18/04/2025
ရန်ကုန်းတိုင်းဒေသကြီး လမ်းမတော်မြို့နယ် သရက်တောကျောင်းတိုက်အတွင်းရှိ အနန္တဂုဏ်ရည်လေးမျက်နှာကျောင်းကို ကျေးဇူးတော်ရှင် အနန္တဂုဏ်ရည်ဆရာတော် ဘဒ္ဒန္တဃောသိတ (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) မှဦးဆောင်၍ အသစ်တဖန်ပြန်လည်ဆောက်လုပ်နေပြီဖြစ်ပါသည် . သို့ဖြစ်ပါ၍ အနန္တဂုဏ်ရည်လေးမျက်နှာကျောင်း ကျောင်းမတည်အလှူရှင်အဖြစ်
အဖြစ်
ဦးအောင်ကျော်ဇော+ဒေါ်တင်တင်ဝင်း မိသားစု လှိုင်မြို့နယ် မှ (၁) သိန်း ကျပ် ကို မတည်လှူဒါန်းပါသည် 🙏🏼🙏🏼🙏🏼
ကျောင်းလှူရကျိုး(၇)မျိုး
လူ့ပြည်နတ်ပြည်တို့၌ ဖြစ်ရခြင်း။
၂။ စိတ်ဖြင့်တောင့်တရုံမျှဖြင့် အဆောက်အဦး ရရှိခြင်း။
၃။ ထိတ်လန့်ခြင်းမှ ကင်းဝေးခြင်း။
၄။ အဆိပ်အတောက်နှင့် မကောင်းမိစ္ဆာတို့ မနှောင့်ယှက်ခြင်း။
၅။ အိမ်မက်ကောင်းများကိုသာ မြင်မက်ရခြင်း။
၆။ စိတ်ထားတည်ကြည်ခြင်း။
ရ။ အရဟတ္တဖိုလ်ပေါက် ရဟန္တာဖြစ်ရခြင်း။
အားလုံးသောသူတော်ကောင်းအပေါင်းတို့သည် အနန္တဂုဏ်ရည်လေးမျက်နှာကျောင်း အမြန်ပြီးစီးအောင်မြင်စေရန် မတည်လှူဒါန်း၍ ကျောင်းဒါယကာ ကျောင်းဒါယိကာမအဖြစ် ခံယူနိုင်ကြပါရန် နိဗ္ဗန်အကျိုးမျော်၍ နှိုးဆော်တိုက်တွန်းအပ်ပါသည်
အရှင်စန္ဒာဝရ (အနန္တဂုဏ်ရည်)
Ph.09448013930