26/04/2026
🥚 လူတော်တော်များများက နေ့တိုင်းကြက်ဥပြုတ်စားကြပေမယ့် "အချိန်" က အရသာရှိဖို့အတွက် အဓိကသော့ချက်ဆိုတာကိုတော့ သတိမထားမိတတ်ကြပါဘူး။
တကယ်တော့ ကြက်ဥပြုတ်တာဟာ လွယ်တယ် ထင်ရပေမယ့် “ပြီးပြည့်စုံတဲ့ ကြက်ဥ”တစ်လုံးရဖို့ဆိုတာ မိနစ်ပိုင်းလောက်ကစ အရေးကြီးပါတယ်။ ကိုယ်လိုချင်တဲ့ အနှစ်အတိအကျရဖို့ဆိုရင် မိနစ်အလိုက် ဘယ်လိုကွာခြားနိုင်လဲဆိုတာ ဒါတွေသိထားဖို့တော့ လိုတယ်နော်။
ကဲ ဒါဆိုရင် ဘယ်နှစ်မိနစ်ပြုတ်ရင်... ဘယ်လိုမျိုးရမလဲ? ကြည့်လိုက်ရအောင်…
ပြုလုပ်ပုံ -
အိုးထဲကို ကြက်ဥမြုပ်တဲ့အထိ ရေထည့်ပါ -> မီးအသင့်အတင့်နဲ့ ရေဆူအောင်တည်ပါ -> ရေဆူပြီဆိုတာနဲ့ စပြီး အချိန်မှတ်ပါ ⏱
🥚 ၄ မိနစ် -> ကြက်ဥမကျက်တကျက် (Half-boiled)၊ အနှစ်က အရမ်းပျော်နေမယ်။
🥚 ၅ မိနစ် -> အနှစ်က ပျစ်ပျစ်လေးနဲ့ စေးနေမယ်၊ ထမင်းပူပူလေးနဲ့ စားရင် အရမ်းလိုက်ဖက်တယ်။
🥚 ၆ မိနစ် -> အနှစ်က ခရင်မ်လိုမျိုးလေး ဖြစ်နေပြီး စီးမကျတော့ဘူး။
🥚 ၇-၈ မိနစ် -> အနှစ်က အတော်အသင့်တင်းသွားပြီ၊ ကလေးတွေစားဖို့ အဆင်ပြေတယ်။
🥚 ၉-၁၀ မိနစ် -> အနှစ်က ကျက်ခါနီးဖြစ်နေပြီး စိုစွတ်စွတ်လေး ဖြစ်နေမယ်။
🥚 ၁၁-၁၃ မိနစ် -> အနှစ်ရော အကာပါ အပြည့်အဝကျက်သွားပြီ၊ ဒါပေမဲ့ နူးညံ့နေတုန်းပဲ။
🥚 ၁၄-၁၅ မိနစ် -> အနှစ်ရော အကာပါ တင်းတင်းရင်းရင်း ကျက်သွားပြီ၊ သုပ်စားတာပဲဖြစ်ဖြစ်၊ ခရီးဆောင်သွားဖို့ပဲဖြစ်ဖြစ် အကောင်းဆုံးပဲ။
💡 အခွံနွှာရလွယ်ကူစေမယ့် နည်းလမ်းကောင်း
ပြုတ်ပြီးတာနဲ့ ရေအေးထဲကို ၅ မိနစ်ခန့် ချက်ချင်းစိမ်ထားပေးပါ။ အခွံနွှာရတာ အရမ်းလွယ်ကူပြီး ကြက်ဥမျက်နှာပြင်လေးကလည်း ချောမွတ်လှပနေမှာပါ။
မိနစ်အနည်းငယ်လေး ပြောင်းလဲလိုက်ရုံနဲ့...
တူညီတဲ့ ကြက်ဥတစ်လုံးတည်းကိုပဲ အရသာအသစ်နဲ့ စားသုံးနိုင်ပါပြီ။
ဒီနည်းလေးက အသုံးဝင်တယ်ဆိုရင် နောက်နောင် ပြန်ကြည့်လို့ရအောင် Save ထားပြီး မိမိချစ်ခင်ရသူတွေပါ သိရှိသွားအောင် Share ပေးသွားပါဦးနော်။
#မူရင်းရေးသားသူကို_Credit ပေးပါတယ်