18/04/2026
❝ အကုန်ရ -AkoneYa 0.3 page အတွက် logo နှင့် social media templates များကို Samphael က ဖန်တီးပေးဖြစ်ခဲ့ပါတယ် ❞
Brand concept အရ ❝ Premium Account မျိုးစုံကို တစ်နေရာတည်းတွင် ရရှိနိုင်ခြင်း ❞ ကို အဓိကယူထားပြီး အဆိုပါအယူအဆကို visual language ဖြင့် ပြတ်သားစွာဖော်ပြနိုင်ရန် circle ၄ခုကို အရွယ်အစားမတူညီအောင် ပုံဖော်ထားပါတယ်။
ထို circle elements များသည် platform မျိုးစုံနှင့် service category များကို ကိုယ်စားပြုသည့်အပြင်၊ flexibility နှင့် accessibility ကိုလည်း သရုပ်ဖော်ထားပါတယ်။
ဒါ့အပြင် warm orange tone နှင့် dark gradient background ကိုပေါင်းစပ်အသုံးပြုထားသဖြင့် premium ဖြစ်မှု၊ ယုံကြည်စိတ်ချရမှုနှင့် modern digital service brand တစ်ခုရဲ့ image ကို တိုးမြှင့်ပေးထားပါတယ်။
Design system အတွင်းတွင် logo usage, typography guideline နှင့် colour palette တို့ကို အပြည့်အစုံ ထည့်သွင်းထားပြီး၊ social media platform များတွင် consistency ရှိစေရန် template များကိုလည်း စနစ်တကျ တည်ဆောက်ပေးထားခဲ့ပါတယ်။
❝ အကုန်ရ - Premium Selling ❞သည် digital premium services များဖြစ်သော ChatGPT, Spotify, CapCut, Freepik,Zoom,Apple Music,VPN စသည့် platform များကို တစ်နေရာတည်းတွင် လွယ်ကူစွာ ရရှိနိုင်စေရန် ရည်ရွယ်ထားသော page တစ်ခုဖြစ်ပြီး၊ ထိုအယူအဆကို design တစ်ခုလုံးအတွင်း ထင်ဟပ်စွာ ထည့်သွင်းဖော်ပြထားပါတယ်။
ချစ်ခြင်းအားဖြင့်
ဆမ်ဖရယ်
Behance
https://www.behance.net/gallery/247859841/All-in-one-Logo-by-Samphael?platform=direct