်သူကိုလဲ ကောင်းစွာ healing လုပ်ပေးနိုင်ကြတဲ့သူတွေလို့လဲ သတ်မှတ်လို့ရပါတယ်။ အပြုံးချိုချိုလေးတွေ ကလေးဆန်တဲ့ အမူအရာလေးတွေကြောင့် ငါးလေးတွေဟာ ချစ်သူခင်သူပေါများနေတတ်ကြတာပါ။

သူတဖက်သားအပေါ် အလွန်အားနာတတ်တဲ့စိတ် တခါတလေ အလိုက်အထိုက် လိုက်လျောညီထွေ ခေါ်ပြောဆက်ဆံတာတွေက အခွင့်အရေးပေးသလို လက်သင့်ခံလိုက်လို့ ကြိုးရှည်ရှည်နဲ့ လှန်ထားသလိုတွေ အထင်ခံရပြီး နာမည်ကြီး ထမင်းငတ်ဆိုတဲ့ဘွဲ့ကို ရကြတာပါ။ Pisces တွေက အချစ်ကြီးကြပြီး သစ္စာတရားလဲရှိကြပါတယ်။ သူတို့စိတ်ထဲမှာ လူတယောက်ကို ထည့်လိုက်ပြီဆိုရင် ဒီလူမှ ဒီလူပါပဲ။ ကိုယ့်အနားက Pisces က အဲ့လိုမဟုတ်ဘူးဆိုရင် တခြား Sign တွေရဲ့ အရှိန်ကြောင့် နောက် သူတကယ် မချစ်တတ်သေးလို့ပါ။ ဒါကြောင့် Pisces တွေဟာ လူသားဆန်မှု အပြည့်ဝဆုံး ရာသီခွင်ဖြစ်လာရတာပါ။

ဒါက Pieces တယောက်ရဲ့ Sun sign တခုတည်းကိုပဲကြည့်ပြီးပြောထားတဲ့ ယေဘုယျအချက်အလက်တွေပါပဲ လူတယောက် မွေးဖွားချိန် Birth chart ကိုကြည့်၍ Sun sign, Moon sign,.. အစရှိတဲ့ မတူညီတဲ့ sign တွေပေါ် မူတည်ပြီး တယောက်နဲ့ တယောက် မတူကွဲပြားနိုင်ပါသေးတယ် ဒါဆိုရင်…

Sun, Moon, Venus & Ascendant Sign တွေမှာ Pisces ရှိနေတယ်ဆိုရင်ရော ဘယ်လိုပုံစံမျိုးလဲ?

✨ Sun, Moon, Venus နဲ့ Ascendant Pisces များရဲ့ ကွာခြားချက်များ

Astrology မှာ Pisces လို့ ပြောလိုက်တာနဲ့ အကုန်တူတာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ Birth Chart မှာ Pisces က ဘယ်နေရာမှာ ရပ်တည်နေလဲဆိုတာအပေါ် မူတည်ပြီး ကွဲပြားသွားပါတယ်။

☀️ Sun Sign Pisces (မူလဇာတိစရိုက်)
ဒါကတော့ ပုံမှန် ဖေဖော်ဝါရီ ၁၉ - မတ်လ ၂၀ ဖွား Pisces တွေပါ။ သူတို့ရဲ့ အဓိက စရိုက်ကတော့ အနုပညာဆန်မယ်၊ စာနာတတ်မယ်၊ စိတ်ကူးယဉ်မယ်။ လူတွေကို ကူညီချင်စိတ်ရှိပြီး လိုက်လျောညီထွေ နေတတ်တဲ့ ပင်ကိုယ်စရိုက်ရှိသူတွေပါ။

🌙 Moon Sign Pisces (အတွင်းစိတ် နှလုံးသား)
Moon က စိတ်ခံစားချက်ကို ပြပါတယ်။ Moon Sign Pisces တွေကတော့ "ခံစားချက် ရေမြှုပ်ကြီးတွေ" ပါပဲ။ ကိုယ်တိုင် ဝမ်းမနည်းနေရင်တောင် ဘေးကလူ ဝမ်းနည်းနေရင် အလိုလို လိုက်ငိုချင်လာတဲ့အထိ စိတ်ခံစားလွယ်ပါတယ်။ စိတ်စွမ်းအင် (Psychic ability) အလွန်ကောင်းပြီး အိပ်မက်တွေကတစ်ဆင့် နိမိတ်တွေကို ကြိုသိတတ်ကြပါတယ်။

💖 Venus Sign Pisces (အချစ်ရေးနဲ့ ချစ်ခြင်းမေတ္တာ)
Venus က အချစ်ကို ကိုယ်စားပြုပါတယ်။ Venus Pisces တွေအတွက် အချစ်ဆိုတာ ကိုယ်ကျိုးစွန့်လွှတ်မှုပါပဲ။ ချစ်ပြီဆိုရင် ခေါင်းငိုက်စိုက်ချစ်တတ်ပြီး အကြွင်းမဲ့ မေတ္တာ (Unconditional Love) ကို ပေးစွမ်းနိုင်သူတွေပါ။ Soulmate (ရေစက်ပါသူ) ကို အမြဲရှာဖွေနေတတ်ပြီး အချစ်အတွက်ဆိုရင် ကိုယ့်ကိုယ်ကိုယ်တောင် မေ့ထားတတ်ကြပါတယ်။

🌅 Ascendant / Rising Sign Pisces (လူတွေမြင်တဲ့ ပထမဆုံးပုံရိပ်)
Rising Sign က လူမှုဆက်ဆံရေး မျက်နှာဖုံးပါ။ Ascendant Pisces တွေဟာ အပြင်ပန်းကြည့်ရင် အရမ်းကို နူးညံ့သိမ်မွေ့ပြီး မျက်လုံးလေးတွေက အိပ်မက်မက်နေသလို ငေးမောနေတတ်ပါတယ်။ လူတွေက သူတို့ကိုကြည့်လိုက်ရင် လျှို့ဝှက်ဆန်းကြယ်တဲ့ ဆွဲဆောင်မှုတစ်မျိုး (Magical Vibe) ကို ခံစားရတတ်ပြီး ဘယ်လိုလူနဲ့မဆို ရေလို လိုက်လျောညီထွေ ပေါင်းသင်းနိုင်ကြပါတယ်။

Pisces တွေရဲ့ ဝါသနာနဲ့ စိတ်ဝင်စားမှု
ဂီတ၊ ပန်းချီ၊ ကဗျာ၊ စာပေ စတဲ့ အနုပညာဖန်တီးမှုတွေကို မြတ်နိုးကြပါတယ်။ ရေကူးတာ၊ သဘာဝတရားထဲ ခရီးသွားတာနဲ့ တိတ်ဆိတ်
အေးချမ်းစွာ နေထိုင်ရတာကို နှစ်သက်တတ်ကြပါတယ်။ လျှို့ဝှက်ဆန်းကြယ်တဲ့ နာမ်ပိုင်းဆိုင်ရာကိစ္စတွေ (ဥပမာ- Tarot, ဗေဒင်၊ နက္ခတ်ပညာ) တွေကိုလည်း အထူးစိတ်ဝင်စားတတ်ကြပါသေးတယ်။

🌟 Pisces လေးတွေအတွက် ကံကောင်းစေမယ့် အချက်များ (Lucky Factors)
- - - - - - - - - - - - - - - - - - - - - - - - - - -

🎨 အကျိုးပေးအရောင်
ပင်လယ်ပြာရောင် (Sea Green)၊ ခရမ်းနုရောင် (Lavender)၊ အပြာနုရောင် (Aqua)

📍 အကျိုးပေးနေရပ်
ရေနဲ့နီးတဲ့နေရာ (မြစ်၊ ချောင်း၊ ပင်လယ်အနီး)၊ အေးချမ်းတိတ်ဆိတ်တဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ဥယျာဉ်ခြံမြေတွေက သူတို့ရဲ့ စိတ်ကို အကြည်လင်ဆုံး ဖြစ်စေပါတယ်။

💼 အကျိုးပေးအလုပ်
အနုပညာရှင် (အဆိုတော်၊ သရုပ်ဆောင်၊ ပန်းချီဆရာ)၊ Design နဲ့ ပက်သက်တဲ့အလုပ်တွေ၊ Creation လုပ်ရတဲ့အပိုင်းတွေ(ဥပမာ- Content Writer, Designer) ၊ စိတ်ပညာရှင်၊ ဆေးဘက်ဆိုင်ရာ (ဆရာဝန်၊ သူနာပြု)၊ ပရဟိတလုပ်ငန်း၊ Tarot Reader/ ဗေဒင်ဆရာ၊ ရေကြောင်းနဲ့ပတ်သက်သော အလုပ်အကိုင်များ။

🔮 အကျိုးပေးအဆောင်
Aquamarine (အကွာမရင်း): စိတ်ကို တည်ငြိမ်စေပြီး ရဲရင့်စေပါတယ်။
Amethyst (ခရမ်းစွဲကျောက်): ပင်ကိုယ်သိစိတ်ကို ပိုမိုထက်မြက်စေပါတယ်။

Moonstone (လကျောက်): ကံကောင်းခြင်းတွေကို ဆောင်ကြဉ်းပေးပါတယ်။

ငါး၊ ပင်လယ်ခရု စတဲ့ ရေနဲ့ပတ်သက်တဲ့ သင်္ကေတ အဆောင်ပစ္စည်းလေးတွေ ဆောင်ထားသင့်ပါတယ် 🐚🫧

✨ Pisces လေးတွေ ကိုယ်နဲ့ ဘယ်နှစ်ချက်လောက် တိုက်ဆိုင်မှုရှိလဲဆိုတာ Comment မှာ ပြောပြပေးသွားပါဦးနော် 🐬🌊

ဆောင်းရာသီ ရောက်တော့မယ်ဆိုတော့ အအေးဒဏ်လဲကာကွယ်ပြီးသားဖြစ်တဲ့ top လှလှလေးတွေ လိုနေပြီနော် ❄️❄️Size - XS, M, L, XL, 2XL, 3...
01/10/2022

ဆောင်းရာသီ ရောက်တော့မယ်ဆိုတော့ အအေးဒဏ်လဲကာကွယ်ပြီးသားဖြစ်တဲ့ top လှလှလေးတွေ လိုနေပြီနော် ❄️❄️

Size - XS, M, L, XL, 2XL, 3XL, 4XL
Price - 15,500 Ks ( Skirt မပါ ❌ )

🎯 Waiting Time : 4-6 weeks

🎯 Preorder - Half Prepaid ( Ygn only )
ကျန်မြို့များ full prepaid ပါရှင်

‼️ ငွေစျေး အပြောင်းအလဲကြောင့် စျေးနှုန်း အပြောင်းအလဲရှိနိုင်ပါသည်ရှင်

🎯မှာပြီးပစ္စည်း 24 hrs ကျော်သွားပါက cancel မရ၊ လဲမရပါရှင့် 🙅🏻‍♀️

‼️ Preorder ပစ္စည်းဖြစ်တာကြောင့် စောင့်နိုင်မှ မှာပေးကြပါနော် 💁🏻‍♀️

အပေါ်က ထပ်ဝတ်တာလေး 🤍💙🖤Size - S, M, L, XLPrice - 13,500 Ks Colors - white, black, light blue🎯Waiting Time : 4-6 weeks🎯 Pr...
01/10/2022

အပေါ်က ထပ်ဝတ်တာလေး 🤍💙🖤
Size - S, M, L, XL

Price - 13,500 Ks
Colors - white, black, light blue

🎯Waiting Time : 4-6 weeks

🎯 Preorder - Half Prepaid ( Ygn only )
ကျန်မြို့များ full prepaid ပါရှင်

🎯မှာပြီးပစ္စည်း 24 hrs ကျော်သွားပါက cancel မရ၊ လဲမရပါရှင့် 🙅🏻‍♀️

‼️ Preorder ပစ္စည်းဖြစ်တာကြောင့် စောင့်နိုင်မှ မှာပေးကြပါနော် 💁🏻‍♀️

‼️ ငွေစျေး အပြောင်းအလဲကြောင့် စျေးနှုန်း အပြောင်းအလဲရှိနိုင်ပါသည်ရှင့်

မင်မင်ရေ အလန်းလေးတွေ တင်ပေးပါဆိုလို့ ပုံမှန် daily ဝတ်လို့ရတဲ့ပုံစံလေးတွေနဲ့  မတူတာလေးတွေ တင်ပေးသွားမယ်နော် 🖤🖤ဒါလေးက အပေ...
01/10/2022

မင်မင်ရေ အလန်းလေးတွေ တင်ပေးပါဆိုလို့ ပုံမှန် daily ဝတ်လို့ရတဲ့ပုံစံလေးတွေနဲ့ မတူတာလေးတွေ တင်ပေးသွားမယ်နော် 🖤🖤

ဒါလေးက အပေါ် top လေးရော pant ရော all accessories အစုံပါတဲ့ တစုံလုံးဆိုရင်

Full set ( top + bottom ) - 37,000 Ks
Pant + half skirt + belt chain - 28,500 Ks

Size - S, M, L, XL, 2XL

🎯 Waiting Time : 4-6 weeks

🎯 Preorder - Half Prepaid ( Ygn only )
ကျန်မြို့များ full prepaid ပါရှင်

🎯မှာပြီးပစ္စည်း 24 hrs ကျော်သွားပါက cancel မရ၊ လဲမရပါရှင့် 🙅🏻‍♀️

‼️ Preorder ပစ္စည်းဖြစ်တာကြောင့် စောင့်နိုင်မှ မှာပေးကြပါနော် 💁🏻‍♀️

‼️ ငွေစျေး အပြောင်းအလဲကြောင့် စျေးနှုန်း အပြောင်းအလဲရှိနိုင်ပါသည်ရှင့်

💕 iPad covers ( Grade A - Part 2) 💕All iPad Model Available ✨Waiting Time : 4 - 6 weeksPrice - 22,500 Ks🎯 Preorder - Hal...
23/09/2022

💕 iPad covers ( Grade A - Part 2) 💕

All iPad Model Available ✨
Waiting Time : 4 - 6 weeks
Price - 22,500 Ks

🎯 Preorder - Half Prepaid

🎯 Cover အနောက်ဘက် Transparent(အကြည်) ဖြစ်ပြီး Pen slot ပါပါတယ်

🎯မှာပြီးပစ္စည်း 24 hrs ကျော်သွားပါက cancel မရ၊ လဲမရပါရှင့် 🙅🏻‍♀️

🎯 Design အသေးစိတ်နှင့် အပြင်ပုံကို cb မှာ အသေးစိတ်ပြပေးပါမယ်ရှင့်

‼️ Preorder ပစ္စည်းဖြစ်တာကြောင့် စောင့်နိုင်မှ မှာပေးကြပါနော် 💁🏻‍♀️

‼️ ငွေစျေး အပြောင်းအလဲကြောင့် စျေးနှုန်း အပြောင်းအလဲရှိနိုင်ပါသည်ရှင့်


Address

Yangon
Yangon

Telephone

+959765353337

Website

Alerts

Be the first to know and let us send you an email when 𝐀𝐭𝐡𝐞𝐧𝐚’𝐬 𝐀𝐬𝐭𝐫𝐚 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 𝐀𝐭𝐡𝐞𝐧𝐚’𝐬 𝐀𝐬𝐭𝐫𝐚:

Share