03/04/2021
ဧပြီလ ၅ရက်နေ့ ညနေ ၅နာရီမှာ ရှေ့တန်းစစ်မြေပြင်က ပြည်သူ့တပ်တွေကို လက်ခုပ်တီးပြီးထောက်ခံကြောင်းပြသလိုက်ရအောင်
နှစ်၇၀ကျော်ကြာ သဘောထားကွဲ အထင်မြင်လွဲနေခဲ့တာကို ကျမတို့အခု နားလည်ခဲ့ကြပြီလို့ယုံကြည်ပါတယ်။ အဲ့ဒါဟာ ကျမတို့ဖိနှိပ်ခံနေရသူအချင်းချင်းကြားမှာ အထင်အမြင်လွဲအောင်လုပ်ခဲ့တဲ့ စစ်ကျွန်ပညာရေးသင်ရိုးကနေအစပြုတယ်လို့ဆိုရမယ်။ လက်တစ်လုံးခြားကယ်တင်တယ် ဆိုပြီး ကိုယ်ကျိုးရှာခဲ့ကြတဲ့သူတို့ကို ကျမတို့ အဖိနှိပ်ခံနေရတဲ့ပြည်သူတွေရဲ့ စည်းလုံးမှုနဲ့ပြန်တိုက်ထုတ်ရမယ်။
အဓိက အချက်အနေနဲ့ ကျမတို့ မြို့ပေါ်မှာ အဖိနှိပ်ခံနေရမှုကို ဖြေလျှော့သက်သာသွားအောင် သူတို့ရဲ့စစ်ဒေသတွေမှာ ပြန်လည်ထိုးစစ်ဆင်ပေးနေတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ကရင်အမျိုးသားတပ်မတော် (KNU)၊ ရက္ခိုင့်တပ်တော်(AA) နှင့် ချင်းလူမျိုးစုများအပါအဝင် အခြား တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များ၊ မြို့၊ ရွာအသီးသီးမှာ ကိုယ်ထူကိုယ်ထဖွဲ့ထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအားလုံးကို ထောက်ခံကြောင်းပြသကြဖို့ တောင်းဆိုချင်ပါတယ်။
ဧပြီလ ၅ ရက်နေ့ (April 5, 2021) ညနေ ၅နာရီ အချိန်ကနေစပြီး ၅မိနစ်အကြာ လက်ခုပ်တီး ပြသပေးကြပါ။
ဒီစတေးတပ်ကို Copy ကူးယူပြီး ပြန်ရှယ်ပေးကြဖို့မေတ္တာရပ်ခံလိုပါတယ်။ ကျမတို့အဖိနှိပ်ခံပြည်သူတွေ အားလုံးညီကြပါစို့။
စာကြွင်း - ပုံဆွဲထားတာ ဘယ်သူလဲတော့ကျမမသိပါဘူး။ ဒါပေမဲ့ ရေစာထိုးထားတဲ့အတိုင်း မဖျောက်ဘဲ တင်ပေးထားပါတယ်။ ကျေးဇူးတင်ပါတယ်ရှင်။
"နွေဦးတော်လှန်ရေး အောင်ကိုအောင်ရမယ်''
#စစ်အာဏာရှင်စနစ်အတွက်ဤကမ္ဘာမြေပေါ်တွင်နေရာမရှိ
#အာဏာရှင်ကိုသွေးကြောဖြတ်အခွန်ငွေတွေအားလုံးရပ်