မြတ်ထာဝရ '' စာပေ နှင့် လူမှုကူညီရေးအသင်း - ဖောင်ကြီး

  • Home
  • Myanmar
  • Yangon
  • မြတ်ထာဝရ '' စာပေ နှင့် လူမှုကူညီရေးအသင်း - ဖောင်ကြီး

မြတ်ထာဝရ '' စာပေ နှင့် လူမှုကူညီရေးအသင်း - ဖောင်ကြီး ပညာရေးအခွင့်လမ်း အလုပ်အကိုင်အခွင့်

မြတ်ထာဝရ အသင်းတည်ထောင်သူ များထဲမှ ကိုတင်လှိုင်ထွေး ပြုခဲ့သမျှ ကုသိုလ်အထောက်အပံ့များဖြင့် ကောင်းရာဘုံဘဝ ရောက်ရှိနေမည်ယုံက...
10/02/2025

မြတ်ထာဝရ အသင်းတည်ထောင်သူ များထဲမှ ကိုတင်လှိုင်ထွေး ပြုခဲ့သမျှ ကုသိုလ်အထောက်အပံ့များဖြင့် ကောင်းရာဘုံဘဝ ရောက်ရှိနေမည်ယုံကြည်လျှက်

မြတ်ထာဝရ မောင်နှမများ

ခေါင်းစဉ်ဘယ်လို ပေးရမယ်အမေရိကန်နိုင်ငံမှာ လူမည်း အမျိုးသမီးကြီးတဦး ရှိတယ်။ သူ့မှာ သားနှစ်ယောက်လည်း ရှိတယ်။ ဘယ်သူနဲ့ရမှန်...
29/06/2024

ခေါင်းစဉ်ဘယ်လို ပေးရမယ်

အမေရိကန်နိုင်ငံမှာ လူမည်း အမျိုးသမီးကြီးတဦး ရှိတယ်။ သူ့မှာ သားနှစ်ယောက်လည်း ရှိတယ်။ ဘယ်သူနဲ့ရမှန်း သူတောင် မသိဘူး။ ဒါပေမယ့် ပြဿနာမရှိဘူး။ သူကျွေးထားတယ်။

လူမည်းမကြီးက အိမ်အကူအလုပ် လုပ်တယ်။ သူ့သား နှစ်ယောက်ကို ပြုစုစောင့်ရှောက်ဖို့ အချိန်မရဘူး။ သားနှစ်ယောက်ကလည်း ဆိုးချင်တိုင်းဆိုပြီး လမ်းသရဲ ဖြစ်နေတာပေါ့။ လောကမှာ သားသမီးငယ်ရွယ်စဉ်မှာ မိဘအဆုံးအမ မရှိရင် အဲ့ဒီသားသမီးတွေ လမ်းပေါ် ရောက်ကြတာ များပါတယ်။

လူမည်းမကြီး အလုပ်သွားတယ်။ အိမ်အကူအလုပ် ဆိုတော့ ချမ်းသာတဲ့ အိမ်တွေကိုသွားပြီး အိမ်အကူ လုပ်ပေးရတာပေါ့။ ပထမဆုံးအိမ်မှာ သူမတခု သတိထားမိလိုက်တယ်။ အိမ်နံရံတွေမှာ စာအုပ်တွေ အပြည့်ရှိနေတာပေါ့။ သူမ တွေးလိုက်တယ်။

"သူတို့များ ချမ်းသာလိုက်တာ။ ဖတ်စရာစာအုပ်တွေ အများကြီးပါလား။ ငါတို့မှာတော့ ဆင်းရဲတယ်။ ဖတ်စရာစာအုပ် တအုပ်မှ မရှိဘူး။"

နောက်တအိမ် ရောက်သွားပြန်တယ်။ ပထမအိမ်ထက် ချမ်းသာတယ်။ စာအုပ်တွေက လှေကားတွေမှာပါ ရှိနေတယ်။ သူမတွေးပြန်တယ်။ "သူတို့တွေများ ဖတ်နိုင်လိုက်ကြတာ ငါတို့မှာတော့ စာဖတ်ချိန်တောင် မရဘူး"

တတိယမြောက်အိမ် ရောက်တော့ စာအုပ်တွေက ပိုများနေတယ်။ စာကြည့်စားပွဲတွေနဲ့ အကျအနပေါ့။ ဒီတခါတော့ သူမ တမျိုးတွေးတယ်။ "စာဖတ်တာနဲ့ ချမ်းသာတာဟာ ပတ်သတ်မှု ရှိရဲ့လား။ စာများများ ဖတ်လေ များများ ချမ်းသာလေလား"

အောင်မြင်တိုးတက်ချင်ရင် အောင်မြင်နေတဲ့ သူတွေဆီကနေ စံနမူနာယူကြည့်ရတယ်။ သူမက သားနှစ်ယောက်ကို ခေါ်လိုက်တယ်။ "ငါ့သားတို့ မေမေ့ကို ချစ်လား"လို့ မေးတယ်။

သားတွေကလည်း "ချစ်ပါတယ်" ပေါ့။ "ဒါဆိုအမေ ခိုင်းတဲ့အတိုင်းလုပ်"ဟု ပြောကာ သားနှစ်ယောက်ကို စာကြည့်တိုက်ဆီ ခေါ်သွားတယ်။ သူတို့နိုင်ငံမှာ စာကြည့်တိုက်တွေက အကြီးကြီးတွေ။

သူတို့လူမျိုးတွေက စာဖတ်ကြတယ်။ အရမ်းလည်း တိုးတက်ကြတယ်။ စာဖတ်သော လူမျိုးသည် တိုးတက်၍ တိုးတက်သော လူမျိုးတိုင်း စာဖတ်ကြသည်။ စာကြည့်တိုက်မှူးဆီကို သားနှစ်ယောက်ကို အပ်တယ်။ သင့်တော်တဲ့ စာအုပ်တွေပေးဖို့ တောင်းဆိုလိုက်တယ်။

စာကြည့်တိုက်မှူးကလည်း စိတ်ချလက်ချသာ ထားခဲ့ပေါ့။ အကြီးကောင်ကို ဘာဝါသနာပါလဲ မေးတော့ "ကျွန်တော် ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို လေ့လာချင်တယ်" သူ့ကို စာအုပ်တွေ ပေးတယ်။ ရောင်စုံ ကာလာတွေနဲ့ဆိုတော့ သဘောကျတာပေါ့။ တအုပ်ပြီး တအုပ်ဖတ်တယ်။

အငယ်ကောင်က အင်ဂျင်နီယာ ဖြစ်ချင်တယ်။ ကားတွေကို ဝါသနာ ပါတယ်တဲ့။ သူ့ကိုလည်း နိုင်ငံမျိုးစုံက ကားမျိုးစုံအကြောင်း ဖတ်ခိုင်းတယ်။ နှစ်ယောက်စလုံး သဘောကျတာပေါ့။ နေ့တိုင်း စာကြည့်တိုက်ကိုသွားကြတယ်။

ကလေးတွေကို စာဖတ်ခိုင်းရင် သူတို့ဝါသနာပါတဲ့ အကြောင်းအရာကို အရင် ဖတ်ခိုင်းမှ စာဖတ်ဝါသနာ စွဲမြဲလာပေမည်။ လူမည်းမကြီးရဲ့ သားနှစ်ယောက်ဟာ ကျောင်းစာမှာ တော်လာကြတယ်။

ပြင်ပ ဗဟုသုတ စုံလာတော့ ကျောင်းစာနယ်ပယ်ဟာ ကျဉ်းမြောင်းသွားတယ်။ အထူးအထွေ မှတ်စရာ မလိုတော့ဘူး။ အတန်းထဲမှာ ပထမဖြစ်လာတယ်။ တို့နိုင်ငံက မိဘတွေဟာ ကလေးတွေ စာဖတ်ရင် ကျောင်းစာ နောက်ကျတယ်လို့ ထင်ကြတယ်။ တကယ်တော့ စာဖတ်လေလေ ကျောင်းစာကို မှတ်ရတာ လွယ်ကူလေပါ။

လူမည်းမကြီးက သူ့သားနှစ်ယောက်ကို မှာထားတယ်။ "မင့်တို့ဖတ်ခဲ့တဲ့ စာအုပ်အကြောင်း အိမ်ပြန်ရောက်ရင် အမေ့ကို ရေးပြရမယ်"ပေါ့။ သားတွေကလည်း နေ့တိုင်း ရေးပေးပါတယ်။

ဒီလိုနဲ့ သူ့သား နှစ်ယောက်စလုံး ပညာတတ်တွေ ဖြစ်သွားတယ်။ အကြီးကောင်က ဆရာဝန် ဖြစ်သွားတယ်။ အငယ်ကောင်က အင်ဂျင်နီယာပေါ့။ ခရစ်စမတ်တခုမှာ သူ့တို့ သားအမိသုံးယောက် ဆုံကြတယ်။ အငယ်ကောင်က မေးတယ်။

"သားတို့ငယ်ငယ်က စာတွေရေးခိုင်းပြီး ဘာလို့ မဝေဖန်တာလဲ အမေ"လို့ မေးတော့ အမေဖြစ်သူက လက်ကိုင်ပုဝါနဲ့ ထုပ်ထားတဲ့ စာရွက်တွေကို ယူလာတယ်။

"မင်းတို့ရေးထားတဲ့ စာရွက်တွေ အမေ အမြတ်တနိုး သိမ်းထားပါတယ်။ မဝေဖန်ဘူး ဆိုတာကတော့ သားတို့ရယ်။ အမေ့မှာ စာမှမဖတ်တတ်တာ စာရေးခိုင်းရတာက သားတို့ကို မှတ်မိ စေချင်လို့ပါ"ဟု မျက်ရည်ဝဲပြီး ပြောရှာတာပေါ့။

မိဘဆိုတာ သားသမီးကို စေတနာ ထားတာချည်းပါ။ ဒါပေမယ့် စေတနာ မလွဲကြစေနဲ့။ ငွေနောက်ကို လိုက်ပြီး သားသမီးကို ကျောင်းမထုတ်ပါနဲ့လေ။ စာပေနဲ့ နီးအောင်ထားရင် သားသမီးတွေ အောင်မြင်လာမှာပါ။

ယနေ့ခေတ် မိဘဝတ္တရားထဲမှာ "သားသမီးကို စာကြည့်တိုက်နဲ့ နီးအောင် ဖန်တီးပေးရမည်"လို့ ပေါင်းထည့်ချင်ပါသည်။

ထိန်လင်း

ဆရာဆိုသည်မှာ***************တောင်ကိုရီးယားနိုင်ငံမှာ “ဆရာဟူသည် နိုင်ငံတော်ကို တည်ဆောက်သူ” လို့ဆိုထားပါတယ်။ တိုင်းပြည်ကို ...
27/11/2022

ဆရာဆိုသည်မှာ
***************
တောင်ကိုရီးယားနိုင်ငံမှာ “ဆရာဟူသည် နိုင်ငံတော်ကို တည်ဆောက်သူ” လို့ဆိုထားပါတယ်။ တိုင်းပြည်ကို ထူထောင်တဲ့နေရာမှာ အရေးအပါဆုံးသူတွေဆိုပြီးတော့ ဂုဏ်ပြုသတ်မှတ်ထားတဲ့ သဘောပါ။

ဆရာကောင်းတစ်ယောက်ကို ဘာနဲ့ တိုင်းတာမလဲ၊ ဘယ်လို ပိုင်းဖြတ်ကြမလဲ။ ဆရာကောင်းတစ်ယောက်မှာ တိုင်းတာပြလို့ရနိုင်တဲ့ အချက်ပေါင်းများစွာ ရှိနိုင်ပါတယ်။ နိုင်ငံတကာစံနဲ့ တိုင်းတာမယ်ဆိုရင်တော့ ဆရာဆိုတာ

(၁) ဆရာဆိုသည်မှာ တာဝန်ယူနိုင်သူ

ဆရာဆိုတာ ကိုယ့်ကိုယ်ကိုယ်လည်း ကိုယ့်ကျင့်တရားနဲ့ ပညာမှာ တာဝန်ယူရသူဖြစ်သလို တပည့်တွေကိုလည်း စံပြုလောက်တဲ့သူဖြစ်အောင် နေထိုင်ပြောဆိုဖို့ တာဝန်ယူထားသူဖြစ်ရမယ်။ စံပြဖြစ်အောင် တာဝန်ယူနိုင်သူ ဆိုတာ တပည့်တွေကို ကိုယ်တိုင်က ဆေးလိပ်သောက်ပြီး ဆေးလိပ်မသောက်နဲ့လို့ ဆုံးမနေတဲ့ ဆရာမျိုးတွေ မဖြစ် သင့်ဘူးလို့ပြောတာ။

(၂) ဆရာဆိုတာ ပြင်ဆင်လာသူ

အိမ်ကထွက်လာရင် ဘာမှ မပါလာဘဲ စာသင်ခန်းထဲ လက်တန်းဝင်သင်သူတွေ မဖြစ်သင့်ဘူး။ ကိုယ်သင်တဲ့ အကြောင်းအရာအပေါ် သူတို့ စိတ်ဝင်စားအောင်၊ သူတို့ မေးခွန်းထုတ်လာနိုင်တာတွေကို ရင်ဆိုင်နိုင်အောင်၊ သူတို့ အရှင်းလင်းဆုံး သိသွားနိုင်အောင် ပြင်ဆင်လာနိုင်ရမယ်

(၃) ဆရာဆိုတာ စောင့်ရှောက်သူ

ငါတာဝန်ယူထားတဲ့အပိုင်း သင်ပြီးရင် တာဝန်ကျေပြီလို့ ထင်တဲ့သူတွေဟာ ဆရာမဟုတ်ဘူး။ တပည့်တွေရဲ့ တစ်ဦးချင်းအနေအထား၊ စိတ်ဓာတ်၊ အပြုအမူ၊ ခံစားချက်၊ တုံ့ပြန်မှု၊ စိတ်ပါဝင်စားမှု အားလုံးကို ခြုံငုံသုံးသပ်ပြီး အရိပ်တကြည့်ကြည့် စောင့်ရှောက်နိုင်သူလည်း ဖြစ်ဖို့လိုတယ်။

(၄) ဆရာဆိုတာ ကရုဏာတရား ကြီးမားသူ

ကျောင်းသားဆိုတာ ကျောင်းမှာချည်း ပြဿနာရှိနိုင်တာ မဟုတ်ပါဘူး။ အပြင်က ပြဿနာ ကျောင်းထဲသယ်လာ သူတွေလည်း ဖြစ်နိုင်တာပဲ။ ဘာတွေဖြစ်လာဖြစ်လာ ဆရာက ဘေးရန်ဆီးကာပေးဖို့ တာဝန်ရှိတယ်။ သူ ရန်ဖြစ်လာလည်း အမှန် အမှား မားမားမတ်မတ်ရပ်ပေးမယ်။ တပည့်အပေါ် အလေးထားတယ်ဆိုတာ လေးစားစရာပါ။

(၅) ဆရာဆိုတာ ပူးပေါင်းဆောင်ရွက်သူ

မိဘ၊ ဆရာ၊ ကျောင်းသား၊ အရပ်၊ အဖွဲ့အစည်းတွေအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်နိုင်သူ ဖြစ်နေရမယ်။ ဆရာ အချင်းချင်းလည်း ပူးပေါင်းမှ တပည့်တွေအကြောင်း ကောင်းကောင်းသိပြီး ကိုင်တွယ်နိုင်ပါတယ်။ ကိုယ်နေတတ် သလိုနေမယ်။ ဘယ်သူ့မှ ဂရုစိုက်စရာ မလိုဘူးဆိုတာ ဆရာစိတ်ဓာတ် မဟုတ်ပါ။

(၆) ဆရာဆိုတာ တီထွင်ဖန်တီးတတ်သူ

ကိုယ်သင်တဲ့ အကြောင်းအရာ ဘယ်လိုလေးသင်လိုက်ရရင် သူတို့ ပိုပြီး စိတ်ဝင်စားသွားမလဲလို့ အမြဲစိတ်ထဲ ရောက်နေသူဟာ ဆရာပါ။ စာအုပ်ကြီးထဲကအတိုင်း ဖတ်ပြပြီးသင်တဲ့ဆရာတွေကို ကျောင်း သားတွေက စိတ်မဝင် စားတတ်ပါဘူး။ ထိုးဖောက်တီထွင်သင်ကြည့်ပါ။ တပည့်အားလုံးက အတန်းထဲကို သင်ဝင်လာလျှင် မျက်လုံး လေးတွေ အရောင်တောက်ပြီး စောင့်ကြည့်နေတာကို မြင်ရပါလိမ့်မယ်။

(၇) ဆရာဆိုတာ ဆုံးဖြတ်ချက်ခိုင်မာသူ

ဆရာဆိုတာ ဘယ်လို ပြဿနာတွေပေါ်လာသည်ဆိုစေ ဖြေရှင်းနိုင်သူဖြစ်ရမယ်။ တပည့်တွေက သိလိုတာကြောင့် မေးလာတာတွေ ရှိကောင်းရှိနိုင်တယ်။ မသိတာကို မသိကြောင်း ရိုးသားစွာ ဝန်ခံနိုင်ရမယ်။ ကိုယ်တိုင်မသိ သော်လည်း အဲဒီအကြောင်းကို သိအောင် ဘယ်နေရာမှာ ရှာဖွေလို့ရတယ်ဆိုတာ သူတို့ကို လမ်းညွှန်ပေးနိုင်ရမယ်။

(၈) ဆရာဆိုတာ ကိုယ်ချင်းစာနာတတ်သူ

ဆရာဆိုတာ ကိုယ့်တပည့်အရေး ကိုယ့်အရေးလို့ တွေးပေးနိုင်သူတွေဖြစ်ရမယ်။ ကျောင်းသားတစ်ယောက် မှိုင်နေတာ တွေ့ရင် ဗိုက်ဆာလို့လား၊ မုန့်ဖိုးမရလာလို့လား၊ အိမ်မှာ ဘာဖြစ်လို့လဲ၊ စာမရလို့လားကအစ စာနာ ထောက်ထား မေးမြန်းစူးစမ်း ကူညီဖြေရှင်းပေးနိုင်သူတွေ ဖြစ်ရမယ်။

(၉) ဆရာဆိုတာ မကြောက်တတ်သူ

ဆရာဆိုတာ ဘာမဆို ကိုယ်တိုင်မစူးစမ်း မစစ်ဆေး မမြင်မတွေ့ရရင် လက်မခံသူဖြစ်သင့်တယ်။ သူများ အပြောနဲ့ သူများဝေဖန်တာတွေကို အလေးထားပြီး ဘာမဆို မလုပ်ရဲ မကိုင်ရဲ ဖြစ်နေသူတွေ မဖြစ်သင့်ဘူး။ တပည့်တွေကို လမ်းညွှန်သူတွေ စံပြဖြစ်သူတွေအဖြစ် ရှေ့တန်းက နေရမယ့်သူတွေ ဖြစ်နေတော့ ငါတို့ဆရာဟာ ငါတို့ရှေ့က မားမားမတ်မတ်ရပ်ပေးတတ်သူလို့ တပည့်တွေအမြင်မှာ သူရဲကောင်းတစ်ယောက်လို ဖြစ်နေသင့်တယ်။

(၁၀) ဆရာဆိုတာ ခွင့်လွှတ်တတ်သူ

ကိုယ့်တပည့်လေးတွေအပေါ်မှာ အမုန်းတရားနဲ့ အညှိုးအတေးထားသူတွေဟာ ဆရာမဟုတ်ပါဘူး။ အပြစ်မဲ့ သူတွေ၊ ကိုယ့်လက်ထဲက ဖယောင်းတုံးလေးတွေဟာ ကိုယ်ပုံသွင်းသလို ဖြစ်နေရမှာဆိုတာကို လက်ခံရင် သူတို့ မိုက်မဲတာကို ခွင့်လွှတ်သင့်ရင် ခွင့်လွှတ်ရမှာပါ။ တပည့်ကို မုန်းလိုက်တာလို့ ပြောတာ ဆရာမဟုတ်ပါ။

TEACHER နိုင်ငံတကာ စံနှုန်း

TEACHER ( ဆရာ/ဆရာမ ) #နိုင်ငံတကာစံနှုန်း

T = Teaching = ပညာသင်ကြားပေးခြင်း
E = Education = ပညာတတ်မြောက်ခြင်း
A = Active = တက်ကြွမှုရှိခြင်း
C = Clever = လိမ္မာပါးနပ်မှုရှိခြင်း
H = Honest = ရိုးသားခြင်း
E = Expert = ကျွမ်းကျင်တတ်မြောက်ခြင်း
R = Research Minded = သုတေသနပြုတတ်သောစိတ်ထားရှိခြင်း

အဲဒီအချက်တွေထဲက တစ်ချက်တလေ ကျန်ခဲ့ရင် Teacher ဖြစ်မှာမဟုတ်တော့ပါ။ ဒါကြောင့် စာလုံးတစ်လုံးစီကို အကျယ်ဖွင့်ကြည့်ကြပါစို့။

ာသင်ကြားပေးခြင်း
**********************************
ဆရာဆိုတာ တစ်စုံတစ်ခုကို တတ်မြောက်အောင်သင်ကြားပေးသူလို့ အလွယ်တကူ အဓိပ္ပာယ်ဖွင့်လို့ရပါတယ်။
မြန်မာ့ယဉ်ကျေးမှု အရတော့ ...
၁။ သင်ဆရာ
၂။ မြင်ဆရာ
၃။ ကြားဆရာ
ဆိုပြီး ဆရာသုံးမျိုး ပြန်ခွဲထားပါတယ်။ ဘာပဲဖြစ်ဖြစ် ဆရာလို့ခေါ်ခံရဖို့ သူတပါးကို တစ်ခုခုတော့ လမ်းညွှန်သင်ကြားပေးသူတော့ ဖြစ်ဖို့လိုတာသေချာပါတယ်။

ာတတ်မြောက်ခြင်း
**********************************
ဆရာ/ ဆရာမ တစ်ယောက်ဟာ ထိုက်သင့်တဲ့ပညာကိုတော့ တတ်မြောက်ထားဖို့လိုပါတယ်..
ဘာကြောင့်လဲဆိုရင် ဆရာတော်မှ တပည့်တတ်မှာဖြစ်လို့ပါ။ ဆရာကို၌က Educated ပညာတတ်ပုဂ္ဂိုလ်ဖြစ်မှ တပည့်တွေရဲ့ လေးစား အားကျ ခြင်းကို ရနိုင်မှာဖြစ်တဲ့အပြင် သူတို့ကိုအလွယ်တကူ လမ်းညွှန်နိုင်မှာဖြစ်ပါတယ်..

်ကြွမှုရှိခြင်း
************************
ဆရာတွေဆိုတာ
ကျောင်းသားတွေရဲ့ရှေ့ဆောင်ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ ဒီပုဂ္ဂိုလ်တွေဟာ ထက်မြက်တက်ကြွမှု အပြည့်ရှိဖို့လိုပါတယ်။ တက်ကြွတဲ့ဆရာရဲ့လမ်းညွှန်မှုအောက်က တပည့်တွေဟာစိတ်ဓာတ်ရော၊ ယုံကြည်မှုပါ မြင့်မားကြတာမို့ ပညာရေးရည်မှန်းချက်ကို ပီပီပြင်ပြင်ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။

ကျောင်းသားဆိုတာ ဆရာရဲ့အရိပ်အခြေကို အမြဲအကဲခတ်နေကြတာမို့ ဆရာလုပ်သူက လေးလံထိုင်းမှိုင်းနေတာကိုမြင်ရင် သူတ်ို့ကပိုပြီး ပျင်းရိဖင့်နွှဲကြပါလိမ့်မယ်။ ဒါကြောင့် တက်ကြွမှုရှိရမယ်ဆိုတဲ့ အရည်အသွေးဟာဆရာတစ်ယောက်အတွက် အရေးအကြီးဆုံး အရည်အသွေးဖြစ်ပါတယ်..

ိမ္မာပါးနပ်မှုရှိခြင်း
***************************
ဆရာ/ဆရာမဆိုတာ ကျောင်းသားတွေထက် အပြန်တစ်ရာတစ်ထောင်မက ပါးနပ်ဖို့လိုပါတယ်။ ကျောင်းသားတစ် ယောက်ရဲ့ မျက်နှာအမူအယာက်ို တစ်ချက်အကဲခတ်ရုံနဲ့ ကျောင်းသားရဲ့အတွင်းစိတ်ကိုသိဖို့ လိုအပ်ပါတယ်။ ကျောင်းသားတစ်ယောက်ဘာလိုချင်တယ်၊ ဘာဖြစ်နေတယ်ဆိုတာကို အလွယ်တကူသိနေလေ့ရှိတဲ့ ဆရာ တစ်ယောက်ရဲ့ဦးဆောင်မှုအောက်မှာ ကျောင်းသားတိုင်းဟာ ပျော်ပျော်ကြီးကြိုးစားကြပါလိမ့်မယ်။ ပါးရည်နပ်ရည်ရှိခြင်းဆိုတဲ့ဂုဏ်ရည်ဟာ မွေးရာပါအရည်အသွေးမဟုတ်ပါ။ အာရုံစိုက်မှု ၊ လေ့လာမှုတို့ရဲ့ အသီးအပွင့်ပါ။ ဒါကြောင့် ဆရာကောင်းတစ်ယောက်ဖြစ်ချင်ရင်တော့ ကျောင်းသားတွေရဲ့ အမူအကျင့်တွေ၊ မျက်နှာအမူအယာတွေ၊ သင်္ကေတတွေကို အမြဲလေ့လာမှတ်သားပြီး ပါးနပ်မှုရှိလာအောင် လေ့ကျင့်ယူရပါလိမ့်မယ်။

ိုးသားခြင်း
*********************
ဆရာ/ ဆရာမ ကောင်းဖြစ်ချင်ရင်တော့ ရိုးသားရပါလိမ့်မယ်။ ရိုးသားခြင်းနဲ့ ညံ့ဖျင်းခြင်းဟာ ပြဒါးတစ်လမ်း၊ သံတစ်လမ်းပါ..ဆရာလုပ်ပြီးရိုးနေရင် ခံသွားရမယ်ဆိုတဲ့ ခပ်ညံ့ညံ့အတွေးမျိုးတွေ မတွေးမိပါစေနဲ့။ ပါးပါးနပ်နပ်ရှိပြီး ရိုးသားတဲ့ဆရာ/ ဆရာမကို ကျောင်းသားတိုင်းချစ်ကြပါတယ်..ရိုးသားချင်ရင်တော့ ဟန်ဆောင်မှုကင်းရပါလိမ့်မယ်။ ဆရာ/ ဆရာမ တစ်ယောက်ဟာ အရာရာကို မသိနိုင်ဘူးဆိုတာ ကျောင်းသားတိုင်းနားလည်ကြပါတယ်။

သင်ခန်းစာတစ်ခုကို ရှင်းပြနေရင်း ကိုယ်တိုင်မျက်စိလည်နေပြီဆိုရင် အကောင်းဆုံးကတော့ ဆရာ..မျက်စိလည်နေပြီဟေ့လို့ ၀န်ခံလိုက်တာပါပဲ။ အဲဒီလို၀န်ခံရင် ..ကျောင်းသားတွေ..အထင်သေးလိမ့်မယ်ဆိုတဲ့ အတွေးဟာမှားပါတယ်။ ကျောင်းသားတွေရဲ့စိတ်ထဲမှာ သူတို့ဆရာရဲ့ရိုးသားမှုကို အသိအမှတ်ပြုသွားပြီး ပိုလို့တောင် လေးစားလာပါဦးမယ်။ အဲဒီလိုမဟုတ်ပဲ ရချင်ယောင်ဆောင်ပြီး အတင်းရှင်းပြနေရင်တော့ ကျောင်းသားက ဆရာရဲ့မရိုးသားတဲ့ အတ္တကို အထင်သေးပါလိမ့်မယ်။ အဲဒီဥပမာကို လက်ကိုင်ထားပြီး တပည့်တွေနဲ့ဆက်ဆံတဲ့နေရာမှာ ဆရာ/ ဆရာမတစ်ယောက်ဟာ အတတ်နိုင်ဆုံးရိုးသားဖို့လိုအပ်ပါတယ်..

ျွမ်းကျင်တတ်မြောက်ခြင်း
************************************
ဆရာ/ ဆရာမ ကောင်းတစ်ယောက်ဟာ
သက်ဆိုင်ရာနယ်ပယ်မှာ ကျွမ်းကျင်တဲ့ပညာရှင်ဖြစ်ဖို့လိုပါတယ်..ကျွမ်းကျင် တတ်မြောက်မှု အပြည့်ရှိတဲ့ ဆရာကို ကျောင်းသားတိုင်းက လေးစားကြတာမို့ အထူးတလည် အားစိုက်စရာမလိုပဲ ကျောင်းသားတွေကို စည်းရုံးပြီးဖြစ်သွားပါတယ်။ ကျောင်းသားဆိုတာ ဆရာရဲ့ကျွမ်းကျင်မှုကို ဂုဏ်ယူ၀င့်ကြွားချင်ကြသူတွေချည်းမို့ ကိုယ်တိုင်က ကျွမ်းကျင်တတ် မြောက်ခြင်းဟာ ဆရာကောင်းတစ်ယောက်က ကျောင်းသားတွေကို ပေးနိုင်တဲ့ အကောင်းဆုံးလက်ဆောင်ပါ...

ုတေသနပြုတတ်သောစိတ်ထားရှိခြင်း
*************************************
ဆရာဆိုတာ ပညာရေးလောကရဲ့ခေါင်းဆောင်ပါ။ တိုးတက်တဲ့အမြင်တွေရှိတဲ့ ခေါင်းဆောင်ကိုပဲ နောက်လိုက်တွေက လေးစားကြတာ လောက သဘာ၀ပါ။ ဒါကြောင့်ဆရာကောင်းတစ်ယောက်ဖြစ်ချင်ရင်တော့ တိုးတက်တဲ့ အမြင်တွေရှိဖို့လိုပါတယ်။ ငါတို့ငယ်ငယ်ကလည်း ဒီလိုပဲလုပ်ခဲ့ရတာပဲဆိုတဲ့ စကားတစ်လုံးလက်ကိုင်ထားပြီး ကျောင်း သားတွေကို အတင်းတွန်းနေရင်တော့ ကျောင်းသားတွေရဲ့ စိတ်ပျက်စိတ်ကုန်ခြင်းကလွဲလို့ ဘာမှရမှာ မဟုတ်ပါ။

ပြောင်းလဲလာတဲ့ ခေတ်နဲ့လောကကို ဆရာလုပ်သူဆိုတာ အမှန်အတိုင်းမြင်ဖို့လိုပါတယ်။ လွယ်လွယ် ပြောရရင်တော့ ဆရာဆိုတာ ကျောင်းသားထက်ခေတ်မီဖို့လိုတယ်လို့ ဆိုလိုတာပါ။ လူငယ်တွေဆိုတာ ခေတ်မီတာ၊ ဆန်းသစ်တာကို အမြဲလိုချင်နေကြတာဖြစ်လို့ သူတို့ထက်ပိုပြီးတိုးတက်တဲ့ ခေတ်အမြင်၊ ခေတ်အတွေးရှိတဲ့ဆရာ /ဆရာမကို မြတ်နိုးလေးစားကြမှာ မလွဲပါ။

Credit : တင်ညွန့်

RIP
09/11/2022

RIP

15/10/2022

Address

ေဖာင္ႀကီးအနောက် ကျောင်းပိုင်းရပ်ကွက်
Yangon
99999

Telephone

+959975755895

Website

Alerts

Be the first to know and let us send you an email when မြတ်ထာဝရ '' စာပေ နှင့် လူမှုကူညီရေးအသင်း - ဖောင်ကြီး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to မြတ်ထာဝရ '' စာပေ နှင့် လူမှုကူညီရေးအသင်း - ဖောင်ကြီး:

Share